Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းပြည်နယ်အထက်တန်းကျောင်းတိုင်းတွင် ကွန်ပျုတာ တပ်ဆင်တော့မည်

ချင်းပြည်နယ်အထက်တန်းကျောင်းတိုင်းတွင် ကွန်ပျုတာ တပ်ဆင်တော့မည်

0
By Editor on June 4, 2013 Headline

ဒိန်းမတ်အစိုးရမှ ချင်းပြည်နယ်ရှိ အစိုးရအထက်တန်းကျောင်းတိုင်းတွင် ကွန်ပျူတာ၊ အင်တာနက် တပ်ဆင်ရန် တရားဝင် လက်မှတ်ထိုးလိုက်ပြီဖြစ်သည်။

ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့က ထိုင်းနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ် နှင့် စီအဲန်အက်ဖ် ပါတီအထွေထွေအတွင်းရေးမှူးချုပ် (၃) ဒေါက်တာရွှေခါးတို့မှ ဘန်ကောက်မြို့တွင် နှစ်ဖက်လက်မှတ်ထိုး လိုက်ခြင်းဖြစ်သည်။ ယခုနှစ် ပညာသင်နှစ်တွင် စတင် အကောင်အထည်ဖော်နိုင်မည်ဟု သိရသည်။

တန်ဖိုးအားဖြင့် ဒိန်းမတ် ငွေCr. 5000000 ( USD 800000) ထောက်ပံ့မည်ဖြစ်ပြီး အစိုးရနှင့် စီအဲန်အက်ဖ်အကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း စီအဲန်အက်ဖ်၏ လူထုတွေ့ဆုံပွဲ အတွက်လည်း ပါဝင် မည်ဖြစ်သည်ဟု ဒေါက်တာရွှေခါးက ပြောသည်။

“အထက်တန်းကျောင်းတန်း ၁၅ ဦးမှာ ကွန်ပျူတာ တလုံးကျစီ အသုံးပြုနိုင်ဖို့ ခန့်မှန်းထားပါတယ်၊ ၈ တန်းကနေ ၁၀ တန်းအထိ ကွန်ပြူတာသင်ပြနိုင်မယ့်ဆရာတွေရှိပေမဲ့ ကွန်ပြူတာ အင်တာနက်မရှိဘူးပေါ့၊ အဲဒါတွေအတွက် တပ်ဆင်နိုင် ဖို့ကြိုးစားထားတာပါ” ဟု ပြောသည်။

ထို့အပြင် လျှပ်စစ်မီးအားနည်းချက်ကြောင့် လိုအပ်သော Generator, ဓါတ်ဆီများကိုလည်း တနေ့ ၄ နာရီစာ အလုံအ လောက်ပံ့ပိုးသွားကြမှာဖြစ်သည်ဟု ကြားသိရသည်။

ချင်းပြည်နယ်ရှိအထက်တန်းကျောင်း ၃၀ တွင် တပ်ဆင်သွားကြမှာဖြစ်ကြောင်း ယခုနှစ်အတွင်း ဖွင့်လှစ်ထားသည့် အ ထက် တန်းကျောင်းနှင့် အထက်တန်းကျောင်းခွဲများ မပါဝင်သေးကြောင်း ထပ်မံသိရသည်။

“ အထူးအထူးကို ၀မ်းသာတယ်ဗျာ၊ သင်စရာမြင်စရာ စာအုပ်စာပေတွေ မရှိတဲ့ ချင်းပြည်နယ်အထက်တန်းကျောင်းတွေမှာ အင်တာနက်တွေတပ်ဆင်နိုင်ယင် ကျောင်းဆရာက အစ ကျောင်းသားတွေလည်း အသိပညာဗဟုသုတတွေ တိုးပွားလာ မှာပေါ့” ဟု လိုင်လင်းပီအထက်တန်းကျောင်းဆရာ တဦးက ပြောသည်။

ကွန်ပျူတာ အင်တာနက် ထိန်းသိမ်းရေးအတွက် စီမံခန့်ခွဲရေး ကော်မီတီကို ချင်းပြည်နယ်အစိုးရမှ တဦး စီအဲန်အက်ဖ် လိုင်စင်ရုံးမှ တဦး၊ ကျောင်းဆရာများမှ တဦး၊ ကျောင်းသားမိဘများဖက်မှ တဦး၊ ရပ်မိရပ်ဖမှ တဦး  စသဖြင့် ဖွဲ့စည်းသွား မည်ဖြစ်သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Comments are closed.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.