Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ချင်းပြည်နယ်၊ တီးတိန်မြို့၊ မြို့နယ်လဝကရုံးနဲ့ သမဝါယမရုံးတို့ကို PDF များမှ မီးရှို့ဖျက်ဆီးဆိုတဲ့သတင်းအမှား

ချင်းပြည်နယ်၊ တီးတိန်မြို့၊ မြို့နယ်လဝကရုံးနဲ့ သမဝါယမရုံးတို့ကို PDF များမှ မီးရှို့ဖျက်ဆီးဆိုတဲ့သတင်းအမှား

0
By Editor on October 28, 2022 Khonumthung

FactCheck

ဒီသတင်းအမှားကို Article-11 News ဆိုတဲ့ အကောင့်ကနေပြီး “၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက် မနေ့က ည ၁၁ နာရီခွဲခန့်က တီးတိန်မြို့ရှိ မြို့မရဲစခန်းအား PDF များမှ လာရောက် ပစ်ခတ်ရာ လုံခြုံရေးအဖွဲ့များမှ ပြန်လည်တိုက်ခိုက်သဖြင့် PDF များဆုတ်ခွာထွက်ပြေးသွားပြီး မြို့နယ်လဝကရုံးနှင့် သမဝါယမရုံးတို့အား မီးရှို့ဖျက်ဆီးသွားကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် တာဝန်ရှိသူများမှ သွားရောက်ရှင်းလင်း မီးငြိမ်းသတ်ခဲ့ပြီး နံနက် ၃ နာရီခန့်တွင် မီးညွှန့်ကျိုးသွားခဲ့ကြောင်း သိရှိရပါသည်။” လို့ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

အဲ့ဒီမီးလောင်မှုများ၊ ပစ်ခတ်တိုက်ခိုက်မှုများနဲ့ ပတ်သက်ပြီး တီးတိန်ဒေသ လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ PDF- Zoland အနေနဲ့ “သူတို့လက်ချက်မဟုတ်သလို ပြည်သူများကို စိုးရိမ်ထိန်လန့်အောင်လုပ်နေတဲ့ အဖွဲ့ကို စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့” သတင်းထုတ်ပြန်ထားပါတယ်။

တီးတိန်မြို့နယ် မိန်းပေါက်ဘက်ကို တာဝန်ယူထားတဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် CDF CDM-SIYIN အနေနဲ့လည်း အဲ့ကြောင်းအရာများနဲ့ ပတ်သက်ပြီး “သူတို့အနေနဲ့ ဘယ်အဖွဲ့ရဲ့လက်ချက်ဖြစ်တယ်ဆိုတာ မသိရသလို ဒေသခံတပ်များထံ အသိမပေးပဲ တစ်စုံတရာ လှုပ်ရှားမှုများ ဖြစ်သွားတဲ့အပေါ် အမည်မသိ လက်နက်ကိုင်တချို့ကိုလည်း ရှုတ်ချပါကြောင်း” သတင်းထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၁၁ ရက်နေ့ ည ၉နာရီ ၁၅မိနစ်ခန့်မှပြီး တီးတိန်မြို့၊ မြို့မရပ်ကွက်ရှိ သမဝါယမရုံး၊ မီးလောင်ခြင်း၊ ပြည်သူ့အင်အားဝန်ကြီးဌာနရုံး ၊ ဝန်ထမ်းအိမ်ယာများ မီးလောင်ခြင်းဖြစ်ပြီး မီးလောင်နေစဉ် လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပါတယ်။

မီးလောင်နေစဉ် ရမ်းသန်းပစ်ခတ်မှုကြောင့် တီးတိန်-လိုင်လိုးရွာကြားရှိ နေအိမ်တစ်လုံး လက်နက်ကြီးထိမှန်ပြီး နေအိမ်ရှိအမျိုးသမီး တစ်ဦးနဲ့ တီးတိန်မြို့ အနောက်ဘက်ရပ်ကွက်ရှိ ဒေသခံတစ်ဦးတို့ လက်ကြီးကျည်ထိမှန်ကာ သေဆုံးခဲ့တယ်လို့ မြို့နေဒေသခံများကနေ သိရှိရပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.