Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကုလားတန် ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းလမ်းကြောင်းအတိုင်း ကုန်ပစ္စည်း အစမ်းသယ်ယူပို့ဆောင်မည်

ကုလားတန် ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းလမ်းကြောင်းအတိုင်း ကုန်ပစ္စည်း အစမ်းသယ်ယူပို့ဆောင်မည်

0
By Editor on May 8, 2023 Khonumthung

(05MK)

ကုလားတန်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းလက်အောက်တွင် အကောင်အထည်ဖော် ဆောင်ရွက်နေသော အိန္ဒိယ-မြန်မာနှစ်နိုင်ငံကြား ဆက်သွယ်မည့် ရေလမ်း ကုန်လမ်း အခြေအနေများသိရှိနိုင်ရန် ကုန်ပစ္စည်းများ အစမ်းသယ်ယူပို့ဆောင်မည့် အစီစဉ်တရပ်ကို မကြာခင်စတင်မည်ဟု သိရသည်။

Kaladan Multi-Modal Transit Transport Project ဟုခေါ်သော ကုလားတန်ဘက် စုံဖွံ့ဖြိုးရေးစီမံကိန်းလမ်းကြောင်းအား စမ်းကြည့်သည့်အနေဖြင့် အိန္ဒိယနိုင်ငံ ကိုလ်ကတ္တား မြို့ဆိပ်ကမ်းမှတဆင့် ရခိုင်ပြည်နယ် စစ်တွေမြို့ဆိပ်ကမ်းအထိ ဘိလပ်မြေတန်ချိန် ၃၀၀ တင်ဆောင်သော သင်္ဘောမကြာခင်ထွက်ခွါလာမည်ဟု DD (Doodarshan) News Mizoram ကဖော်ပြသည်။

ကိုလ်ကတ္တားမြို့ Shyama Prasad Mukherjee Port ဆိပ်ကမ်းမှတဆင့် ထွက်ခွါလာမည့် ယင်းသင်္ဘောသည် စစ်တွေသင်္ဘောဆိပ်ကမ်းကို မေလ ၉ ရက်နေ့မှာ ဆိုက်ရောက်နိုင်မည်ဟု ဆိုသည်။

စစ်တွေသင်္ဘောဆိပ်ကမ်းမှတဆင့် ချင်းပြည်နယ် ပလက်ဝမြို့ဆိပ်ကမ်းသို့ ဆက်လက်ပို့ဆောင်ကာ ထိုမှတဆင့် မီဇိုရမ်ပြည်နယ် ဇိုးရင့်ပွီနှင့် အိုင်ဇောလ်မြို့အထိ ကားလမ်းဖြင့် ဆက်လက်သယ်ယူပို့ဆောင်လာမည်ဟု သတင်းစာကဆိုသည်။

ကုလားတန်ဘက် စုံဖွံ့ဖြိုးရေးစီမံကိန်းသည် အိန္ဒိယ-မြန်မာနှစ်နိုင်ငံအကြား အကျိူးတူပူးပေါင်းဆောင်ရွက်သော စီမံကိန်းဖြစ်ပြီး အင်ဒို-ပစိဖိတ်ဒေသအတွင်းရှိ နိုင်ငံများနှင့် အိန္ဒိယအရှေ့မြောက်ဒေသကို ချိတ်ဆက်နိုင်ရန် အိန္ဒိယဗဟိုအစိုးရ စီစဉ်ဆောင်ရွက်နေသော မဟာဗျူဟာမြောက် စီမံကိန်းဖြစ်သည်။

အိန္ဒိယနိုင်ငံ၏ လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ကုန်းတွင်းပိုင်းဒေသအတွက် ကုန်ပစ္စည်းများကို ဘင်္ဂလားပင်လယ်အော်မှတစ်ဆင့် ရခိုင်ပြည်နယ် စစ်တွေ၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်ကိုဖြတ်ပြီး ရေလမ်း၊ ကုန်းလမ်းမှ ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရည်ရွယ်သောစီမံကိန်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းအမျိုးသားတက္ကသိုလ်က ၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းသူကျောင်းသားများ ခေါ်ယူနေ

တီးတိန်၊ ဇောင်ကောင်ရွာတိုက်ပွဲတွင် ချင်းတော်လှန်ရေးရဲဘော် ၄ ဦးကျဆုံး

မလေးရှားတွင် ဒုက္ခသည်များမှတ်ပုံတင်ခြင်းအစီအစဥ် (DPP) ကို ၂၀၂၆၊ ဇန်နဝါရီ ၁ ရက်တွင် စတင်မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.