Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ထန်တလန်မြို့ တိုက်ပွဲပြင်းထန် နှစ်ဖက်ထိခိုက်ကျဆုံးမှုများနိုင် 

ထန်တလန်မြို့ တိုက်ပွဲပြင်းထန် နှစ်ဖက်ထိခိုက်ကျဆုံးမှုများနိုင် 

0
By Editor on August 30, 2023 Khonumthung

(06SV)

ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် စစ်ကောင်စီတပ်နှင့် ချင်းအမျိုးသားတပ်ဦး CNF/ CNA ဦးဆောင်သော ချင်းပူးပေါင်းတပ်များ ယနေ့ဩဂုတ် ၂၈ ရက်မှာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ရာ နှစ်ဖက်ထိခိုက်ကျဆုံးမှုများနိုင်ကြောင်း ချင်းပူးပေါင်း တပ်နှင့် နီးစပ်သူများထံမှသိရသည်။ 

ယနေ့မနက်ပိုင်းကတည်းကဖြစ်ပွားသော အဆိုပါတိုက်ပွဲတွင် ချင်းကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ၁၁ ဦးကျဆုံးကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ 

ချင်းသတင်းဌာနတစ်ခုဖြစ်သော The Chin Post ကတော့ ချင်းအမျိုးသားတပ်မတော် CNA မှ ၅ ဦး၊ CDF – Zophei မှ ၄ ဦး၊ CDF – ထန်တလန်မှ ၁ ဦးနှင့် CDF – ဟားခါးမှ ၁ ဦး စုစုပေါင်း ၁၁ ဦး ယနေ့တိုက်ပွဲတွင် ကျဆုံးခဲ့သည်ဟု ဖော်ပြသည်။ 

နှစ်ဖက်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေသည့်အချိန်တွင် စစ်ကောင်စီသည် လေကြောင်းပစ်ကူများ ပေးခဲ့သည့်အပြင် ဟားခါး အခြေစိုက်တပ်မှလည်း လက်နက်ကြီးပစ်ကူ အများအပြားပေးခဲ့သည်ဟု ချင်းပူးပေါင်းတပ်နှင့် နီးစပ်သူများက ပြောသည်။ 

ထို့အပြင် ယနေ့မနက်ပိုင်းကလည်း စစ်ကောင်စီတပ်ဖွဲ့သည် ဟားခါးမြို့မှ ကား ၃ စီးဖြင့် ထန်တလန်မြို့သို့ စစ်ကူစေလွှတ်ခဲ့သည်ဟု သိရသည်။ 

ယနေ့ တိုက်ပွဲနှင့်ပတ်သက်၍ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုကို မသိရသေးသည့်အပြင် အသေးစိတ်အချက်အလက်များကို ဆက်လက်အတည်ပြုနိုင်ရေး ချင်းအမျိုးသားတပ်မတော် CNA မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မလေးရှားရောက် ဒုက္ခသည်များ ကိုရီးယားတွင် Master ဘွဲ့တက်ရောက်ရန် GKS ပညာတော်သင်ဆု အခွင့်အလမ်းစတင်

ကလေး-ဖလမ်းကြားတိုက်ပွဲအတွင်း CDF-Zophei ရဲဘော် တစ်ဦးကျဆုံး

ချင်းပြည် (Chinland) အစိုးရ ပညာရေးနှင့် ကျန်းမာရေးဌာနက ဝန်ထမ်းသစ်များ ခေါ်ယူနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.