Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»တော်လှန်ရေးကာလ ၃ နှစ်ကျော်အတွင်း CDF-KKG ရဲဘော် ၄၆ ဦးကျဆုံး၊ ရဲဘော် ၁၁ ဦး မသန်စွမ်းဖြစ်ခဲ့ရ

တော်လှန်ရေးကာလ ၃ နှစ်ကျော်အတွင်း CDF-KKG ရဲဘော် ၄၆ ဦးကျဆုံး၊ ရဲဘော် ၁၁ ဦး မသန်စွမ်းဖြစ်ခဲ့ရ

0
By Editor on August 14, 2024 Khonumthung

(004SS)

ချင်း၊ မကွေးနှင့် စစ်ကိုင်းတို့တွင် စစ်ရေးလှုပ်ရှားနေသော ချင်းလက်နက်ကိုင်တပ်ဖွဲ့ CDF- KKG သည် စစ်အာဏာရှင်တော်လှန်ရေး ၃ နှစ်ကျော်အတွင်း ရဲဘော် ၄၆ ဦး ကျဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိမှုကြောင့် မသန်စွမ်းဖြစ်ခဲ့ရသူ ရဲဘော် ၁၁ ယောက်ရှိခဲ့သည်ဟု CDF-KKG Global Support Team က ထုတ်ပြန်သည်။

ထိခိုက်ဒဏ်ရာရရှိသော ရဲဘော် ၁၁ ဦးမှာ ရှေးတန်းတွင် တိုက်ပွဲဝင်သည့်အချိန် နယ်မြေရှင်းလင်းနေစဉ် မိုင်းမတော်တဆမှု တို့ကြောင့် မျက်စိ၊ ခြေထောက်နှင့် လက်ဆုံးရှုံးသူများဖြစ်ကြပြီး ဆေးဝါကုသရန် အကူအညီများလိုအပ်နေကြောင်း CDF-KKG Global Support Team က ဩဂုတ်လ ၁၃ ရက်နေ့တွင် ရုပ်သံနှင့်တကွ ထုတ်ပြန်ခဲ့သည်။

ဒါဏ်ရာရ ရဲဘော်များထဲတွင် ဆေးဝါးကုသမှုခံယူပြီးနောက် ပြန်လည်ကောင်းမွန်လာသူများရှိသော်လည်း အချို့မှာ အကောင်းပကတိအတိုင်း ပြန်မဖြစ်တော့ဘဲ ကိုယ်လက် အင်္ဂါဆုံးရှုံးမှုကြောင့် မသန်စွမ်းဘဝသို့ရောက်ခဲ့ကြရသည်ဟု သိရသည်။

ထိုကဲ့သို့ ကိုယ်လက် အင်္ဂါဆုံးရှုံးမှုကြောင့် မသန်စွမ်းဘဝရောက်ခဲ့ကြသော်လည်း မိမိယုံကြည်ချက်အတွက် အားမလျှော့ဘဲ တော်လှန်ရေးပြီးဆုံးသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု အသက် ၂၀ အရွယ် CDF-KKG တပ်ရင်း ၄၊ တပ်ခွဲ ၂ တပ်ခွဲမှူး မုန်တိုင်းကပြောသည်။

“ကျွန်တော်ကတော့ မိုင်းရှင်းရင်းနဲ့ ထိခိုက်တာပါ။ ဒါဏ်ရာကတော့ ဘယ်ဘက် ဒူးခေါင်းအောက်ပိုင်း ခြေထောက်မှာပေါ့။ ခြေတုနဲ့လဲ အဆင်ပြေပါတယ်။ သေနတ်ကိုင်တာ ခြေထောက်နဲ့မှမဟုတ်တာ၊ လက်နဲ့ကိုင်တာဆိုတော့ လက်ကဘာမှ မဖြစ်ဘူး၊ အဆင်ပြေပါတယ်။ စိတ်ဓါတ်မကျပါဘူး” ဟု မုန်တိုင်းက ပြောသည်။

ပြည်တွင်းပြည်ပရောက်ရှိနေကြသော ချင်းပြည်သူများအနေဖြင့် တော်လှန်ရေးရဲဘော်များ၏ ကျန်းမာရေးအတွက် တစ်ထောင့်တစ်နေရာမှ အားဖြည့်ကူညီပေးကြရန်လည်း CDF-KKG Global Support Team က တောင်းဆိုထားသည်။

CDF – KKG သည် ကလေး၊ ကဘော်၊ ဂန့်ဂေါဒေသအတွင်းက လူမျိုး၊ ဘာသာ မတူညီကွဲပြားကြသော တိုင်းရင်းသားညီအစ်ကိုမောင်နှမများထံမှ ပေါက်ဖွားလာသော တော်လှန်ရေးအဖွဲ့အစည်းဖြစ်ပြီး စစ်ကောင်စီ ကျဆုံးရေးကို ရှေးရှူ၍ နေရာဒေသမရွေး စစ်ရေးဖော်ဆောင်လျက်ရှိ ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်မှ တိုက်လေယာဉ် ၁ စီးနှင့် ငှက်တစ်ကောင်တို့ တိုက်မှုဖြစ်ပွားပြီး တိုက်လေယာဉ် ပျက်ကျဟုဆို

ကလေးမြို့တွင် နာရေးမှအပြန် စစ်တပ်ပစ်ခတ်မှုကြောင့် လူငယ်နှစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိ

ချင်းတော်လှန်ရေးတပ်ဖွဲ့ CNO/ CNDF နှင့် စစ်အုပ်စုတို့ တွေ့ဆုံဆွေးနွေးခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 3, 2026

ဒေါ်အောင်ဆန်းစုကြည်ကို ICRC ဌာနေ တာဝန်ခံနှင့် တွေ့ဆုံခွင့် ပြုကြောင်း စစ်တပ်အစိုးရ ထုတ်ပြန်

August 3, 2026

စစ်တပ်မှ တိုက်လေယာဉ် ၁ စီးနှင့် ငှက်တစ်ကောင်တို့ တိုက်မှုဖြစ်ပွားပြီး တိုက်လေယာဉ် ပျက်ကျဟုဆို

August 3, 2026

ကျောင်းသူများအပေါ် လိင်အမြတ်ထုတ်မှုစွပ်စွဲချက် YCW ကျောင်းအုပ်ကြီးငြင်းဆို၊ တရားစွဲမည်ဟုခြိမ်းခြောက်တုံ့ပြန်

August 3, 2026

ကလေးမြို့တွင် နာရေးမှအပြန် စစ်တပ်ပစ်ခတ်မှုကြောင့် လူငယ်နှစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.