Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»စစ်ဘေးရှောင်နှင့် သဘာဝဘေးဒဏ်သင့်ပြည်သူများအတွက် ဆန်မက်ထရစ်တန်ချိန် တစ်ထောင်ကျော် အိန္ဒိယဗဟိုအစိုးရကပေးအပ်

စစ်ဘေးရှောင်နှင့် သဘာဝဘေးဒဏ်သင့်ပြည်သူများအတွက် ဆန်မက်ထရစ်တန်ချိန် တစ်ထောင်ကျော် အိန္ဒိယဗဟိုအစိုးရကပေးအပ်

0
By Editor on August 14, 2024 Khonumthung

(005MK)

မီဇိုရမ်ပြည်နယ်က စစ်ဘေးရှောင်များနှင့် သဘာဝဘေးဒဏ်သင့်ပြည်သူများအား ကူညီထောက်ပံ့ရန် ဆန် မက်ထရစ် တန်ချိန် တစ်ထောင်ကျော်ကို အိန္ဒိယဗဟိုအစိုးရက ပြည်နယ်အစိုးရထံသို့ ပေးအပ်ခဲ့သည်ဟု သိရသည်။

မီဇိုရမ်ပြည်နယ်အတွင်း သဘာဝဘေးအန္တာရယ်ကြောင့် အသက်အိုးအိမ်ဆုံးရှုံးခဲ့ကြသော ဒေသခံပြည်သူများနှင့် အိမ်နီးချင်းနိုင်ငံများမှ ထွက်ပြေးခိုလုံလာကြသော စစ်ဘေးရှောင် ၄၅၀၀၀ ကျော်အတွက် ရူပီးသိန်း ၅၀၀ ခန့်တန်ဖိုး ရှိသော ဆန်မက်ထရစ်တန်ချိန် ၁၃၇၉.၃၄ အား ပြည်နယ်အစိုးရထံပေးအပ်သည့်အသိပေးစာကို အိန္ဒိယဗဟိုအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့ဩဂုတ်လ ၁၄ ရက်နေ့တွင် လက်ခံရရှိကြောင်း လက်ရှိအာဏာရ ZPM ပါတီက ထုတ်ပြန်သည်။

မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာက မီဇိုရမ်ပြည်နယ်အတွင်း သဘာဝဘေးကြောင့် အသက်အိုးအိမ်ဆုံး ရှုံးမှုနှင့် အိမ်နီးချင်းနိုင်ငံအတွင်း စစ်ရေးပဋိပက္ခကြောင့် ထွက်ပြေးခိုလုံလာကြသော စစ်ဘေးရှောင်ပြည်သူများအတွက် ဆန်လိုအပ်ချက်မြင့်မားလျှက်ရှိပြီး ကူညီထောက်ပံ့ပေးရန် ယခုလဆန်းပိုင်းက ဗဟိုအစိုးရထံတင်ပြခဲ့သည်ဟုသိရသည်။

အဆိုပါတင်ပြချက်ကို မီဇိုရမ်ပြည်နယ် အစားအသောက်နှင့် စားသုံးသူရေးရာ ဝန်ကြီးဌာန ဝန်ကြီး Pu B.Lalchhanzoa က လိုအပ်သောကိစ္စရပ်များအား ဆက်လက်ဆောင်ရွက်ခဲ့ပြီးနောက် အိန္ဒိယဗဟိုအစိုးရပြည်ထဲရေးဝန်ကြီးဌာနက မီဇိုရမ်အတွက် အထူးလိုအပ်ချက်အနေဖြင့် ဆန်ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်ဟု ZPM ၏ ထုတ်ပြန်ချက်တွင်ဖော်ပြ ထားသည်။

ယင်းထောက်ပံ့ဆန်များကို ဗဟိုအစိုးရထံမှ အသိပေးစာရရှိသည့်နေ့မှစ၍ ရက်ပေါင်း ၆၀ အတွင်း ထောက်ပံ့ရေးဌာန (Supply Department) က ထုတ်ယူနိုင်သည်ဟု သိရသည်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်ပွားသည့် ၂၀၂၁ ခုနှစ်နောက်ပိုင်းကစ၍ စစ်ရေးအခြေအနေကြောင့် မီဇိုရမ်ပြည်သို့ ထွက်ပြေးခိုလုံလာသူ မြန်မာစစ်ဘေးရှောင် ၃၅၀၀၀ ခန့်ရှိသည်ဟု မီဇိုရမ်အစိုးရ၏ စာရင်းအရသိရသည်။

အလားတူ မဏိပူရ်ပြည်နယ်က လူမျိုးရေးပဋိပက္ခကြောင့် ထွက်ပြေးလာသည့် စစ်ဘေးရှောင် တစ်သောင်းခန့်နှင့် ဘဂ်လားဒေရှ့်နိုင်ငံမှ ထွက်ပြေးခိုလုံလာသူ တစ်ထောင်ကျော်ခန့်ရှိသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မလေးရှားတွင် ချင်းအမျိုးသားတစ်ဦး ၃ ထပ်တိုက်ပေါ်မှ ပြုတ်ကျသေဆုံး

နယူးဒေလီမြို့က အဆင့်မြင့်တက္ကသိုလ် ၁၀ ခုနဲ့ ပူးပေါင်းဆောင်ရွက်ရေးသဘောတူလက်မှတ်ရေးထိုးပြီး တက်ရောက်ချင်သော မြန်မာကျောင်းသားများကို ကူညီပေးမည်ဟု CSU ပြော

အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်တစ်ဦး ဖမ်းဆီးထိန်းသိမ်းစဉ်မှာ ညှင်းပမ်းနှိပ်စက်မှုကြောင့် သေဆုံးဟု စွပ်စွဲပြောဆိုချက် မဟုတ်မှန်ကြောင်း CNF ပြော

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

March 27, 2025

“ကျွန်မတို့ ယောကျ်ားလေးတွေနဲ့ တန်းတူလုပ်ရတာဆိုလို့ သင်တန်းမှာပဲရတယ်။ မိန်းကလေးတွေက ငါတို့ကိုလဲ တာဝန်တွေပေးတော့မှာဆိုတဲ့ မျှော်လင့်ချက်နဲ့ သင်တန်းမှာ ကြိုးစားလိုက်ကြတာ သင်တန်းလဲပြီးရော စားဖိုဆောင် ပြန်ပို့ခံရတယ်လေ” GiGi (လက်ဖြောင့်တပ်သား – PDF-Zoland)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.