Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ပလက်ဝဆေးရုံအုပ်တာဝန်ခံ ဒေါက်တာအေးကျော်အပါအဝင် ဒေသခံ ၃ ဦးကို AA ဖမ်းဆီး

ပလက်ဝဆေးရုံအုပ်တာဝန်ခံ ဒေါက်တာအေးကျော်အပါအဝင် ဒေသခံ ၃ ဦးကို AA ဖမ်းဆီး

0
By Editor on October 3, 2024 Khonumthung

(004SS)

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့ပေါ်ရှိ ‌ပလက်ဝဆေးရုံအုပ် (ခေတ္တ) ဒေါက်တာအေးကျော်နှင့်အတူ ဒေသခံအမျိုးသား ၂ ဦးကို စက်တင်ဘာလ ၂၉ ရက်နေ့က အရက္ခတပ်တော် ULA/ AA က ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။

“ဒေါက်တာအေးကျော်အပါအဝင် ၃ ယောက်ကို ULA/ AA က ဖမ်းထားတာဟုတ်တယ်။ ဘာကြာင့်ဖမ်းတာလဲဆိုတော့ သာမန်ရာဇဝတ်မှုတော့မဟုတ်ဘူး၊ ကြီးမားတဲ့ ရာဇဝတ်မှုဖြစ်တဲ့အတွက်ကြောင့် ခဏထိန်းသိမ်းပြီးမှ စစ်ဆေးတာမျိုးပဲရှိတယ်။ ဘယ်ချိန်ပြန်လွှတ်ပေးမလဲဆိုတာတော့ လက်ရှိအနေအထားနဲ့ ပြောလို့မရသေးဘူးလို့ပြောတယ်” ဟု ပလက်ဝ လူငယ်တစ်ဦးက ပြောသည်။

၎င်းတို့ကို ပလက်ဝမြို့ ULA/ AA စခန်းရှိ အကျဉ်းထောင်တွင် ပြီးခဲ့သည့်စက်တင်ဘာလ ၁၇ ရက်နေ့က CDF-Paletwa ကိုထောက်ပံ့သည်ဟူသော စွက်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသူ ပြည်သူ ၁၀ ဦးတို့နှင့်အတူ ထိန်းသိမ်းထားကြောင်း သိရသည်။

ဒေါက်တာအေးကျော်သည် သွားဆရာဝန်တစ်ဦးဖြစ်ပြီး ယခင်က ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူဖြစ်သော်လည်း ‌ပလက်ဝမြို့ကို ‌AA က အုပ်ချုပ်ပြီးသည့်နောက်ပိုင်း ပလက်ဝဆေးရုံတွင် ဆေးရုံအုပ်တာဝန်ခံအဖြစ် ‌ULA/AA က ထမ်းဆောင်စေခဲ့ခြင်းဟု သိရသည်။

“သူက သွားဆရာဝန်ခေတ်ကောင်းတုန်းက သူ့ဟာနဲ့သူ ကိုယ်စီးပွား‌ရေးလုပ်နေတဲ့သူ AA က ဆေးရုံအုပ်တာဝန်ခံအနေနဲ့ထားပြီးမှ AA ရဲ့ ကျန်းမာရေးနဲ့ပါတ်သက်ပြီး တာဝန်ပေးထားတာဖြစ်တယ်။ တခြား ၂ ယောက်ကတော့ သူ့ရဲ့အသိတွေပေါ့နော်” ဟု ပလက်ဝ လူငယ်အမျိုးသားတစ်ဦးက ပြောသည်။

ပလက်ဝမြို့ပေါ်နှင့် ကျေးရွာများတွင် ULA/AA က ပြည်သူများကို ဖမ်းဆီးခြင်းများ ပိုမိုလုပ်လာတာကြောင့် စက်တင်ဘာလ အတွင်း ဒေသခံအချို့ မိသားစုအလိုက် မီဇိုရမ်ဘက်သို့ ထပ်မံထွက်ပြေးလာနေကြသည်ဟု မီဇိုရမ်တွင် စစ်ဘေးရှောင်နေသူတစ်ဦးပြောပြချက်အရ သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

ရခိုင်ရေဘေးအတွက် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MTC / MDF က ကျပ်သိန်း ၅၀ ထောက်ပံ့ကူညီ

မလေးရှားမှာ ချင်းလူမျိုးအပါအဝင် အထောက်အထားမဲ့နိုင်ငံခြားသားအများအပြားဖမ်းဆီးခံနေရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 18, 2026

မံဆောင်းတံတား ပြန်လည်အသုံးပြုဖြတ်သန်းနိုင်ပြီ

July 17, 2026

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

July 17, 2026

စစ်တပ်ထိန်းချုပ်သည့် ဖလမ်းမြို့တွင် နေရပ်ပြန်ပြည်သူများ နှိပ်စက်သတ်ဖြတ်ခံရမှုနှင့် အကြောင်းရင်းမသိ သေဆုံးမှုများလာ၍ စိုးရိမ်မှုမြင့်တက်

July 16, 2026

နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့်မရှိတော့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး SCEF က ထုတ်ပြန်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.