Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဟားခါးနှင့် တီးတိန်မြို့များတွင် ရွေးကောက်ပွဲ အပိုင်း (၁) ကျင်းပရန် မဲစာရင်းများ ကြေညာ

ဟားခါးနှင့် တီးတိန်မြို့များတွင် ရွေးကောက်ပွဲ အပိုင်း (၁) ကျင်းပရန် မဲစာရင်းများ ကြေညာ

0
By Editor on October 1, 2025 Khonumthung

(004SS)

ချင်းပြည်နယ်မြောက်ပိုင်းရှိ ဟားခါးနှင့် တီးတိန်မြို့များတွင် စစ်ကော်မရှင်က ရွေးကောက်ပွဲ အပိုင်း (၁) ကျင်းပနိုင်ရန်အတွက် မဲဆန္ဒရှင်စာရင်းများကို စတင်ကြေညာနေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

မဲစာရင်းများကို ဟားခါးနှင့် တီးတိန်မြို့ပေါ်ရှိ အဓိကနေရာများတွင် ယမန်နေ့ (စက်တင်ဘာ ၃၀) က စတင်ကပ်ထားခဲ့သည် ဟု သိရသည်။

ဟားခါးဒေသခံအမျိုးသားတစ်ဦးက “ မဲစာရင်းကို မြို့ပေါ် နေရာ‌တော်တော်များများမှာ ကပ်ထားတယ်။ လူဦးရေဘယ် လောက်ဆိုတာတော့ ကျွန်တော်လဲ မသိရသေးဘူး။ ဟားခါးထာရ် ‌ခြောက်လမ်းဆုံမှာ မဲဆန္ဒနယ် ၁၊၂ ဆိုပြီးစာရင်းတွေ ကပ်ထားတယ်။ ပြီးရင် ကျွန်တော်သိရသလောက်ကတော့ GTI, အထက (၂)၊ အစိုးရရုံးရှေ့တို့၊ စုပေါင်းရုံး၊ သစ်တောရုံးတို့ ရုံးကားပါကင်တွေမှာရော နောက်သူတို့ စစ်တပ်ကုန်းထဲမှာရော မဲစာရင်းတွေ ကပ်ထားတယ်။” ဟု ပြောသည်။

အလားတူ တီးတိန်မြို့တွင်လည်း စစ်ကော်မရှင်တပ်က စကောလ်လမ်းရပ် ကွက်ဈေးနှင့် ရပ်ကွက်တိုင်းတွင် မဲစာရင်းများကို ကပ်ထားကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကော်မရှင်တပ်သည် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိနေပြီး ပြီးခဲ့သည့် ဩဂုတ်လ လလယ်ပိုင်းတွင် စစ်တပ်ရဟတ်ယာဉ်သည် တစ်ရက်အတွင်း ၄ ကြိမ်အထိ ဆင်းသက်ကာ မဲပုံးများကို ဟားခါး သို့ လာရောက်ချထားခဲ့ပြီးဖြစ်သည်။

သို့သော် ဟားခါးမြို့အပြင် တီးတိန်မြို့ပေါ်တွင် မဲပေးခြင်းနှင့်ပတ်သက်သည့် သင်တန်းပေးမှုများ၊ အသိပေးလုပ်ငန်းများကိုမူ ပို့ချပေးခြင်းမရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကော်မရှင်တပ်၏ လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပပြုလုပ်ရန် ပြင်ဆင်နေသော ရွေးကောက်ပွဲတွင် ပြည် သူ့လွှတ်တော် မဲဆန္ဒနယ် ၅၆ နယ်၊ အမျိုးသား လွတ်တော် မဲဆန္ဒနယ် ၉ နယ်၊ တိုင်းနှင့် ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် ၅၆ နယ်တို့မှာ ရွေးကောက်ပွဲများ ကျင်းပနိုင်မည် မဟုတ်ကြောင်း ကြေညာခဲ့သည်။

ထိုသို့ကြေညာရာတွင် ချင်းပြည်နယ်ရှိ မြို့နယ် ၉ ခုအနက် ၄ မြို့နယ်ဖြစ်သော မင်းတပ်၊ ကန်ပက်လက်၊ မတူပီနှင့် ပလက်ဝ တို့တွင် လာမည့်ရွေးကောက်ပွဲကို ကျင်းပနိုင်မည်မဟုတ်ဟု စစ်ကော်မရှင်၏ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) က ကြေညာထားပြီး ဖြစ်သည်။

လက်ရှိတွင် စစ်ကော်မရှင်က ၎င်းတို့ ထိန်းချုပ်ထားနိုင်သည့် ဟားခါးနှင့် တီးတိန်မြို့တို့တွင်သာ ရွေးကောက်ပွဲ အပိုင်း (၁) ကျင်းပမည်ဖြစ်သည်။

ယခုကဲ့သို့ စစ်ကော်မရှင်၏ ရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် မဲစာရင်းများ ကြေညာလာခြင်းသည် ဒေသတွင်း တော်လှန် ရေးအဖွဲ့များနှင့် စစ်ကော်မရှင်အကြား တင်းမာမှုများကို ပိုမိုမြင့်တက်လာစေနိုင်သဖြင့် နောက်ဆက်တွဲ အခြေအနေများကို စောင့်ကြည့်ရဦးမည်ဟု ဟားခါးဒေသခံတစ်ဦးကပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.