အိန္ဒိယ အရှေ့မြောက်ပြည်နယ်ရှိ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်အခြေစိုက် မြန်မာလူမှုရေး အသင်း က (၆) ကြိမ်မြောက် အတာသင်္ကြန်ပွဲကြီးကို ဧပြီလ ၁၅ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမယ်လို့ သိရသည်။
ယင်းအတာသင်္ကြန်ပွဲကြီးကို မီဇိုရမ်ပြည်နယ် အိုက်ဇောလ်မြို့ပြင်ပ ပျော်ပွဲဥယာဉ် တခုတွင် ပြု လုပ်သွားမယ်လို့ ပြောရေး ဆိုခွင့်ရှိသူ တဦးက ပြောပါတယ်။
“ကျနော်တို့အနေနဲ့ မြန်မာရိုးရာလေးလည်း မပျက်အောင်ဆိုပြီး ပြုလုပ်မှာဖြစ်တယ်။ မြန်မာ လူမျိုးအများစု နေထိုင်တဲ့ ရပ်ကွက်တွေမှာ ပြုလုပ်ချင်ပေမဲ့ ပြသာနာအမျိုးမျိုး ရှိလာနိုင်တဲ့ အတွက်ကြောင့် ယခုလို မြို့ပြင်မှာ ပြုလုပ် ရခြင်းဖြစ်တယ်” လို့ မြန်မာလူမှုရေးအသင်း အထွေထွေ အတွင်းရေးမှူးက ပြောပါတယ်။
၂၀၁၀ ခုနှစ်က မြန်မာလူမှုရေးအသင်းမှဦးဆောင်
အဲဒီနောက်ပိုင်း အတာသင်္ကြန်ပွဲကြီးကို ရပ်ကွက်တွေမှာ မလုပ်ရဲတော့ပဲ အခုလိုပဲ မြို့ရဲ့အပြင်မှာ တိတ်တစိတ် ပြုလုပ်ခဲ့ရကြောင်း ဆက်ဆိုသည်။
“ ၂၀၁၃ ရဲ့ အတာသင်္ကြန်ပွဲကြီးကို အဆို၊ အက စသည့် ဖျော်ဖြေရေးအစီအစဉ်များနဲ့ အတူ ပျော်ပျော် ရွှင်ရွှင်ဖြင့် ကျင်းပနိုင်ရန် စီစဉ်ထားပါတယ်” လို့ အဆိုပါပုဂ္ဂိုလ်က ဆက်ပြောပါတယ်။