Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»နိုင်ငံတဝန်းမှာ တစ်လအတွင်း ကလေးငယ် ၉ ဦးအပါအဝင် အမျိုးသမီး ၅၀ နီးပါး သတ်ဖြတ်ခံရ

နိုင်ငံတဝန်းမှာ တစ်လအတွင်း ကလေးငယ် ၉ ဦးအပါအဝင် အမျိုးသမီး ၅၀ နီးပါး သတ်ဖြတ်ခံရ

0
By Editor on November 11, 2026 Headline

(006SV)

နိုင်ငံတဝန်းမှာ အာဏာသိမ်းစစ်တပ်၏ ပုံစံမျိုးစုံဖြင့် သတ်ဖြတ်မှုများကြောင့် တစ်လအတွင်း အမျိုးသမီး ၅၀ နီးပါး သေဆုံးပြီး အများစုမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂအဖွဲ့ (BWU) ထံမှ သိရသည်။

အောက်တိုဘာလ ၁ ရက်မှ ၃၁ ရက်အတွင်း နိုင်ငံတဝန်းမှာ အမျိုးသမီး ၄၉ ဦး အသက်ဆုံးရှုံးခဲ့ရပြီး စစ်တပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၄၇ ဦး၊ လက်နက်ကြီးပစ်ခတ်ခံမှုကြောင့် ၁ ဦးနှင့် မတရား သတ်ဖြတ်ခံရမှုကြောင့် ၁ ဦးတို့ဖြစ်သည်ဟု BWU က နိုဝင်ဘာလ ၁၀ ရက်မှာ ထုတ်ပြန်သည်။

ရက်ပေါင်း ၃၀ အတွင်း သေဆုံးသူ အမျိုးသမီးများထဲမှာ အသက် ၁၈ နှစ်အောက်အမျိုးသမီးငယ် ၉ ဦးအထိ ရှိခဲ့သည်ဟု သိရသည်။

နိုင်ငံတဝန်းက အမျိုးသမီး ၄၅ ဦးမှာလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး စစ်တပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၃၉ ဦး၊ လက်နက်ကြီး ပစ်ခတ်ခံရမှုကြောင့် ၆ ဦးအထိ ရှိခဲ့သည်ဟု သိရသည်။

ချင်းပြည်နယ်မှ အမျိုးသမီး ၂ ဦးအပါအဝင် ရခိုင်မှ ၁၅ ဦး၊ စစ်ကိုင်းမှ ၁၃ ဦး၊ မကွေးမှ ၁၀ ဦး၊ မန္တလေးမှ ၅ ဦး၊ ပဲခူး၊ တနင်္သာရီ၊ ရှမ်းနှင့် မွန်တို့မှာ ၁ ဦးစီ သေဆုံးမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာလမှာလည်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ၄၈ ဦး၊ လက်နက်ကြီး ပစ်ခတ်ခံရမှုကြောင့် ၇ ဦး၊ ကျည်ထိမှန်မှုကြောင့် ၁ ဦး၊ မတရားသတ်ဖြတ်ခံရမှုကြောင့် ၁ ဦးနှင့် မြေမြှုပ်မိုင်းကြောင့် ၁ ဦး စသဖြင့် နိုင်ငံတဝန်းမှ အမျိုးသမီး ၅၈ ဦးအထိ သေဆုံးရသည်ဟု BWU ၏ စာရင်းများအရ သိရသည်။

သေဆုံးမှုများအတွက် အသက် ၁၈ နှစ်အောက်အမျိုးသမီးငယ် ၆ ဦးနှင့် မသန်းစွန်အမျိုးသမီး ၁ ဦးတို့ ပါဝင်ပြီး ၆၅ ဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

စစ်တပ်သည် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်များအပေါ် ကျူးလွန်သော ရာဇဝတ်မှုအပါအဝင် အမျိုးမျိုးသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို နည်းမျိုးစုံဖြင့် ဆက်လက်ကျူးလွန်နေပြီး အမျိုးသမီးများ၏ နေ့စဉ်ဘဝကိုလည်း ပဋိပက္ခနှင့် ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အပါအဝင် အမျိုးမျိုးသော လူအခွင့်အရေး ချိုးဖောက်မှုကြောင့် အမျိုးသမီးများ အသက်ဆုံးရှုံးနေရသည်ဟု BWU ထံမှ သိရသည်။

ဓါတ်ပုံ – အောက်တိုဘာလ ၃၁ ရက် ဟားခါးမှ ဖလမ်းသို့ သုံးဘီးယာဉ်နဲ့ ပြန်လာစဉ် Rialti ရွာအနီး သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ သားအမိ ၃ ဦးနဲ့ ယာဉ်မောင်း ၁ ဦးတို့ရဲ့ ဖြစ်စဉ်ဓါတ်ပုံဖြစ်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

လာမည့်နှစ် ဧပြီလထဲ ဖလမ်းနှင့်တွန်းဇံအပါအဝင် လစ်လပ်မဲဆန္ဒနယ် ၅၀ ကျော်မှာ ကြားဖြတ်ရွေးကောက်ပွဲ လုပ်မည်

ဖလမ်း-ဟားခါးလမ်းမပေါ် သားအမိ ၃ ဦးနှင့် ယာဉ်မောင်းတို့ သေဆုံးမှုသည် စစ်တပ်လက်ချက်သာဖြစ်ပြီး ချင်းတော်လှန်ရေးအင်အားစုများနှင့် သက်ဆိုင်မှု မရှိဟု CDF ဟားခါးဥက္ကဌ ပြော

ဖလမ်း-ဟားခါးလမ်းမပေါ် သားအမိ ၃ ဦး နှင့် သုံးဘီးယာဉ်မောင်းသေဆုံးမှု ဖြစ်စဉ်အမှန်ပေါ်ပေါက်ရေးနှင့် တရားမျှတမှုရှိစေရေး ကြိုးပမ်းဆောင်ရွက်မည်ဟု CNO/CNDF ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 4, 2026

“ကျူးလွန်ခံရတဲ့ လူတိုင်းက တရားမျှတမှုကို လိုလားပြီး တောင်းတနေကြတယ်”

September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 11, 2026

နိုင်ငံတဝန်းမှာ တစ်လအတွင်း ကလေးငယ် ၉ ဦးအပါအဝင် အမျိုးသမီး ၅၀ နီးပါး သတ်ဖြတ်ခံရ

November 6, 2026

လာမည့်နှစ် ဧပြီလထဲ ဖလမ်းနှင့်တွန်းဇံအပါအဝင် လစ်လပ်မဲဆန္ဒနယ် ၅၀ ကျော်မှာ ကြားဖြတ်ရွေးကောက်ပွဲ လုပ်မည်

November 6, 2026

စိတ်ဝေဒနာ ခံစားရမှုကြောင့် ဆယ်စုနှစ်တစ်ခုကျော်ကြာ အိမ်အောက်တွင် သီးခြားနေထိုင်ခိုင်းသည့် ချင်းလူငယ်တစ်ဦး အသိစိတ်ပြန်ဝင်လာပြီး စကားစပြောလာ

November 6, 2026

သဒ္ဒါနှင့် စာလုံးပေါင်း မှန်ကန်စေရန် ကူညီပေးမည့် ‘WriteInChin’ အက်ပ် စတင်အသုံးပြုနိုင်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.