Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကလေး – တမူးလမ်းပေါ်က ကမ္မကြီးရွာကို ပြန်လည်ထိန်းချုပ်နိုင်ပြီဟု စစ်တပ်ထုတ်ပြန်

ကလေး – တမူးလမ်းပေါ်က ကမ္မကြီးရွာကို ပြန်လည်ထိန်းချုပ်နိုင်ပြီဟု စစ်တပ်ထုတ်ပြန်

0
By Editor on July 23, 2026 Khonumthung

(002MG)

အိန္ဒိယ-မြန်မာနယ်စပ် ကလေး – တမူးလမ်းကြောင်းပေါ်က တော်လှန်ရေးပူး ပေါင်းတပ်များ ထိန်းချုပ်ထား သည့် ကမ္မ ကြီးကျေးရွာကို ပြန်လည်ထိန်းချုပ်လိုက်ပြီဟု အာဏာသိမ်းစစ်တပ်က ထုတ်ပြန်သည်။

ကလေး-တမူးကားလမ်းမကြီးပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် စစ်ကြောင်းထိုးလာသော အာဏာသိမ်း စစ်တပ် သည် ခမ်းပတ်မြို့အနီးရှိ ကမ္မကြီး (ချင်း) ရွာကို ဇူလိုင် (၁၉) နေ့ကလည်းကောင်း၊ ကမ္မကြီး (ဗမာ) ကျေးရွာကို ဇူလိုင်လ ၂၁ ရက်နေ့က သိမ်းပိုက် နိုင်ခဲ့ကြောင်း စစ်တပ်အာအော် ပြန်ကြားရေးဌာနက ယနေ့ ဇူလိုင် လ ၂၃ ရက်နေ့တွင် ထုတ်ပြန် သည်။

အာဏာသိမ်းစစ်တပ်သည် အိန္ဒိယ – မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက်အရေးပါသော ကလေး – တမူး လမ်းမကို ပြန်လည်ထိန်းချုပ်နိုင်ရန် ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းကစ၍ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာပြီး တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့များနှင့် ၁ လခွဲကျော်ကြာတိုက်ပွဲဖြစ်ပွားနေပြီဖြစ်သည်။

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့်သာလွန်အင်အားကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ၎င်းတို့ထိန်းချုပ်ထားသော ခါမ်းပါတ်မြို့ နဲ့ ကနန်ကျေးရွာတို့ကို ဇွန်လအတွင်းက လက်လွှတ်ခဲ့ရပြီး ယခုအခါ ကမ္မကြီး ရွာကို ထပ်မံလက်လွှတ်ရ ခြင်းဖြစ်ကြောင်းသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်မှ တိုက်လေယာဉ် ၁ စီးနှင့် ငှက်တစ်ကောင်တို့ တိုက်မှုဖြစ်ပွားပြီး တိုက်လေယာဉ် ပျက်ကျဟုဆို

ကလေးမြို့တွင် နာရေးမှအပြန် စစ်တပ်ပစ်ခတ်မှုကြောင့် လူငယ်နှစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိ

ချင်းတော်လှန်ရေးတပ်ဖွဲ့ CNO/ CNDF နှင့် စစ်အုပ်စုတို့ တွေ့ဆုံဆွေးနွေးခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 3, 2026

ဒေါ်အောင်ဆန်းစုကြည်ကို ICRC ဌာနေ တာဝန်ခံနှင့် တွေ့ဆုံခွင့် ပြုကြောင်း စစ်တပ်အစိုးရ ထုတ်ပြန်

August 3, 2026

စစ်တပ်မှ တိုက်လေယာဉ် ၁ စီးနှင့် ငှက်တစ်ကောင်တို့ တိုက်မှုဖြစ်ပွားပြီး တိုက်လေယာဉ် ပျက်ကျဟုဆို

August 3, 2026

ကျောင်းသူများအပေါ် လိင်အမြတ်ထုတ်မှုစွပ်စွဲချက် YCW ကျောင်းအုပ်ကြီးငြင်းဆို၊ တရားစွဲမည်ဟုခြိမ်းခြောက်တုံ့ပြန်

August 3, 2026

ကလေးမြို့တွင် နာရေးမှအပြန် စစ်တပ်ပစ်ခတ်မှုကြောင့် လူငယ်နှစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.