Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ခွင့်လွန်၊ ခွင့်မဲ့ ရဲဘော်များ စက်တင်ဘာ ၂၀ ရက်နောက်ဆုံးထား သတင်းပို့ရန် CNO/CNDF အမိန့်ထုတ်ပြန်

ခွင့်လွန်၊ ခွင့်မဲ့ ရဲဘော်များ စက်တင်ဘာ ၂၀ ရက်နောက်ဆုံးထား သတင်းပို့ရန် CNO/CNDF အမိန့်ထုတ်ပြန်

0
By Editor on September 2, 2026 Khonumthung

လိုက်နာမှုမရှိပါက စစ်ပြေးအဖြစ် ကြေညာမည်

(004SS)

ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) တွင် ခွင့်ယူထားသူများ၊ ခွင့်လွန်နေသူများနှင့် ခွင့်မဲ့ပျက်ကွက်နေသော ရဲဘော်များအနေဖြင့် လာမည့် စက်တင်ဘာလ ၂၀ ရက်နေ့ နောက်ဆုံးထား၍ စစ်ဌာနချုပ်ရုံးသို့ ပြန်လည်သတင်းပို့ကြရန် CNO/CNDF စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး Jason Lian က စက်တင်ဘာလ ၁ ရက်နေ့ရက်စွဲဖြင့် အမိန့်ထုတ်ပြန်လိုက်သည်။

သတ်မှတ်ထားသည့် ရက်ထက် ကျော်လွန်သည်အထိ ပြန်လည်သတင်းပို့ခြင်း မရှိပါက စစ်ပြေး အဖြစ် ကြေညာသွားမည် ဖြစ်ပြီး ပြည်တွင်း/ပြည်ပတွင် ရှိနေပါစေ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။

CNO/CNDF အနေဖြင့် တပ်ဖွဲ့ဝင် ရဲဘော်အချို့၏ ကိုယ်ရေး၊ ကိုယ်တာနှင့် လူမှုရေး အခက်အခဲများကို စာနာထောက် ထားသောအားဖြင့် ခွင့်ပြုပေးခဲ့သော်လည်း အချိန်မီ ပြန်လည်သတင်းပို့ခြင်းမရှိဘဲ ခွင့်မဲ့ ပျက်ကွက်မှုများ ရှိနေသည်ကို စစ်ဆေးတွေ့ရှိရသည်ဟုဆိုသည်။

တပ်ဖွဲ့၏ လိုအပ်ချက်အရ အရေးကြီးတာဝန်များ ထမ်းဆောင်ရန် ပြန်လည်ခေါ်ယူသည့်အခါတွင် အချိန်မီ ပြန်လည် သတင်းပို့ရန်မှာ ရဲဘော်တိုင်း၏ တာဝန်ဖြစ်ကြောင်း CNO/CNDF က ဆိုသည်။

အကြောင်းအမျိုးမျိုးကြောင့် ခွင့်မဲ့ပျက်ကွက်နေသည့် ရဲဘော်များ၊ ခွင့်လွန်နေသူများနှင့် ခွင့်ခံစားနေသူများအားလုံး မိမိတို့ရောက်ရှိနေသည့် ပြည်တွင်း/ပြည်ပရှိ ရပ်ကွက်/ကျေးရွာကနေ စစ်ဌာနချုပ်ရုံးသို့ စက်တင်ဘာလ ၂၀ ရက်နေ့ နောက်ဆုံးထား၍ ပြန်လည်သတင်းပို့ရမည်ဟုဖော်ပြထားသည်။

ထို့အပြင် ပြည်သူ့စစ် (CR) သို့ ပြောင်းလဲလိုသည့် ရဲဘော်များနှင့် အငြိမ်းစား/အနားယူလိုသူများအနေဖြင့်လည်း သတ်မှတ်ရက်အတွင်း စစ်ဌာနချုပ်ရုံးသို့ ရောက်ရှိသတင်းပို့ကာ စည်းမျဉ်းများနှင့်အညီ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း CNO/CNDF က ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 10, 2026

ဇမ်ပီးရွာရှိ ZRA-EC စခန်းကို ZNA က ဝင်ရောက်တိုက်ခိုက်ရာ ZRA-EC ရဲဘော်တစ်ဦးသေဆုံး

September 10, 2026

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

September 9, 2026

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

September 9, 2026

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.