Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»နှစ်အနည်းငယ်အတွင်း မြန်မာမှာ ကြီးမားသော နိုင်ငံရေးအပြောင်းအလဲတချို့ ဖြစ်လာနိုင်ပြီး ချင်းအင်အားစုများ ပြင်ဆင်ထားသင့်ဟု CPU အတွင်းရေးမှူးပြော

နှစ်အနည်းငယ်အတွင်း မြန်မာမှာ ကြီးမားသော နိုင်ငံရေးအပြောင်းအလဲတချို့ ဖြစ်လာနိုင်ပြီး ချင်းအင်အားစုများ ပြင်ဆင်ထားသင့်ဟု CPU အတွင်းရေးမှူးပြော

0
By Editor on November 4, 2026 Headline

မီဇိုးဘာသာစကားကို ချင်းပြည်၏ ဘုံစကားအဖြစ်လည်း သတ်မှတ်သင့်ဟုဆို

(006SV)

လာမည့် နှစ်အနည်းငယ်အတွင်း မြန်မာမှာ ကြီးမားသော နိုင်ငံရေး အပြောင်းအလဲတချို့ ဖြစ်လာမည်ဖြစ်ပြီး တော်လှန်ရေးနှင့်အတူ ဖြစ်ပေါ်လာမည့် အဓိက အပြောင်းအလဲသစ်များအတွက် ချင်းတော်လှန်ရေး အင်အားစုများ အဆင်သင့် ဖြစ်နေသင့်ကြောင်း CPU/ CPA ၏ အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်က ပြောသည်။

ယမန်နေ့ နိုဝင်ဘာလ ၃ ရက်က အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့မှာ Chin Pawlpi Mizoram က ဦးစီးကျင်းပသော ချင်းနှစ်သစ်ကူးပွဲတော် (Chin Kum Thar) အခမ်းအနားမှာ ချင်းပြည်သူ့ အစည်းအရုံး (CPU/ CPA) အတွင်းရေးမှူးက ယင်းသို့ ပြောသည်။

“ကျနော် ဒီနေရာမှာ အလေးအနက် ပြောချင်တာက၊ နောက်နှစ်အနည်းငယ်အတွင်းမှာ မြန်မာနိုင်ငံမှာ ကြီးမားတဲ့ နိုင်ငံရေး အပြောင်းအလဲတချို့ ရှိလာနိုင်ပါတယ်။ ကျနော်တို့ တော်လှန်ရေးတွေနဲ့အတူ ရှေ့ဆက်သွားနေသလို၊ ကျနော်တို့ ဆက်လက် တိုက်ပွဲဝင်နေပြီး၊ ကျနော်တို့ရဲ့ ဘိုးဘေးတွေရဲ့ တိုက်ပွဲဝင် စိတ်ဓာတ်ကို ပြသနေတဲ့အခါမှာပေါ့။ နောက်နှစ်အနည်းငယ်အတွင်းမှာ ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်လာပါလိမ့်မယ်။ မြန်မာ့ နိုင်ငံရေး တော်လှန်ရေးနဲ့အတူ ရောက်ရှိလာမယ့် အဓိက အပြောင်း အလဲသစ်တွေအတွက် ကျနော်တို့ အဆင်သင့် ဖြစ်နေရပါမယ်” ဟု CPU/ CPA အတွင်းရေးမှူး ဆလိုင်းယောမာန်က ပြောသည်။

မြန်မာမှာ ကြီးမားသော နိုင်ငံရေးအပြောင်းအလဲများ ဖြစ်ပေါ်လာမည့် နှစ်အတိအကျကိုတော့ မပြောနိုင်သေးကြောင်း၊ သို့သော် ယင်းအပြောင်းအလဲနှင့်အတူ ချင်းပြည်အတွက် ပိုမိုကောင်းမွန်သော အနာဂါတ်တစ်ခု ပေးစွမ်းနိုင်ရန် အခွင့်အရေးကို အရယူရန် အသင့် ပြင်ဆင်နိုင်ရေး မိမိကိုယ်ကို မေးခွန်းထုတ်ထားရမည်ဟုလည်း ပြောသည်။

မီဇိုရမ်နှင့် ချင်းပြည်အနေဖြင့် ပိုမိုစည်းလုံးညီညွတ်ပြီး ပိုမိုအပြန်အလှန် အကျိူးပြုသော ဆက်ဆံရေးများ ရရှိလာရန် CPU/ CPA အနေဖြင့် မျှော်လင့်ကြောင်း ယင်းနေ့ပွဲတွင် ထည့်သွင်းပြောကြားသည်။

မျိုးနွယ်စု များပြားသော ချင်းပြည်နယ်တွင်လည်း မီဇိုးဘာသာစကားကို ပြည်နယ်၏ ဘုံဘာသာစကားအဖြစ်လည်း သတ်မှတ် သင့်ကြောင်း ဆလိုင်းယောမာန်က ထည့်သွင်းပြောခဲ့သည်။

“မီဇိုရမ်နဲ့ ပိုမိုကောင်းမွန်တဲ့ ဆက်သွယ်ရေးနဲ့ ပိုမိုကောင်းမွန်တဲ့ အပြန်အလှန် ဆက်ဆံရေးတစ်ခု ရရှိဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ဒါကြောင့် နောင်အနာဂတ်မှာ မီဇိုဘာသာစကားကို ကျနော်တို့ရဲ့ ဘုံဘာသာစကားအဖြစ် ဘာလို့ မသတ်မှတ်နိုင်ရမှာလဲ။ လူတိုင်း မီဇိုစကားကို ပြောကြမယ်။ မြောက်ပိုင်းချင်းမှာရော၊ တောင်ပိုင်းချင်းမှာပါ၊ ပြီးတော့ ကျနော်တို့ မီဇိုရမ်ကို လာတဲ့အခါမှာတောင်မှ ဒီက ညီအစ်ကိုမောင်နှမတွေနဲ့ အလွယ်တကူ ဆက်သွယ်ပြောဆိုနိုင်မှာ ဖြစ်ပါတယ်” ဟု ဆလိုင်းယောမာန်က ပြောသည်။

ယင်းသို့သတ်မှတ်နိုင်ပါက ချင်းပြည်နှင့်် မီဇိုပြည်နယ်ကြား ပညာရေး၊ ကျန်းမာရေး၊ ကုန်သွယ်ရေးနှင့် နယ်စပ်ကိစ္စများအတွက် အပြန်အလှန်အကျိုးဖြစ်ထွန်းမှု ရှိနိုင်ကြောင်း ၎င်းက ဆိုသည်။

အနာဂါတ်တွင် ချင်းပြည်သူများကို ကူညီခြင်း၊ စောင့်ရှောက်ခြင်းများ ပြုလုပ်ခဲ့သော မီဇိုပြည်သူများနှင့် မီဇိုရမ်အစိုးရတို့ကို ချင်းပြည်သူများနှင့် ချင်းတော်လှန်ရေးအင်အားစုများက ပြန်လည်ကူညီမည်ဟုလည်း CPU/ CPA အတွင်းရေးမှူးက အခမ်းအနားတွင် ထည့်သွင်းပြောခဲ့သည်။

ချင်းတောင်ပိုင်း မြို့ကြီးများကို ထိန်းချုပ်ထားသော CPU/ CPA သည် မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ ပလက်ဝ အခြေစိုက် ချင်းတော်လှန်ရေးအင်အားစုများကို စုပေါင်း ဖွဲ့စည်းထားခြင်းဖြစ်ပြီး လက်ရှိမှာ စစ်တပ်၏ အင်အားထောင်ချီ ထိုးစစ်ကို ခုခံတွန်းလှန်လျက်ရှိကာ အောင်မြင်မှုများ ရရှိနေကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖလမ်း-ဟားခါးလမ်းမပေါ် သားအမိ ၃ ဦးနှင့် ယာဉ်မောင်းတို့ သေဆုံးမှုသည် စစ်တပ်လက်ချက်သာဖြစ်ပြီး ချင်းတော်လှန်ရေးအင်အားစုများနှင့် သက်ဆိုင်မှု မရှိဟု CDF ဟားခါးဥက္ကဌ ပြော

ဖလမ်း-ဟားခါးလမ်းမပေါ် သားအမိ ၃ ဦး နှင့် သုံးဘီးယာဉ်မောင်းသေဆုံးမှု ဖြစ်စဉ်အမှန်ပေါ်ပေါက်ရေးနှင့် တရားမျှတမှုရှိစေရေး ကြိုးပမ်းဆောင်ရွက်မည်ဟု CNO/CNDF ထုတ်ပြန်

မင်းအောင်လှိုင်နှင့် စစ်တပ်အရာရှိ ၉ ဦးကို စစ်ရာဇဝတ်မှုဖြင့် တရားစွဲဆိုမှု ဖိလစ်ပိုင်တရားရုံး လက်ခံပြီ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 4, 2026

“ကျူးလွန်ခံရတဲ့ လူတိုင်းက တရားမျှတမှုကို လိုလားပြီး တောင်းတနေကြတယ်”

September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 5, 2026

ဇိုတုန်ဒေသမှာ အသိပေးညှိနှိုင်းခြင်းမရှိဘဲ မည်သည့်လုပ်ငန်းကိုမဆို မပြုလုပ်ရန်နှင့် ဇိုတုန်ဒေသန္တရအစိုးရ၏ စီမံခန့်ခွဲမှုကို မစွက်ဖက်ရန် အသိပေးထုတ်ပြန်

November 5, 2026

ဖလမ်း-ဟားခါးလမ်းမပေါ် သားအမိ ၃ ဦးနှင့် ယာဉ်မောင်းတို့ သေဆုံးမှုသည် စစ်တပ်လက်ချက်သာဖြစ်ပြီး ချင်းတော်လှန်ရေးအင်အားစုများနှင့် သက်ဆိုင်မှု မရှိဟု CDF ဟားခါးဥက္ကဌ ပြော

November 5, 2026

YDF နှင့် YA ယောတော်လှန်ရေးတပ်များ ယောအမျိုးသားတပ်တစ်ခုအဖြစ် ပေါင်းစည်းရေးသဘောတူ

November 5, 2026

ဖလမ်း-ဟားခါးလမ်းမပေါ် သားအမိ ၃ ဦး နှင့် သုံးဘီးယာဉ်မောင်းသေဆုံးမှု ဖြစ်စဉ်အမှန်ပေါ်ပေါက်ရေးနှင့် တရားမျှတမှုရှိစေရေး ကြိုးပမ်းဆောင်ရွက်မည်ဟု CNO/CNDF ထုတ်ပြန်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.