ချင်း နှင့် မီဇို နာမည်ကြီး အဆိုတော် သုံးဦး USA သို့ သွားရောက်ဖျော်ဖြေမည်

0

singer

ပြည်ပရောက် Chin Youth Organization (CYO) မှ ယခုနှစ်အတွင်း အမေရိကန်နိုင်ငံတွင် ကျင်းပပြုလုပ် မည့် ညီလာ ခံသို့ ချင်းအဆိုတော် များဖြစ်ကြသည့် SaLai Cung Lian Thawng ( Thawngbawih), Vandawt Cin ( Moe Moe) နှင့် မီဇို အဆိုတော် Mamivarte တို့ ဖိတ်ကြား ထားကြောင်း သိရသည်။

နှစ်နှစ် တကြိမ် ကျင်းပလေ့ရှိသည့် CYO ညီလာခံကို ယခုနှစ်တွင် အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ်၊  အင်ဒီယား နားပို့လစ်စ် မြို့၌လာမည့် ဇူလိုင်လ ၄ ရက်မှ – ၆ ရက်အထိ ကျင်းပမည့် ပွဲ တွင် ဖျော်ဖြေကြမှာဖြစ်သည်။

 

Salai Cung Lian Thawng ကမူ အဆိုပါ ပွဲမတိုင်ခင် ယခုလ ၂၉ ရက်နေ့တွင်  ၀ါရှင်တန်ဒီစီ၌၄င်း၊   ဇွန်လ ၃၀ ရက်နေ့ တွင် အင်ဒီယားနားပို့လစ်စ်၌၄င်း CBMC ခရစ်ယာန် ဘာသာရေးအမျိုးသမီးအဖွဲ့မှ ဖိတ်ကြားချက်အရ  Gospel Concert ကို တကိုယ်တော် ဖျော်ဖြေသွားမှာဖြစ်သည်ဟု သိရသည်။

 

“ ကျတော် နက်ဖန် ၁၀ နာရီး ၄၅ မိနစ်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ထွက်ခွါသွားမှာပါ၊ ခရီးစဉ် အဆင် ပြေချောမွေ့စေဖို့ ဆုတောင်းပေးကြဖို့ အားလုံးကို တောင်းဆိုချင်တယ်” ဟု ဆလိုင်း ကျုံးလျန်ထောင်းက ပြော သည်။

 

ချင်းအဆိုရှင်မလေး Mai Van Dawt Cin နှင့် မီဇိုနာမည်ကြီး အဆိုရှင်မလေး Mamivarte သည်လည်း ယူအက်စ် ခရီးသွား Visa ကျနေပြီဖြစ်သည်ဟု သိရသည်။

 

လက်ရှိ ချင်းပြည်နယ်နှင့် မီဇိုရမ်ပြည်နယ်တွင် ဖော်ပြပါ အဆိုတော်သုံးဦးသည် ရေပန်းအစားဆုံးတက်သစ်စ အနုပညာ ရှင်များ ဖြစ်ကြကြောင်း ပြောကြသည်။ Mai Vandawtcin သည် မြန်မာခေတ်ပေါ်သီချင်းအားဖြင့် မြန်မာ ပြည် ပရိသတ် အကြား ကျော်ကြားစ ပြုနေသည့် အဆိုရှင်ဖြစ်သည်။

 

“ အားလုံးက မျှော်နေတယ်၊ သူတို့ရဲ့ ခရီစဉ် ချောမောစေကြောင်း ဆန္ဒပြုပါတယ်” ဟု အမေရိကန်ရောက် ချင်းလူငယ် တဦးက ပြောသည်။

 

Share.

About Author

Comments are closed.