အယ်ဒီတာ့ထံပေးစာ

0

ဖလမ်းမြို့နယ် Laizo အုပ်စု Zalai ကျေးရွာ မြေပြိုဒုက္ခသည်တွေကို Lungpiမှာ နေရာချထားပေးရန် အထက် လူကြီး က ညွန်ကြားထားပေမဲ့ ဖလမ်းမြို့နယ်က
တာဝန်ရှိ သက်ဆိုင်ရာဌာနများမှ ယနေ့ထိ မြေနေရာကို တိုင်းတာပေးခြင်းနှင့် လိုင်းဆွဲပေးခြင်းများ ဆောင်ရွက်မှုမရှိသေးပါ။

ဇာလိုင်ကျေးရွာပြောင်းရွှေ့ရန်အတွက် ဖလမ်းမြို့မှ ၇ မိုင်ခန့်၊ ဇာလိုင်ရွာမှ ၁၁ မိုင်ခန့်ကွာဝေးသော လုံပီး ကျေးရွာ အနီးမှာ ချင်းပြည်နယ်
အစိုးရက ရွာသစ်ပြန်လည်ချပေးထားဖို့ ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက ချင်းပြည်နယ် အစိုးရကနေ ဆုံးဖြတ်ထားပြီးဖြစ်ပါတယ်။

ယခုလို သက်ဆိုင်ရာက တစုံတရာ ဆောင်ရွက်ပေးမှုမရှိတော့ယင် ဒုက္ခသည်တွေအပါအ၀င် အခြားကျေးရွာများမှ အခု နေရာချပေးမည့် Lungpi သို့
ပြောင်းရွှေ့ချင်သူတွေအတွက် မတင်မကျဖြစ်နေပါတယ်၊

အိမ်ခြေ ၈၀ ရွှေ့ပြောင်းဖို့ဆိုတာက လွယ်တာမဟုတ်တော့ ခုကတည်းက လုပ်ငန်းစပေးစေချင်တယ်၊ ယခု ဆောင်းဦးပေါက်လာပြီဆိုတော့ အေးလာတော့မယ်၊
ဆွေမျိုးတွေဆီမှာ ကပ်နေဖို့လည်း အားနာစရာတွေဖြစ်နေပါတယ်၊

ထို့ကြောင့် မြေပြိုဒုက္ခသည်တွေ အတွက် မြေနေရာတွေကို သက်ဆိုင်ရာမှ စနစ်တကျနေရာ ချထားပေးဖို့နဲ့ လိုအပ် သည်များ အမြန်ဆုံးဆောင်ရွက် ပေးဖို့
သတင်းမီဒီယာကနေ ဖော်ပြပေးစေလိုကြောင်းပါ၊

Share.

About Author

Comments are closed.