အုတ်သယ်ကား တိမ်းမှောက် ခရီးသည် ၄ ဦး သေ၊ ၆ ဦးဒါဏ်ရာရ

0

ThanTlang

 

ယမန်နေ့ ဧပြီလ ၂ ရက်နေ့ ညနေ ၃း၀၀ နာရီခန့်က ချင်းပြည်နယ် ထန်တလန်မြို့နယ်၊ ဗန်ဇန်တောင်ကြောလမ်း၊ ထန်တလန်မြို့နှင့် ဆိုပုမ်ရွာကြားတွင် ဒရိုင်ဗာ တင်ကျဲအို မောင်းလာသည့် ပူး ထာလျန်၏ အုတ်သယ်ကား တစီး တိမ်းမှောက်ပြီး ခရီးသည် ၄ ဦး ပွဲချင်းပြီးသေဆုံးကာ ၆ ဦး ဒါဏ်ရာရရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ခရီးသည့် ၁၂ စီးလာသည် ကားသည် I love Chinland Company က Sihmuh ကျေးရွာတွင် ကန်ထ ရိုက်ယူပြီး ဆောက်လုပ်နေသော ကျောင်းအတွက် ထန်တလန်မြို့မှ အုတ်ခဲသယ်လာပြီး ပေ ၅၀ အကွာ လမ်း အောက်သို့ လိမ့်ဆင်းတိမ်းမှောက်သွားခြင်းဖြစ်ကြောင်း သိရသည်။

 

ခရီးသည် ၁၂ ဦးအနက် သေဆုံးသူများမှာ-

(I)Sui I (59) (မူလတန်းကျောင်းဆရာမ) (2) Pi Hoi Hlawn (45) ( လုံလဲရ် ဆေးရုံ အမျိုးသမီး ၀န်ထမ်း) (3) Pa Hellen (18) (4) U Win Naing (38) (Alhpa & Omega company) တို့ဖြစ်ကြပြီး ဒါဏ်ရာရရှိ သူများမှာ (1) Pu Than Heng (71) (Thangzang)(2) Tial Dim Thluai (20) (Thangzang) (3) Pa Van Lian Hum (6)(Thangzang )(4) Pa Tha Ceu Kam ( 9)  (Thanzang) (5) Nu Ngun Cer Chin (18) (Sihhmuh)(6) Pu No Mang တို့ဖြစ်ကြသည်။

 

ကားသမားသည် အရက်မူးနေပြီး လမ်းအကွေ့တွင် ခရီးသည်များက ဆက်မမောင်းဖို့ ပြောထားသော်လည်း ဆက် မောင်းသဖြင့် တိမ်းမှောက်သွားခြင်းဖြစ်ကြောင်း နှင့် ကားသမားကို နယ်မြေခံရဲတွေက ဖမ်းဆီးထားကြောင်း သိရ သည်။

 

ကားတိမ်းမှောက်သည့်နေရာသည် အစိုးရနှင့် ငြိမ်းချမ်းရေးရယူထားသည့် ချင်းအမျိုးသားတပ်ဦး လှုပ်ရှားနယ်မြေ အတွင်းဖြစ်ကြောင်း နှင့် အဆိုပါကားလမ်းကို အစိုးရဖက်မှ တိုးချဲ့ဖောက်လုပ်ရန် ပြင်ဆင်နေသည်ဟု ပြောကြသည်။

Share.

About Author

Leave A Reply

*

code