Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မံဆောင်းတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တီးတိန်သို့ ပြန်လည်ဆုတ်ခွာ

မံဆောင်းတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တီးတိန်သို့ ပြန်လည်ဆုတ်ခွာ

0
By Editor on September 30, 2026 Headline

တီးတိန်-မံဆောင်း လမ်းပိုင်း ဆက်လက်ပိတ်ထား၊ ကုန်တင်ကားအစီး ၂၀ ကျော် ဖမ်းဆီးထားဟုဆို

(004SS)

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်နှင့် ရိဒ်ခေါဒါရ်မြို့ကို ဆက်သွယ်ထားသည့် မဏိပူရမြစ်ကူး မံဆောင်းတံတားတွင် လုံခြုံရေးအခြေ အနေများကြောင့် သုံးပတ်နီးပါး တပ်စွဲနေရာယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယခုအခါ တီးတိန်မြို့ပေါ်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား (၃၀) မှ (၄၀) ဝန်းကျင်သည် လွန်ခဲ့သည့် သုံးပတ်ခန့်က PDF-Zoland ထံမှ ထွက်ပြေးလွတ်မြောက်လာသည့် စစ်သုံ့ပန်းများကို လာရောက်ကြိုဆိုစဉ်ကတည်းက မံဆောင်းတံတားတွင် နေရာယူ တပ်စွဲထားခဲ့ခြင်းဟု သိရသည်။

လက်ရှိတွင် တံတားရှိ စစ်သားများ ရုပ်သိမ်းသွားပြီဖြစ်သော်လည်း စစ်ကောင်စီဘက်က တီးတိန်မှ မံဆောင်းတံတားအထိ သွားရောက်သည့် လမ်းပိုင်းကို ပိတ်ဆို့ထားဆဲဖြစ်သဖြင့် ပုံမှန်လမ်းကြောင်းအတိုင်း သွားလာ၍ မရသေးကြောင်း သိရသည်။

“သူတို့က မံဆောင်းတံတားမှာ မရှိကြတော့ဘူး။ တီးတိန်ပြန်သွားကြပြီ။ အခု တီးတိန်ကနေ မံဆောင်းတံတားအထိ သွားလို့မရဘူး စစ်သားတွေက လမ်းပိတ်ထားတယ်။ တီအိုဘက်ကို ပိတ်ထားတာမဟုတ်ဘူး” ဟု မြေပြင်အခြေအနေ သိရှိသူ ဒေသခံအမျိုးသားတစ်ဦးက ခိုနူမ်းသုန်းကိုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မံဆောင်းတံတားမှာတပ်စွဲထားသည့်အချိန်မှာ ၁၂ ဘီးကား ၁၀ စီး၊ Forland ကား ၇ စီး နှင့် ကုန်များတင်ထားသည့်ကား ၉ စီးကို ဖမ်းဆီးကာ တီးတိန်မြို့မှာ ထိန်းသိမ်းထားကြောင်း ဒေသခံတစ်ဦးကပြောသည်။

“ကားသမားတွေကိုတော့ မဖမ်းဘူး၊ ကားတွေကိုဖမ်းထားတာ၊ တရားမဝင်ကုန်သွယ်လို့ဆိုပြီး ဖမ်းတာလို့သိရတယ်၊ ကုန်ပစ္စည်းတွေကိုတော့ လေလံတင်မလားမပြောတတ်ဘူး” ဟု တီးတိန်မြို့ခံတစ်ဦးကပြောသည်။

စစ်ကောင်စီက တီးတိန်-မံဆောင်း လမ်းပိုင်းကို ပိတ်ထားသည့်အတွက် ဒေသခံများနှင့် ခရီးသွားပြည်သူများအနေဖြင့် ရိဒ်နယ်စပ်သို့ သွားရောက်လိုပါက ပုံမှန် မံဆောင်းတံတားလမ်းကြောင်းကို အသုံးပြု၍မရဘဲ လမ်းလွဲမှ ပတ်သွား နေကြရကြောင်း သိရသည်။

အလားတူ ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ကုန်စည်စီးဆင်းမှု လမ်းကြောင်းများ ခဏခဏ ပြောင်းလဲနေရပြီး၊ တွန်းဇံနှင့် လိုင်တွီး လမ်းပိုင်းများ သွားလာရခက်ခဲချိန်တွင် ဆိုင်ဇန်နှင့် ကပ်တဲလ် လမ်းပိုင်းများကို အစားထိုး အသုံးပြုနေကြရသည်။

လမ်းကြောင်းပြောင်းလဲမှုများကြောင့် ဆိုင်ဇန် ကျေရွာများတွင် ကုန်သည်များနှင့် မော်တော်ယာဉ်များ အဝင်အထွက် များပြားလာပြီး ကျေးရွာအတွင်း ဘောလုံးကွင်းများအသုံးပြုမှုများရှိနေသောကြောင့် ပျက်စီးမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိကြောင်း သိရသည်။

မကြာခင် ဇိုမီးရိုးရာ ခွါဒိုပွဲကျင်းပရတော့မည်ဖြစ်တာကြောင့် ကားသမားများအနေဖြင့် စနစ်တကျ စည်းကမ်းရှိစွာ ယာဉ်ရပ်နားခြင်း၊ သွားလာခြင်းများ ပြုသင့်ကြောင်း ကွင်းလမ်းရှိ ကျေးရွာဒေသခံများကလိုလားနေကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ရခိုင်ပြည်သူ အစုအပြုံလိုက်သေဆုံးရသော ကျောက်တော်ဗုံးကြဲခံရမှု CNF က အပြင်းအထန် ရှုတ်ချ

ချင်းပြည်မှာ သဘာဝဘေးဒဏ်နှင့် ရင်ဆိုင်နေရပြီဟု ချင်းလူမှုဖွံ့ဖြိုးရေးဝန်ကြီးပြော

အရပ်သားပြည်သူ အစုအပြုံလိုက် သေဆုံးခဲ့သော ကျောက်တော် ဗုံးကြဲခံရမှုကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း CPU ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
October 2, 2026

ရခိုင်ပြည်သူ အစုအပြုံလိုက်သေဆုံးရသော ကျောက်တော်ဗုံးကြဲခံရမှု CNF က အပြင်းအထန် ရှုတ်ချ

October 2, 2026

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တီးတိန်-ရိဒ်ကြား လမ်းပိုင်းဆိုးရွားစွာပျက်စီး

October 2, 2026

ချင်းပြည်မှာ သဘာဝဘေးဒဏ်နှင့် ရင်ဆိုင်နေရပြီဟု ချင်းလူမှုဖွံ့ဖြိုးရေးဝန်ကြီးပြော

September 30, 2026

မံဆောင်းတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တီးတိန်သို့ ပြန်လည်ဆုတ်ခွာ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.