အချိုးကျကိုယ်စားပြု(PR) စနစ်အပေါ် ချင်းနိုင်ငံရေးပါတီခေါင်းဆောင်များ၏ အမြင်သဘောထား စုစည်းခြင်း

0

Proportional Representation (PR) System ခေါ် အချိုးကျ ကိုယ်စားပြုစနစ် ကို မြန် မာနိုင်ငံ ရွေးကောက်ပွဲများတွင် ကျင့်သုံးရန် အမျိုးသားဒီမိုကရေစီအင်အားစု(NDF) ပါတီ လွှတ်တော် ကိုယ်စား လှယ်များက အမျိုးသားလွှတ်တော် နှင့် ပြည်သူလွှတ်တော်တွင် အဆိုတင် သွင်းခဲ့ကြရာမှာ ကန့်ကွက်မှုများ ရှိနေသည့်ကြားက လွှတ်တော် ၂ ရပ်စလုံးမှ အ တည်ပြုခဲ့ပြီးဖြစ် သည်။

ထို့နောက် ယင်းရွေးကောက်ပွဲစနစ်ကို ဖော်ဆောင်ပေးနိုင်ရန်အတွက် လေ့လာ သုံးသပ်ရေး ကော် မရှင်ကို ပြည်သူ့ လွှတ်တော်  နှင့် အမျိုးသားလွှတ်တော်အသီးသီးတွင် လွှတ်တော်ဥက္ကဌက ဖွဲ့စည်းပေးခဲ့ပြီး လည်းဖြစ် သည်။

(ယခုလက်ရှိ မြန်မာနိုင်ငံတွင် ကျင့်သုံးသောရွေးကောက်ပွဲစနစ်သည် First Past the Post (FPTP) ခေါ် “နိုင်သူ အာဏာရယူစနစ်” ဖြစ်ပြီး အများစု၏ ဆန္ဒကို အလွယ်ကူဆုံး ဖော်ထုတ်နိုင် သည့် နည်းစနစ်ဖြစ်သည်။ ကမ္ဘာ့နိုင်ငံအ များစု၌ ကျင့်သုံးနေသောစနစ်လည်းဖြစ်သည်။

အချိုးကျကိုယ်စားပြုစနစ်ကို  အလွယ်ဆုံး အရှင်းဆုံးပြောရလျှင် မိမိကြိုက်နှစ်သက်သော “ပါတီ” အား ရွေးချယ်ပေးရသည့် စနစ်ဖြစ်သည်။ ကမ္ဘာ့နိုင်ငံ အချို့၌သာ သက်ဆိုင်ရာနိုင်ငံ၏ လိုအပ်ချက် အရ ကျင့်သုံးသောစနစ် ဖြစ်သည်။

မဲဆန္ဒနယ်တစ်နယ်တွင် မဲဆန္ဒရှင်ပြည်သူက ၄င်းတို့ ကြိုက်နှစ်သက်သည့် “ ပါတီ ”အား မဲပေးရွေး ချယ်ပြီး ထိုပါတီမှ ရရှိသည့် မဲအရေအတွက်၊ အချိုးအစားအရ လွှတ်တော်ကိုယ်စားလှယ်စေလွှတ် သည့် စနစ် ဖြစ်သည်။ လွှတ်တော် ကိုယ်စားလှယ်ကို သက်ဆိုင်ရာပါတီမှ ရွေးချယ်ရသည်။ မည်သူ မည်ဝါသည် မိမိအား ကိုယ်စားပြုမည်မှန်းမသိဘဲ မဲဆန္ဒ ရှင်ပြည်သူက မဲပေးရသည့်စနစ် ဖြစ် သည်။)

ယင်း အချိုးကျကိုယ်စားပြုသည့် ရွေးကောက်ပွဲစနစ်အပေါ် ချင်းနိုင်ငံရေးပါတီအသီးသီး မှ ခေါင်းဆောင် တချို့၏ သဘောထားအမြင်များကို စုစည်းတင်ပြထားသည်။

???????????????????????????????

ဆလိုင်းကျဲအိုဘိခ်ထောင်း

အထွေထွေအတွင်းရေးမှူး

ချင်းအမျိုးသားဒီမိုကရစ်တစ်ပါတီ (CNDP)

PR စနစ်ကို ပြည်နယ်တွေမှာ မကျင့်သုံးဖို့ ကျနော်တို့ တိုင်းရင်းသားပါတီတွေစုပေါင်းထားတဲ့ ညီနောင် တိုင်းရင်းသား ပါတီ အနေနဲ့တောင်းဆိုထားပြီးသားလေ၊ PR စနစ်ဟာ ရှုပ်ထွေးမှု အများ ကြီးရှိတယ်၊ တိုင်းရင်း သား လူနည်းစု တွေအတွက်လည်းဘဲ မဲဆန္ဒနယ်မြေ သတ်မှတ်မှု အပိုင်း မှာကော၊ ကိုယ်စားပြုမှုအပိုင်းမှာကော၊ အချိုးကျ ခွဲဝေမှု အပိုင်းမှာကော လူဦးရေအရ ပိုနည်းနေတဲ့ အတွက်ကြောင့် တိုင်းရင်းသားတွေ နစ်နာ နိုင်တဲ့အပိုင်း တွေအ များကြီး တွေ့ရ တယ်၊ နောက် ပြီး ပြည်သူ လူထုရဲ့ နိုင်ငံရေးအချိန်ပေးမှု၊ စာတတ်မြောက် မှုတွေလည်း တော်တော်လေး ကို လိုအပ်သေးတဲ့အခါကျတော့ PR ကရှုပ်ထွေးနိုင်တယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမတ်နေရာကျတော့ PR စနစ် နဲ့ ရွေးလို့မရဘူး၊ အမျိုးသား လွှတ်တော် နဲ့ ပြည်သူ့လွှတ်တော်မှာ ကျင့်သုံးနိုင်တယ်၊ အရေးကြီး တာက PR စနစ်မှာမှာလည်း အမျိုးမျိုးရှိ တာကိုး၊ ဥပမာ မဲဆန္ဒနယ်မြေကို လွှတ်တော်ကိုယ်စား လှယ် ဘယ်နှစ်နေရာကို မဲဆန္ဒနယ်မြေတခုအ နေနဲ့သတ် မှတ်မလဲ၊ ခုလောလော ဆယ်မှာ ချင်းပြည်နယ်ကတော့ တစ်မြို့နယ်ကို မဲဆန္ဒနယ်မြေတစ်ခုအနေနဲ့ သတ်မှတ် ထားတယ်၊ ပျမ်းမျှ အားဖြင့် ပြည်သူ့လွှတ်တော်မှာကော အမျိုးသားလွှတ်တော်မှာကော တစ်မြို့နယ်ကို တစ်နေရာ စီရတဲ့ အခါကျတော့ အဆင်ပြေတဲ့သဘောမျိုးဖြစ်နေတယ်၊ PR စနစ်မှာက မြို့နယ် ၅ မြို့နယ် ဒါမှမဟုတ် ၆ မြို့နယ်ကို မဲဆန္ဒနယ်မြေတစ်ခုအဖြစ်သတ်မှတ်မှာကိုး တပြည်နယ်လုံးကိုလည်း မဲဆန္ဒနယ်မြေတစ်ခု အဖြစ်သတ် မှတ်ချင်လည်းသတ်မှတ်နိုင်တယ်၊ အနည်းဆုံး လွှတ်တော် ကိုယ် စားလှယ် ၆ နေရာလောက်ကိုတော့ မဲဆန္ဒနယ်မြေ တစ်ခုအဖြစ် သတ်မှတ်ဖို့လိုတယ်၊ ဆိုလိုတာ ကတော့ PR စနစ်မှာ လွှတ်တော်ကိုယ်စားလှယ် ၆ နေရာထက် နည်းပြီး တော့ မဲဆန္ဒနယ်မြေ တစ်ခု အဖြစ် ထားဖို့မဖြစ်နိုင်ဘူး၊ ဆိုတော့ ပါတီငယ်လေးတွေတွက် အမျိုးသားလွှတ်တော် နဲ့ ပြည်သူ့ လွှတ်တော်မှာ PR စနစ်ကျင့်သုံးမယ်ဆိုရင် ကိုယ်စားပြုမှုအပိုင်းမှာ အခက်အခဲဖြစ်နိုင်တယ်။

???????????????????????????????

ဦး ငိုင်ဆာခ့်

ဥက္ကဌ

ချင်းဒီမိုကရေစီအဖွဲ့ချုပ် CLD)

အခုလက်ရှိအနေအထားမှာ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဖက်ဒရယ်စနစ်ကို ဖော်ဆောင်တဲ့ အခြေခံ ဥပဒေ မဟုတ်ဘူး၊ မဟုတ်တဲ့ အခါကျတော့ PR စနစ်သာ ကျင့်သုံးလိုက်ရင် ဘယ်လိုနည်းနဲ့မှ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင် တဲ့အ ခွင့်အလမ်းရှိတော့မှာ မဟုတ်ဘူး၊ ဒါကကျိန်းသေ တယ်၊ ဘာလို့လဲဆိုတော့ ပါတီတစ်ခုတည်းက အပြတ်အသတ် နိုင်ရတာမျိုးက အင်မတန်မှ နည်းတော့မှာဖြစ်တယ်၊ အဲတော့ ၇၅ ရာခိုင်နှုန်းမပြောနဲ့ ပါတီတစ်ခုက ၅၀ ရာခိုင် နှုန်းကျော်ကျော် အပြတ်အသတ်နိုင်ဖို့တောင်မှ အလားအလာ ၊ အခက်အခဲရှိနိုင်တယ် အဲဒါဆိုရင် လက်ရှိဖွဲ့စည်း ပုံအခြေခံဥပဒေဟာ ပြင်ဆင်ဖို့ဆိုတာ တပ်မတော်သားတွေ ပါဝင်လာရင် တောင်မှ ပြင်ဆင်ဖို့အင်မ တန်မှခက်ခဲတဲ့ အနေအထားမှာရှိမှာပါ၊ ဒါကြောင့် PR စနစ်ကို မြန်မာနိုင်ငံအနေနဲ့ လက်ခံကျင့်သုံး တာမ လုပ်သင့်သေးဘူး လို့ပြော ချင်တယ်။

PR စနစ်က ချင်းနိုင်ငံရေးနဲ့ သိပ်ပြီးတော့မဟပ်စပ်ဘူးလို့ယူဆတယ်၊ အဲဒါကြောင့်မို့လို့ လောလော ဆယ် အနေအထားမှာ PR စနစ်ကို လက်မခံသင့်သေးဘူး၊ အကြောင်းပြချက်ကတော့ ချင်းနိုင်ငံရေး နဲ့ ပြည်မနိုင်ငံရေးက မတူဘူး၊ ဘယ်နေရာမှာမတူသလဲဆိုတော့ ပြည်မနိုင်ငံရေး မှာ က ပါတီကိုကြည့်ပြီးတော့ မဲပေးတာများတယ်၊ ပါတီက ရွေးချယ်တဲ့ကိုယ်စားလှယ်ဟာ ဦးဖြူဖြစ် ပါစေ၊ ဦးညိုဖြစ်ပါစေ၊ အဲဒီပုဂ္ဂိုလ်တွေဟာ ဘယ်လောက် အကျင့်စာရိတ္တ ကောင်းလဲ၊ လူမျိုး အတွက် ဘယ်လောက်အလုပ်လုပ်နိုင်မလဲဆိုတာက မဲဆန္ဒ ရှင်တွေက သိပ်မသိဘူး၊ ပါတီကိုကြည့် ပြီး တော့ မဲပေးကြတာ များပါတယ်။ သို့သော် ချင်းနိုင်ရေးမှာကျတော့ ချင်း လူမျိုးတွေက လူဦးရေ နည်းတဲ့အတွက်ကြောင့် လွှတ်တော်ကိုယ်စားလှယ်လောင်းရဲ့ တစ်ဦးချင်းအကြောင်း အရာ၊ မျိုးရိုး စဉ်ဆက်ကိုတောင်မှ အားလုံးသိနိုင်တဲ့အနေ အထားဖြစ်တယ်၊ ဒါကြောင့် အရည်အချင်း ကိုလည်း ပိုသိတယ်၊ ချင်းနိုင်ငံရေးမှာပါတီအရေးထက် ပါတီကိုကြည့်ခြင်း ထက် လူပုဂ္ဂိုလ်ကို ပိုကြည့် ပြီးတော့ ဘယ်သူကပိုပြီးတော့ဆောင်ရွက်နိုင်မယ်၊ ဘယ်သူကမျိုးချစ်စိတ်ဓာတ်ပိုရှိတယ်၊ သူ့ ကိုယ်ကျိုးထက် အမျိုး သားရေးကိုပိုလုပ်နိုင်မယ်ဆိုတာ ချင်းလူထုက ပိုသိပြီးတော့ မဲပေးတဲ့ အတွက်ကြောင့်မို့လို့ ပြည်မ နိုင်ငံရေး နဲ့ကွာခြားတယ်၊

အဲလိုအခြေအနေမျိုးမှာ PR စနစ်ဟာ ပါတီကိုဇောင်းပေးတဲ့စနစ်ဖြစ်တော့ ချင်းနိုင်ငံရေးနဲ့ သိပ်မ အပ်စပ်ဘူး၊ PR စနစ် ကျင့်သုံးမယ်ဆိုရင်တောင်မှ အသေးစိတ်အခြေအနေကို အရင်ဆုံး စဉ်းစား ရမှာဖြစ်တယ် ဘယ်လိုပုံစံ နဲ့ကျင့် သုံးမလဲ၊ ဥပမာအားဖြင့် တပြည်လုံးအတိုင်းအတာ၊ လူဦးရေ အနေနဲ့ တွက်ပြီးတော့ မဲဆန္ဒရှင် ဦးရေ အနေနဲ့ လုပ်မယ် ဆိုရင် ကျနော်တို့ ချင်းလူမျိုးတွေက အင်မ တန်မှနည်းတယ် ဒါကြောင့် ချင်းပါတီတွေအနေနဲ့ ရနိုင်မယ့်ကိုယ်စားလှယ် အချိုးအစားဟာ လက်ရှိ အနေအထားထက်တောင်မှ ပိုပြီးတော့လျော့ပါးနိုင် စရာရှိ တယ်။

???????????????????????????????

ဆလိုင်းအောင်မင်းလှိုင်

ဥက္ကဌ

အရှိုချင်းအမျိုးသားပါတီ(ACNP)

PR စနစ်ကျင့်သုံးလိုက်ရင် လွှတ်တော် ၃ ရပ် ပြည်နယ်တိုင်းဒေသကြီးလွှတ်တော်၊ အမျိုးသား လွှတ်တော်၊ ပြည်သူ့ လွှတ်တော်တို့မှာ ကိုယ်စားပြုခွင့်မရမှာကို ကျနော်တို့တော့စိုးရိမ်တယ်၊ ဘာလို့ လဲဆိုတော့ PR စနစ်က လည်း လူဦးရေနဲ့ မဲဆန္ဒနယ်မြေပေါ်မှာမူတည်နေတော့လေ၊ အထူး သဖြင့် ပြည်မမှာနေတဲ့ အရှိုချင်းတွေ အတွက်စိုးရိမ်တယ်။

ဥပမာ – မကွေးတိုင်းမှာဆို ရင် ချင်းလူဦးရေက တော်တော်များများရှိတယ်၊ သို့ပေမယ့် မကွေးတိုင်း တတိုင်း လုံးကို မဲဆန္ဒနယ်သတ်မှတ်ပြီးတော့ PR စနစ် လုပ်လိုက်ရင် ကျနောတို့လူမျိုးရဲ့လူဦးရေက ဗမာလူဦးရေနဲ့စာရင် ဘယ်လိုမှ မလိုက်နိုင်ဘူးလေ၊ ဥပမာ- မကွေးတိုင်း လူဦးရေက ၅ သန်းရှိ တယ်ပေါနော်၊ အဲဒီထဲမှာ ကျနော် တို့အရှိုချင်းက အလွန်ဆုံးရှိမှ ၂ သိန်းပေါ့၊ တတိုင်းလုံးကို မဲဆန္ဒ နယ် လုပ်လိုက်မှာကို ကြောက်ပါတယ်၊ အဲလို မဟုတ်ဘဲနဲ့ ဥပမာ-မြို့နယ် အလိုရှိနေမယ်ဆိုရင် ကျနော်တို့ချင်းလူဦးရေတစ်ဝက်လောက်ရှိတဲ့မြို့တွေရှိတယ်၊ အဲလိုမြို့နယ်တွေ မှာ  FPTP (နိုင်သူ အာဏာ ယူစနစ်) နဲ့ သွားမယ်ဆိုရင် ကျနော်တို့အတွက် အလား အလာရှိတာပေါ့နော်။

လောလောဆယ်မှာတော့ PR စနစ်ကို တနိုင်ငံလုံးအတိုင်းအတာနဲ့မကျင့်သုံးစေချင်ဘူး FPTP လို့ခေါ်တဲ့ အများဆုံးရ တဲ့သူက အနိုင်ရတဲ့သဘောမျိုးဆိုလို့ရှိရင်တော့ နိုင်ငံရေးပါတီ တစ်ခုခု က နေပြီးတော့အာဏရမယ်၊ ရလို့ရှိရင် အစိုးရ ဖွဲ့မယ်၊ အစိုးရဖွဲ့ နိုင်ရင် ပိုပြီးတော့အလုပ်လုပ်နိုင် မယ်ဆိုတဲ့သဘောတရားတော့ရှိတာပေါ့၊ ကျနော်တို့တိုင်းရင်း သား ပါတီတွေအနေနဲ့လည်းဘဲ ကိုယ့်နယ်မြေနဲ့ဆိုရင် နိုင်ခြေရှိတဲ့ နေရာတွေရှိတာပေါ့၊ ဒါပေမယ့်ခုနပြောသလို PR စနစ်အရ မဲန္ဒနယ်တွေကို ပြန်ပြင်ပြီးတော့  ကျနော်တို့အတွက် အခြေအနေ မကောင်းတဲ့အနေအထားဖြစ်မှာ စိုးရိမ်လို့ မကျင့်သုံးစေချင်သေးဘူး။

Pu NoThanKap

ဦးနိုးထန်ကပ်

ဥက္ကဌ

ချင်းတိုးတက်ရေးပါတီ (CPP)

ကျနော့်အမြင်မှာတော့ မကျင့်သုံးသင့်ဘူးလို့ဘဲမြင်တယ်၊ ကျနော်တို့မြန်မာနိုင်ငံနဲ့လည်း ကိုက်ညီ တယ်လို့ မမြင်ဘူး၊ မဲဆန္ဒနယ် ထားရှိပုံကအစ ပြည်သူ၊ ဖွဲ့စည်းပုံမှအစ မသင့်တော်ဘူးလို့မြင် တယ်၊ နောက် နိုင်ငံရေး ပါတီတော် တော် များများကတောင်မှ မယဉ်ပါးသေးတဲ့ စနစ်ကို ကျင့်သုံး မယ်ဆိုရင် ရှုပ်ထွေးမှုပဲပေါ်မယ်၊ ခုဆိုရင် လွှတ်တော်က ၃ ခုရှိတာကို တိုင်းဒေသကြီးပြည်နယ် လွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ ပြည်သူ့လွှတ်တော်မှာ တိုင်းဒေသကြီး ၇ ခုမှာ လုပ်မယ်လို့ပြောကြတယ်၊ လုပ်ရင် ခုလက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအရ  မြို့နယ်တစ်ခုမှာ ပြည်သူ့ လွှတ်တော်တစ်ယောက်နှုန်းဖြစ်နေတယ်၊ တပ်မတော်ကထားလိုက်ဦး၊ PR နဲ့ဆိုရင်တော့ ဒုတိယ လိုက်နေ တဲ့ပုဂ္ဂိုလ် လည်း ၀င်လာချင်ဝင်လာနိုင်တယ်လေ၊ ၀င်လာမယ်ဆိုရင် ဘယ်လိုပုံစံကိုင် တွယ်တော့မှာလဲ၊ နောက်တခုက အမျိုး သားလွှတ်တော်မှာဆိုရင် စစ်ကိုင်းတိုင်းမှာ ၃၇ မြို့နယ်မှာ ၁၂ ယောက်ဘဲ၊ ချင်းပြည်နယ် ၉ မြို့နယ်မှာ ၁၂ ယောက်ဘဲ ဆိုတော့ ဘယ်ဟာကြီးကို အခြေခံ ပြီးတော့ PR စနစ်ကိုသွားသုံးမှာလဲ၊ တချို့ ကပြောတယ်၊ နိုင်ငံခြားမှာလည်း သုံးတယ်လို့ပြော တယ်၊ ဥပမာ အစ္စရဲလ်ဆိုရင် မဲဆန္ဒနယ်က တခုဘဲရှိတာကိုး၊ လွယ်တဲ့အပိုင်းရှိတယ်၊ နောက်တ ချို့မှာဆိုရင် အပြည့် သုံးတာလည်းမရှိပါဘူး၊ အမျိုးသားလွှတ်တော်တစ်ခုတည်း သုံးတာတို့ရှိ တယ်လေ ၊ ဆိုတော့ အရမ်းကြီး ကို PR သုံးမယ်ဆိုတာကို ကျနော်တော့နားမလည်ဘူး ဖြစ်နေ တယ်။

Share.

About Author

Leave A Reply

*

code