ကျည်ဆံ ၅ ထောင်နှင့်အတူ မြန်မာနိုင်ငံသား တစ်ဦး မီဇိုရမ်တွင်ဖမ်းဆီး

0

Silaimu

အိန္ဒိယ-မြန်မာနယ်စပ် အမှတ် ၂ နယ်စပ်ကုန်သွယ်ရေးစခန်း အခြေစိုက်ရာ ဇိုခွါထား (မီဇိုရမ် ဘက်ကမ်း) တွင် မြန်မာနိုင်ငံသား ချင်းအမျိုးသားတစ်ဦးထံမှ ၅.၅၆ မမ သေနတ်ကျည်ဆံ အတောင့် ၅၀၀၀ ကို မီဇိုရမ်ရဲတပ်ဖွဲ့ နှင့် အာသံတပ်တို့  ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိခဲ့သည်။

အာဏာပိုင်များက ကြိုတင်သတင်းရရှိထားချက် အရ ဇိုခွါထားကျေးရွာရှိ နေအိမ်တခု ကို အောက် တိုဘာလ ၁၆ ရက် နံနက်ပိုင်း ၃ နာရီခန့်၌ ၀င်ရောက်စစ်ဆေးရှာဖွေရာ  ကလေးမြို့ တာဟန်း ရပ်ကွက်တွင် နေထိုင်သူ Nang Go Tuang အား ကျည်ဆံ ၅၀၀၀ နှင့်အတူ ဖမ်းဆီးရမိ ခဲ့ခြင်းဖြစ်ကြောင်း မီဇိုရမ်ထုတ် ဗန်လိုင်းနီ သတင်းတွင် ဖေါ်ပြထားသည်။

အဆိုပါကျည်ဆံ၏ ကာလပေါက်ဈေးမှာ အိန္ဒိယရူပီးငွေ ၁၅ သိန်း(ကျပ်ငွေသိန်း ၂၀၀ ကျော်) တန်ဖိုးရှိသည် ဟုခန့် မှန်းထားကြပြီး တရားခံအား ကျန်ဖိုင်းမြို့  အာဏာပိုင်များက ထိန်းသိမ်း ထားကြောင်း သိရသည်။

အလားတူ ၂၀၁၄ခုနှစ် ဧပြီလ (၄) ရက်နေ၌  အမှတ် (၂) နယ်စပ်ကုန်သွယ်ရေးစခန်း ရိ-ဇိုခွါထား ဘက်မှ မီဇိုရမ်ပြည် ဘက်သို့ ထွက်လာသော ကားကို ကျန်ဖိုင်းမြို့နယ် Khankawn စစ်ဆေးရေး ဂိတ်တွင် ရှာဖွေစစ် ဆေးရာ ကားထဲဝှက်ထားသော လက်နက် M4 A1 carbine machine gun (colt 5.56) တလက်၊ ကျဉ်စံ ၁၂ တောင့်၊ ကျဉ်ဘောက်တစ်ခု၊ အေကေ ၄၇ အမျိုးစား ရိုင်ဖယ် ၄ လက်၊ ကျဉ်ဆံ ၁၂၀၀၊ ကျဉ်ဘောက် ၄ ခုနှင့်အတူ ပိုင်ရှင်ဟု ယူဆရသော ကလေးမြို့  တာဟန်းရပ် ကွတ်နေ ဦးဇမန်းအား ဖမ်းဆီးခဲ့သည်။

ထို့ အပြင် မြန်မာနိုင်ငံမှ တင်သွင်းလာသည်ဟု ယူဆရသော Research Department Explosive (RDE) ခေါ် ဗုံးပြုလုပ်ရန် အသုံးပြုသော ပစ္စည်းကိရိယာကို လွန်ခဲ့သည့်  ဧပြီလ ရက်နေ့က အိုင်ဇောလ်မြို့ Rangvamual ရပ်ကွက်တွင် အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

Share.

About Author

Leave A Reply

*

code