ကျောင်းသားခေါင်းဆောင် ဆလိုင်း တင်မောင်ဦး၏ ဖခင် ကွယ်လွန်

0

အသက် (၉၀) ရှိပြီဖြစ်သည့် မြန်မာ့ ကျောင်းသားခေါင်းဆောင် ဆလိုင်း တင်မောင်ဦး၏ ဖခင် ဦး လှဒင် သည် ကနေဒါနိုင်ငံ Vancouver မြို့  သူ့ ၏ နေအိမ်၌ ယနေ့  ၁၀း၀၀ နာရီတွင် ကွယ်လွန်ခဲ့ကြောင်း သိရသည်။

ဦး လှဒင်သည် လွန်ခဲ့သည့် (၃)လ ခန့် က ကင်ဆာရောဂါဖြင့် ဆရာဝန်များက ဆေးကုသမှု ပြုလုပ်ခဲ့သော် လည်း ကျမ်းမာရေး အခြေအနေ မသက်သာနိုင်သည့်အတွက် သူ့ ၏နေအိမ်တွင်သာ ဆေးကုသမှု ပြုလုပ် နေစဉ် ကွယ်လွန်ခြင်းဖြစ်ကြောင်း ကနေဒါရောက် ဆလိုင်း ခါရ်မန်းက အင်တာနက် စာမျက်နှာတွင် ဖေါ်ပြထားသည်။

ဆလိုင်း တင်မောင်ဦး ဖခင်၏ အလောင်းကို ယခုလ ကုန်ပိုင်းတွင် င်္သဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။

ချင်းအမျိုးသား ဦး လှဒင်နှင့် ဒေါ်နှင်းမြိုင်တို့ သည် သားသမီးရှစ်ဦး ထွန်းကားသည့်အနက် သားကြီး ဆလိုင်း တင်မောင်ဦးသည် စစ်အစိုးရက ၁၉၇၆ ခုနှစ် ဇွန်လ (၂၆) ရက်နေ့  အင်းစိန်ထောင်၌ လှို့ ဝှက်စွာ ကြိုး ပေး ကွပ်မျက်ခဲ့သည့် ပထမဦးဆုံးသော ကျောင်းသားခေါင်းဆောင်ဖြစ်သည်။

၂၀၁၄ခုနှစ် ဇွန်လ (၂၂) ရက်နေ့ တွင် ဆလိုင်း တင်မောင်ဦး ကျဆုံးခဲ့ခြင်း (၃၈) နှစ်ပြည့် အောက်မေ့ဖွယ် အထိမ်းအမှတ် ဆန္ဒပြပွဲတစ်ရပ်ကို တောင်ကိုရီး ယားနိုင်ငံရောက် မြန်မာနိုင်ငံသားများက ဆိုးလ်မြို့ရှိ မြန်မာသံရုံးရှေ့တွင် ပြုလုပ်ခဲ့ကြသည်။

ယင်းဆန္ဒပြပွဲတွင် လွန်ခဲ့တဲ့ (၃၈) နှစ်က ဆလိုင်းတင်မောင်ဦးကို ကြိုးပေးသတ်ဖြတ်ခဲ့တဲ့အပေါ် လက်ရှိ အစိုးရအနေဖြင့် ဝန်ခံ တောင်းပန်ရန်၊ စစ်ပွဲနှင့် လူ့အခွင့်အရေး ချိုးဖေါက်မှုများ ရပ်တန့်ရန်၊ အရပ်သားအစိုးရကို စစ်တပ်က ဝင်ရောက်မစွက်ဖက်ရန်နှင့် စစ်မှန်သော ဒီမိုကရေစီ စနစ်အဖြစ် အသွင်ကူးပြောင်းရန် တောင်းဆိုခဲ့ကြသည်။

Share.

About Author

Leave A Reply