ချင်းတောင် ရေဘေးဒုက္ခအတွက် မီဇိုရမ် အစိုးရပါတီ၊ ဘာသာရေး နှင့် NGO အသီးသီးတို့မှ ကူညီသွားမည်

0

kalay flood

 

ချင်းပြည်သူများ လက်ရှိကြုံတွေ့နေရသည့် သဘာဝ ဘေး ဒုက္ခအတွက် မီဇိုရမ်ပြည်နယ်၏ လက်ရှိ အစိုးရပါတီ Congress ၊ ဘာသာရေးအဖွဲ့ Mizoram Synod နှင့်  Central Young Mizo Association (CYMA)၊ Zoro, Zofa Global Network တို့မှ စားရေရိက္ခ ကူညီသွားမည်ဟု သိရသည်။ ” တာဝန်ရှိတွေနဲ့ ကျတော်တို့ ညှိနှိုင်းတော့ ပြသာနာက မီဇိုရမ်ကနေ မည်သည့်လမ်းကြောင်းကို အသုံးပြုမည် ဆိုတာပါ၊ တီးတိန် – ဟားခါး – မတူပီ – ပလက်ဝ လမ်းကြောင်းတွေက မတူဘူးဖြစ်နေတော့ ဒါ ပြည်တွင်းက တာဝန်ရှိ တွေ နဲ့  ညှိနှိုင်းပြီး ဆက် လက်ဆောင်ရွက်သွားမယ်၊ အခု ပြည်တွင်းတာဝန်ရှိ တွေနဲ့ ညှိနှိုင်းနေတယ်”  ဟု CNF အထွေထွေ အတွင်းရေးမှူး (၁) Pu Paul Sitha က ပြောသည်။

 

ထို့အပြင် မီဇိုရမ် ပြည်နယ် ၀န်ကြီးချုပ် Pu Lalthanhawla သည် ဒီ ချင်းတောင်လူမှု ဒုက္ခကို ကူညီပံ့ပိုးရေး အိန္ဒိယ ၀န်ကြီးချုပ်ထံ တင်ပြ တောင်းဆိုထားကြောင်းလည်း သိရသည်။

 

တဆက်တည်း မီဇိုရမ်ပြည်နယ်၊ Mara Autonomous District Council ( Saiha) ကလည်း အရေးပေါ်အစည်းအဝေးခေါ်ပြီး ချင်းပြည်နယ် မြို့တော်ဟားခါးအပါအဝင် ရေဘေး၊ မြေပြို မှုကြောင့် နေစရာအိမ် မရှိသော ချင်းပြည်သူများ နှင့် လမ်း၊ တံတား ပျက်စီး မှုကြောင့်  ဒုက္ခရောက် ညီအကိုတွေအတွက် Lungbun နှင့် Chhimtuipui ကြား ပျက်နေတဲ့ လမ်းများကို ပြုပြင်ပြီး ရေကြောင်းလမ်းဖြင့် ဆန် quintal 500 ခန့် ကူညီသွားဖို့ ပြင်ဆင်ထားကြောင်း တာဝန်ရှိ နှစ်ဦးကိုလည်း အခြေအနေ သွားရောက် လေ့လာရန် စေလွတ် ခဲ့ တယ်လို့လည်း သိရသည်။

 

ထို့အပြင် ယခုလ သြဂုတ်လအတွင်း ဆန် quintal 100 ကူညီသွားရန်  Central YMA CEC အရေးပေါ်အစည်းအဝေး က ဆုံးဖြတ်ထားသည်။ ၄င်းအပြင် မီဇိုရမ် NGO အသီး သီး တို့ကလည်း  မြန်မာနိုင်ငံ ရေဘေးသင့်သူများကို ကူညီပေးသွားဖို့ အစီအ စဉ်များရှိကြောင်း သိရသည်။

 

ချင်းပြည်သူများသည် ၂၀၀၅ – ၂၀၀၆ မှ ကြုံတွေ့ရသည့် အစာရေစာ ငတ်မွတ်ခေါင်းပါးမှုဘေးဒါဏ် ကာလ တလျှောက် မီဇိုရမ်ပြည်နယ်၏ ပံ့ပိုးမှုကို အားထားခဲ့ရသည်။

Share.

About Author

Leave A Reply

*

code