ဟားခါးလူမှုဒုက္ခသည်များအတွက် Dr. Sasa မှ ဆန်အိတ် ၅၀၀ နှင့် စားကုန်များ ကူညီ

0

Dr. Sasa

 

Health and Hope Society တည်ထောင်သူ  Dr. Sasa မှ လက်ရှိ သဘာဝ မိုးဒါဏ် ဒုက္ခ ကြုံတွေ့နေရသည့် ဟားခါး မြို့သူမြို့သား များအတွက် ဆန်အိတ် ၅၀၀ နှင့် စားကုန်များ ထောက်ပံ့ကူညီသည်ဟု သိရသည်။  အဆိုပါ ဆန်အိတ်နှင့် လူသုံးစားကုန်များကို အိန္ဒိယနိုင်ငံ Silchar မြို့မှာ ၀ယ်ယူပြီး မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့မှ တဆင့် ပြည်တွင်းသို့ တင်သွင်းသယ်ယူသွားကြမှာဖြစ်ပြီး တခြား မြို့တွေကိုလည်း ထောက်ပံ့နိုင်ဖို့ တတ်အားသရွေ့ ကြိုးပမ်းနေကြောင်း သိရသည်။

 

” ဆန်အိတ်တွေကို ဗန်ဇန်တောင်ကြောမှ တဆင့် ထန်တလန်မြို့ကနေ ဟားခါးကို သယ်ယူဖို့ ဖြစ်ပါတယ်၊ ပြည်သူ တွေ အရေးပေါ် လိုအပ်နေတာက ဆန်နဲ့ စားသုံးကုန်ပဲ၊ ဒီကိစ္စအတွက် Hakha Rescue Committee ကို ချိတ် ဆက်ဖို့နဲ့ ထောက်ပံ့ ပစ္စည်းတွေ ချောချောမောမောနဲ့ ရောက်ရှိနိုင်ဖို့  CNF လူကြီးတွေကို အကူအညီ တောင်း ထားပါတယ် ” ဟု Dr. Sasa က ပြောသည်။

 

မြန်မာပြည်အပါအ၀င် ချင်းပြည်သူတွေ ကြုံတွေ့ရသည့် လက်ရှိ လူမှု ဒုက္ခသည်  အစိုးရအုပ်ချုပ်ရေး ယန္တယားအထိ ထိခိုက်စေနိုင်သည့် သဘာဝ ဘေးဒါဏ်ဖြစ်သဖြင့် အစိုးရအပါအ၀င် လူမှုအသင်းအဖွဲ့ နှင့် အလွှာ ပေါင်းစုံတွင် တာဝန်ရှိသည်ဟု ဆက်ပြောသည်။

 

” ဒီ လူမှု ဒုက္ခကြီးဟာ  စား ၊ ၀တ်၊ နေ ရေး ကိစ္စ သုံးရပ်စလုံးကို ထိခိုက်သွားတယ်၊ အစာရေစာပြသာနာ အပြင် အိုးမဲ့ အိမ်မဲ့ ပြသာနာက ရှိသေးတယ်၊ ဒါက ဟားခါး ထဲ မဟုတ်ဘူး၊ တခြား မြို့တွေ၊ နယ်တွေက လူမှု ပြသနာတွေ တပုံကြီး ရှိသေးတယ်၊ ဒီတော့ အားလုံးမှာ တာဝန်ရှိတယ် ” ဟု ပြောသည်။

 

ချင်းပြည်နယ်အတွင်း  ပြည်သူတွေ ကြုံတွေ့နေရသည့် သဘာဝဘေးဒါဏ်များအနက် ဟားခါးမြို့သည့် အဆိုးဝါး ဆုံးဖြစ်ပြီး ပလက်ဝမြို့သည် ဒုတိယ အများဆုံးဖြစ်လိမ့်မည်ဟု CNF လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ် (၁) Pu Paul Sitha က ပြောသည်။

 

” ပြည်တွင်းကို ဆက်သွယ်ကြည့်ရာမှာ ဟားခါးက ပထမ၊ ပလက်ဝက ဒုတိယ အများဆုံးလို့ ပြောလို့ရတယ်၊ တချို့ မတူပီလို မြို့တွေက ကားလမ်း လုံးဝ ပျက်သွားတော့ယင် မကြာဘူး၊ ပြည်သူတွေ စားသောက်ရေးပြသာနာ နဲ့ ကြုံရတော့မှာ ကျိန်းသေပဲ”  ဟု ပြောသည်။

 

အိန္ဒိယ – မြန်မာနယ်စပ်ဖြတ် အမှတ် (၂) ကုန်သွယ်ရေးလမ်းကြောင်းရှိ မံဆောင်းတံတားသည် ရေတိုက်စားမှုကြောင့် ကားများ ဖြတ်သန်းမသွားနိုင်တော့သဖြင့် တီးတိန်၊ ဖလမ်းမြို့ကို ဖြတ်မည့်  တဖက်မီဇိုရမ်မှ အထောက် အပံ့များ သယ်ယူဖို့ အခက်အခဲရှိနေကြောင်း သိရသည်။

 

မီဇိုရမ်ပြည်နယ် CYMA မှ ထောက်ပံ့သည့် ဆန်အိတ်များသည် နယ်စပ်မှ တဆင့် ဗန်ဇန်တောင်ကြောကို ဖြတ်ပြီး ထန်တလန် – ဟားခါးသို့ ၀င်ရောက်နေပြီဖြစ်သည်၊ မီဇိုရမ် နယ်စပ် Mara Autonomous District ဆိုင်ဟားမြို့မှ အထောက်အပံ့များသည် ကားလမ်း ပြည်တွင်းသို့ မသယ် ယူနိုင်ကြသေးကြောင်း သိရသည်။

Share.

About Author

Leave A Reply

*

code