ချင်းပြည်နယ် ရွေးကောက်ပွဲလုံခြုံရေး အထူး ရဲတပ် အင်အား (၁၀၂၉) တာဝန်ချမည်

0

DSC01860

 

ယခုနှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် တနိုင်ငံလုံး အထွေထွေရွေးကောက်ပွဲ ကာလအတွင်း ချင်းပြည်နယ် အတွင်း ရွေးကောက်ပွဲ လုံခြုံရေးအတွက် ချင်းပြည်နယ် (၉)မြို့နယ် မဲဆန္ဒနယ်အားလုံးတွင် အထူးရဲတပ်ဖွဲ့ အင်အား ၁၀၂၉ ဦး တာဝန်ချထားမည်ဟု သိရပြီး ရွေးကောက် ပွဲ လုံခြုံရေး အထူးရဲ နည်းပြ ( ဆင့်ပွား) သင်တန်းကို ယနေ့ စက်တင်ဘာ (၇)ရက်နေ့က ပြုလုပ်ခဲ့ကြသည်။

 

သင်တန်းအဖွင့် မိန့်ခွန်းတွင် ပြည်နယ် ရဲမှူးကြီး ဦးမြင့်လွင်က လာမည့် ရွေးကောက်ပွဲသည် ပြီးခဲ့တဲ့ ရွေးကောက်ပွဲနဲ့ မတူတော့ကြောင်း နိုင်ငံတကာ စောင့်ကြည့် လေ့လာရေး အဖွဲ့တွေပါဝင်မှုနဲ့ ကျင်းပကြမှာဖြစ်ကြောင်း အထူးရဲ တပ်ဖွဲ့ အနေနဲ့ သင်တန်းကာလမှာ သေသေ ချာချာ နားလည်အောင် မေးမြန်းဆွေးနွေးစေလိုကြောင်း လာမည့်ရွေး ကောက်ပွဲသည် ဒီမိုကရေစီကို ဖော်ဆောင်နေတဲ့ ရွေးကောက်ပွဲ ကာလဖြစ်သည်နှင့် အညီ ရဲဘော်တို့ ထမ်းဆောင် မည့် တာဝန်သည် ဒီမိုကရေစီနိုင်ငံတော်အတွက် အထူးအရေး ပါကြောင်း၊ သင်တန်း သားများ အနေနဲ့ နိုင်ငံတော် ချစ်စိတ်၊ ဒေသချစ်စိတ်နှင့် အတူ ကြိုးပမ်းစေလိုကြောင်း ပြောကြား သွားပါသည်။

 

၁၀ ရက်တာ ပို့ချမည့် ရွေးကောက်ပွဲလုံခြုံရေး အထူး ရဲနည်းပြ ( ဆင့်ပွား) သင်တန်း ဖွင့်လှစ်ပွဲကို ချင်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး ၊ ရဲဇာနည် ခန်းမ တွင် ကျင်းပသွားကြရာ ပြည် နယ်ရဲမှူးကြီး ဦးမြင့်လွင် အပါအ၀င်၊ အထူးရဲ နည်းပြ သင်တန်းမှူးအဖြစ် တာဝန်ယူမည့် ပြည်နယ်ရဲတပ် ဖွဲ့မှူးရုံးမှ ဒုတိယ ရဲမှူးကြီး မြင့်လွင် ၊ သင်တန်းမှူး ရဲမှူး မြင့်ကြည် နှင့် ရဲအရာရှိများ၊ သင်တန်းသားများ၊ ပြည်နယ် နှင့် ခရိုင်အဆင့် ဌာနဆိုင် ရာ တာဝန်ရှိများ စုစုပေါင်း ၇၈ ဦး တက် ရောက်ခဲ့ကြသည်။

 

” ချင်းပြည်နယ်အတွင်း မဲရုံပေါင်း ၁၀၂၉ မှာ အထူးရဲတပ်ဖွဲ့ တဦးကျစီ တာဝန်ချထားဖို့ဖြစ်ပါတယ်၊ အခု ဆင့်ပွား သင်တန်းကို မြို့နယ် ၈ ခု ကနေ ၃ ဦး စီ ၂၄ ဦးနဲ့ ပို့ချမည့် ဆရာဖြစ်ဆင့်ပွားသင်တန်းဖြစ်ပါတယ်၊ ပလက်ဝ မြို့နယ် ကျတော့ လမ်းပန်းဆက်သွယ်ရေး အခက် အ ခဲကြောင့် ရခိုင်ပြည်နယ် စစ်တွေမှာ တက်ရောက်ကြ မှာဖြစ် ပါတယ်၊ ဒီ သင်တန်းပြီးယင် မြို့နယ်အလိုက် ဆင့်ပွား သင်တန်းပြန်လည် ပြုလုပ် သွားမယ်” ဟု သင်တန်းကြီး ကြပ်ရေးအဖွဲ့ ဥက္ကဌ၊ ပြည်နယ် ရဲတပ်ဖွဲ့ မှူးရုံးမှ ဦးစီး အရာရှိ (ပထမတန်း)၊ ဒုတိယ ရဲမှူးကြီး မြင့်နိုင်က ပြောသည်။

 

ရွေးကောက်ပွဲလုံခြုံရေး အထူးရဲ တပ်ဖွဲ့ဝင်များသည် ယခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့မှ စ ပြီး နိုဝင်ဘာ ၃၀ ရက်နေ့အထိ ရွေးကောက်ပွဲ ဆိုင်ရာ လုံခြုံရေး တာဝန်ကို အချိန်ပြည့် ထမ်းဆောင်ကြမှာဖြစ်ပြီး လုံခြုံရေး ဆိုင်ရာ လိုအပ်သည့် စက်ကရိယာများ အသုံးအဆောင်များကို အပြည့်အစုံ တပ်ဆင်ပေးသွားကြမှာ ဖြစ်သည်ဟု သိရသည်။

 

ချင်းပြည်နယ်အတွင်း ယခုနှစ် ရေဘေးသင့်ဒါဏ်ကြောင့် ရွေးကောက်ပွဲကာလအတွင်း သတင်းဆက်သွယ်ရေး၊ လမ်း ပန်းဆက်သွယ်ရေး ခက် ခဲနိုင်သော်လည်း သက်ဆိုင်ရာ ၀န်ကြီးဌာနများနှင့် ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ် ကြောင်း ထပ်မံသိရသည်။

 

သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်ပိုင်း မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့သည် နိုင်ငံတကာ နည်းပညာများကို ရယူပြီး ဒီမိုကရေစီ နည်း ကျသော တရားဥပဒေစိုးမိုးရေးအတွက် ပိုမို လေ့လာ ကျင့်သုံး လုပ်ဆောင်လာကြောင်း လေ့လာ သိရှိသည်။

Share.

About Author

Leave A Reply