ဒေါ် Tuan Kil ကို မြန်မာနိုင်ငံသို့ ပြန်ပို့၊ ဖလမ်းရဲစခန်းတွင် ထိန်းသိမ်းထား

0

ကျပ်သိန်းလေးထောင်ကျော် လိမ်လည်မှုနှင့်ပတ်သက်ပြီး မီဇိုရမ်ပြည်နယ်တွင် အဖမ်းခံထားရသည့် ဒေါ် Tuan Kil ကို မြန်မာနိုင်ငံသို့ ယမန်နေ့ (နိုဝင်ဘာလ ၁၄) က လွှဲပြောင်းပြီး ဖလမ်းမြို့ရဲစခန်းသို့ ထိန်းသိမ်းထားသည်ဟု သိရသည်။

ရန်ကုန်မြို့တွင်နေထိုင်သူ ဒေါက်တာရွှေဟိန်းထံမှ ဒေါ် Tuan Kil ဆိုသူက ငွေကျပ်သိန်းလေးထောင်ကျော် ပိုက်ဆံချေးယူထားပြီး ပြန်မဆပ်ဘဲ အိန္ဒိယနိုင်ငံသို့ ထွက်ပြေးသွားသည်ဟုဆိုကာ အမှုဖွင့်ဆိုထားပြီး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့တွင် အိန္ဒိယရဲများက ပြီးခဲ့သည့် အောက်တိုဘာလ (၂၄) ရက်နေ့က သူမကိုဖမ်းဆီးကာ နိုင်ငံခြားသားမှုဖြင့် (Foreigner case) အမှုဖွင့် အရေးယူခဲ့သည်။

အိုင်ဇောလ်မြို့ ဗဟိုအကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရသည့် ဒေါ် Tuan Kil ကို နိုဝင်ဘာလ (၁၃) ရက်နေ့က မီဇိုရမ် CID အဖွဲ့ဟု ယူဆရသည့် လူတစ်စုက အကျဉ်းထောင်မှခေါ်ထုတ်ပြီး အိန္ဒိယ-မြန်မာနယ်စပ် ဇိုခေါ်ထား သို့ပို့ဆောင်ကာ ရိခေါဒါရ်းရဲစခန်းသို့ လွှဲအပ်ခဲ့သည်ဟု သိရသည်။ ထိုမှတဆင့် ဖလမ်းမြို့ရဲစခန်းသို့ ထပ်မံပို့ဆောင်ခဲ့သည်ဟု သိရသည်။

ဒေါ် Tuan Kil ၏ရှေ့နေ Raymond Lalbiakzama “မနေ့တနေ့မနက်က ခေါ်ထုတ်သွားတယ်၊ ကျနော်တို့ ထင်တာကတော့ CID တွေ ခေါ်ထုတ်သွားတာဖြစ်မယ်၊ မြန်မာပြည်ပို့မယ်ဆိုရင်လည်း Bawngkawn ရဲစခန်းဌာန လုပ်ရမည့်တာဝန်ဖြစ်တယ် ဒါပေမယ့် ရဲစခန်းဌာနက ဘာမှမသိဘူး၊ ဒါကြောင့် CID ဘက်ကနေ လုပ်တဲ့အရာဖြစ်မယ်” ဟု ခိုနူမ်းသုန်ကိုပြောသည်။

Tuan Kil အမှုနှင့်ပတ်သက်ပြီး မြန်မာပြည်ပြန်ပို့မည်၊ မပို့မည်ကို ယနေ့ အိုင်ဇောလ်မြို့တရားရုံးတွင် ပြန်လည်စစ်ဆေးမည်ဖြစ်သော်လည်း သူမကို တိတ်တဆိတ်ခေါ်ထုတ်ပြီး မြန်မာပြည်ဘက်သို့ ပို့ဆောင်လိုက်သည့်အတွက် မည်ကဲ့သို့ ဆက်လုပ်ရမည်ကို အတော်လေး အခက်ဖြစ်စေသည်ဟု ရှေ့နေကပြောသည်။

မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့တွင်ရှိသော Tuan Kil တည်းခိုသည့်အိမ်ရှင် Pu Chhantea Khenglawt က ယခုလို ခေါ်ထုတ်သွားသည့် CID နဲ့ အဖွဲ့များက လာပြီးမတောင်းပန်ပါက တရားစွဲဆိုပြီး တရားရုံးမှာ ရင်ဆိုင်သွားဖွယ်ရှိကြောင်း ယခုလို ခိုနှုမ်းသုန်သတင်းဌာန ကို ပြောပါသည်။

“CID Cung Lian Uk (Maliana) တို့ကနေ ခိုးယူထုတ်သွားတာဖြစ်တယ်။ သူတို့လုပ်ရပ်က တရားဥပဒေနဲ့ မကိုက်ညီဘူး၊ ဒါကြောင့် ကျနော်တို့ မိသားစုတွေတိုင်ပင်ပြီးတော့ အဲဒီ CID ကို တရားပြန်စွဲမလား မသိရသေးဘူး။ ဗဟိုအသိအမှတ်ပြုမှုမရှိဘဲ သူတို့ကြိုက်သလို လုပ်ဆောင်သွားတာဟာ ကြီးမားတဲ့ဥပဒေကို ချိုးဖောက်ရာရောက်တယ်၊ သူတို့ဘက်က လာပြီး မတောင်းပန်လို့ရှိရင်တော့ တရားရုံးမှာ ရင်ဆိုင်သွားဖွယ်ရှိတယ်။” ဟု ပြောသည်။

Share.

About Author

Leave A Reply

*

code