Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ZAWLBUK ပရဟိတအဖွဲ့ မှ တာဟန်းရပ်ကွက်ရှိ လိုအပ်နေသူများအသုံးပြုဖို့ ရေတိုင်ကီ (၃) လုံးလှူဒါန်း

ZAWLBUK ပရဟိတအဖွဲ့ မှ တာဟန်းရပ်ကွက်ရှိ လိုအပ်နေသူများအသုံးပြုဖို့ ရေတိုင်ကီ (၃) လုံးလှူဒါန်း

0
By Editor on May 11, 2019 Khonumthung

By မိုး​ကျော်​ – ချင်းတောင်ခြေရင်းတွင်တည်ရှိသည့် ကလေးမြို့ပေါ် ရပ်ကွက်တချို့တွင် ယခုရက်ပိုင်း အပူလွန်ကဲမှုကြောင့် တွင်းရေများနှင့် အ၀ီစိရေများခန်းခြောက်လာပြီး ရေပြတ်လပ်မှုကြုံနေကြသည့် ဇိုး(ချင်း)မျိုးနွယ်စုအများဆုံးနေထိုင်သည့် တာဟန်းရပ်ကွက်ရှိ ပြည်သူများအတွက် sintex (ရေတိုင်ကီ) သုံးလုံးကို တာဟန်းအခြေစိုက် ZAWLBUK (Tanpui Ngaite Tanpuitu Pawl) အဖွဲ့မှ မေလ ၉ ရက်နေ့က လှူဒါန်းခဲ့ကြကြောင်းသိရသည်။

ယခုရက်ပိုင်းအတွင်း အပူလွန်ကဲမူကြောင့် ရေပြတ်လပ်မှုဒဏ်ကြုံတွေနေရသူများ၏အခက်အခဲကို ဖြေရှင်းနိုင်ရေးအတွက် ယခုလို ရေတိုင်ကီများ လှူဒါန်းရခြင်းဖြစ်ကြောင်း သိရသည်။

ကလေးမြို့နယ်၊ တာဟန်း C ရပ်ကွက်တွင် ရေတိုင်ကီနှစ်လုံး၊ E ရပ်ကွက်တွင် တစ်လုံး အပြင် မိုးကာဖြင့် ရေသိုလျောင်ထားဖို့ရန် ရေသိုလျောင်ကန်ကိုလည်း ပြုလုပ်ပေးခဲ့ကြသည်။

ယခု ထားရှိသော ရေတိုင်ကီနှင့် ရေသိုလျောင်ကန်များတွင် Zawlbuk အဖွဲ့အပါအဝင် အခြားသောအဖွဲ့အစည်းများမှ ရေများ ဖြည့်ထားသွားမှာဖြစ်ပြီး ၄င်းရေများကို တကယ်လိုအပ်နေသည့် မိသားစုအနေဖြင့် လိုသလောက်ကိုသာ ခတ်သုံးသွားမှာဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလကစ၍ ကလေးမြို့ပေါ် အထူးသဖြင့် တာဟန်း၊ တောင်ဖီလာ၊ ကြို့သုံးပင်၊ နေပြည်တော် ရပ်ကွက်တို့တွင် ရေတွန်းခန်းခြောက်မှုဖြစ်ပွားခဲ့ပြီး ပြည်သူအများအပြာ သောက်သုံးရေပြတ်လပ်မှုကြုံတွေ့ခဲ့ကြကြောင်း သိရသည်။

ယခုကဲ့သို့ ရေပြတ်လပ်မှုကြုံတွေ့နေကြရသည့် ပြည်သူများကို ကလေးလွင်ပြင် ပဟရတိအဖွဲ့မှ မေလ ၁ ရက်နေ့ကစ၍ ရေသယ်ကားများဖြင့် သောက်သုံးရေဖြန့်ဝေပေးကြောင်း သိရပြီး ယခုလက်ရှိ စုံစမ်းသိရှိရသည့် စာရင်းအရ ရေတွင်းနှင့် အ၀ီစိတွင်း (၁၀၀) ကျော် ခန်းခြောက်ပြီး အသစ်ပြန်လည်တူးဖော်မှုများအပူတပြင်း လုပ်ဆောင်နေကြရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 10, 2026

ဇမ်ပီးရွာရှိ ZRA-EC စခန်းကို ZNA က ဝင်ရောက်တိုက်ခိုက်ရာ ZRA-EC ရဲဘော်တစ်ဦးသေဆုံး

September 10, 2026

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

September 9, 2026

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

September 9, 2026

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.