Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကင်းတလင်းရွာသား (၅၂) ဦး ဖမ်းဆီးခေါ်ဆောင်မှုနဲ့ပတ်သက်ပြီး (အေအေ) တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခ နှင့် မေးမြန်းခြင်း

ကင်းတလင်းရွာသား (၅၂) ဦး ဖမ်းဆီးခေါ်ဆောင်မှုနဲ့ပတ်သက်ပြီး (အေအေ) တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခ နှင့် မေးမြန်းခြင်း

0
By Editor on June 7, 2019 Khonumthung

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် ကင်းတလင်းကျေးရွာသား (၅၂) ဦးကို ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (အေအေ) ကနေ ဘင်္ဂလားဒေရှ့်နယ်စပ်ဘက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုပြီး ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ဇွန်လ (၃) ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၂) ရက်နေ့က အေအေတပ်ဖွဲ့ဝင်တွေဟာ ကင်းတလင်းရွာကို သွားရောက်ပြီး ရွာသားတွေကို ဘုရားကျောင်းမှာ လူစုခိုင်းပြီးတော့ မြန်မာ့တပ်မတော်ကနေ ဗုံးကျဲတိုက်ခိုက်မယ့်အတွက် ဘင်္ဂလားဒေရှ့်နယ်စပ်ဘက်သို့ သူတို့နောက်လိုက်ဖို့ ပြောဆိုပြီး ရွာသားတွေက ငြင်းဆန်ကြပေမယ့် အတင်းအဓမ္မနဲ့ခေါ်ဆောင်သွားတာလို့ (အေအေ) လက်ကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ ကင်းတလင်းရွာသားတစ်ဦးရဲ့ပြောစကားကို ကိုးကားပြီး CHRO က သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ကင်းတလင်းရွာသားတွေကို (အေအေ) တပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတာလား၊ သူတို့ကို ဘယ်မှာ ဖမ်းဆီးထိန်းသိမ်းထားလဲ၊ရွာသားတွေရဲ့ အခြေအနေကဘယ်လိုရှိပါလဲ ဒီကိစ္စနဲ့ပတ်သက်ပြီး အေအေတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို ခိုနူမ်းသုန်သတင်းဌာနမှ ခုလိုဆက်သွယ်မေးမြန်းထားပါတယ်။

မေး – ကင်းတလင်းရွာသား (၅၂) ဦးကို သူတို့ရဲ့ စိတ်ဆန္ဒမပါဘဲ အေအေတပ်ဖွဲ့က နယ်စပ်ဘက်ကို ဖမ်းဆီးခေါ်ဆောင်သွားတာလား? ဒီကိစ္စနဲ့ ပတ်သက်ပြီး ဦးခိုင်သုခ ဘာများပြောချင်လဲ?

ဖြေ – အဲဒီကိစ္စက ဒီလိုဗျ ခင်ဗျားသိအောင်ကျနော်ရှင်းပြမယ်ဆိုရင် လွန်ခဲ့တဲ့ဖေဖော်ဝါရီလအတွင်းမှာ ကင်းတလင်းရွာအပါအ၀င်ပေါ့ဗျာ အဲဒီအနီးအနားက ခမောင်းဝတို့ ရွာနှစ်ရွာလောက်ရှိသေးတယ် နာမည်မေ့နေလို့ အဲဒီရွာတွေကို ဗမာစစ်တပ်ရဲ့ထရွန်အိုင်ဗျုဟာကနေ လက်နက်ကြီးတွေနှင့် လှမ်းပစ်တယ် ၁၂၀ တွေနဲ့လှမ်းပစ်တာ ဆိုတော့ အဲဒီမှာရွာသားတွေက ရွာထဲမှာနေလို့မရတော့ဘူး သူတို့က အဲဒီရွာဘေးကတောင်တွေမှာနေတော့ ပုန်းခိုပြီးတော့နေကြတယ် တစ်ပတ်လောက်တောင်ရှိနေပြီ ဆိုတော့အဲဒီမှာ ဒီလိုဒေသခံတွေက တရွန်အိုင်ဘက်ကိုလည်းဆင်းလို့မရဘူး ပလက်ဝဘက်ကိုလည်းဆင်းလို့မရဘူး လမ်းမှာဗမာစစ်တပ်တွေကလည်းအများကြီး သူတို့ကိုအဲဒီမှာဖမ်းဆီးရိုက်နှက်တာတွေလုပ်တော့မယ် သူတို့ကကြောက်တယ် အဲဒါကြောင့်မို့လို့ ကျနော်တို့တပ်တွေက သူတို့ကိုဘေးကင်းလုံခြုံတဲ့ ဘင်္ဂလားဒေရှ့်နယ်စပ်ဘက်ကို သူတို့လိုအပ်တဲ့ ရိက္ခာတွေ လုံခြုံရေးကိစ္စတွေဆောင်ရွက်ပြီးတော့မှ ကျနော်တို့က သူတို့ကိုကောင်းကောင်းမွန်မွန်ပဲ ကူညီပေးလိုက်တာ အဲဒီလူတွေကလည်းဟိုရောက်တဲ့အခါ ဟိုဘက်က အရပ်ဖက်အဖွဲ့အစည်းတွေကလည်းကူညီပေးတာရှိတယ် နောက်ပိုင်းမှာ ဒီလူတွေက အဲဒီမှာပဲ တောင်ယာခုတ်ပြီးမှ အေးအေးဆေးဆေးပဲလုပ်ကိုင်စားသောက်နေကြတယ် သူတို့ပြောသလို (၅၂) ယောက်လည်းမဟုတ်ပါဘူး ရာကျော်တယ်ဆိုတော့ အဲဒီမှာအေးအေးဆေးဆေးလုပ်ကိုင်စားသောက်နေကြတယ် ဒီကိစ္စကို ကျွန်တော်တို့လည်း မီဒီယာမှာလည်းပြောပြီးပြီ အဲဒီလူတွေကလည်း ဗမာစစ်တပ်လက်နက်ကြီးနဲ့ပစ်လို့ ကျနော်တို့ကြောက်လို့ပြေးလာရတယ်ဆိုတဲ့ဟာကို မီဒီယာမှာလည်း ဟိုသူတို့ရောက်ခါစကတည်းက ကျနော်တို့ဘက်ကနေပြီးတော့ မီဒီယာနဲ့တွေ့ခိုင်းပြီးတော့ ပြောပြီးပြီ ဆိုတော့ဒီနောက်ပိုင်းမှာမှ ချင်းလူအခွင့်အရေးအဖွဲ့ CHRO ကနေပြီးတော့ AA ကနေပြီးတော့ လူ ၅၀ ကျော်ကိုထိန်းသိန်းထားတယ် ဘာညာဆိုပြီးတော့ အဲလိုသတင်းတွေတက်လာတယ် ဆိုတော့ ပြောမယ်ဆိုရှိရင်ကျနော်တို့က စေတနာသန့်သန့်နဲ့ကူညီပေးလိုက်တာ ဒီလူတွေနဲ့ပတ်သက်ပြီးတော့ ဘယ်လူ့အခွင့်အရေးအဖွဲ့မဆို သွားတွေ့ချင်လို့ရှိရင် ဘင်္ဂလားဒေရှ်နယ်စပ်မှာသွားတွေ့လို့ရတယ် သူတို့နဲ့ Interview လို့ရတယ် ကျနော်တို့က သူတို့ကို တစ်ခါတစ်လေရိက္ခာခက်ခဲဖြစ်နေရင် ကျနော်တို့ ကူညီပေးရတယ်၊ ကျနော်တို့အတွက် ၀န်ထုတ်ဝန်ပိုးတောင်ဖြစ်နေတယ် ဒါပေမဲ့လည်း ကျနော်တို့ အဲဒီလူတွေကို ဒုက္ခရောက်နေရင်ကူညီစောင့်ရှောက်ရတာကတော့ ဒါတိုက်ပွဲကြားထဲမှာပိတ်မိနေတဲ့ဘယ်သူမဆို ကျနော်တို့က လုံခြုံရေးအရ ကာကွယ်စောင့်ရှောက်ရမယ်ဆိုတာ ကျနော်တို့ တပ်သားတွေကို ညွှန်ကြားပြီးသားရှိပြီးသားကြောင့်မို့လို့ ကျွန်တော်တို့အဲလိုမျိုးကယ်ထုတ်ခဲ့တယ်။

မေး – ကင်းတလင်းရွာသား (၅၂) ဦးက အခုဘယ်မှာရှိနေကြလဲ?

ဖြေ – သူတို့က ဒီဘင်္ဂလားဒေရှ့်နယ်စပ်နားမှာဗျ ပြည်တောင်နဲ့နီးတဲ့နေရာပေါ့နော် အဲဒီမှာနေရာတော့ ကျနော်လည်းအတိအကျတော့မသိဘူး သူတို့အဲဒီမှာက အေးအေးဆေးဆေးပဲလုပ်ကိုင်စားသောက်နေကြတာ ခင်ဗျားတို့သိတဲ့အတိုင်းပဲ တောင်ပေါ်သားတွေက ဒီနေရာမှာဒီနှစ်ယာခုတ်ပြီးလို့ရှိရင် နောက်တစ်နှစ်နောက်တစ်နေရာပြောင်းသွားကြ အဲလိုမျိုးလိုနယ်စပ်ဘက်မှာသူတို့ အေးအေးဆေးဆေးလုပ်ကိုင်စားသောက်နေကြတယ်။

မေး – သူတို့ကို (အေအေ) တပ်ဖွဲ့ကနေ ထိန်းချုပ်ထားတာမျိုးရှိလား?

ဖြေ – မရှိဘူး လုံးဝမရှိဘူး ကျွန်တော်တို့ကသူတို့နဲ့ပတ်သက်ပြီးဘာမှမလုပ်ဘူး ဖမ်းစရာ ထိန်းကြောင်းစရာလည်းအကြောင်းမရှိဘူး အဲဒီချိန်ကနေပြီးတော့သူတို့အခက်အခဲဖြစ်နေရင် ကျနော်တို့ကူညီပေးခဲ့တာပဲရှိတယ်။

မေး – သူတို့က ခုချိန်ထိ သူတို့ရွာဘက်ကို မပြန်ကြတာလဲ?

ဖြေ – သူတို့က ဒီလိုဗျ ဗမာစစ်တပ်ကိုကြောက်လို့မပြန်တာ ပြောမယ်ဆိုလို့ရှိရင် သူတို့အခုချိန်ပြန်သွားရင်နော် အဲလိုမျိုးပလက်ဝဖြစ်ဖြစ် ဘယ်နေရာဖြစ်ဖြစ် သူတို့ရွာမဟုတ်ရင်တောင်မှ တစ်ခြားနေရာအတွင်းပေါ့ ဒီဘက်လာတယ်ဆိုပြီးတော့ ဗမာစစ်တပ်ကဖမ်းပြီးတော့ ထုတော့မယ် သူတို့ကို မင်းတို့တွေ AA ဆီကနေလာတယ် ဆိုပြီးတော့ ဖမ်းပြီးတော့ထုတော့မယ် အဲဒါရွာသားတွေကတော့ ဗမာစစ်တပ်အကြောင်းသိတော့ သူတို့ဟာသူတို့ ကြောက်ပြီးတော့မှမပြန်ဘဲနေကြတာ ဆိုတော့အဲဒီအနေအထားပါ။

မေး – ဒါဆိုရင် နယ်စပ်မှာ ကင်းတလင်းရွာသား (၅၂) ဦးဟာလုံလုံခြုံခြုံကောင်းကောင်းမွန်မွန်ရှိနေကြတယ်ပေါ့?

ဖြေ – (၅၂) ယောက်မဟုတ်ဘူး ခင်ဗျားတို့သိတာမှားတယ် တစ်ရာကျော်တယ် အဲဒီမှာ လူ ၁၂၀ ကျော် သူတို့အဲဒီမှာ အေးအေးဆေးဆေးပဲ လုပ်ကိုင်စားသောက်နေကြတာ ဘာမှ သူတို့အန္တရာယ်မရှိဘူး ဗမာစစ်တပ်မရောက်တဲ့နေရာက သူတို့အတွက် အန္တရာယ်အကင်းဆုံးနေရာဖြစ်တယ် အဲဒါကြောင့် အဲဒီမှာသူတို့လုပ်ကိုင်စားသောက်နေကြတာ သူတို့အတွက် ဘာမှအန္တရာယ်မရှိဘူး။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

လိုင်လင်းပီမြို့ အုပ်ချုပ်ရေးမှူးနှင့် အတွင်းရေးမှူးရာထူးနေရာများ ခေါ်ယူနေ

ချင်းပြည် (Chinland) အစိုးရမှ သူနာပြုနှင့်သားဖွားပညာဒီပလိုမာ ဒုတိယအသုတ် ခေါ်ယူ

CNDF နှင့် CDF-Hualngoram အကြား ထိတွေ့မှုဖြစ်ပွား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.