Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်ပြည်နယ်တွင် တစ်ရက်လျှင် လူ (၉) ဦးနှုန်း HIV ရောဂါကူးစက်ခံနေရဟုဆို

မီဇိုရမ်ပြည်နယ်တွင် တစ်ရက်လျှင် လူ (၉) ဦးနှုန်း HIV ရောဂါကူးစက်ခံနေရဟုဆို

0
By Editor on November 15, 2019 Khonumthung

ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ်တွင် တစ်ရက်လျှင် လူ ၉ ဦးနှုန်း HIV ရောဂါကူးစက်ခံနေရသည်ဟု Mizoram State Aids Control Society (MSACS) ၏ လေ့လာဆန်းစစ်ချက် အရသိရသည်။

ယခုနှစ် ၂၀၁၉ ဇန်န၀ါရီလမှ စက်တင်ဘာလအထိ (၉ လတာအတွင်း) မီဇိုရမ်ပြည်နယ်တွင် HIV ရောဂါပိုးရှိသူ ၁၂၅၇ ဦး ထပ်မံတွေ့ရှိခဲ့ကြသည်။ ဇန်န၀ါရီလ မှ စက်တင်ဘာလအတွင်း ရက်ပေါင်း ၂၇၃ ရက်ရှိကာ ယင်းနေ့ရက်နှင့်တွက်ချက်ပါက တစ်ရက်လျင် HIV ရောဂါကူးစက်ခံရသည် (၄.၆၀) နှုန်းရှိသည်။

သို့သော်လည်း အစိုးရရုံးဖွင့်သည့် နေ့ရက်များတွင်သာ HIV ရောဂါပိုးရှိမရှိ သွေးစစ်ဆေးမှုများပြုလုပ်လေ့ရှိသည့်အတွက် အစိုးရရုံးပိတ်သည့်နေ့များ(စနေ၊ တနင်္ဂနွေ၊ အခြားသော Holiday ရက်များ) မပါဘဲ အစိုးရရုံးဖွင့်သည့်နေ့ရက်ကိုသာ အခြေခံပြီးတွက်ချက်ပါက တစ်ရက်လျှင် လူ (၉) ဦးနှုန်း HIV ရောဂါပိုးကူးစက်ခံရသည့်သဘောဖြစ်သည်ဟု (MSACS) ၏ မှတ်တမ်းအရသိရှိရကြောင် မီဇိုရမ်နေ့စဉ်ထုတ် Vanglaini သတင်းစာတွင်ဖော်ပြထားသည်။

၂၀၁၉ ခုနှစ် ဇန်န၀ါရီမှ စက်တင်ဘာလအထိ မီဇိုရမ်ပြည်နယ် ခရိုင်အသီးသီး၌ HIV ရောဂါပိုးကူးစက်ခံရသည့်ပမာဏမှာ Aizawl ခရိုင်တွင် (၈၄၃) ဦး၊ Lunglei ခရိုင်တွင် (၁၂၀) ဦး၊ Saiha ခရိုင်တွင် (၁၄)ဦး၊ Champhai ခရိုင်တွင် (၈၄) ဦး၊ Kolasib ခရိုင်တွင်(၉၄) ဦး၊ Serchhip ခရိုင်တွင် (၃၆) ဦး၊ Lawngtlai ခရိုင်တွင် (၁၁)ဦး နှင့် Mamit ခရိုင်တွင် (၅၅) တို့ ဖြစ်သည်။

အဆိုပါ HIV ရောဂါပိုးထပ်မံတွေ့ရှိသည့်သူများထဲတွင် အသက် (၁၄) နှစ်အောက်သည် (၃.၁၇) ရာခိုင်နှုန်း၊ အသက် (၁၅ မှ ၂၄) နှစ်အကြားသည် (၂၃.၀၃) ရာခိုင်နှုန်း၊ အသက် (၂၅ မှ ၃၄) နှစ်အကြားသည် (၄၂.၃၈) ရာခိုင်နှုန်း၊ အသက် (၃၅ မှ ၄၉) နှစ်အကြားသည် (၂၆.၄၆) ရာခိုင်နှုန်းနှင့် အသက် (၅၀) အထက်သည် (၄.၉၆) ရာခိုင်နှုန်းရှိသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

NUZ တွင် “အသက်မွေးဝမ်းကျောင်းနှင့် အထက်တန်းလွန်ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့” သင်တန်းသစ် အောက်တိုဘာလ ၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများ၏ပစ်ခတ်မှုကြောင့် Rev. Dal Thawn Tuang ကွယ်လွန်ခြင်းဟု ZFU/PDF Zoland ထုတ်ပြန်

ချင်းလူငယ်နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦး ကင်ဆာရောဂါဖြင့်ကွယ်လွန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 19, 2026

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

September 19, 2026

NUZ တွင် “အသက်မွေးဝမ်းကျောင်းနှင့် အထက်တန်းလွန်ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့” သင်တန်းသစ် အောက်တိုဘာလ ၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်

September 18, 2026

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများ၏ပစ်ခတ်မှုကြောင့် Rev. Dal Thawn Tuang ကွယ်လွန်ခြင်းဟု ZFU/PDF Zoland ထုတ်ပြန်

September 18, 2026

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.