အစိုးရ လုပ်ငန်း Project ဖော်ဆောင်မှုများတွင် အဖိုးတန်သစ်များ ပြုန်းတီး

0

ချင်းပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးအတွက် အစိုးရမှ အကောင်အထည်ဖော်နေသည့် လုပ်ငန်း Project နေရာများတွင် အဖိုးတန် သစ်များ ပြုန်းတီးမှုအင်မတန်များပြားကြောင်း သိရသည်။ ဖလမ်းမြို့နယ်အတွင်း Nginzawl နှင့် Cehkan ရွာအကြား မော်တော်ကား လမ်းဖောက်လုပ်နေသည့် ဆောက်လုပ်ရေး ၀န်ထမ်းတွေက ဒေသအတွင်း အဖိုးတန် ကျွန်းသစ်တွေကို ခုတ်ပြီး ရောင်းစား နေကြောင်း ပြောကြသည်။

“ ယမန်နှစ် နိုဝင်ဘာလ ကတည်းက ကားလမ်းကို ဖောက်ကြတယ်၊ ခုထိပေါ့နော်၊ ဒါပေမဲ့ သုံးမိုင်လောက်ပဲ ဖောက်နိုင် သေးတယ်၊ အဲဒီ အနီးတ၀ိုက်မှာ ရှိတဲ့ ကျွန်းသစ်တွေကို ခုတ်လှဲပြီး ပုဂ္ဂလိက သစ် လုပ်ငန်း ရှင်တွေမှာ ရောင်းစား နေကြ တယ်” ဟု Nginzawl ဒေသခံ တဦးက ပြောသည်။ဆောက်လုပ်ရေး ၀န်ထမ်းများ သည် ဒေသခံ ရဲတွေထံမှာ ကျွန်းသစ်တွေကို ကားတစီးစာ ကျပ်ငွေ ၅၀၀၀၀- ၁၀၀၀၀၀ အ ကြား အခွန်ဆောင်ပြီး သယ် ယူနေကြခြင်းဖြစ်သည်။
“ ဒေသခံတွေအနေနဲ့ ကိုယ့်ဒေသက ထွက်တဲ့ ကျွန်းသစ်တွေကို ခုတ်လှဲခွင့်မရှိဘူး၊ အာဏာပိုင်တွေကတော့ ကြိုက်သလို လုပ်စားနေကြတယ် ” ဟု ဆက်ပြောသည်။စစ်ကိုင်းတိုင်း – ချင်းပြည်နယ်နယ်စပ်ရှိ ကျွန်းသစ်တွေကို သစ်မှောင်ခိုတွေက အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး ခိုးထုတ် ရောင်းစားမှုများလည်းရှိနေသည်။ထို့အပြင် ဖလမ်းမြို့နယ်အတွင်း အကောင်အထည်ဖော်နေသည့် မဏိပူရ် ရေလှောင်တမံစီမံကိန်းတွင်လည်း ရေလှောင် တမံ အထက်ဖက် ၁၀ မိုင် ၀န်းကျင်ရှိ ကျွန်းသစ်တွေကို သက်ဆိုင်ရာက ခုတ်လှဲပြီး အလွဲသုံးစားလုပ်ကြသည်ဟု သိရ သည်။“ ကျွန်းပင်တွေ သက်သက်စင်ပြောင်သွားပြီ၊ ၂၀၀၅ ခုနှစ် ကနေ ဆောက်ခဲ့တဲ့ ရေလှောင်တမံလည်း ခုထိ အပြီးမလုပ်နိုင် သေးဘူး၊” ဟု ဖလမ်းဒေသခံ တဦး က ပြောသည်။

Share.

About Author

Comments are closed.