Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»တမူးျမဳိ႕တြင္ ကုိဗစ္-၁၉ ကူးစက္ခံရသူ (၄)ဦး ထပ္မံေတြ႕ရွိ

တမူးျမဳိ႕တြင္ ကုိဗစ္-၁၉ ကူးစက္ခံရသူ (၄)ဦး ထပ္မံေတြ႕ရွိ

0
By Editor on October 22, 2020 Khonumthung

#Unicode

နှင်းနှင်း – အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် ၄ ဦးထပ်မံတွေ့ရှိပြီး ယခုအခါတမူးမြို့တွင် ပိုးတွေ့လူနာစုစုပေါင်း ၆ ဦးရှိပြီဟု စစ်ကိုင်းတိုင်း COVID – 19 ထိန်းချုပ်ရေးနှင့် တုန့်ပြန် ရေးကော်မတီ၏ အောက်တိုဘာ ၂၁ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

“အခုထပ်တွေ့တဲ့သူတွေထဲက ၃ ယောက်က တမူး Case 1 နဲ့ ထိတွေ့တဲ့သူတွေပါ။ ကျန်တဲ့၁ယောက်ကတော့ သူ့ဘာသာကျန်းမာ ရေးမကောင်းလို့ အနံ့မရလိုဆိုပြီး ဆေးရုံလာပြတာ ခရီးသွားရာဇဝင်လည်းမရှိဘူး ။ ဒါပေမယ့် ပိုးတွေ့ တယ်။ လက်ရှိမှာတော့ တမူးပြည်သူ့ဆေးရုံ ICU သီးသန့်အဆောင်မှာထားတယ်။”ဟု တမူးခရိုင်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဦးတွယ်ဆွင်းဗန်ကပြောသည်။

တမူးမြို့တွင် အသစ်တွေ့ရှိသည့် လူနာ ၄ဦးမှာ မြို့မ(၁၂/က)ရပ်ကွက်မှ အသက်(၃၉)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက်(၁၀)လသား အရွယ် ကလေးငယ် တစ်ဦး၊ မြို့မ(၁၃)ရပ်ကွက်မှအသက်(၆၁)နှစ် အမျိုးသား တစ်ဦး နှင့် အနံ့မရသဖြင့် တမူးခရိုင် ပြည်သူ့ဆေးရုံတွင် အာခေါင်တို့ဖတ် နမူနာ ယူပြီးပေးပို့သူ မြို့မ(၅)ရပ်ကွက်မှ အသက်(၂၃)နှစ် အမျိုးသား တစ်ဦးတို့ ဖြစ်ကြောင်းသိရသည်။

ပြည်ပခရီးသွားရာဇဝင်မရှိပဲ အနံ့မရသူနှစ်ဦးနှင့်ထိတွေ့ဆက်စပ်ခဲ့သူ (၁၃)ဦးကိုလည်း တမူးမြို့အဝင် စော်ဘွားကွာရန်တင်းစင်တာတွင်ထားရှိ ပြီးဖြစ်ကြောင်းသိရသည်။ လက်ရှိတမူးမြို့တွင် Facility Quarantine ဝင်သူ အယောက် (၅၀) ဝန်းကျင်ရှိသည်ဟုသိရသည်။ယြခု

လက်ရှိအချိန်ထိ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း ၂၅ မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသူ ၂၇၅ ဦးအထိရှိခဲ့ပြီး ၂၀၈ဦးမှာ ဆေးရုံမှ ဆင်းသွားပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

#Zawgyi

အိႏိၵယ-ျမန္မာနယ္စပ္ စစ္ကိုင္းတိုင္းေဒသႀကီး တမူးၿမိဳ႕တြင္ ကိုဗစ္-၁၉ ပိုးေတြ႕လူနာသစ္ ၄ ဦးထပ္မံေတြ႕ရွိၿပီး ယခုအခါတမူးၿမိဳ႕တြင္ ပိုးေတြ႕လူနာစုစုေပါင္း ၆ ဦးရွိၿပီဟု စစ္ကိုင္းတိုင္း COVID – 19 ထိန္းခ်ဳပ္ေရးႏွင့္ တုန႔္ျပန္ ေရးေကာ္မတီ၏ ေအာက္တိုဘာ ၂၁ရက္ေန႔ ထုတ္ျပန္ခ်က္အရ သိရသည္။ 

“အခုထပ္ေတြ႕တဲ့သူေတြထဲက ၃ ေယာက္က တမူး Case 1 နဲ႕ ထိေတြ႕တဲ့သူေတြပါ။ က်န္တဲ့၁ေယာက္ကေတာ့ သူ႔ဘာသာက်န္းမာ ေရးမေကာင္းလုိ႔ အနံ႔မရလုိဆုိျပီး ေဆးရုံလာျပတာ ခရီးသြားရာဇဝင္လည္းမရွိဘူး ။ ဒါေပမယ့္ ပုိးေတြ႔ တယ္။ လက္ရွိမွာေတာ့ တမူးျပည္သူ႔ေဆးရုံ ICU သီးသန္႔အေဆာင္မွာထားတယ္။”ဟု တမူးခ႐ိုင္ျပန္ၾကား ေရးႏွင့္ျပည္သူ႔ဆက္ဆံေရးဦးစီးဌာနမွ ဦးစီးမွဴး ဦးတြယ္ဆြင္းဗန္ကေျပာသည္။ 

တမူးျမဳိ႕တြင္ အသစ္ေတြ႕ရွိသည့္ လူနာ ၄ဦးမွာ ၿမိဳ႕မ(၁၂/က)ရပ္ကြက္မွ အသက္(၃၉)ႏွစ္အရြယ္ အမ်ိဳးသမီးတစ္ဦး၊ အသက္(၁၀)လသား အရြယ္ ကေလးငယ္ တစ္ဦး၊ ၿမိဳ႕မ(၁၃)ရပ္ကြက္မွအသက္(၆၁)ႏွစ္ အမ်ိဳးသား တစ္ဦး ႏွင့္ အနံ႔မရသျဖင့္ တမူးခရိုင္ ျပည္သူ႔ေဆး႐ုံတြင္ အာေခါင္တို႔ဖတ္ နမူနာ ယူၿပီးေပးပို႔သူ ၿမိဳ႕မ(၅)ရပ္ကြက္မွ အသက္(၂၃)ႏွစ္ အမ်ိဳးသား  တစ္ဦးတို႔ ျဖစ္ေၾကာင္းသိရသည္။

ျပည္ပခရီးသြားရာဇဝင္မရွိပဲ အနံ႔မရသူႏွစ္ဦးႏွင့္ထိေတြ႔ဆက္စပ္ခဲ့သူ (၁၃)ဦးကုိလည္း တမူးျမဳိ႕အဝင္ ေစာ္ဘြားကြာရန္တင္းစင္တာတြင္ထားရွိ ျပီးျဖစ္ေၾကာင္းသိရသည္။ လက္ရွိတမူးျမဳိ႕တြင္ Facility Quarantine ဝင္သူ အေယာက္ (၅၀) ဝန္းက်င္ရွိသည္ဟုသိရသည္။ၾယခု

လက္ရွိအခ်ိန္ထိ စစ္ကိုင္းတိုင္းေဒသႀကီးအတြင္း ၿမိဳ႕နယ္ေပါင္း ၂၅ ၿမဳိ႕နယ္တြင္ ကိုဗစ္-၁၉ ေရာဂါ ကူးစက္ခံထားရသူ ၂၇၅ ဦးအထိရွိခဲ့ၿပီး ၂၀၈ဦးမွာ ေဆးရံုမွ ဆင္းသြားၿပီျဖစ္ေၾကာင္း စစ္ကိုင္းတိုင္းေဒသႀကီး အစိုးရအဖြဲ႕၏ ထုတ္ျပန္ခ်က္အရ သိရသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

အိန္ဒိယ- မြန်မာနယ်စပ်က မရာလူငယ်အဖွဲ့၏စစ်ဆေးရေးဂိတ်ကို မီးရှို့သည့် ရခိုင်ကုန်သည်တချို့ကို အရေးယူပေးရန် ULA/AA ထံ IFM တောင်းဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.