Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဆူရ္ဘုန္ေလဆိပ္တြင္ ပထမဆုံးႀကိမ္ ခရီးသည္တင္ေလယာဥ္ေအာင္ျမင္စြာ ဆင္းသက္

ဆူရ္ဘုန္ေလဆိပ္တြင္ ပထမဆုံးႀကိမ္ ခရီးသည္တင္ေလယာဥ္ေအာင္ျမင္စြာ ဆင္းသက္

0
By Editor on October 27, 2020 Khonumthung

#Unicode

နှင်းနှင်း – ချင်းပြည်နယ်၊ဖလမ်းမြို့အနီးတွင်တည်ဆောက်ထားသည့် ဆူရ်ဘုန်လေဆိပ်၌ ယနေ့မနက် (၁ဝး၃၀)အချိန်တွင် ပထမဆုံးအကြိမ်အဖြစ် ခရီးသည်တင်လေယာဉ် အောင်မြင်စွာဆင်းသက်နိုင်ခဲ့ကြောင်း ချင်းပြည်နယ်အစိုးရပြောရေး ဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။

“ခုကမြေပြင်မှာလက်တွေ့ကွင်းဆင်းတဲ့ဟာလုပ်တဲ့အတွက် အောင်မြင်တယ် ခုအချိန်ရာသီဥတု သာယာတယ် ၊မြူတွေတိမ်တွေရှိပေမယ့်ကွင်းမှာတော့ သာသာယာယာရှိပါတယ် ။ ၁၀ နာရီခွဲ ဆင်းတယ် လေယာဉ်မောင်တွေ၊ မယ်တွေလဲပါတယ် ။ အကူ (၉) ဦး ပါလာတယ်။ လေယာဉ်ပေါ်မှာ ရန်ကုန်နဲ့မန္တလေးက အားလုံး ၂၅ ယောက်လိုက်လာတယ်” ဟု စည်ပင်ဝန်ကြီး ဦးစိုးထက်ကေပြာသည်။

ဆူရ်ဘုန်လေယာဉ်လေဆိပ်၌ လေယာဉ်ဆင်းသက်စမ်းသပ်မှုတွင် မြန်မာ့လေကြောင်းလိုင်းမှ ATR-72 လေယာဉ်အမျိုးအစားဖြင့်ပထမဆုံးဆင်းသက်ခဲ့ခြင်းဖြစ်ပြီး လေယာဉ်ဆင်းသက်နိုင်ရန်အတွက်အဆင့်မှီ သည့် လေယာဉ်ကွင်းဖြစ်ကြောင်း လေယာဉ်မှူးများမှ မှတ်ချက်ပြုထားကြောင်း ဦးစိုးထက်မှပြောသည်။

ဆူရ်ဘုန်လေယာဉ်ကွင်းမှာ ၁၀၀ ရာခိုင်နှုန်းပြီးစီးပြီး ပြေးဆွဲနိုင်ပြီးဖြစ်သော်လည်း ရေရှည်အတွက် မျှော်မှန်းကာ လေယာဉ်ပြေးလမ်း၏အဝင်ဖက်ခြမ်းတွင်တောင်ဖြိုရန်အနည်းငယ်လိုအပ်နေသေးကြောင်း သိရသည်။

“၁၀၀ ရာခိုင်နှုန်းပြီးသွားပြီ ၊ဒါပေမယ့်ကျွန်တော်တို့က ဘတ်ဂျက်ရတဲ့အပေါ်မှာမှုတည်ပြီးတော့ လေယာဉ်ပြေးလမ်းမှာ အဝင်ဖက်ခြမ်းမှာတောင်တွေတချို့နည်းနည်းလေးရှိတာကို နည်းနည်းလေး ထပ်ဖြိုဖို့ရှိပါတယ်။ရေရှည်အတွက်ဆိုတော့ နည်းနည်း မြေပြင်ဖို့တော့ရှိပါသေးတယ်။ ဒါပေမယ့်ခုလည်း ဆင်းလို့ရတဲ့အနေအထားပါ။” ဟုဝန်ကြီးကပြောသည်။

ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ပေ(၆၀၀၀) တွင်တည်ရှိသော ဆူရ်ဘုန်လေယာဉ်ကွင်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်စတင်ဆောင်ရွက်ခဲ့ပြီး လေဆိပ်တည်ဆောက်မှုကုန်ကျစရိတ်မှာ မြန်မာကျပ်ငွေ (၃၇) ဘီလီယံရှိသည်ဟု သိရသည်။

#Zawgyi

ခ်င္းျပည္နယ္၊ဖလမ္းျမဳိ႕အနီးတြင္တည္ေဆာက္ထားသည့္ ဆူရ္ဘုန္ေလဆိပ္၌ ယေန႔မနက္ (၁၀း၃၀)အခ်ိန္တြင္ ပထမဆုံးအႀကိမ္အျဖစ္ ခရီးသည္တင္ေလယာဥ္ ေအာင္ျမင္စြာဆင္းသက္ႏုိင္ခဲ့ေၾကာင္း ခ်င္းျပည္နယ္အစုိးရေျပာေရး ဆုိခြင့္ရွိသူ စည္ပင္ဝန္ၾကီးဦးစုိးထက္ကေျပာသည္။ 

“ခုကေျမျပင္မွာလက္ေတြ႔ကြင္းဆင္းတဲ့ဟာလုပ္တဲ့အတြက္ ေအာင္ျမင္တယ္ ခုအခ်ိန္ရာသီဥတု သာယာတယ္ ၊ျမဴေတြတိမ္ေတြရွိေပမယ့္ကြင္းမွာေတာ့ သာသာယာယာရွိပါတယ္ ။ ၁၀ နာရီခြဲ ဆင္းတယ္ ေလယာဥ္ေမာင္ေတြ၊ မယ္ေတြလဲပါတယ္ ။ အကူ(၉)ဦးပါ လာတယ္ ။ေလယာဥ္ေပၚမွာ ရန္ကုန္နဲ႔မႏၱေလးက အားလုံး၂၅ေယာက္လုိက္လာ တယ္။” ဟု စည္ပင္ဝန္ႀကီး ဦးစုိးထက္ကေ ျပာသည္။

ဆူရ္ဘုန္ေလယာဥ္ေလဆိပ္၌ ေလယာဥ္ဆင္းသက္စမ္းသပ္မႈတြင္ ျမန္မာ့ေလေၾကာင္းလုိင္းမွ ATR-72 ေလယာဥ္အမ်ဳိးအစားျဖင့္ပထမဆုံးဆင္းသက္ခဲ့ျခင္းျဖစ္ၿပီး ေလယာဥ္ဆင္းသက္ႏုိင္ရန္အတြက္အဆင့္မွီ သည့္ ေလယာဥ္ကြင္းျဖစ္ေၾကာင္း ေလယာဥ္မႉးမ်ားမွ မွတ္ခ်က္ျပဳထားေၾကာင္း ဦးစိုးထက္မွေျပာသည္။ 

ဆူရ္ဘုန္ေလယာဥ္ကြင္းမွာ ၁၀၀ ရာခုိင္ႏႈန္းျပီးစီးၿပီး ေျပးဆြဲႏုိင္ျပီးျဖစ္ေသာ္လည္း ေရရွည္အတြက္ ေမွ်ာ္မွန္းကာ ေလယာဥ္ေျပးလမ္း၏အဝင္ဖက္ျခမ္းတြင္ေတာင္ျဖဳိရန္အနည္းငယ္လုိအပ္ေနေသးေၾကာင္း သိရသည္။ 

“၁၀၀ ရာခုိင္ႏႈန္းျပီးသြားျပီ ၊ဒါေပမယ့္ကြ်န္ေတာ္တုိ႔က ဘတ္ဂ်က္ရတဲ့အေပၚမွာမႈတည္ျပီးေတာ့ ေလယာဥ္ေျပးလမ္းမွာ အဝင္ဖက္ျခမ္းမွာေတာင္ေတြတခ်ဳိ႕နည္းနည္းေလးရွိတာကုိ နည္းနည္းေလး ထပ္ျဖဳိဖုိ႔ရွိပါတယ္။ေရရွည္အတြက္ဆိုေတာ့ နည္းနည္း ေျမျပင္ဖုိ႔ေတာ့ရွိပါေသးတယ္။ ဒါေပမယ့္ခုလည္း ဆင္းလုိ႔ရတဲ့အေနအထားပါ။” ဟု၀န္ႀကီးကေျပာသည္။ 

ပင္လယ္ေရမ်က္ႏွာျပင္အထက္အျမင့္ေပ(၆၀၀၀) တြင္တည္ရွိေသာ ဆူရ္ဘုန္ေလယာဥ္ကြင္းကုိ ၂၀၁၅-၂၀၁၆ ဘ႑ာေရးႏွစ္စတင္ေဆာင္ရြက္ခဲ့ျပီး ေလဆိပ္တည္ေဆာက္မႈကုန္က်စရိတ္မွာ ျမန္မာက်ပ္ေငြ (၃၇)ဘီလီယံရွိသည္ဟု သိရသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်ပြည်နယ်မှ မြန်မာနယ်စပ်အထိ ရထားလမ်းဖောက်မည့်စီမံကိန်း ပဏာမစစ်တမ်းကောက်ယူမှု ပြီစီးပြီဟုဆို

စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံ ဥပဒေပြဋ္ဌာန်းနိုင်ခြင်းကို ဂုဏ်ယူကြောင်း ချင်းပြည်လွှတ်တော် သဝဏ်လွှာပို့

PDF-Zoland ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁၇)အတွက် သင်တန်းသူ/သားများ လက်ခံနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.