• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»(AA) တပ်ဖွဲ့ ဖမ်းခေါ်သွားသည့် ကင်းတလင်းရွာသား (၁၂) ဦး ထွက်ပြေးလွတ်မြောက်လာ

(AA) တပ်ဖွဲ့ ဖမ်းခေါ်သွားသည့် ကင်းတလင်းရွာသား (၁၂) ဦး ထွက်ပြေးလွတ်မြောက်လာ

0
By Editor on July 2, 2019 Headline

ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (Arakan Army) မှ ဘင်္ဂလားဒေရှ့်နယ်စပ်ဘက်သို့ ဖမ်းဆီးခေါ်သွားသော ကင်းတလင်းရွာသား (၅၂) ဦးထဲမှ (၁၂) ဦးသည် ထွက်ပြေးလွတ်မြောက်လာကြသည်ဟု သိရသည်။

ယခုထွက်ပြေးလွတ်မြောက်လာသည့် (၁၂) ဦးထဲတွင် အမျိုးသား (၃) ဦး၊ အမျိုးသမီး (၃) ဦးနှင့် အသက် (၁၃) နှစ်အောက် ကလေးငယ် (၆) ဦးပါဝင်ပြီး ပလက်ဝမြို့နယ် မီးဇာကျေးရွာသို့ ဇွန်လ ၂၆ ရက်နေ့က ရောက်ရှိလာကြသည်ဟု မီးဇာကျေးရွတွင် စစ်ဘေးရှောင်ခိုလုံနေသော ကင်းတလင်းရွာ လူကြီးတစ်ဦးကပြောသည်။

“ အခုလောလောဆယ်တော့ ကျနော်တို့ကင်းတလင်းစစ်ဘေးရှောင်စခန်းမှာ ရှိတဲ့ သူတို့ဆွေမျိုး တွေနဲ့ပေါင်းနေကြတယ်၊ တချို့ကျတော့ သူတို့မိသားစုတွေနဲ့နေနေကြတယ်’’ ဟု အဆိုပါရွာ လူကြီးကပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်နေ့က မြန်မာ့တပ်မတော်နှင့် အေအေတပ်ဖွဲ့တို့ ကင်းတလင်း ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားကာ အေအေ တပ်ဖွဲ့က ကင်းတလင်းရွာသား (၅၂) ဦးကို ဘင်္ဂလားဒေရှ့်နယ်စပ်ဘက်သို့ ဖမ်းခေါ်သွားခြင်းဖြစ်သည်။

ယင်းတို့အထဲမှ ရွာသား (၁၂) ဦးသည် ဇွန်လ ၂၀ ၀န်းကျင်းခန့်က အေအေ တပ်စခန်းမှ ထွက်ပြေးလာပြီး ဇွန်လ ၂၆ ရက်နေ့တွင် ကင်းတလင်းစစ်ရှောင် စခန်းသို့ ရောက်ရှိခဲ့ကြခြင်းဖြစ်သည်။

ယခုလက်ရှိတွင် ကင်းတလင်းရွာသား (၃၉) ဦးသည် အေအေ တပ်မဟာ (၃) စခန်းတွင် ကျန်ရှိနေေ သးပြီး ယင်းတို့အထဲမှ အမျိုးသမီးတစ်ဦးတော့ သေဆုံးသွားသည်ဟု ထွက်ပြေးလာသူများကြေ ပာဆိုကြောင်း အဆိုပါရွာလူကြီးတစ်ဦးကပြောသည်။

“သူတို့ပြောပြချက်အရတော့ အေအေ စခန်းမှာနေတဲ့အချိန်မှာ နေ့တိုင်းအလုပ်လုပ်ရတယ်ပြောတယ်၊ ရိက္ခာတွေထမ်းခိုင်းတယ်၊ သစ်လုံးတွေထမ်းခိုင်းတယ်၊ တောင်ယာတွေလုပ်ခိုင်းတယ်လို့သိရတယ်၊ အစားအသောက်လည်းအဆင်မပြေဘူးလို့ပြောတယ်’’ ဟု ရွာလူကြီးကဆက်ပြောသည်။

ပလက်ဝမြို့နယ် မီးဇာကျေးရွာသည် စစ်ဘေးရှောင်ပြည်သူများသွားရောက် ခိုလုံသည့်ကျေးရွာဖြစ်ပြီး ယခုလက်ရှိတွင် ကင်းတလင်း၊ ကုန်ပြင်၊ ပြည်တောင်၊ ယင်ခံဝ နှင့် ဆတ်လိုင်ဝ စသည့်ကျေးရွာမှ စစ်ဘေးရှောင်ပြည်သူ (၆၀၀) ကျော်နေထိုင်ကြသည်။

ကင်းတလင်းရွာသား ၅၂ ဦး ဖမ်းဆီးခေါ်ဆောင်သွားသည်ဆိုသည့်ကိစ္စနှင့်ပတ်သက်၍ အေအေတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကတော့ အေအေ အနေနဲ့ဖမ်းဆီးခြင်းမဟုတ်ဘဲ တိုက်ပွဲအတွင်း ပိတ်မိလို့ ကယ်ထုတ်ခြင်းသာဖြစ်ကြောင်း ၎င်းတို့ကို ဖမ်းဆီးထိန်းချူပ်ခြင်းမရှိကြောင်း ခိုနူမ်းသုန်သတင်းဌာနကို ယခင်ကပြေဆိုခဲ့သည်။

Photo – Khonumthung (ပုံစာ- မီးဇာကျေးရွာရှိ စစ်ဘေးရှောင်ပြည်သူများနေထိုင်သည့်အိမ်များ)

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် စစ်ကောင်စီက အရပ်သားပြည်သူ ၁၃ ယောက်ကို ဖမ်းဆီးပြီး ၇ ယောက် ပြန်လွှတ်ပေး

တမူးမြို့နယ်က လူငယ် ၃ ဦး စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်

စစ်ကောင်စီက မင်းတပ်မြို့နယ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဘုန်ကြီးကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.