(004SS) ကြားကာလမရာနယ်ကောင်စီ- IMC/ CDF-Mara အနေဖြင့် မကြာမီကျင်းပမည့် တတိယအကြိမ် မရာပြည်သူ့ညီလာခံ အတိုင်မီအတွင်း ငြိမ်းချမ်းရေးနှင့် ပြန်လည်ပေါင်းစည်းရေးလုပ်ငန်းစဉ်တွင် အမြန်ဆုံးပြန်လည်ပူပေါင်း ဆောင်ရွက်ရန် မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ MTC/MDF က ဖိတ်ခေါ်သည်။ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီသည် မရာမျိုးနွယ်စုများအကြား ငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်ရေးကို အစဉ်အမြဲ ဦးထိပ်ထားလာခဲ့သည်နှင့်အညီ မရာအချင်းချင်းကြား ပြန်လည်သင့်မြတ်ရေးကို ၂ နှစ်နီးပါး ကြိုးပမ်းလာခဲ့သည့်အပြင် မရာနယ် ဘာသာရေးခေါင်းဆောင်များ၏ စေ့စပ်ညှိနှိုင်းမှုဖြင့် ငြိမ်းချမ်းရေးနှင့် ပြန်လည်ပေါင်းစည်းရေးသဘောတူ စာချုပ် ကို လက်မှတ်ရေးထိုးခဲ့ကာ MEC ငြိမ်းချမ်းရေးကော်မရှင်၏ သဘောတူထုတ်ပြန်ကို အပြည့်အဝလေးစားလိုက်သည်ဟု MTC/MDF က အောက်တိုဘာလ ၃ ရက်နေ့က ထုတ်ပြန်သည်။ သို့သော် IMC/CDF-Mara အနေဖြင့် အဆိုပါသဘောတူစာချုပ်ကို ပျက်ပြယ်စေရန် ရည်ရွယ်ချက်ဖြင့် အွန်လိုင်းမှ တစ်ဆင့် အကြိမ်ကြိမ်စွပ်စွဲခြင်း၊ မဟုတ်မမှန်ထုတ်ပြန်ခြင်း၊ အကြောင်းအမျိုးမျိုးပြ၍ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့ ဇောင်းလိန် ကျေးရွာတွင်တစ်ကြိမ်၊ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ(၁၅) ရက်နေ့ တွီပန်းမြို့တွင် တစ်ကြိမ် Reunification Implementing Committee – RIC အစည်းအဝေးကို (၂)ကြိမ်တိုင်တိုင် တက်ရောက်ရန်ပျက်ကွက်ခြင်းတို့ကြောင့် ပြန်လည်ပေါင်းစည်းရေး ဖြစ်စဉ်မှာ ရပ်တန့် နေခဲ့သည်ဟု မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ၏ တတိယအကြိမ် ပုံမှန်အစည်းအဝေးထုတ်ပြန်ကြေညာ ချက်တွင် ဖော်ပြသည်။ ထို့ကြောင့် မကြာမီကျင်းပမည့် တတိယအကြိမ် မရာပြည်သူ့ညီလာခံမတိုင်မီအတွင်း ငြိမ်းချမ်းရေးနှင့် ပြန်လည်ပေါင်းစည်း ရေး လုပ်ငန်းစဉ်တွင် အမြန်ဆုံးပူးပေါင်းဆောင်ရွက် ကြပါရန်နှင့် CDF-Mara…
Author: Editor
(004SS) ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် ဖြစ်ပွားခဲ့သော သားအဖ ၃ ဦး သတ်ဖြတ်ခံရခြင်းနှင့်ပါတ်သက်၍ အမှုမှန် ပေါ်ပေါက်နိုင်ရေးနှင့် တရားမျှတရေးအတွက် ကြိုးစားသွားမည်ဟု ကြားကာလခူမီး(ချင်း)လူမျိုးများရေးရာ အတိုင်ပင်ခံ ကောင်စီ (IKACC) က ယနေ့ အောက်တိုဘာလ ၄ ရက်နေ့တွင် ထုတ်ပြန်သည်။ ပလက်ဝမြို့နယ်၊ မောင်နှမကျေးရွာနေ အသက် ၆၁ နှစ်အရွယ် ဦးဆန်းအောင်၊ သားဖြစ်သူ အသက် ၂၆ နှစ်အရွယ် ဦး အိုက်မြင့်နှင့် မြေးဖြစ်သူ အသက် ၁၃ နှစ်အရွယ် မောင်ပီစီထွန်းတို့ ၃ ဦးသည် စက်တင်ဘာလ ပထမပတ်မှာ ပလက်ဝမှ ရခိုင်ပြည်နယ်၊ ကျောက်တော်သို့ ရေယာဉ်ဖြင့် ကုပစ္စည်းပို့သွားရောက်စဉ် အမည်မသိလူတစ်စု၏ သတ်ဖြတ်မှုခံခဲ့ခြင်းဖြစ်သည်။ ထို့နောက် ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက်နေ့တွင် ၎င်းတို့သားအဖ ၃ ဦးကို သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ကြပြီး မိသားစုနှင့်အတူ ထပ်တူဝမ်းနည်းရကြောင်း ကြားကာလခူမီး (ချင်း) လူမျိုးများရေးရာ အတိုင်ပင်ခံကောင်စီ IKACC က ထုတ်ပြန်သည်။ ယခုဖြစ်စဉ်မှာ လူသားမဆန်သော အကြမ်းဖက်လုပ်ရပ်ဖြစ်ပြီး အပြင်းအထန်ရှုံ့ချကြောင်း၊ အမှုမှန်ပေါ်ပေါက်ရေးနှင့် တရားမျှတရေးအတွက် ကျူးလွန်သူများအား ထိုက်သင့်သော ပစ်ဒါဏ်ပေးနိုင်ရေး နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားသွားမည်ဖြစ်ကြောင်း IKACC ကပြောသည်။ “သူတို့ ၃ ဦးကို ကျောက်တော်နဲ့ ပလက်ဝမြို့နယ်အကြားမှာ အလောင်းပဲတွေ့ရှိရတာပေါ့နော်။ စက်တင်ဘာလ ၁၅ ရက်မှာပေါ့။ ဆိုတော့ ဒီကိစ္စက ရခိုင်ပြည်နယ်နဲ့ ပလက်ဝအကြားမှာ ဖြစ်သွားတဲ့ကိစ္စဖြစ်လို့ ပလက်ဝနဲ့ပါတ်သက်တဲ့ ULA /AA ဒေသရဲ့…
(005MK) အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းက မြန်မာစစ်ဘေးရှောင် ၇၀၀ နီးပါး ထပ်မံဝင်ရောက်လာသည်ဟု သိရသည်။ မီဇိုရမ်ပြည်နယ်အစိုးရ၏ မှတ်တမ်းအရ ပြီးခဲ့သည့်အပတ် စက်တင်ဘာလကုန်ပိုင်းတွင် မြန်မာစစ်ဘေးရှောင် ၆၇၉ ယောက်သည် ဆိုင်းသွာလ်းခရိုင်ထဲ ဝင်ရောက်လာခဲ့ကြသည်ဟု All india Radio News Aizawl က ဖော်ပြသည်။ ဆိုင်းသွာလ်းခရိုင်တွင် ယခင်က စစ်ရှောင်စခန်း (Relief Camp) မရှိဘဲ ယခုအခါ စစ်ရှောင်စခန်း ၃ ခုဆောက်လုပ်ပြီး လူဦးရေ ၈၉ ယောက်နေထိုင်ကြသည်ဟု သိရသည်။ မြန်မာစစ်ဘေးရှောင်များအနက် စစ်ရှောင်စခန်းတွင်မနေဘဲ စခန်းပြင်ပ အသိဆွေမျိုးများထံနှင့် အိမ်ငှားဖြင့်နေထိုင်သူ ယခင်က ၂၂၇ ယောက်ရှိခဲ့ရာမှ ယခုအခါ စစ်ရှောင် ၅၈၇ ယောက် ထပ်တိုးလာသည့်အတွက် စခန်းပြင်ပတွင်နေထိုင်သူ စစ်ရှောင် ၈၁၄ ယောက်ရှိသွားပြီဟု သိရသည်။ ယခုအသစ်ရောက်ရှိလာသည့် စစ်ဘေးရှောင်များအနက် ၂၁၀ မှာ အမျိုးသားများဖြစ်ကြပြီး ၂၄၇ မှာ အမျိုးသမီးနှင့် ၂၂၂ ယောက်မှာ ကလေးငယ်များဖြစ်ကြသည်ဟု ဆိုသည်။ လက်ရှိတွင် ဆိုင်းသွာလ်းခရိုင်တစ်ခုလုံးမှာ မြန်မာစစ်ဘေးရှောင် ၉၀၆ ယောက်ရှိပြီး အမျိုးသား ၂၇၄၊ အမျိုးသမီး ၃၀၆ နှင့် ကလေးငယ် ၃၂၆ တို့ဖြစ်သည်။ ယခု ဆိုင်းသွာလ်းခရိုင်ထဲ ထပ်မံဝင်ရောက်လာကြသည့် မြန်မာစစ်ဘေးရှောင်များမှာ ဘယ်ဒေသကရောက်လာကြသည်ကိုမူ ဖော်ပြထားခြင်းမရှိပေ။ ယခု မြန်မာစစ်ဘေးရှောင်အသစ်များ မဝင်လာခင်မှာ မီဇိုရမ်ပြည်နယ်တောင်ပိုင်း ရှာဟာခရိုင်ထဲက မြန်မာစစ်ဘေးရှောင် ၉၂၁ ယောက်နှင့် မာမစ်ခရိုင်ထဲက ၇ ယောက်…
(004SS) ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့ပေါ်ရှိ ပလက်ဝဆေးရုံအုပ် (ခေတ္တ) ဒေါက်တာအေးကျော်နှင့်အတူ ဒေသခံအမျိုးသား ၂ ဦးကို စက်တင်ဘာလ ၂၉ ရက်နေ့က အရက္ခတပ်တော် ULA/ AA က ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။ “ဒေါက်တာအေးကျော်အပါအဝင် ၃ ယောက်ကို ULA/ AA က ဖမ်းထားတာဟုတ်တယ်။ ဘာကြာင့်ဖမ်းတာလဲဆိုတော့ သာမန်ရာဇဝတ်မှုတော့မဟုတ်ဘူး၊ ကြီးမားတဲ့ ရာဇဝတ်မှုဖြစ်တဲ့အတွက်ကြောင့် ခဏထိန်းသိမ်းပြီးမှ စစ်ဆေးတာမျိုးပဲရှိတယ်။ ဘယ်ချိန်ပြန်လွှတ်ပေးမလဲဆိုတာတော့ လက်ရှိအနေအထားနဲ့ ပြောလို့မရသေးဘူးလို့ပြောတယ်” ဟု ပလက်ဝ လူငယ်တစ်ဦးက ပြောသည်။ ၎င်းတို့ကို ပလက်ဝမြို့ ULA/ AA စခန်းရှိ အကျဉ်းထောင်တွင် ပြီးခဲ့သည့်စက်တင်ဘာလ ၁၇ ရက်နေ့က CDF-Paletwa ကိုထောက်ပံ့သည်ဟူသော စွက်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသူ ပြည်သူ ၁၀ ဦးတို့နှင့်အတူ ထိန်းသိမ်းထားကြောင်း သိရသည်။ ဒေါက်တာအေးကျော်သည် သွားဆရာဝန်တစ်ဦးဖြစ်ပြီး ယခင်က ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူဖြစ်သော်လည်း ပလက်ဝမြို့ကို AA က အုပ်ချုပ်ပြီးသည့်နောက်ပိုင်း ပလက်ဝဆေးရုံတွင် ဆေးရုံအုပ်တာဝန်ခံအဖြစ် ULA/AA က ထမ်းဆောင်စေခဲ့ခြင်းဟု သိရသည်။ “သူက သွားဆရာဝန်ခေတ်ကောင်းတုန်းက သူ့ဟာနဲ့သူ ကိုယ်စီးပွားရေးလုပ်နေတဲ့သူ AA က ဆေးရုံအုပ်တာဝန်ခံအနေနဲ့ထားပြီးမှ AA ရဲ့ ကျန်းမာရေးနဲ့ပါတ်သက်ပြီး တာဝန်ပေးထားတာဖြစ်တယ်။ တခြား ၂ ယောက်ကတော့ သူ့ရဲ့အသိတွေပေါ့နော်” ဟု ပလက်ဝ လူငယ်အမျိုးသားတစ်ဦးက ပြောသည်။ ပလက်ဝမြို့ပေါ်နှင့် ကျေးရွာများတွင် ULA/AA က ပြည်သူများကို ဖမ်းဆီးခြင်းများ ပိုမိုလုပ်လာတာကြောင့် စက်တင်ဘာလ အတွင်း ဒေသခံအချို့…
(004SS) ချင်းပြည်နယ်၊ မရာနယ်မြေအတွင်း သန်းခေါင်စာရင်းကောက်ယူသည့် မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်မဆို တွေ့သည့်နေရာတွင်ပင် သုတ်သင်ရှင်းလင်းသွားမည်ဟု CDF- Mara က ယနေ့ အောက်တိုဘာလ ၂ ရက်နေ့တွင် သတိပေးထုတ်ပြန်သည်။ နွေဦးတော်လှန်ရေး အရှိန်မြင့်လာသည်နှင့်အမျှ စစ်ကောင်စီသည် မိမိထွက်ပေါက်လမ်းကြောင်းရှာကြံကာ အောက်တိုဘာ ၁ ရက်နေ့မှစ၍ သန်းခေါင်စာရင်းကောက်ယူနေပြီး CDF- Mara အနေဖြင့် မိမိတို့မူဝါဒနှင့်အညီ စစ်ကောင်စီကို အမြတ်ပြတ်ချေမှုန်းရန်အတွက် ကြိုးပမ်းဆောင်ရွက်နေသည့်အလျောက် ၎င်းတို့ ထွက်ပေါက်လမ်းဖြစ်သော ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်ယူခြင်းကို လုံးဝ (လုံး၀) လက်သင့်မခံကြောင်း CDF- Mara ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ကြောင့် မရာနယ်မြေအတွင်း သန်းခေါင်စာရင်းကောက်ယူသည့် မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်မဆို တွေ့သည့်နေရာတွင်ပင် သုတ်သင်ရှင်းလင်းသွားမည်ဟု CDF- Mara က ပြင်းပြင်းထန်ထန် သတိပေးထားသည်။ အလားတူ CDF-Hualngoram ကလည်း စစ်ကောင်စီက တရားမဝင်ရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် သန်းခေါင်စာရင်းများအား အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့အတွင်း ကောက်ခံနေသည့်အပေါ် ပြင်ဆင်နေမှုအပေါ် အပြင်းအထန် ကန့်ကွက်သည်ဟု အောက်တိုဘာလ ၁ ရက်နေ့ကထုတ်ပြန်သည်။ စစ်ကောင်စီသည် ရွေးကောက်ပွဲအားဗန်းပြပြီး ၎င်းတို့၏ အာဏာတည်မြဲရေးနှင့် စစ်အာဏာရှင်သက်ဆိုး ရှည်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျှက်ရှိပြီး Hualngoram ဒေသအတွင်း စစ်ကောင်စီ၏ ရွေးကောက်ပွဲဆိုင်ရာ ယန္တာရားလည်ပတ်နိုင်ရန်နှင့် သန်းခေါင်စာရင်းများအား ပေးပို့ခြင်းဖြင့် ပံ့ပိုးကူညီသည့် မည်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ အသင်းအဖွဲ့ကိုမဆို လိုအပ်သလို ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်မည်ဟုဆိုသည်။ Hualngoram ဒေသအတွင်းနေထိုင်ကြသော ပြည်သူများနှင့် အနယ်နယ် အရပ်ရပ်…
(004SS) ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ ရခိုင်ပြည်နယ် ကျောက်တော်မြို့သို့ ပစ္စည်းပို့သွားသော သားအဖနှင့်မြေး ၃ ဦးတို့ ဓါးဖြင့် သတ်ဖြတ်ခံရသောဖြစ်ရပ် ပြီးခဲ့သည့် စက်တင်ဘာလဒုတိယပတ်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ စက်တင်ဘာလ ပထမပတ်တွင် ပလက်ဝမြို့နယ် မောင်နှမကျေးရွာက သားအဖနှင့်မြေးဖြစ်သူ ၃ ဦးတို့သည် အိန္ဒိယနယ်စပ်မှ ကျောက်တော်ဘက်သို့ စက်လှေဖြင့် ကုန်ပစ္စည်းပို့ဆောင်ပြီး တပတ်ခန့်အကြာ ပျောက်သွားပြီးနောက် ဓါးဒဏ်ရာများဖြင့် သေဆုံးနေသည့် ၎င်းတို့၏ ရုပ်အလောင်းများကို ပြန်လည်တွေ့ရှိခဲ့ကြသည်ဟု ပလက်ဝဒေသခံတစ်ဦးကပြောသည်။ “သူတို့က အိန္ဒိယနယ်စပ်ကနေ ကျောက်တော်ကို ကုန်ပစ္စည်းသယ်တာဆိုတော့ ကုန်ပစ္စည်းတွေနဲ့ဆိုတော့ သိန်း ၃၀၀ ကျော်ဖိုးလောက်ရှိမှာ၊ သားအဖနှစ်ယောက် မြေးလေးနဲ့ သူတို့ ၃ ယောက်ပေါ့နော်၊ အလောင်းပြန်တွေ့တဲ့ခါမှာ ဓါးနဲ့ သတ်ဖြတ်ခံထားရတာလို့ သိရပါတယ်“ ဟု ပလက်ဝဒေသခံတစ်ဦးက ပြောသည်။ သတ်ဖြတ်ခံထားရသူများမှာ ပလက်ဝမြို့နယ်၊ ငဒက်ကျေးရွာအုပ်စု၊ မောင်နှမကျေးရွာက အသက် ၆၁ နှစ်အရွယ် ဦးဆန်းအောင်၊ သားဖြစ်သူအသက် ၂၆ နှစ်အရွယ် ဦးအိုက်မြင့်နှင့် အသက် ၁၃ နှစ်အရွယ် ဦးအိုက်မြင့်၏သား မောင်ပီစီထွန်းတို့ ဖြစ်ကြသည်။ ၎င်းတို့၏ ရုပ်အလောင်းများကို ပလက်ဝမြို့နယ်၊ လောင်းကဒူးကျေးရွာနှင့် တန်းဆိပ်ကျေးရွာအကြား ငသလဲကျွန်းတွင်လည်းကောင်း၊ မွန်ထောင့်ရွာသစ် မြစ်ကမ်းနံဘေးတွင် စက်လှေမောင်းနှင်သူများက စက်တင်ဘာလ တတိယပတ်လောက်မှာ ပြန်လည်တွေ့ရှိခဲ့သည်ဟု သိရသည်။ အဆိုပါ လူသတ်မှုနှင့်ပါတ်သတ်၍ မိသားစုဝင်များမှ လက်ရှိ ပလက်ဝမြို့ကို အုပ်ချုပ်နေသော AA တပ်ဖွဲ့ထံ တိုင်ကြားထားသော်လည်း ယနေ့အချိန်ထိ ပြန်လည်အကြောင်းပြန်ခြင်းမျိုး မရှိသေးကြောင်း ဒေသခံများကပြောသည်။
(004SS) ချင်းပြည်နယ် မြောက်ပိုင်း၊ ထန်တလန်မြို့နယ်တွင် အခြေစိုက်ပြီး စစ်ရေးလှုပ်ရှားနေသော CDF-Zophei က MA စက်သေနတ်များအပါအဝင် အမျိုးအစား ၄ မျိုးပါဝင်သော လက်နက်အမြောက်အများ လက်ခံရရှိကြောင်း ယနေ့ အောက်တိုဘာလ ၂ ရက်နေ့တွင် ထုတ်ပြန်သည်။ MA 1 အပါအဝင် MA 2, MA 3 သေနတ် ၄၅ လက်၊ ခဲယမ်းအမြောက်အများနှင့် စစ်ဝတ်စုံများကို Zopheiram Council Supporting of Global မှ တပ်ဆင်ပေးခြင်းဖြစ်ပြီး ယမန်နေ့အောက်တိုဘာလ ၁ ရက်က CDF-Zophei ဌာနချုပ်မှာ ဆုတောင်းဆက်ကပ်ခြင်းအခမ်းအနား ကျင်းပခဲ့ကြသည်ဟု သိရသည်။ “ကျွန်တော်တို့ကို လက်နက်တပ်ဆင်ပေးတာ ဒီတစ်ခါပဲမဟုတ်ဘူးပေါ့နော်။ ဒီမတိုင်ခင်တုန်းကလဲ တော်လှန်ရေးကာလ လည်းဖြစ်တဲ့ခါကျတော့ လက်နက်ကို အလုံးလိုက်အရင်းလိုက်ရမှဆိုရင် ကြာသွားမှာစိုးလို့ တစ်ခါတလေ ၁ လက်ရရင် ၁ လက်၊ ၅ လက်ရရင် ၅ လက်နဲ့ တောက်လျှောက် ဝယ်ဖြစ်ခဲ့တယ်။ အခုလို လက်နက်အလုံးအရင်းနဲ့ရပြီးတော့ အခမ်းအနားလုပ်ဖြစ်တာတော့ ဒါပထမအကြိမ်ပဲ” ဟု CDF- Zophei ပြောရေးဆိုခွင့်ရှိသူကပြောသည်။ အလှူရှင်များ၏ ကြိုးစားအားထုတ်မှုကြောင့် စစ်ရေးအသုံးအဆောင်ပစ္စည်းအချို့များ ထပ်မံရောက်ရှိရန် ကျန်သေးကြောင်းလည်း ၎င်းက ဆက်ပြောသည်။ CDF-Zophei အနေဖြင့် ယခုကဲ့သို့ စစ်လက်နက်ပစ္စည်းများ အလုံးရင်းလိုက်ရရှိနိုင်ရန် တစ်နှစ်နီးပါးနည်း လမ်းရှာဖွေအား ထုတ်ခဲ့ရကြောင်း သိရသည်။ “ကျွန်တော်တို့ပြင်ဆင်တာတော့ကြာပြီ လက်နက်လမ်းကြောင်းတွေ၊ ရရှိနိုင်မဲ့ဈေးနှုန်းတွေ စုံစမ်းတယ်၊ ဒီဟာက ဘယ်လောက် ဘယ်လောက်ပေါ့ နိုင်ငံခြားက တာဝန်ရှိသူတွေဆီတင်ပြ၊…
(002MG) ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ပေါ် အနောက်ရပ်ကွက် ဘုရင့်နောင်လမ်းခွဲတွင် အောက်တိုဘာလ (၁) ရက် ယမန်နေ့ မွန်းလွဲပိုင်းက စစ်ကောင်စီတပ်ဖွဲ့က နေအိမ်များထပ်မံမီးရှိုခဲ့ပြီး အိမ်ခြေ ၃၀ ခန့် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။ အောက်တိုဘာလ ၁ ရက်နေ့ မွန်းလွဲပိုင်း တစ်နာရီခန့်မှာ CDF-မင်းတပ်နှင့် စစ်ကောင်စီတပ်တို့ နာရီဝက်ခန့်အကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ညနေ (၂) နာရီခန့်ကစ၍ ဘုရင့်နောင်လမ်းခွဲရှိ မင်းတပ်-မတူပီ ကားမကြီးတလျှောက်တွင်ရှိသော ပြည်သူနေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့က မီးတင်ရှိုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ မင်းတပ်မြို့ခံတစ်ဦးက “ရှိုမီးပဲ အနောက်ရပ်ကွက် ဘုရင့်နောင်လမ်းစုံဖက် ကတ္တာရာလမ်းတောက်လျှောက်လောင်တာ၊ အဲ့မတိုင်ခင် ၁၂ နာရီနဲ့ ၁ နာရီကြားလောက်မှာ တိုက်ပွဲဖြစ်တာ၊ အဲ့နောက်နှစ်နာရီကစပြီး မီးလောင်တာ၊ မီးငြိမ်းလို့လည်းမရဘူး ဒီမှာက မီးသတ်ကားလည်း မောင်းမယ့်သူမရှိတော့ ပြည်သူတွေလည်း သွားဖို့လာဖို့လည်း ကြောက်ကြတာ” ဟု ပြောသည်။ မီးလောင်သည့် နေအိမ်များမှာ (၂) နှစ်နီးပါး လူထိုင်ခြင်းမရှိသောအိမ်များဖြစ်ကြပြီး အိမ်ပိုင်ရှင်များသည်လည်း တခြား ဒေသသို့ စစ်ဘေးတိမ်းရှောင်နေကြသူများဖြစ်ကြောင်းသိရသည်။ မင်းတပ်ဒေသခံတစ်ဦးကတော့ စစ်ကောင်စီတပ်ဖွဲ့များသည် ခလရ ၂၇၄ တပ်ရင်းထဲက ဓာတ်ဆီများကို ဆိုင်ကယ်ဖြင့် ပုံးလိုက်သယ်လာကြပြီး နေအိမ်များကို တစ်အိမ်တက်ဆင်း မီးတင်ရှိုနေခြင်းဖြစ်သည်ဟု ပြောဆိုသည်။ စစ်ကောင်စီသည် မင်းတပ်မြို့ပေါ်ရှိ လူနေအိမ်များကို ဩဂုတ်လ ၂၂ ရက်န့ကစပြီး စက်တင်ဘာလအထိ (၇) ကြိမ် မီးရှို့ခဲ့ပြီး လူနေအိမ် (၃၆) လုံးမီးလောင်ပြာကျခဲ့သည်ဟု CDF-မင်းတပ်က စက်တင်ဘာလ ၂၉ ရက်နေ့မှာ သတင်းထုတ်ပြန်ထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ပြည်ထောင်စုဝန်ကြီးနှစ်ဦး ဒေါက်တာလျန်မှုန်းဆာခေါင်နှင့် ဒေါက်တာငိုင်တမ်မောင်းတို့ကို ICNCC က ပုဂ္ဂိုလ်များနှင့် အစားထိုးပြောင်းလဲခန့်အပ်ပေးရန် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီက အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ထံ တင်ပြထားသည့်စာ ယမန်နေ့ညပိုင်းက လူမှုကွန်ယက်စာမျက်နှာတွင် ထွက်ပေါ်လာခဲ့သည်။ NUG အစိုးရအဖွဲ့မှ ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်နှင့် လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဒုဝန်ကြီး ဒေါက်တာ ငိုင်တမ်မောင်းတို့သည် ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ ICNCC ကိုယ်စားပြုအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရထံ စေလွှတ်ခြင်းခံရသူများဖြစ်ကြပြီး ယခုအခါ ICNCC မှာပါဝင်ခြင်းမရှိကြတော့သည့်အတွက် အစားထိုးရန် ICNCC က တင်ပြခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ဒေါက်တာလျန်မှုန်းဆာခေါင်းသည် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC အဖွဲ့မှ ၂၀၂၃ ခုနှစ် မတ်လ ၁၈ ရက်နေ့က နှုတ်ထွက်သွားပြီဖြစ်သောကြောင့် ၎င်းနေရာတွင် ICNCC အလှည့်ကျသဘာပတိဖြစ်သူ ဒေါက်တာ Kenton Linn ကို အစားထိုးခန့်အပ်ပေးရန် ICNCC အလှည့်ကျသဘာပတိ ဆလိုင်းလျန်လွယ်က NUCC ထံ စက်တင်ဘာလ ၁၉ ရက်နေ့က တင်ပြခဲ့သည်ဟု အဆိုပါစာထဲတွင်ဖော်ပြထားသည်။ ဒေါက်တာငိုင်တမ်မောင်းသည်လည်း ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့ကစပြီး ချင်းလဲန်းကောင်စီမှာ ပူးပေါင်းသွားပြီ ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီမှာ ပါဝင်ခြင်းမရှိတော့သည့်အတွက် ၎င်းနေရာမှာ Salai Mang B Thang ကို အစားထိုးခန့်အပ်ပေးရန် ICNCC အလှည့်ကျသဘာပတိ ဒေါက်တာ Kenton Linn က စက်တင်ဘာလ ၁၉ ရက်နေ့မှာပင် NUCC ထံ…
(002MG) စစ်ကောင်စီသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သန်းခေါင်စာရင်းကောက်ယူမှုကို ယနေ့အောက်တိုဘာလ ၁ ရက်နေ့ မနက်ပိုင်းကစတင်လိုက်ပြီး ချင်းပြည်နယ်မြို့ကြီးတချို့မှာလည်း သန်းခေါင်စာရင်းကောက်ယူမှုရှိခဲ့ပြီးနောက် ဟားခါးမြို့မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။ ဟားခါးမြို့ခံအမျိုးသားတဦးက “ဟားခါးမြို့ပေါ်မှာတော့ ဒီနေ့ကောက်မယ်လို့ သတင်းကြားတယ်၊ ကောက်လို့ထင်တယ် လူငယ်တွေနဲ့ စကစတွေ ပစ်ခတ်မူတွေရှိတယ်၊ သူတို့ရဲစခန်းဖက်မှာ မနက်ပိုင်း (၁၀) နာရီခွဲလောက်မှာ နာရီဝက်လောက်တော့ကြာတယ်၊ ဒီနေ့မှာ အပြင်လည်းမထွက်ဘူးဆိုတော့ တခြား ဘယ်မှာကောက်လဲတော့ မသိဘူး” ဟု ပြောသည်။ စစ်ကောင်စီသည် ဟားခါးမြို့ပေါ် ဈေးဟောင်းရပ်ကွက်၊ အစိုးရမူကြိုကျောင်း၊ ရဲစခန်း အနီးတဝိုက်ရှိ နေအိမ်များကို တအိမ်တက်ဆင်းဖြင့် သန်းခေါင်စာရင်း စတင်ကောက်ယူခဲ့ပြီး အခြားရပ်ကွက်များတွင် ကောက်ယူခြင်းရှိ/မရှိ စုံစမ်းနေဆဲဖြစ်သည်။ ဟားခါးမြို့မှာ အခြေစိုက်လှုပ်ရှားနေသော CDF-Hakha တပ်ဖွဲ့က စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမှုမှာ ပူးပေါင်းပါဝင်သော Non-CDM ဝန်ထမ်းများကို စစ်ကောင်စီကဲ့သို့သဘောထား၍ ပစ်ခတ်မည်ဟု စက်တင်ဘာလ ၂၃ ရက်နေ့က သတိပေးထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ အလားတူ ဖလမ်းမြို့ပေါ်ရှိ ရပ်ကွက်တချို့မှာလည်း လုံခြုံရေးအပြည့်နှင့် သန်ခေါင်စာရင်းကောက်ယူမှုရှိခဲ့သည်ဟု ဖလမ်းမြို့ဒေသခံတစ်ဦးကပြောသည်။ ဖလမ်းမြို့ခံတစ်ဦးက “မနေ့ကစပြီး သူတို့ကောက်တာ၊ ရပ်ကွက်တွေတော့ အတိအကျမသိဘူး၊ တအိမ်တက်တအိမ်ဆင်းပြီးတော့ တချို့လူမရှိတဲ့အိမ်တွေကတော့ ကျော်တယ်၊ အဓိကအားဖြင့် ထွေအုပ်ဖက်ဝန်ထမ်းတွေပါတယ်၊ စကစဖက်လည်း သူတို့ကင်းစောင့်ပေးတယ်လုံခြုံရေးကတော့ရှိတယ်” ဟု ပြောသည်။ ချင်းပြည်နယ် မြို့နယ် (၉) မြို့နယ်တွင် စစ်ကောင်စီသည် ယနေ့အောက်တိုဘာလ ၁ ရက်နေ့မှာ ဟားခါးမြို့နှင့် ဖလမ်းမြို့တို့မှာသာ သန်းခေါင်စာရင်းကောက်ယူများ ပြုနိုင်ကြောင်းသိရပြီး ကျန်မြို့နယ်များ၏ အခြေအနေကို အတိအကျမသိရသေးပေ။ စစ်ကောင်စီသည် နိုင်ငံရေးနောက်ဆုံးထွက်ပေါက်တစ်ခုအနေဖြင့် ၂၀၂၅ ခုနှစ်တွင်…
