Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»CDF- Zophei ကို နိုင်ငံတကာရောက် ဇိုဖေအင်အားစုနှင့် ချင်းပြည်သူများက လက်နက်အမြောက်အများတပ်ဆင်ပေး

CDF- Zophei ကို နိုင်ငံတကာရောက် ဇိုဖေအင်အားစုနှင့် ချင်းပြည်သူများက လက်နက်အမြောက်အများတပ်ဆင်ပေး

0
By Editor on October 2, 2024 Khonumthung

(004SS)

ချင်းပြည်နယ် မြောက်ပိုင်း၊ ထန်တလန်မြို့နယ်တွင် အခြေစိုက်ပြီး စစ်ရေးလှုပ်ရှားနေသော CDF-Zophei က MA စက်သေနတ်များအပါအဝင် အမျိုးအစား ၄ မျိုးပါဝင်သော လက်နက်အမြောက်အများ လက်ခံရရှိကြောင်း ယနေ့ အောက်တိုဘာလ ၂ ရက်နေ့တွင် ထုတ်ပြန်သည်။

MA 1 အပါအဝင် MA 2, MA 3 သေနတ် ၄၅ လက်၊ ခဲယမ်းအမြောက်အများနှင့် စစ်ဝတ်စုံများကို Zopheiram Council Supporting of Global မှ တပ်ဆင်ပေးခြင်းဖြစ်ပြီး ယမန်နေ့အောက်တိုဘာလ ၁ ရက်က CDF-Zophei ဌာနချုပ်မှာ ဆုတောင်းဆက်ကပ်ခြင်းအခမ်းအနား ကျင်းပခဲ့ကြသည်ဟု သိရသည်။

“ကျွန်တော်တို့ကို လက်နက်တပ်ဆင်ပေးတာ ဒီတစ်ခါပဲမဟုတ်ဘူးပေါ့နော်။ ဒီမတိုင်ခင်တုန်းကလဲ တော်လှန်ရေးကာလ လည်းဖြစ်တဲ့ခါကျတော့ လက်နက်ကို အလုံးလိုက်အရင်းလိုက်ရမှဆိုရင် ကြာသွားမှာစိုးလို့ တစ်ခါတလေ ၁ လက်ရရင် ၁ လက်၊ ၅ လက်ရရင် ၅ လက်နဲ့ တောက်လျှောက် ဝယ်ဖြစ်ခဲ့တယ်။ အခုလို လက်နက်အလုံးအရင်းနဲ့ရပြီးတော့ အခမ်းအနားလုပ်ဖြစ်တာတော့ ဒါပထမအကြိမ်ပဲ” ဟု CDF- Zophei ပြောရေးဆိုခွင့်ရှိသူကပြောသည်။

အလှူရှင်များ၏ ကြိုးစားအားထုတ်မှုကြောင့် စစ်ရေးအသုံးအဆောင်ပစ္စည်းအချို့များ ထပ်မံရောက်ရှိရန် ကျန်သေးကြောင်းလည်း ၎င်းက ဆက်ပြောသည်။

CDF-Zophei အနေဖြင့် ယခုကဲ့သို့ စစ်လက်နက်ပစ္စည်းများ အလုံးရင်းလိုက်ရရှိနိုင်ရန် တစ်နှစ်နီးပါးနည်း လမ်းရှာဖွေအား ထုတ်ခဲ့ရကြောင်း သိရသည်။

“ကျွန်တော်တို့ပြင်ဆင်တာတော့ကြာပြီ လက်နက်လမ်းကြောင်းတွေ၊ ရရှိနိုင်မဲ့ဈေးနှုန်းတွေ စုံစမ်းတယ်၊ ဒီဟာက ဘယ်လောက် ဘယ်လောက်ပေါ့ နိုင်ငံခြားက တာဝန်ရှိသူတွေဆီတင်ပြ၊ သူတို့နဲ့ဆွေးနွေးပြီးတော့ ကျွန်တော်တို့ စပြီးအကောင်အထည်ဖော်လာတာ တစ်နှစ်လောက်ကြာတယ်ပေါ့။ အခု ဒီနှစ်ထဲမှာ‌ ရောက်လာနိုင်တာပေါ့နော်“ ဟု CDF- Zophei ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ယခုကဲ့သို့ လက်နက်တပ်ဆင်နိုင်ရန် ရံပုံငွေရှာဖွေ‌‌ပေးသော Zopheiram Council Supporting of Global ကိုသော်လည်း ကောင်း၊ ပါဝင်လှူဒါန်းကြသော ပြည်တွင်းပြည်ပမှ အလှူရှင်များနှင့် အထူးသဖြင့် ဇိုဖေမိဘပြည်သူများအပေါ် ကျေးဇူး အထူးတင်ရှိကြောင်းနှင့် တော်လှန်ရေးအောင်မြင်သည်အထိ အားမလျှော့ဘဲ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း CDF- Zophei ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

CDF-Zophei သည် ချင်းလဲန်းကောင်စီအဖွဲ့ဝင်ဖြစ်ပြီး ချင်းပြည်နယ်မြောက်ပိုင်းနှင့်တောင်ပိုင်းတိုက်ပွဲများတွင် ပါဝင် တိုက်ခိုက်ကာ လက်ရှိတွင် ထန်တလန်မြို့သိမ်းတိုက်ပွဲတွင် ပါဝင်တိုက်ခိုက်နေကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Lawngtlai ခရိုင်အုပ်ချုပ်ရေးမှူးက စစ်ဘေးရှောင်များ၊ နိုင်ငံခြားသားများနှင့်ပတ်သက်သောလိုက်နာဆောင်ရွက်ရမည့် အချက် ၇ ချက်ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 9, 2026

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

September 9, 2026

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

September 9, 2026

နှာရိန်မြို့တွင် ဝက် (၁၁) ကောင်အထိ သေဆုံးမှုရှိလာ၍ ဝက်ရောဂါသံသယဖြစ်ပွားမှုအဆင့်အဖြစ် သတ်မှတ်ကြေညာ

September 8, 2026

ပြည်တွင်းပြည်ပနိုင်ငံများသို့ တရားမဝင်လူပို့သည်ဆိုသော စွဲချက်ဖြင့် အမျိုးသမီးတစ်စုကို ULA/AA ထောက်လှမ်းရေးက ကျင်ဒွေးမှာ စီးနင်းဖမ်းဆီး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.