Author: Editor

ရေး – ဟန်နရီ Chinland Council မဖွဲ့စည်းမီကတည်းက ချင်းပြည်နယ်မှာ ကိုယ်စားပြုမှုပြဿနာ၊ သူ့ပိုင်နယ်၊ ကိုယ့်ပိုင်နယ်ဆိုပြီး ပြဿနာများ ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ Chinland Council စတင်ဖြစ်ပေါ်လာတာနဲ့အမျှ ချင်းလူမျိုးများအကြား၊ အထူးသဖြင့် ချင်းပြည်နယ်ရှိ ချင်းလူမျိုးများအကြားမှာ ကိုယ်စားပြုမှုပြဿနာက ကြီးမားလာခဲ့ပါတယ်။ ဒါကို လူအတော်များများက Chinland Council ဖွဲ့စည်းခြင်းကြောင့်လို့ ထင်နိုင်ပါတယ်။ ဒါပေမဲ့ ဒီပြဿနာက အရင်ကတည်းကနေ သန္ဓေတည်လာခဲ့ပြီး ခုချိန်မှ ပေါက်ကွဲသလို ဖြစ်နေပါတယ်။ ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး ချင်းပြည်နယ်ပြင်ပမှ ချင်းနိုင်ငံရေး လေ့လာနေသူ၊ လူငယ်တစ်ယောက်ရဲ့အမြင်ကို တင်ပြပါရစေ။ ၁။ ချင်းကာကွယ်ရေးတပ်ဖွဲ့များအကြား အားပြိုင်မှု၊ နယ်မြေအငြင်းပွားမှု။ ပလက်ဝမြို့နယ်မှာ Chinland Defense Force-Mara နှင့် Maraland Defense Force (MDF) တို့အကြားမှာ ယခင်နှစ်များ (၂၀၂၁ ခုနှစ်နောက်ပိုင်း) ကတည်းကနေ နယ်မြေနှင့် လူမျိုးကိုယ်စားပြုမှုအရေးနဲ့ ပတ်သက်ပြီး ခဏခဏပြဿနာတက်ခဲ့ပါတယ်။ ချင်းပြည်နယ် အလယ်ပိုင်း ဖလမ်းမြို့နယ်မှာလည်း Chin National Army (CNA) နှင့် Chin National Defense Force (CNDF) တို့အကြားမှာလည်း ထိုနည်း၎င်း နယ်မြေကိုယ်စားပြုမှု အငြင်းပွား နေခဲ့တာ ကြာပါပြီ။ ဒီနေရာမှာ အကြီးမားဆုံးသော ပြဿနာတစ်ခုကတော့ Zomi Revolutionary Army (ZRA) ရဲ့ ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်၊ တွန်းဇံဒေသတွေမှာ နယ်မြေနေရာပိုင်နက်တွေကို လာရောက်ပြီး ရယူချင်နေတာပဲ ဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းကတော့ မြန်မာပြည်၊…

Read More

(005MK) အိန္ဒိယဗဟိုအစိုးရအနေဖြင့် မြန်မာနယ်စပ်တလျှောက်ခြံစည်းရိုးခတ်မည့်အစီစဉ်ကို မီဇိုရမ်ပြည်သူလူထုက သဘောမတူ ကြောင်း မီဇိုရမ်ပြည်နယ်အထက်လွှတ်တော်အမတ် Rajya Sabha MP Pu K.Vanlalvena က ပြောဆိုလိုက်သည်။ နယူးဒေလီမြို့တွင် လွတ်တော်အစည်းအ‌ေ၀းတက်ရောက်နေသော မီဇိုရမ်ပြည်နယ်အထက်လွှတ်တော် Pu K.Vanlalvena သည် ယနေ့တွင် အိန္ဒိယပြည်ထဲရေး၀န်ကြီး Amit Shah ထံသို့ အိတ်ဖွင့်ပေးစာတစ်စောင်ပေးပို့လိုက်ပြီး နယ်စပ်အရေးနှင့်ပတ်သက်သော အိန္ဒိယအစိုးရ၏အစီစဉ်သည် မီဇိုရမ်ပြည်သူလူထုတရပ်လုံးမှ သဘောမတူကြောင်း ဖော်ပြထားသည်။ ဗြိတိသျှအစိုးရက လွဲမှားစွာသတ်မှတ်ခဲ့သော နယ်နိမိတ်ကြောင့် ချင်း (ဇိုး) မျိုးနွယ်စုများသည် အိန္ဒိယ-မြန်မာ-ဘဂ်လားဒေရှ့် ၃ နိုင်ငံတွင် ပိုင်းခြားခံခဲ့ကြရပြီး အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရပြီးချိန်ကတည်းကနေ ယနေ့ချိန်ထိလည်း အဆိုပါ နယ်နိမိတ်အား ပြောင်းလဲသတ်မှတ်ခြင်းမရှိသေးခြင်းသည် ချင်း (ဇိုး) မျိုးနွယ်စုများအား လူမျိုးရေးအရဖိနှိပ်ခြင်းဖြစ်သည်ဟု အိန္ဒိယ ပြည်ထဲရေး၀န်ကြီးထံ ပေးပို့သောစာတွင် ဖော်ပြထားသည်။ ယခုအသုံးပြုနေသော နယ်နိမိတ်ကိုပြန်လည်ပြောင်းလဲကာ အုပ်ချုပ်မှုတစ်ခုအောက်တွင် ပြန်လည်နေထိုင်ရန် မျှော်လင့်တောင်းတနေသည့်အချိန်တွင် နယ်စပ်တလျှောက်ခြံစည်းရိုးခတ်ရန်ဆောင်ရွက်လာမှုသည် ချင်း (ဇိုး) မျိုးနွယ်စုများအား တုန်လှုပ်အံ့အားသင့်စေသည်ဟု မီဇိုရမ်ပြည်နယ် အထက်လွှတ်တော်အမတ်ကဆိုသည်။ ထို့အပြင် အိန္ဒိယလွတ်လပ်ရေးရပြီးနောက် နှစ်ပေါင်းများစွာ လွတ်လွတ်လပ်လပ်ကျင့်သုံးခဲ့ကြသော Free Movement Regime (FMR) ကိုပါ ဖျက်သိမ်းဖို့ဆောင်ရွက်လာခြင်းသည်လည်း နယ်စပ်အနီးနေထိုင်ကြသော ချင်း (ဇိုး) မျိုးနွယ်စုများအတွက် လွန်စွာဒုက္ခဖြစ်စေမည်ဟု ဆိုသည်။ အိန္ဒိယဗဟိုအစိုးရသည် အိန္ဒိယ-မြန်မာနှစ်နိုင်ငံကြား လွတ်လပ်စွာ လှုပ်ရှားသွားလာမှုစနစ် Free Movement Regime အစီအစဉ်ကို ၁၉၇၀ ခုနှစ်များအတွင်း ပြဌာန်းခဲ့ခြင်းဖြစ်ပြီး ယင်းဥပဒေအရ အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက်ရှိ ဒေသခံ များအနေဖြင့် တဘက်တချက်စီ၏…

Read More

(006SV) ချင်းပြည်နယ်၊ မတူပီမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းက အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးမှုကြောင့် ခြန်းပြန်း(ခ) အပါအဝင် ရွာ (၅) ရွာမှ အရပ်သားပြည်သူ ၁၂၀၀ ဝန်းကျင် စစ်ဘေးရှောင်နေရပြီး ဆေးဝါးနှင့် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေကြောင်း သတင်းရရှိသည်။ ခြန်းပြန်း(က)၊ ခြန်းပြန်း(ခ)၊ ဟာတူး၊ ရမ်တိန်းနှင့် မွင်တုန်း ကျေးရွာတို့မှ ဒေသခံပြည်သူ ၁၂၀၀ ခန့်သည် နီးစပ် ရာတောတောင် တွေထဲ စစ်ဘေးရှောင်နေရပြီး စစ်ရှောင်အများစုမှာ အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် စစ်ဘေး ရှောင်ပြေးခဲ့ရသည်ဟု မတူပီမြို့ နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။ “အဓိကက အရင်ကလည်း ဒီစစ်ရေးတင်းမာမှုရှိတော့ ပုံမှန်သွားလာပဲ နေကြတော့ ပြင်ဆင်မှု အပိုင်းက မရှိဘူး၊ ဖေဖော်ဝါရီလ ၁ ရက်မှာ စစ်ကြောင်းထိုးလာတော့ အဝတ်တစ်ခု ကိုယ်တစ်ခုနဲ့ပဲ ပြေးလာရတာဆိုတေ့ာ လော လောဆယ် စားနပ်ရိက္ခာပိုင်းနဲ့ ဆေးဝါးက အရေးပေါ် လိုအပ်နေပါတယ်”ဟု သူက ပြောသည်။ စစ်ဘေးရှောင်များထဲတွင် သက်ကြီးရွယ်အိုနှင့် ကလေးသူငယ် အများအပြားလည်း ပါဝင်နေပြီး အရေအတွက် အတိအကျကို စာရင်းမကောက်ယူနိုင်သေးကြောင်း၊ ၎င်းတို့အတွက်လည်း အကူအညီများ ၊ အထောက်အပံ့များ လိုအပ်နေသည်ဟု သိရသည်။ ခြန်းပြန်း(က)နှင့် ဟာတူးရွာမှ စစ်ရှောင်များသည် တစ်နေရာမှာ စုစည်း၍ စစ်ဘေးရှောင်ကြပြီး၊ ရမ်းတိန်းဒေသခံများ က တစ်နေရာမှာ စုစည်း၍ စစ်ဘေးရှောင်ရကြောင်း၊ တခြားရွာများလည်း လုံခြုံမည့် တောထဲတွင် ယာယီတဲ၊ တာလပတ် အမိုးအကာဖြင့် ယနေ့ ဖေဖော်ဝါရီလ ၉ ရက်အထိ…

Read More

(005MK) မြန်မာနိုင်ငံနှင့် နယ်စပ်တဖက်တချက်စီ လွတ်လပ်စွာ သွားလာလှုပ်ရှားမှုစနစ် Free Movement Regime (FMR) ကို ချက်ချင်းရပ်ဆိုင်းရန် အိန္ဒိယပြည်ထဲရေး၀န်ကြီးက ယနေ့ ပြောဆိုလိုက်သည်။ အိန္ဒိယနိုင်ငံ၏ ပြည်တွင်းလုံခြုံရေးနှင့် အိန္ဒိယအရှေ့မြောက်ပြည်နယ်များ၏ လူဦးရေအနေအထားကို ထိန်းသိမ်းရန် မြန်မာနယ်စပ်ရှိ လွတ်လပ်စွာ လှုပ်ရှားသွားလာမှုစနစ် (FMR) ကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ကြပြီး ပြည်ပရေးရာဌာနကလည်း ယင်းကိစ္စအား စတင်ဆောင်ရွက်နေပြီဖြစ်သောကြောင့် FMR ကို ချက်ချင်းရပ်ဆိုင်းရန် အိန္ဒိယ ပြည်ထဲရေးဝန်ကြီး Amit Shah က ယနေ့ ဖေဖော်ဝါရီ ၈ ရက်တွင် သူ၏လူမှုကွန်ယက်စာမျက်နှာကဆင့် ဖော်ပြလာခြင်းဖြစ်သည်။ “နိုင်ငံရဲ့ ပြည်တွင်းလုံခြုံရေးနှင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပြည်နယ်တွေရဲ့ လူဦးရေစာရင်းကို ထိန်းသိမ်းရန် အိန္ဒိယနှင့် မြန်မာနိုင်ငံကြား လွတ်လပ်သော လှုပ်ရှားမှုစနစ် (FMR) ကို ဖျက်သိမ်းရန် ပြည်ထဲရေးဝန်ကြီးဌာနက ဆုံးဖြတ်ခဲ့ပါတယ်။ ပြည်ပရေးရာဝန်ကြီးဌာနကလည်း လက်ရှိမှာ အဲဒီကိစ္စကို ဖျက်သိမ်းရန် လုပ်ဆောင်နေပြီး FMR ကို ချက်ချင်းရပ်ဆိုင်းဖို့ အကြံပြုထားပါတယ်’’ ဟု အိန္ဒိယ ပြည်ထဲရေး၀န်ကြီးက ပြောပါတယ်။ အိန္ဒိယဗဟိုအစိုးရသည် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကြား လွတ်လပ်စွာ လှုပ်ရှားသွားလာမှုစနစ် Free Movement Regime အစီအစဉ်ကို ၁၉၇၀ ခုနှစ်များအတွင်း ပြဌာန်းခဲ့ခြင်းဖြစ်ပြီး ယင်းဥပဒေအရ အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက်ရှိ ဒေသခံများအနေဖြင့် တဘက်တချက်စီ၏ နိုင်ငံအတွင်းကို ပြည်ဝင်ခွင့်ဗီဇာမလိုဘဲ ၁၆ ကီလိုမီတာအထိ အတားအဆီးမရှိ ဝင်ရောက်သွားလာခွင့် ပြုထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံနှင့် ထိစပ်နေသော မီဇိုရမ်အပါအ၀င် အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ဒေသ…

Read More

(006SV) ချင်းပြည်နှင့် စစ်ကိုင်းတိုင်းက စစ်ကောင်စီ၏ စခန်းသိမ်းတိုက်ပွဲများတွင် လက်လုပ်ဗုံးနှင့် လက်နက်ကြီးများ ရာချီ အသုံးပြုတိုက်ခိုက်ခဲ့သည့် ချင်းတော်လှန်ရေးတပ်ဖွဲ့ CNDF မဟာဗျူဟာပရောဂျက်အဖွဲ့မှာ နည်းပညာနှင့် ဘဏ္ဍာငွေထောက်ပံ့မှုများ လိုအပ်နေကြောင်း အဖွဲ့ခေါင်းဆောင် ကိုဒီဒီက ပြောသည်။ “မတော်တဆမူတွေ နည်းပါးအောင် ယမ်းချက်တာပဲ ဖြစ်ဖြစ်၊ ဗုံးသီးစမ်းတာပဲ ဖြစ်ဖြစ်၊ အကာအကွယ်အတွက် လိုအပ်မယ့် ကျည်ကာတွေ ရှိမယ်။ နည်းပညာ‌တွေ ရှိမယ်။ စက်ပစ္စည်းကောင်းကောင်းလေးတွေ ဝယ်ဖို့အတွက် ဘတ်ဂျက်တွေ လိုအပ်တယ်။ ပစ္စည်းလေးတွေ ဝယ်နိုင်မယ်။ ထုတ်လုပ်ချင်တာကို ကောင်းကောင်းလေး ထုတ်လုပ်နိုင်မယ်ဆိုရင် စမ်းသပ်တဲ့အခါမှာလည်း လုံလုံခြုံခြုံနဲ့ စမ်းသပ်ရအောင် ကူညီထောက်ပံ့မှုတွေ လိုတယ်” လို့ CNDF ၊ မဟာဗျူဟာပရောဂျက်အဖွဲ့ ခေါင်းဆောင် ကိုဒီဒီက ပြောသည်။ CNDF ၊ မဟာဗျူဟာပရောဂျက်အဖွဲ့သည် လက်နက်ကြီး ၄၀ မမ၊ ၆၀ မမ၊ ၇၀ မမ များအပါအဝင် အီနာဂါဒရုန်းဗုံးနှင့် ဗုံးအမျိုး မျိုးတို့ကို ထုတ်လုပ်ထားပြီး ရှေ့တန်း စစ်စခန်းသိမ်းတိုက်ပွဲများတွင် အောင်မြင်စွာ အသုံးပြုထားကြောင်း သိရသည်။ ယခင်က လက်လုပ်ဗုံးနှင့် လက်နက်ကြီးများကိုသာ ထုတ်လုပ်နိုင်သော်လည်း လက်ရှိတွင် နည်းပညာပိုင်းများပါ ပိုမိုထည့်သွင်းပေါင်းစပ်၍ ထုတ်လုပ်လာနိုင်ကြောင်း အဖွဲ့ခေါင်းဆောင်က ပြောသည်။ ပြီးခဲ့သည့် ၂၀၂၃ နိုဝင်ဘာလက ဖလမ်းမြို့နယ်၊ ခလရ ၂၆၉ လက်အောက်ခံ သီးဘွာလ်စခန်းသိမ်းတိုက်ပွဲတွင် မဟာဗျူဟာပရောဂျက်အဖွဲ့၏ ဒရုန်းဗုံးသီး ၃၀၀ ခန့် စတင်သုံးစွဲ အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု သိရသည်။ ထိုအပြင် ဗားရ်စခန်းသိမ်းတိုက်ပွဲတွင်လည်း လက်နက်ကြီးဗုံးအလုံး ၅၀…

Read More

(005MK) မီဇိုရမ်ပြည်နယ်က အင်အားကြီးအရပ်ဖက်အဖွဲ့အစည်းများစုပေါင်းထားသော NGO Coordination Committee (NGOCC) က အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက်ခြံစည်းရိုးခတ်မည့်အစီစဉ်နှင့် လွတ်လပ်စွာဖြတ်သန်းသွားလာခွင့် (FMR) အား ဖျက်သိမ်းမည့် အိန္ဒိယဗဟိုအစိုးရ၏ အစီစဉ်ကို ပြန်လည်သုံးသပ်ရန် တောင်းဆိုသွားမည်ဟု သိရသည်။ မီဇိုးလူငယ်များအသင်း (CYMA)၊ မီဇိုးကျောင်းသားများသမဂ္ဂ (MZP), (MSU)၊ မီဇိုးသက်ကြီးပုဂ္ဂိုလ်များအသင်း (MUP) နှင့် မီဇိုးအမျိုးသမီးများအသင်း (MHIP) စသည့် ၅ ဖွဲ့ဖြင့် စုဖွဲ့ထားသော NGOCC က နယ်စပ်အရေးနှင့်ပတ်သက်၍ ဖေဖော်၀ါရီလ ၆ ရ က်နေ့က MZP ရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ထိုတွေ့ဆုံပွဲတွင် အိန္ဒိယဗဟိုအစိုးရ၏ အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက်ခြံစည်းရိုးခတ်မည့်အစီစဉ်နှင့် နယ်စပ်တဖက် တချက်စီလွတ်လပ်စွာဖြတ်သန်းသွားလာခွင့် FMR ဖျက်သိမ်းမည့်အစီစဉ်တို့ကို ဆွေးနွေးခဲ့ကြပြီး အိန္ဒိယအစိုးရအနေဖြင့် ထိုအစီစဉ်များကို အကောင်ထည်ဖော်ဆောင်ရွက်ပါက မြန်မာဘက်ခြမ်းတွင်နေထိုင်ကြသော မျိုးနွယ်စုတူ ချင်း (ဇိုး) မျိုးနွယ်စုများနှင့် ရင်းနှီးစွာဆက်ဆံမှု၊ စည်းလုံးမှုပိုင်းကို ထိခိုက်စေနိုင်သည့်အတွက် ၎င်းတို့အနေဖြင့် မလိုလားကြောင်း NGOCC ဆိုသည်။ အဆိုပါအစီစဉ်သည် အိန္ဒိယနှင့် မြန်မာဘက်ခြမ်းတွင်နေထိုင်ကြသော ချင်း (ဇိုး) မျိုးနွယ်စုများအား ပိုင်းခြားစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟုယူဆရကြောင်း၊ မိမိတို့ မျိုးနွယ်စုများအကြား စည်းလုံးညီညွတ်မှုပြိုကွဲစေလာနိုင်သောကြောင့် ယင်းအစီစဉ်များကို ပြန်လည်ရုပ်သိမ်းနိုင်သည့်အထိ တိုက်တွန်းဆောင်ရွက်သွားမည်ဟု NGOCC က ဆိုသည်။ မကြာခင်ရက်ပိုင်းမှာလည်း အိန္ဒိယပြည်ထဲရေးဌာနထံ စာချွန်လွှာ (Memorandum) ပေးပို့ သွားမည်ဖြစ်ကြောင်း၊ မီဇိုရမ်ပြည်နယ်အစိုးရအပါအ၀င် အဆိုပါအစီစဉ်ကြောင့် သက်ရောက်မှုရှိနိုင်မည့် အိမ်နီးချင်း ပြည်နယ်များနှင့်လည်း လက်တွဲဆောင်ရွက်သွားကြရန် ဆုံးဖြတ်ခဲ့ကြသည်ဟု NGOCC က ပြောသည်။ အိန္ဒိယဗဟိုအစိုးရသည် အိန္ဒိယ-မြန်မာနှစ်နိုင်ငံကြား…

Read More

ချင်းပြည်နယ်မြို့တော်၊ ဟားခါးမြို့အခြေစိုက် စစ်ကောင်စီ ဗျူဟာမှူး ဗိုလ်မှူးကြီး ဟိန်းထက်အောင် သေဆုံးကြောင်း ဟားခါးမြို့ ဒေသခံများထံမှ သိရသည်။၎င်းသည် ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက်ပိုင်း ၂ နာရီဝန်းကျင်တွင် ရုတ်တရက် နှလုံးဖောက်ကာ သေဆုံးခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။“သူက သွေးတိုးရှိတယ်လို့ကြားတယ်၊ ပြောရရင်တော့ သူ့ကို လာသတ်မှာ ကြောက်လို့လဲပါမှာပေါ့၊  နှလုံးဖောက်ပြီး သေသွားတာလို့သိရတယ်။ သူ့ကို ဟားခါးမှာပဲ မီးသဂြိုလ်ေပးတယ်” ဟု ဟားခါးမြို့ ဒေသခံတစ်ဦးက ပြောသည်။ယမန်နေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ချင်းလူ့အခွင်းအရေးအဖွဲ့ CHRO မှ ၎င်းဗျူဟာမှူးသေဆုံးကြောင်း အတည်ပြုချက်ဖော်ပြသည်။ဗိုလ်မှူးကြီး ဟိဏ်းထက်အောင် ရုတ်တရက်သေဆုံးရခြင်းမှာ နှလုံးရောဂါကြောင့်ဖြစ်ပြီး စစ်ရှုံးသည့်ကိစ္စနဲ့ပက်သက်၍ အထက်နေပြည်တော်မှ ဖိအားပေးမှုများ ခံနေရခြင်းကြောင့် ဖြစ်နိုင်သည်ဟု CHRO ၏ ဖော်ပြချက်အရ သိရသည်။ဟားခါးမြို့ ဗျူဟာမှူး သေဆုံးသည့် ဖေဖော်ဝါရီလ ၄ ရက်နေ့ မနက်ပိုင်း ၉ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့ အများအပြားသည်  ဂန်ဂေါလမ်းတစ်လျှောက်တွင်  နေရာယူ ကင်းစောင့်နေကြကြောင်း ဒေသခံများက ပြောသည်။ပြီးခဲ့သည့်နှစ် ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ဟားခါးမြို့အခြေစိုက် စစ်ကောင်စီရဲ့ ဗျူဟာမှူး ဗိုလ်မှူးကြီး စောထွန်း ပြောင်းရွှေ့သွားပြီးနောက် ၎င်းနေရာတွင် ဗိုလ်မှူးကြီး ဟိန်းထက်အောင် ရောက်လာခြင်းဖြစ်သည်ဟု သိရသည်။

Read More

(006SV) အိန္ဒိယ- မြန်မာနယ်စပ်၊ ချင်းပြည်မြောက်ပိုင်းက ရိခေါဒါရ်မြို့နှင့် ကျေးရွာပေါင်း ၃၀ ကျော်မှာ ပြည်သူ့အုပ်ချုပ်ရေးယန္တရားကို ချင်းပူးပေါင်းတပ်ဖွဲ့က ဖော်ဆောင်ထားပြီဖြစ်ကြောင်း သတင်းရရှိသည်။ “ရိခေါဒါရ်မြို့ပေါ်မှာက စည်းကမ်းထိန်းသိမ်းရေးတွေ၊ ရပ်ရွာအေးချမ်းသာယာရေးအတွက် ခိုးဆိုးလုနှိုင်တွေ မရှိရလေအောင် အုပ်ချုပ်ရေးအဖွဲ့တွေက တာဝန်ယူနေတာဖြစ်ပါတယ်။ စည်ပင်သာယာရေးကိုလည်း စည်ပင်ဌာနနဲ့ ပေါင်းပြီးမှ လုပ်နေတာရှိတယ်။ မြို့မှာ ကောင်းကောင်းမွန်မွန် အုပ်ချုပ်ရေးကို လည်ပတ်နိုင်တယ်” ဟု CDF- ဟွာငိုရမ်မှ အထွေထွေအတွင်းရေးမှူးက ပြောသည်။ အမှတ် – ၂ အိန္ဒိယ – မြန်မာနယ်စပ်ကုန်သွယ်မှု အဆင်ပြေစေရေး၊ လူထုလုံခြုံရေးနှင့် ဒေသတည်ငြိမ်းရေးတို့ကို ရှေ့ရှု့ပြီး ရိခေါဒါရ်မြို့ ပြည်သူ့အုပ်ချုပ်ရေးကို CNF/CN A နှင့် CDF – Hualngoram က ပူးတွဲ၍ အကောင်အထည်ဖော်ဆောင်နေကြောင်း သိရသည်။ ရိခေါဒါရ်မြို့ ပြည်သူ့အုပ်ချုပ်ရေးတွင် အုပ်ချုပ်ရေး၊ စည်ပင်သာယာရေး၊ တရားစီရင်ရေး၊ ရဲဌာန၊ အခွန်ဌာနတို့ကို ဖွဲ့စည်းထားပြီး အခွန်ဌာနက ဈေးခွန်၊ သားသတ်ခွန်၊ ယစ်မူခွန် စသဖြင့် အခွန်ကောက်ခံမူများကိုလည်း ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ ထို့အပြင် ဟွာငိုရမ်းဒေသလုံးဆိုင်ရာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း ကျေးရွာပေါင်း ၅၆ ရွာကို လွှမ်းခြုံအောင် ကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များကို ဖွဲ့စည်းလျက်ရှိတွင် လက်ရှိတွင် ကျေးရွာပေါင်း ၃၀ ကျော်တွင် ဖွဲ့စည်းလည်ပတ်နေပြီဖြစ်ကြောင်း သိရသည်။ ဟွာငိုရမ်းတရားစီရင်ရေးဘုတ်အဖွဲ့သည် ရဲဌာနက အမှုဖွင့်ထားသော မူယစ်ဆေးဝါးမူ ၆ မူ၊ မုဒိန်းမူ ၂ မူ၊ လူသတ်မူ ၂ မူနှင့် ခိုးဆိုးလုယက်မှု အများအပြားကို စီရင်ချက်ချထားပြီး…

Read More

(006SV) ချင်းပြည်တွင် ကိုယ်ပိုင်ပြဌာန်းအုပ်ချုပ်မှုဖြင့် လည်ပတ်သော ချင်းလန်းကောင်စီ၏ ချင်းပြည်အစိုးရအဖွဲ့နှင့် လွှတ်တော်သည် ရက် (၁၀၀) စီမံကိန်းကို ချမှတ်ပြီး စတင်အကောင်အထည်ဖော်နေပြီးဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။  ချင်းပြည်အစိုးရအဖွဲ့၏ ပထမအကြိမ်အစည်းအဝေးကို ဖေဖော်ဝါရီလ ၂ – ၃ ရက်တွင် ကျင်းပပြုလုပ်ခဲ့ရာ ဝန်ကြီးချုပ်၊ ဝန်ကြီးများနှင့် ရှေ့နေချုပ်အပါအဝင် ၁၄ ဦး တက်ရောက်ခဲ့ပြီး ချင်းပြည်အစိုးရအဖွဲ့၏ ရက် ၁၀၀ စီမံကိန်းကို ချမှတ်နိုင်ခဲ့ကြောင်း ချင်းပြည်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာရွှေခါးက ပြောသည်။ “ပထမအနေနဲ့က ချင်းလဲန်းအစိုးရက အခုမှ တည်ဆောက်တာဖြစ်တယ်။ ရုံးယန္တရားလည်ပတ်နိုင်ရေး အတွက်ပေါ့၊ ကျန်တဲ့ အစိုးရတွေဆိုရင် ရေအသင့် ကြာအသင့်ပေါ့၊ ရုံးကိစ္စ၊ ဝန်ထမ်းကိစ္စယန္တရားက တည်ထောင်ပြီးသားဆိုတော့ ချက်ချင်းပဲ လုပ်ငန်းကို အကောင်အထည်ဖော်နိုင်တယ်။ ချင်းလဲန်းအစိုးရကတော့ အခုမှ တည်ဆောက်ကြမယ်ဆိုတော့ အဲဒီလိုအပ်တဲ့ ယန္တရားတွေကို လုပ်ဖို့ဖြစ်ပါတယ်” ဟု ဒေါက်တာ ရွှေခါးက ပြောသည်။ ချင်းပြည်အစိုးရအဖွဲ့၏ ရက် ၁၀၀ စီမံကိန်းတွင် ပထမဦးစားပေးအဖြစ် ချင်းအစိုးရယန္တရားများအတွက် ရုံးနှင့် ဝန်ထမ်းကိစ္စများကို ဆောင်ရွက်မည်ဖြစ်သည်။ ဒုတိယအချက်မှာ အုပ်ချုပ်ရေး ယန္တရားများ စတင်လည်ပတ်နိုင်ရန်နှင့် ချင်းပြည်တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော်မည်ဖြစ်ပြီး တတိယဦးစားပေးမှာ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍကို စနစ်တကျဖြစ်အောင် လုပ်သွားမည်ဖြစ်သည်ဟု ဒေါက်တာ ရွှေခါးက ပြောသည်။ ရက် ၁၀၀ အတွင်း အစိုးရယန္တရာဖွဲ့စည်းမှုအတွက် လိုအပ်သော သုတေသနစာရင်းကောက် ယူချက်များ လုပ်ဆောင်မည်ဖြစ်ပြီး ချင်းပြည် ပညာရေးမူဝါဒများ ချမှတ်နိုင်ရေးလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း…

Read More

MGချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ် ချန်းပြန်း (ခ) ကျေးရွာအတွင်း အင်အား (၁၀၀) ခန့်ဖြင့် ကျန်ရွိနေသည့် စစ်ကောင်စီတပ်ဖွဲ့တို့သည် မတူပီမြို့တွင်းသို့ ပြန်လည်တပ်ဆုတ်သွားသော်လည်း ရွာလုံးကျွတ်နီးပါး မီးရိူ့ခံ ရသောကြာင့် ပြည်သူများကို ဆက်လက်စစ်ဘေးတိမ်းရွောင်ခိုင်းထားသည်ဟု ချင်းလဲန် ကာကွယ်ရေးတပ်ဖွဲ့-မတူပီက တာဝန်ရှိသူက ပြောသည်။ဆလိုင်းနိုင်ဂျွန်ကိမ်းက “ရန်သူတွေအကုန်လုံးကတော့ မြို့ထဲကိုဆုတ်သွားကြပြီ၊ ဒါပေမယ့် ပြည်သူတွေကိုတော့ စစ်ရှောင်ခိုင်းသေးတယ်၊အခြေအနေကတော့ သိပ်မူမွန်သေးလို့ပါ နေအိမ်တွေလည်း ၉ အိမ်လောက်ပဲ ကျန်တော့တာဆိုတော့ အများအားဖြင့်က အကုန်လုံး မီးရိူ့ခံရတာ” ဟု ပြောသည်။ဖေဖော်ဝါရီလ (၁) ရက်နေ့က မတူပီ-မင်းတပ် လမ်းပိုင်းသို့ အင်အား (၂၀၀) ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့တို့ကို ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီက ပဒေသာမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ (၆) ဦး ဒဏ်ရာရရှိခဲ့ပြီးနောက် အင်းအားတဝက် တပ်ဆုတ်ခဲ့ပြီးဖြစ်သည်။စစ်ကောင်စီတပ်ဖွဲ့များ မီးရိူ့မူကြောင့် ပြည်သူများသည်  နေအိမ်ပျက်စီးမူကြုံရကာ လက်ရှိတွင် (၄) မိုင်ခန့်ကွာဝေးသည့် ဟားလ်တူးကျေးရွာနင့် တောထဲ၊ တောင်ထဲတို့တွင် စစ်ဘေးရွောင်နေဆဲ့ဖြစ်သည်ဟု မတူပီမြို့က ချန်းပြန်းဒေသခံနှင့် နီးစပ်သည့် ပြည်သူတစ်ဦးက ပြောသည်။ပြည်သူတဦးက “ပြည်သူတွေကတော့ အကုန်လုံး ထွက်ပြေးကြတယ်။ တောအုပ်ထဲရှောင်တယ် မလွယ်ပေမယ့် အခြေအနေအရ တိမ်းရှောင်ရ တာပါပဲ။ ချန်းပြန်းရွာကတော့ ဘာမှမလွယ်တော့ဘူး အိုးမဲ့အိမ်မဲ့တွေဖြစ်ကုန်ပြီ” ဟု ပြောသည်။စစ်ကောင်စီတပ်ဖွဲ့များ ရွာလုံးကျွတ်နီးပါး မီးရိူ့ခဲ့သည့် ချန်းပြန်း (ခ) ရွာတွင် အိမ်ခြေ (၆၃) အိမ်ရှိပြီး ခန့်မှန်းခြေ လူဦးရေ (၁၀၀) နီးပါးရှိကာ မတူပီမြို့နှင့် (၇) မိုင်ခန့်ကွာဝေးသည်။

Read More