Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»အိန္ဒိယဗဟိုအစိုးရ၏ နယ်စပ်ခြံစည်းရိုးခတ်မည့် အစီအစဉ်အား CYLA ထောက်ခံဟုဆို

အိန္ဒိယဗဟိုအစိုးရ၏ နယ်စပ်ခြံစည်းရိုးခတ်မည့် အစီအစဉ်အား CYLA ထောက်ခံဟုဆို

0
By Editor on September 12, 2024 Headline

(004SS)

အိန္ဒိယဗဟိုအစိုးရ၊ ပြည်ပရေးရာဝန်ကြီးဌာန၏ တွဲဖက်အတွင်းရေးမှူး B Shyam နှင့် ဗဟိုလိုင်လူငယ်အဖွဲ့ (CYLA)တို့ယနေ့ တွေ့ဆုံခဲ့ကြပြီး အိန္ဒိယအစိုးရ၏ နယ်စပ်ခြံစည်း ရိုးခတ်မည့် အစီအစဉ်အား CYLA က သဘောတူကြောင်းသိရသည်။

အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာန တွဲဖက်အတွင်းရေးမှူး B Shyam နှင့် ဗဟိုလိုင်လူငယ်အဖွဲ့ (CYLA) ခေါင်းဆောင်များသည် ယနေ့စက်တင်ဘာလ ၁၂ ရက်နေ့တွင် အိုင်ဇောလ်မြို့ State Guest House ၌ တွေ့ဆုံခဲ့ကြပြီး ကုလာတန်းဘက်စုံသယ်ယူပို့ ဆောင်ရေး စီမံကိန်းနှင့် ဇိုးရင့်ပွီ နယ်စပ်ကုန်သွယ်ရေးအခြေအနေများ ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

CYLA ခေါင်းဆောင်များက အိန္ဒိယ၏အရှေ့မျှော်ဝါဒ India Act East Policy ကို ထောက်ခံကြောင်းနှင့် အိန္ဒိယအစိုးရ၏ နယ်စပ်ခြံစည်းရိုးခတ်မည့် အစီအစဉ်သည်လည်း အရေးကြီးပြီး CYLA အနေဖြင့် ထောက်ခံကြောင်း ပြောဆိုခဲ့ကြသည်ဟု The Lawngtlai Post က ဖော်ပြသည်။

ထို့နောက် လက်ရှိ ကုန်သွယ်ရေးအခြေအနေကို အိန္ဒိယအစိုးရက ပိုမိုအရေးစိုက်လုပ်ဆောင်နိုင်ရန် လိုလားကြောင်းနှင့် လူဝင်မှုကြီးကြပ်ရေးဂိတ်ထားရှိရန်၊ နယ်စပ်ကုန်သွယ်ရေးဂိတ် Border Commercial Haat ထားရှိမည့်အစီစဉ်များကို လည်း အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ပေးစေလိုကြောင်း တင်ပြခဲ့ကြသည်ဟု သိရသည်။

ထို့အပြင် ကုလားတန်ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်း၊ လောင်တလိုင်နှင့် ဇိုးရင့်ပွီကြား ကားလမ်းပျက်စီးမှုအခြေအနေ နှင့် ထိုဒေသရှိ နစ်နာကြေးမရရှိကြသေးသောမြေပိုင်ရှင်များအား လျော်ကြေးရရှိနိုင်ရန် တောင်းဆိုခဲ့ကြသည်။

B Shyam ကလည်း CYLA ၏ တင်ပြဆွေးနွေးချက်များသည် အရေးကြီးကြောင်းပြောဆိုခဲ့ပြီး အဆိုပါ‌တင်ပြဆွေးနွေး ချက်များအား အကောင်အထည်ဖော်ဆောင်ရွက်သွားမည့်အကြောင်း၊ ယခု စီမံကိန်းအောင်မြင်နိုင်ရေးအတွက် CYLA သည် အရေးပါကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.