(004SS) ချင်းပြည်နယ်၊ တောင်ပိုင်း မင်းတပ်မြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ၆ လအတွင်း အရပ်သား ၈ ဦးနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး စုစုပေါင်း ၁၁ ဦး သေဆုံးခဲ့ပြီး အရပ်သား ၅၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု CDF-Mindat က ယနေ့ဩဂုတ်လ ၉ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ ၂၀၂၄ ခုနှစ် ၆ လတာအတွင်း မင်းတပ်မြို့နယ်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပေါင်း ၈၆ ကြိမ်ပြုလုပ်ခဲ့ပြီး အပြစ်မဲ့ပြည်သူ ၈ ဦး (မြို့နယ်ပြင်ပသို့ ကယ်ရီသမားအဖြစ် သွားခဲ့ကြသည့် ပြည်သူ ၆ ဦးအပါ) နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးတို့ သေဆုံးခဲ့ပြီး၊ ပြည်သူ ၅၀ ကျော်နှင့် ရဲဘော် ၂ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ထို့အပြင် ပြည်သူနေအိမ် ၅၃ လုံး ပျက်စီးခဲ့ပြီး ခရစ်ယာန်ဘုရားကျောင်း ၁ ကျောင်းနှင့် စာသင်ကျောင်း ၁ ဆောင် ပျက်စီးခဲ့ရသည်ဟု CDF-Mindat က ထုတ်ပြန်သည်။ CDF-Mindat အနေဖြင့် ၆ လတာအတွင် ကျင်ဒွေးမြို့သိမ်းတိုက်ပွဲနှင့် မတူပီမြို့သိမ်းတိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့ပြီး ရဲဘော် ၁၂ ဦး အသက်ပေးခဲ့ရသည်ဟု ဆိုသည်။ အဆိုပါ အသက်ပေးခဲ့သည့် ရဲဘော်များအနက် ၃ ဦးမှာ ငှက်ဖျားရောဂါဖြင့် ဆုံးပါးခဲ့ရပြီး၊ မတူပီမြို့ရှိ ခလရ ၃၀၄ နှင့် ၁၄၀ စစ်စခန်းများသိမ်းပိုက်ပြီးနောက် CNA…
Author: Editor
(005MK) မီဇိုးကျောင်းသားသမဂ္ဂ(MZP) နှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ခေါင်းဆောင်တို့ ချင်းညီညွတ်ရေးကိစ္စနှင့်ပတ်သက်၍ ဩဂုတ်လ ၇ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ MZP ဗဟိုဌာနချုပ်ရုံးတွင် ကျင်းပပြုလုပ်သော အဆိုပါတွေ့ဆုံမှုတွင် ချင်းမျိုးနွယ်စု အချင်းချင်းကြား ပူးပေါင်းဆောင်ရွက်မှုအားကောင်းလာစေရေးနှင့် စည်းလုံးညီညွတ်မှုရှိလာစေရေးအတွက် အတူတကွ ဆောင်ရွက်နိုင်မည့်နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်ဟု MZP က ထုတ်ပြန်သည်။ ချင်းမျိုးနွယ်စုအချင်းချင်းကြား သဘောထားကွဲလွဲမှုနှင့် တဖက်နှင့်တဖက်ရန်ဆောင်နေကြသည့်အခြေအနေမျိုး ဖြစ်ပေါ် နေသည်ကို မလိုလားကြောင်း၊ အချင်းချင်းကြားပူးပေါင်းဆောင်ရွက်မှုအားကောင်းလာစေရေးအတွက် ICNCC အဖွဲ့နှင့် တွေ့ဆုံခြင်းဖြစ်သည်ဟု MZP ကဆိုသည်။ ဆွေးနွေးပွဲတွင် ညီအကိုချင်းချင်းကြား မူဝါဒမတူညီမှုကြောင့် လက်နက်ဖြင့်ဖြေရှင်းသောနည်းလမ်းများအသုံးမပြုကြရန်၊ ပြန်လည်သင့်မြတ်ရေးအတွက် အတူတကွပူးပေါင်းဆောင်ရွက်ရန် နှင့် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် တော်လှန်ရေး အောင်မြင်ပြီး အရပ်သားအစိုးရတစ်ရပ်ပေါ်ပေါက်လာသည့်အထိ တတ်နိုင်သည့်ဖက်မှ ဝိုင်းဝန်းဆောင်ရွက်ကြရန်လည်း ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်ဟု MZP က ထုတ်ပြန်သည်။ နောက်ပိုင်းတွင်လည်း ချင်းလဲန်းကောင်စီ နှင့် ချင်းညီနောင်အပြင် အခြားသော အဖွဲ့အစည်းများကိုလည်း ဆက်လက်တွေ့ဆုံသွားမည်ဟု MZP ကပြောသည်။
(006SV) ချင်းပြည်နယ်၊ မတူပီမြို့သိမ်းတိုက်ပွဲအတွင်း စစ်ရှုံးပြီး တောတောင်တွေထဲ ထွက်ပြေးသွားကြတဲ့ ဗျူဟာမှူးတွေ၊ အရာရှိတွေ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၂၀၀ ကျော်ကို ချင်းညီနောင်တပ်ဖွဲ့က ပြီးခဲ့တဲ့ဇူလိုင်လကုန်ပိုင်းမှာဖမ်းဆီးခဲ့ပါတယ်။ တောတောင်တွေထဲ တစ်လနီးပါးကြာ ထွက်ပြေးကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် နဲ့ တပ်မိသားစုဝင်တွေဟာ အစာရေစာရေငတ်ပြတ်မှု ဆေးဝါး ပြတ်လပ်မှုတို့ကြောင့်လည်း သေဆုံးသွားသူ အများအပြားရှိတယ်လို့ သိရပါတယ်။ အဲဒီအခြေအနေနဲ့ပတ်သက်ပြီး ချင်းညီနောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ၊ CDF–Matupi တပ်မဟာ (၁) ပြန်ကြားရေးတာဝန်ခံ ကိုဘွေအုပ်ကို ခိုနူမ်းသုန်သတင်းဌာနမှ Salai Vakok က ဆက်သွယ်မေးမြန်းထားပါတယ်။ မေး – စစ်သုံ့ပန်းက ပထမအသုတ်နဲ့ ဒုတိယအသုတ်မှာ စုစုပေါင်း ဘယ်လောက် ဖမ်းမိခဲ့ပါသလဲ။ ဖြေ – စုစုပေါင်းက ၂၀၀ ကျော်ပါတယ်။ ပထမအသုတ်မှာလည်း ၁၀၀ စွန်းစွန်းလေပေါ့နော်။ အခု ဒုတိယအသုတ်မှာလည်း ၁၀၀ ကျော်ပါတယ်။ အားလုံးပေါင်းရင်တော့ ဒါဟာ ၂၀၀ ကျော်ပါတယ်။ မေး – ဒီလို စစ်သုံ့ပန်းထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်ကိုပဲ ပြောတာလား။ အဲဒီထဲမှာ မိသားစုဝင်တွေ၊ အရပ်ဖက်ဝန်ထမ်း Non- CDM တွေ ပါပါသလား။ ဖြေ – ကျနော်တို့ ဒီ ၂၀၀ ကျော် ဆိုတာက အားလုံးကို ခြုံပြီး ပြောတာပါ။ စစ်သားတွေလည်း ပါဝင်သလို၊ သူတို့ မိသားစုဝင်တွေလည်း ပါပါတယ်။ လက်နက်ကိုင်သီးသန့်ကိုပဲ ဖမ်းမိတာက အဲဒီ ၂၀၀ ကျော်ထဲက တစ်ဝက်လောက်ပဲပေါ့နော်။ ကျန်တစ်ဝက်က စစ်သားတွေရဲ့…
(002MG) ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ် ကျေးလက်ဒေသများတွင် ကိုယ်ဝန်သည်မိခင်များ ကလေးအသေမွေးဖွားမှုနှုန်း မြင့်တက်နေပြီး လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်နေကြသည်ဟု မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီထံမှ သိရသည်။ မင်းတပ်မြို့နယ် တိုက်နယ်အမှတ်( ၃) ကျေးရွာများတွင် ပြီးခဲ့သည့်တစ်လအတွင်း ကလေးအသေမွေးဖွားမှု (၅) ဦးအထိရှိခဲ့သည်ဟု မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီတာဝန်ခံ ကိုလောရင့်ကပြောသည်။ “ဟိုအရင်လတုန်းကဆိုရင် တလထဲမှာတင် (၅) ယောက်လောက်ရှိတယ် ကလေးလေးတွေ မွေးကင်းစလေးတွေသေတာ၊ တယောက်ပြီးတယောက်သေတယ် ရောက်လာတယ်သေတယ်၊ ကျနော့အမေရွာကို ခနသွားတယ် အဲ့ရွာမှာလည်း ကိုယ်ဝန်ဆောင် (၄) ဦးရှိတယ် မွေးခါနီးပေါ့၊ အဲ့ (၄) ဦးထဲက မွေးတော့ ကလေး (၂) ဦးကသေသွားတယ်၊ ၂ ယောက်ပဲရှင် တယ်၊ အဲ့လိုမျိုးများတော့ ကျန်းမာရေးဝန်ဆောင်မှုအခုထက်ပိုပြီးရရှိစေချင်တယ်” ဟု ကိုလောရင့်ကပြောသည်။ ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရှိခြင်း၊ အဟာရချို့တဲ့ ခြင်း၊ ဗဟုသုတအားနည်းခြင်းနှင့် စိုးရိမ်ကြောက်လန့်ခြင်းတို့ကြောင့် ကလေးအသေမွေးဖွားမှုနှုန်းမြင့်တက်လာရခြင်းဖြစ်နိုင်သည်ဟု ၎င်းကဆက်ပြောသည်။ “အဓိကတော့ တအားကြောက်ကြတယ်လေ တိုက်လေယာဉ်က ခနနဝဲတာ ဒီနှစ်ထဲမှာတင်ကို နေ့တိုင်း၊ အပတ်တိုင်း၊ လတိုင်းနီးပါးကို ဝဲတာ အဲ့ဒီကြောက်ရွံ့တာရော၊ အာဟာရမပြည့်ဝတာရော၊ ကျန်းမာရေးအသိပညာမရှိတာ သူတို့ ကိုယ်ဝန်ဆောင်တာဆောင်နေကြတာ ကိုယ်ဝန် ဘယ်နှစ်လရှိပြီလဲဆိုရင်လည်းမသိဘူး ဗိုက်နာလာပြီဆိုမှ ဗိုက်နာ လာပြီပေါ့ ကျန်းမာရေးအသိပညာပေးဖို့လည်း အတော်လေးလိုအပ်တယ်၊ အဓိက ကျန်းမာရေးဝန်ဆောင်မှုတွေကို အခုထက်ပိုပြီးတော့မှ ရရှိစေချင်တယ်” ဟု ကိုလောရင့်ကပြောသည်။ ယခုကဲ့သို့ ကလေးအသေမွေးဖွားမှုနှုန်းမြင့်တက်ခြင်းကြောင့် လောလောဆယ်တွင် ကလေးမယူကြဘဲ သန္ဓေတားဆီးများ ဆောင်ထားစေချင်သည်ဟု ၎င်းကဆက်ပြောသည်။ မင်းတပ်မြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူများကျန်းမာရေးစောင့်ရှောက်မှုအတွက် NGO…
(004SS) ချင်းပြည်နယ် မတူပီမြို့နယ်မှ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့ စစ်ဘေးတိမ်းရှောင်နေကြသော ပြည်သူများသည် မိုးကာ၊ ဆေးဝါးနှင့် အခြေခံစားနပ်ရိက္ခာများ အရေးပေါ်အကူအညီလိုအပ်နေကြောင်း Matupi Chin Refugee Committee ထံမှ သိရသည်။ “အိမ်တွေက ဝါးအိမ်၊ တဲအိမ်နဲ့ဆောက်တဲ့အခါကျတော့ အမိုးနဲ့အကာတွေကလဲ မိုးကာပဲဆိုတော့ လေမုန်တိုင်းလာတဲ့အချိန်မှာ မခံနိုင်ဘူးပေါ့နော်၊ တခါလာ ပျက်စီး၊ နှစ်ခါလာလဲ ပိုပြီးပျက်စီးတာပေါ့နော်။ မိုးကာတွေဆိုရင် တစ်နှစ်ပဲခံတယ်၊ မိုးရွာတဲ့အခါကျတော့ မိုးယိုတာတွေ၊ တချို့စခန်းမှာဆိုရင် မြောင်းဘေးမှာ အိမ်တွေဆောက်ထားတာဆိုတော့ မြောင်းရေ တိုက်စားပြီးတော့ အိမ်ပျက်စီးတာတို့၊ ပြိုတာတို့ရှိတယ်၊ အဲဒါတွေ ကျွန်တော်တို့ လက်တွေ့ခံစားနေရပါတယ်” ဟု စစ်ဘေးရှောင်များအရေး ဆောင်ရွက်ပေးနေသော MCRC မှ တာာဝန်ရှိသူက ပြောသည်။ MCRC အနေဖြင့် တတ်နိုင်သလောက် ကူညီထောက်ပံ့မှုများ ပေးအပ်ခဲ့သော်လည်း ဘဏ္ဍာရေးအခြေအနေကြောင့် အပြည့်အဝ ထောက်ပံ့ပေးနိုင်ခြင်းမရှိကြောင်း ၎င်းကဆိုသည်။ လက်ရှိတွင် မတူပီမြို့ပေါ်နှင့် အနီးနားပတ်ဝန်းကျေးရွာများမှ မီဇိုရမ်ပြည်နယ်သို့ စစ်ဘေးရှောင်လာကြသူ အယောက် ၁၂,၀၀၀ ကျော်ရှိကြောင်းသိရပြီး ၎င်းတို့အနက် ၉၀၀၀ ကျော်မှာ စစ်အာဏာသိမ်းပြီးနောက် တိမ်းရှောင်ကြသူများဖြစ်ကာ အယောက် ၂၀၀၀ ကျော်မှာ ပြီးခဲ့သည့်ဇွန်လအတွင်း မတူပီမြို့သိမ်းတိုက်ပွဲကြောင့် စစ်ဘေးတိမ်းရှောင်ခိုလှုံလာကြသူများဟု သိရသည်။ စစ်ဘေးရှောင်ကာလကြာမြင့်လာသည်နှင့်အမျှ ကျန်းမာရေးပိုင်းမှာလည်း အကူအညီများ လိုအပ်လျှက်ရှိသည်ဟု သိရသည်။“မနှစ်တုန်းကဆိုရင် NGO တွေက ဆေးခန်းမှာကြည့်ပေးတာပေါ့နော်။ ဒါပေမဲ့ အခုဆို သူတို့ project ကုန်သွားတာပေါ့နော်။ အခု စစ်ရှောင်တွေက သူတို့ဟာသူတို့ပဲဆေးခန်းသွားပြကြတယ်။ ရှိတဲ့သူဆီမှာချေး၊ မတတ်နိုင်ရင်တော့ မတတ်နိုင်သလို နေရတာပေါ့နော်။ ဒီဘက်မှာကျတော့ ပုဂ္ဂလိက…
(006SV) ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့သိမ်းစစ်ဆင်ရေးကို မကြာမီဖော်ဆောင်တော့မည်ဖြစ်ရာ “နောက်ဆုံးလှိုင်း အိမ်ပြန်လှိုင်း” ရန်ပုံငွေ ကမ်ပိန်း ၇ ညတွင် ဒေါ်လာ ၁ သိန်းကျော်ကို ထောက်ပံ့ကူညီမှု ရရှိထားကြောင်း PDF – Zoland ထံမှ သိရသည်။ “အောက်ချင်းငှက်တွေ သူတို့ အသိုက်၊ သူတို့ ပြန်ဖို့ အချိန်ရောက်ပြီဆိုတဲ့ ခေါင်းစဉ်နဲ့ပေါ့နော်။ ရန်ပုံငွေ ရှာရခြင်းဖြစ်တယ်။ အဲဒီအတွက် ကျနော်တို့ မြို့သိမ်းစစ်ဆင်ရေး လုပ်ဖို့လိုတယ်။ အများပြည်သူတွေအနေနဲ့ အခုကာလမှာ မြို့သိမ်းစစ်ဆင်ရေးက အခြေအနေပေးနေပြီဆိုတော့ တော်လှန်ရေးကို ပြည်သူတွေအနေနဲ့ ထောက်ပံ့ကူညီပေးစေလိုပါတယ်။ များများထောက်ပံ့လေ အမြန်ဆုံး ကိုယ့်အိမ်ကို မြန်မြန်ပြန်နိုင်မှာဖြစ်ပါတယ်” ဟု PDF – Zoland ၊ ပြောရေးဆိုခွင့်ရှိသူ ကိုရောဘတ်က ပြောသည်။ နောက်ဆုံးလှိုင်း အိမ်ပြန်လှိုင်း ရန်ပုံငွေကမ်ပိန်းသည် မြို့သိမ်းစစ်ဆင်ရေးအတွက် စားနပ်ရိက္ခာပိုင်းနှင့် လက်နက်ခဲယမ်းများ ဖြည့်တင်းနိုင်ရေး အဓိက ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းကမ်ပိန်းကာလ ၇ ရက်အတွင်း ဒေါ်လာ ၁ သိန်း ၂ သောင်းခန့် ရရှိထားပြီးဖြစ်ကြောင်း၊ ကမ်ပိန်းမှာ နေ့စဉ်ဖော်ဆောင်ခြင်းမျိုးမဟုတ်ပဲ ကမ်ပိန်းရက်များကို ရက်ခြားနား၍ ဖော်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။ မြို့သိမ်းစစ်ဆင်ရေးကို မကြာမီ အကောင်အထည်ဖော်တော့မည်ဟူ၍ ပြောနိုင်သော်လည်း မည်သည့်အချိန်တွင် ဖော်ဆောင်မည်ကို ပြော၍မရသေးကြောင်း PDF – Zoland ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ချင်းညီနောင်အဖွဲ့သည် ၂၀၂၄ ခုနှစ်အတွင်း ချင်းပြည်နယ်ကို စစ်ကောင်စီကင်းစင်ရေး စစ်ရေးရည်မှန်းချက် ချမှတ်ထားကြောင်း ထုတ်ပြန်ထားသည်။ မေလကုန်ပိုင်းက တီးတိန်မြို့ပေါ်ရှိ စစ်ကောင်စီစခန်းများကို…
ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်- ZCD က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပြန်လည်လျှောက်ထားချက်ကို စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ငြင်းပယ်လိုက်သည်ဟု သိရသည်။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒမ ၆ ပါပြဠာန်းချက်များနှင့် ညီညွတ်ခြင်းမရှိဟုဆိုကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စုံညီအစည်းအဝေးဆုံးဖြတ်ချက်အရ ငြင်းပယ်လိုက်ခြင်းဖြစ်သည်ဟု ဩဂုတ်လ ၅ ရက်နေ့မှာ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သည်။ စစ်ကောင်စီသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသစ်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့မှာ ထုတ်ပြန်ပြီး ယခင်ရှိနေသောနိုင်ငံရေးပါတီများကို ပြန်လည်မှတ်ပုံတင်ခိုင်းခဲ့ပြီး ရက်ပေါင်း ၆၀ အတွင်း ပါတီမှတ်ပုံပြန်မတင်သည့် နိုင်ငံရေးပါတီများ အလိုအလျောက်ပျက်ပြယ်မည်ဖြစ်ကြောင်းကြေညာခဲ့သည်။ ZCD ပါတီဟာ ချင်းနိုင်ငံရေးပါတီများထဲမှာ ပထမဦးဆုံး ပါတီမှတ်ပုံတင် ပြန်လည်လျှောက်ထားသည့် ပါတီဖြစ်သည်။ ကျန်ချင်းနိုင်ငံရေးပါတီများဖြစ်ကြသော ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD)၊ တိုင်းရင်းသားလူမျိုးစုများ ဖွံ့ဖြိုးရေးပါတီ၊ ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေပါတီ၊ ချင်းတိုင်းရင်းသားများပါတီ၊ အရှိုချင်းအမျိုးသားပါတီတို့မှာ စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ထံ နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်းခြင်း မရှိခဲ့ကြပေ။ ZCD ပါတီဟာ ZNC ပါတီအမည်ဖြင့် ၁၉၉၀ ရွေးကောက်ပွဲတုန်းက တီးတိန် နှင့် တွန်းဇံမြို့နယ်မှာအနိုင်ရရှိခဲ့ပြီး၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ချင်းပြည်နယ်တွင် မဲဆန္ဒနယ်မြေ ၆ နေရာ၊ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်မြေ ၂ နေရာ အသီးသီးအနိုင်ရရှိခဲ့သည်။
တနိုင်ငံလုံးရှိ တော်လှန်ရေးအဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဟု ဆို (006SV) ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တို့ကို မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့နှင့် မိတ်ဖက်တော်လှန်ရေးအင်အားစုများမှ သိမ်းပိုက်နိုင်ခြင်းကို ချင်းညီနောင်မှ ဝမ်းသာဂုဏ်ယူကြောင်း ဩဂုတ်လ ၅ ရက်က ထုတ်ပြန်သည်။ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တရားမျှတမှု၊ အပြန်အလှန်လေးစား တန်ဖိုးထားမှု၊ အမျိုးသားတန်းတူရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်ရေးတွင် တနိုင်ငံလုံးရှိ တော်လှန်ရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းညီနောင် (CB) အဖွဲ့က ဂုဏ်ပြုသဝဏ်လွှာပေးပို့ရာတွင် ထုတ်ဖော်ပြောဆိုသည်။ ၂၀၂၄ ခုနှစ်အတွင်း ချင်းပြည်နယ်တွင် စစ်ကောင်စီကင်းစင်ရေး စစ်ရေးရည်မှန်းချက် ချမှတ်ထားပြီး မိမိတို့ ထိန်းချုပ်လှုပ်ရှားနယ်မြေများကို မကြာမီကာလအတွင်း စစ်ကောင်စီ ကင်းစင်နယ်မြေဖြစ်စေရန် မဆုတ်မနစ် ကြိုးပမ်းအားထုတ်လျက်ရှိကြောင်း ချင်းညီနောင်က ထုတ်ပြန်သည်။ အာရက္ခတပ်တော် (AA) ၊ ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA) စသည့် ညီနောင်မဟာမိတ် (၃) ဖွဲ့နှင့် အခြားမိတ်ဖက်တော်လှန်ရေးအင်အားစုများက သိမ်းယူထားသည့် မြို့များတွင် အသက်အိုးအိမ်နှင့် အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန် ဆောင်ရွက်နေမှုကို အားရယုံကြည်ကြောင်း ချင်းညီနောင်က သဝဏ်လွှာပေးပို့ ပြောဆိုသည်။ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အမြန်ဆုံးပြန်လည် တည်ဆောက် နိုင်ပါစေကြောင်း၊ ၁၀၂၇ ဒုတိယလှိုင်း၏ စစ်ရေးအရှိန် အောင်မြင်မှုသည် ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် မန္တလေးတိုင်းများအထိ စစ်ရေးအောင် မြင်မှုများအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း ချင်းညီနောင်က ပြောသည်။ ဩဂုတ်လ ၃ ရက်က လားရှိးမြို့နှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) တို့ကို မြောက်ပိုင်းညီနောင်မဟာမိတ် (၃)…
(006SV) ချင်းပြည်နယ်အတွင်း လိုအပ်နေသည့် နေရာများတွင် ကျန်းမာရေးစောင့် ရှောက်မှုလွှမ်းခြုံခြင်း ကောင်းမွန်စေရေးအတွက် ချင်းပြည်ကျန်းမာရေး ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နိုင်မည့် သင်တန်းသူ/သားများကို ဖိတ်ခေါ်နေကြောင်း သိရသည်။ ချင်းပြည်အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ကြားကာလ မြန်မာသူနာပြုနှင့် ဝမ်းဆွဲအတတ်ပညာသင်တန်းကျောင်းကောင်စီတို့ ပူးပေါင်း၍ သူနာပြုနှင့် ဝမ်းဆွဲအတတ်ပညာ ဒီပလိုမာတန်းကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ မှစတင်၍ ၃ နှစ်ကြာ သင်ကြားပေးမည်ဖြစ်သည်။ လျှောက်လွှာတွေကို သက်ဆိုင်ရာ ဒေသန္တာရအုပ်ချုပ်ရေးနှင့် ကျန်းမာရေး ကိုယ်စားလှယ်ထံတွင် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၅ ရက် နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်ကြောင်း ချင်းကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ်လ ၆ ရက်က သတင်းထုတ်ပြန်သည်။ လျှောက်ထားသူများတွင် ၁၀ တန်းအောင်မြင်ပြီးသူများကိုလည်း ထည့်သွင်းစဉ်းစားသွားမည်ဖြစ်ပြီး ၂၀၂၁ မတိုင်မီ အောင်မြင်သူများနှင့် ၂၀၂၁ နောက်ပိုင်း NUG အစိုးရ၏ တက္ကသိုလ်ဝင်တန်းအောင်မြင်သူများဖြစ်ရမည်ဟု ဆိုသည်။ CDM midwife (ဝမ်းဆွဲဆရာမ/ CDM Midwifery student) များလည်း လျှောက်ထားနိုင်ပြီး CDM midwife ဖြစ်ပါက သက်ဆိုင်ရာ ဒေသန္တာရ အုပ်ချုပ်ရေးနှင့် ကျန်းမာရေးကိုယ်စားလှယ်တို့၏ CDM ဖြစ်ကြောင်း ထောက်ခံစာ တင်ပြနိုင်ရမည်ဟု သိရသည်။ သင်တန်းပြီးမြောက်ပါက ချင်းပြည်တွင် အနည်းဆုံး ၃ နှစ် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်၊ လူဦးရေကန့်သတ်ထားပြီး လူတွေ့စစ်ဆေးခြင်းပြုလုပ်သွားမည်ဟု သိရသည်။ ချင်းပြည်အတွင်း ကြုံတွေ့နေရသော ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ရှားပါးခြင်းကို ဖြေရှင်းနိုင်ရေးနှင့် ချင်းပြည်၏ ပိုမိုလိုအပ်သော နေရာအတွက် ကျန်းမာရေးစောင့်ရှောက်မှု လွှမ်းခြုံမှု…
(006SV/004SS) ချင်းပြည်နယ်၊ ထန်တလန်မြို့က စစ်ကောင်စီရဲ့ အထိုင်စခန်းကြီးဖြစ်သည့် ၂၆၉ တပ်ကုန်းကို ယနေ့မနက်ပိုင်းတွင် ချင်းပြည်အစိုးရ ပူးပေါင်းတပ်များက အပြီးသိမ်းလိုက်ပြီး စခန်းငယ် ၂ ခုကို ရှင်းလင်းပြီးပါက ထန်တလန်မြို့နယ်တစ်ခုလုံး စစ်ကောင်စီ ကင်းစင်တော့မည်ဖြစ်ကြောင်း သိရသည်။ “ကျနော်တို့ ဒီမနက်ပဲ ထန်တလန်က စစ်ကောင်စီရဲ့ ၂၆၉ အထိုင်တပ်ကုန်းကြီးတစ်ခုလုံးကို အပြီးသိမ်းနိုင်ခဲ့ပြီ။ ဒါပေမယ့် အဲဒီမှာ မြို့ထဲမှာ ရှိတဲ့ ကင်းစခန်းငယ် ၂ ခုကတော့ ကျန်ပါသေးတယ်။ အဲဒါတွေကို ဆက်လက်ပြီး သိမ်းဖို့ လုပ်နေတယ်။ မကြာခင်တော့ အဲဒါတွေလည်း စိုးမိုးထားနိုင်တော့မယ်လို့ ပြောလို့ရတယ်” ဟု ချင်းအမျိုးသားတပ်ဦး CNF/ CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ ယနေ့ မနက် ၉ နာရီခန့်တွင် ထန်တလန်မြို့ပေါ်က စစ်ကောစီတပ်ဖွဲ့ အခိုင်အမာချထားသည့် ခြေလျင်တပ်ရင်း ၂၆၉ တပ်ကုန်းကို ချင်းပြည်အစိုးရ ပူးပေါင်းတပ်များက နှစ်ပတ်နီးပါးကြာ တိုက်ခိုက်ပြီးနောက် အပြီးသတ်သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ မြို့ပေါ်ရှိ ချင်းပြည်သူအားလုံး စွန့်ခွာထားရသည့် ထန်တလန်မြို့ပေါ်တွင် စစ်ကောင်စီသည် ခလရ – ၂၆၉ တပ်ကုန်းတွင် အခိုင်အမာတပ်စွဲပြီး မြို့ပေါ်ရှိ ဗျူဟာအရ အရေးပါသော နေရာ ၇ ခုတွင် စခန်းငယ်များ တည်ဆောက်ကာ တပ်ဖြန့်နေရာယူထားကြောင်း သိရသည်။ “သူတို့တပ်ကုန်းမှာ ကျွန်တော်တို့ အလံကိုလဲ ချိန်နိုင်ခဲ့ပြီ။ လက်နက်တော်တော်များများကိုလဲ သိမ်းနိုင်တယ်။ လက်နက်ကြီး၊ ငယ်၊ ကျည်စသဖြင့်လက်နက်ကတော့ များတယ်။ အခု ကျန်တဲ့ဟာကိုတော့ ခဏနဲ့ အပြီးသိမ်းနိုင်မယ်လို့မျှော်လင့်တယ်” ဟု CDF-Thantlang…
