Author: Editor

(006SV) နေပြည်တော်တွင် ယနေ့ပြုလုပ်သော ကာ/လုံအစည်းအဝေးတွင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့ကိုယ်သူ ယာယီသမ္မဟု စတင်သုံးစွဲပြီး စစ်ကောင်စီသက်တမ်းကို နောက်ထပ် ၆ လ ထပ်မံတိုးလိုက်ကြောင်း သိရသည်။ ယနေ့ ဇူလိုင်လ ၃၁ ရက်တွင် ကာလုံအစည်းအဝေးကို နေပြည်တော်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဝန်ကြီးချုပ်ရာထူးများ ရယူထားသည့် စစ်ခေါင်းဆောင်သည် ယာယီသမ္မတအဖြစ် စတင်သုံးစွဲ၍ အာဏာသိမ်းထိပ်တန်းခေါင်းဆောင် ၇ ဦးနှင့်တူ ကျင်းပပြုလုပ်ခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှစတင်၍ အာဏာသိမ်းခဲ့သော စစ်ကောင်စီသည် ၎င်း၏သက်တမ်းကို ၆ လတစ်ကြိမ်တိုးလာခဲ့ရာ ယနေ့ ၆ ကြိမ်မြောက် သက်တမ်းတိုးမှုသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်အထိ အသက်ဝင်မည်ဖြစ်သည်။ ကာလုံအစည်းဝေးကို သမ္မတဦးမြင့်ဆွေက ကျန်းမာရေးကြောင့် လွှဲပြောင်းပေးပြီးနောက် စစ်ခေါင်းဆောင်က ယာယီသမ္မတအဖြစ် ပထမဆုံးအကြိမ် တာဝန်ယူ၍ ဦးဆောင်ကျင်းပခြင်းဖြစ်သည်။ ယနေ့ ကာလုံအစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော် ကာကွယ်ရေးစစ်ဦးစီးချုပ်အနေဖြင့် နိုင်ငံ၏ လက်ရှိအခြေအနေ ဖတ်ကြားတင်ပြကာ သူကိုယ်တိုင်က ယာယီသမ္မတအဖြစ် အတည်ပြုခဲ့ခြင်းဖြစ်သည်။ ၂၀၁၅ ခုနှစ်က စစ်တပ်က ဒု-သမ္မတအဖြစ် တင်မြောက်ခဲ့သော ဦးမြင့်ဆွေ (၇၃ နှစ်) သည် အာရုံကြောနှေးကွေးတုံ့ဆိုင်းသောရောဂါကို ဆိုးဝါးစွာ ခံစားနေရကြောင်း စစ်ကောင်စီက ဇူလိုင်လ ၁၈ ရက်က အကျယ်တဝင့် သတင်းထုတ်ပြန်ခဲ့သည်။ ထို့နောက် စစ်ခေါင်းဆောင်သည် ယာယီသမ္မတရာထူးကို ဇူလိုင်လ ၂၂ ရက်နေ့မှာ လွှဲပြောင်းရယူခဲ့သည်။

Read More

(004SS) ချင်းပြည်နယ်၊ ဟားခါးမြို့မ ရဲစခန်းအချုပ်ထောင်မှ CDF-Hakha တပ်ဖွဲ့က ကယ်ထုတ်ခဲ့သော အကျဉ်းသူ/သား ၆၂ ဦးအနက် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံရသူ ၇ ဦးပါဝင်ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က ယမန်နေ့ ဇူလိုင် ၃၀ ရက်နေ့တွင် ထုတ်ပြန်သည်။ ဇူလိုင်လ ၂၀ ရက်နေ့တွင် Operation Rung အမည်နဲ့ CDF – Hakhaမှ ဟားခါးမြို့မရဲစခန်းအား တိုက်ခိုက်ခဲ့ပြီး အကျဉ်းချခံရသူ အမျိုးသား ၄၉ ဦးနှင့် အမျိုးသမီး ၁၃ ဦး စုစုပေါင်း ၆၂ ဦးကို ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါကယ်ထုတ်ခံရသူများအနက် စစ်ခုံရုံးက ထောင်ဒဏ်တစ်သက် တစ်ကျွန်း ချမှတ်ခဲ့သည့် အရပ်သား ၇ ဦးပါဝင်ပြီး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ထောင်ဒဏ် ၅ နှစ် ချမှတ်ခံရသူ ၁၅ ဦး၊ ထောင်ဒဏ် ၇ နှစ်ချမှတ်ခံရသူ ၁၅ ဦး၊ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံရသူ ၉ ဦးနှင့် ထောင်ဒဏ် ၆ နှစ်၊ ၈ နှစ်၊ ၁၃ နှစ် ချမှတ်ခံရသူ ၃ ဦး ပါဝင်ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO ) ၏ ထုတ်ပြန်ချက်အရ သိရသည်။ ဟားခါးမြို့မရဲစခန်းတိုက်ခိုက်မှုတွင် ရဲတပ်သား ၃ ဦးသေဆုံးခဲ့သည်နည်းတူ ဒါဏ်ရာရရှိသူများပြားခဲ့ပြီး လက်နက်ခဲယမ်း များကိုလည်း CDF – Hakha မှ သိမ်းဆည်းရရှိခဲ့သည်။…

Read More

(006SV) CDF- မတူပီ၊ တပ်မဟာ – ၁ ၏ မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးပြန်လည်ဖွဲ့စည်းမှုသည် ယခင်ဖွဲ့စည်းထားသော မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအာဏာကို အဓမ္မလုယူခြင်းသာဖြစ်ကြောင်း CDF- မတူပီ၊ တပ်မဟာ ၂ က ပြောဆိုသည်။ ဇူလိုင်လ ၂၆ ရက်က CDF- မတူပီ၊ တပ်မဟာ – ၁ ၏ မတူပီမြို့နယ်ပအဖ ဖွဲ့စည်းခြင်းသည် လူနည်းစုက ဖွဲ့စည်းသော အဖွဲ့ဖြစ်ပြီး ပြည်သူ့ညီလာခံဖြင့် ၂၀၂၂ ၊ အောက်တိုဘာလ ၆ ရက်က ဖွဲ့စည်းထားသော မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အာဏာကို အတင်း အဓမ္မ လုယူခြင်းသာဖြစ်ကြောင်း CDF- မတူပီ၊ တပ်မဟာ – ၂ က ဇူလိုင် ၂၈ ရက်စွဲဖြင့် ယမန်နေ့က ထုတ်ပြန်သည်။ “ဒီမြို့ဟာ တစ်ဦးတစ်ယောက် လူနည်းစုနည်းနည်းလေးနဲ့ အုပ်ချုပ်ရေးဖွဲ့တာတွေက ဒါ မဖြစ်သင့်ဘူး။ မတူပီမြို့ ပြည်သူအားလုံးက ပြည်သူညီလာခံကျင်းပပြီးမှပဲ အုပ်ချုပ်ရေးဆိုတဲ့ဟာကို ဖော်ဆောင်လို့ရတယ်။ ကျေးရွာပေါင်းစုံကနေ တက်လာမယ့် အုပ်ချုပ်ရေးမှူးတွေကအစ၊ အားလုံးညီလာခံကြီးခေါ်ပြီးမှ မတူညီတဲ့ အခန်းကဏ္ဍကနေ တူညီတဲ့ အုပ်ချုပ်ရေးကဏ္ဍအထိ ဖော်ဆောင်နိုင်တဲ့ အုပ်ချုပ်ရေးမျိုးကို လိုချင်တယ်” ဟု CDF – မတူပီ၊ တပ်မဟာ – ၂ ပြောရေးဆိုခွင့်ရှိသူ ကိုနိုင်ဂျွန်က ပြောသည်။ မတူပီမြို့နယ်ပအဖသည် ရပ်ကွပ်၊ ကျေးရွာမှ အမှတ်၊ တိုက်နယ်၊ ယင်းမှ မြို့နယ်အဖြစ် ပြည်သူ့ညီလာခံခေါ်ယူ၍ အများသဘောတူ ရေးဆွဲသော အုပ်ချုပ်ရေးနည်းဥပဒေဖြင့်သာ ဖွဲ့စည်းတည်ဆောက်ရမည်ဟု…

Read More

(004SS) ချင်းပြည်နယ်၊ မြို့တော် ဟားခါးမြို့ပေါ်တွင် ခွေးမွေးသူများအနေဖြင့် ဩဂုတ်လ ၁ ရက်နေ့ နောက်ဆုံးထားကာ မိမိခွေးများကို ရောင်းချရန်နှင့် ရောင်း၍မရပါက သတ်ကြရန် CDF-Hakha က ယနေ့ ဇူလိုင် ၃၀ ရက်နေ့တွင် ထုတ်ပြန်သည်။ ခွေးရှိခြင်းကြောင့် တော်လှန်ရေးလုပ်ငန်းများ အနှောက်အယှက်ဖြစ်စေသည်သာမက မိမိနှင့် သက်ဆိုင်ရာလူပိုဂ္ဂိုလ်များ၊ တော်လှန်ရေးတပ်ဖွဲ့များအား နစ်နာစေနိုင်သည့်အတွက်ကြောင့် ထုတ်ပြန်ရခြင်းဖြစ်သည်ဟုဆိုသည်။ “မြို့ပေါ်က ခွေးတွေဟာ သူများကို ကြောက်လန့်စေသလို တော်လှန်ရေးအတွက်လည်း တော်တော်ကို အနှောက်အယှက်ပေးတဲ့အတွက် လာမဲ့ ဩဂုတ်လ ၁ ရက်နေ့ နောက်ဆုံးထားပြီး မိမိမွေးထားတဲ့ခွေးတွေ ရောင်းရင်ရောင်း၊ မရောင်းရင် သတ်ကြဖို့ ကြေညာလိုက်ပါတယ်။ ခွေးဟောင်လို့ ဟောင်တဲ့ဘက်ကို စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်တာတွေ လုပ်နိုင် တယ်။ အဲလိုချိန်ကျရင် မိမိရပ်ကွက်၊ အိမ်နီးနားချင်းများအတွက် အခက်အခဲတွေ ကြုံတွေ့စေနိုင်တယ်။ ပြီးတော့ တော်လှန်ရေးသမားတွေလည်း ဒုက္ခရောက်နိုင်တယ်” ဟု CDF Hakha ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ထို့အပြင် အိမ်ပြင်ထွက်လာသော ခွေးများအား မည်သူမဆို သတ်ပိုင်ခွင့်ရှိမည်ဖြစ်ပြီး ခွေးပိုင်ရှင်များကိုလည်း ပြစ်ဒဏ်ပေးမည်ဖြစ်သည်ဟု CDF-Hakha က ဆိုသည်။ စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်ရန် အချိန်နီးကပ်‌လာပြီဖြစ်သောကြောင့် ၂၀၂၄ ခုနှစ်အတွင်း တော်လှန်ရေး အောင်မြင်မှုရရှိနိုင်ရန် ဆုတောင်းခြင်းနှင့် လှူဒါန်းပေးကမ်းခြင်းအား လက်မနှေးစေဘဲ အတူတကွ ပါဝင်ကြရန်လည်း CDF-Hakha က တိုက်တွန်းထားပါသည်။

Read More

ရေး – Salai Van Lian Thang ∎ ကွပ်ကဲမှုဖွဲ့စည်းပုံနှင့် စစ်ကောင်စီ၏ စစ်ဗျူဟာအဖွဲ့ အခြေချ (စဗခ) မြန်မာစစ်တပ်သည် တိုင်းစစ်ဌာနချူပ်တစ်ခု၏ အရေးပါသော နယ်မြေများကို အခြေချစစ်ဗျူဟာနယ်မြေ (စဗခ) အဖြစ် အသေသတ်မှတ်ပြီး ကျန်နေရာများကို ပြုပြင်ပြောင်းလွယ်သည့် လှုပ်ရှားစစ်ဗျူဟာနယ်မြေ (စဗဟ) အဖြစ် သတ်မှတ်သည်။ ပုံသေမဟုတ်သော်လည်း စစ်တိုင်းတစ်ခုတွင် စဗခ နှစ်ခု၊ စဗဟ နှစ်ခုခန့် ထားရှိသည်။ မုံရွာမြို့အခြေစိုက် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နမခ) ၏ ကွပ်ကဲမှုအောက်တွင် ချင်းပြည်နယ်မြောက်ပိုင်း၌ ဟားခါးမြို့ကို အခြေပြု၍ စစ်ဗျူဟာအဖွဲ့ (အခြေချ) ဟားခါးနှင့် ချင်းပြည်နယ်တောင်ပိုင်း၌ မတူပီမြို့ကို အခြေပြု၍ စစ်ဗျူဟာအဖွဲ့ (အခြေချ) မတူပီ ဆိုပြီး အခြေချစစ်ဗျူဟာနှစ်ဖွဲ့ (Tactical Operation Commands –TOC) ကို အသေသတ်မှတ်ထားရှိပါသည်။ မင်းတပ်တိုက်ပွဲတွင် စစ်ကောင်စီတပ်များ အထိနာဆုံးရှုံးခဲ့ပြီးနောက် မင်းတပ်မြို့ကို အခြေပြု၍ စစ်ဗျူဟာ အဖွဲ့ အသစ် (TOC) ကို ချထားသည်ဟု ရေးသားမှု အချို့ရှိသော်လည်း ထိုကဲ့သို့ ဖွဲ့စည်းပါက လှုပ်ရှားစစ်ဗျူဟာ (စဗဟ) ဖြစ်ဖို့များပြီး၊ စစ်ဗျူဟာအခြေချ (စဗခ) မဟုတ်လောက်ပေ။ စဗဟ ကို လှူပ်ရှား အမှတ် (၁) စစ်ဗျုဟာအဖွဲ့ စသဖြင့် အမည်သတ်မှတ်ပါသည်။ ထို့ကြောင့် ဤ တပ်ကွပ်ကဲမှုဖွဲ့စည်းပုံတွင် “အခြေချ” သို့မဟုတ် “အထိုင်တပ်ရင်း၊ အထိုင်ဗျုဟာကုန်း၊ အထိုင်စခန်း” စသည့် အသုံးအနုန်းသည် အဓိပ္ပါယ်ရှိပါသည်။ အခြေချစစ်ဗျူဟာအဖွဲ့ (စဗခ)…

Read More

(002MG) ချင်းပြည်နယ် ဖလမ်းမြို့ပေါ်တွင် အထိုင်ချတပ်စွဲထားသည့် ခလရ ၂၆၈ တပ်ရင်းက ယမန်နေ့ညက လက်နက်ကြီး အနည်းဆုံး ၈ ကြိမ်ခန့် ပစ်ခတ်မှုကြောင့် မြို့ပေါ်ရပ်ကွက်နှင့် အနီးနားကျေးရွာများတွင် ကျရောက်ပေါက်ကွဲကာ အရပ်သားနှင့် လူနေအိမ်များ ထိခိုက်မှုရှိခဲ့ကြောင်း သိရသည်။ ဖလမ်း မြို့ခံတဦးက “မနေ့ညက တပ်ကုန်းကနေပစ်တာက အနည်းဆုံး ၈ လုံးလောက်ရှိတယ်။ Thanhniar ရွာမှာကျတာ အိမ်တလုံးပျက်တယ် Congthe ရွာမှာကျတယ် အိမ်ပျက်တယ်၊ ကလေးတစ်ယောက်ထိတယ်၊ ဖလမ်းကနေ ဟားခါးသွားတဲ့လမ်း လုံးပီးရပ်ကွက် စိုက်သိပ္ပံကျောင်းမှာ လက်နက်ကြီး ၂ လုံးကျတယ်၊ လုံပီးရွာမှာပဲ မီးသတ်ရုံးမှာကျတာ အိမ်တလုံးပျက်တယ်၊ Zalai ရွာမှာ ၂ လုံးကျပြီး လူကြီးတစ်ဦးထိတယ်” ဟု ပြော သည်။ လက်နက်ကြီးကြောင့် Zalai ကျေးရွာက အသက် ၃၆ နှစ်အရွယ် အမျိုးသားတဦးနှင့်၊ Congthe ကျေးရွာက ကလေးငယ်တဦးတို့သည် မစိုးရိမ်ရဒဏ်ရာရရှိကြသည်ဟု သိရသည်။ ဖလမ်းမြို့တွင် အခြေစိုက်တပ်စွဲထားသော စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ၂၆၈ ကို ချင်းကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်တော့မည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီးနောက် မြို့ခံပြည်သူများအကြား စိုးရိမ်ပူပန်မှုမြင့်တက်လာကာ မြို့ပေါ်လူဦးရေ ၆၀ ရာခိုင်းနှုန်းမှာ မြို့ကိုစွန်ခွါတိမ်းရှောင်နေကြသည်ဟု သိရသည်။ ယမန်နေ့ည လက်နက်ကြီးပစ်ခတ်မူကြောင့် မြို့ပေါ်တွင် ကျန်ရှိနေသည့် ပြည်သူများသည် ယနေ့တွင် စစ်ဘေးတိမ်းရှောင် ရန် ပြင်ဆင်လာကြကာ မြို့တွင်း စျေးဆိုင်များလည်း ပိတ်သိမ်းမှုများလာကြောင်း မြို့ခံက ဆက်ပြောသည်။ “စားသောက်ဆိုင်တွေလည်းပိတ်လာတာများလာပြီ။ ဒီနေ့ဆိုရင် ဒီဇယ်၊ဓာတ်ဆီဝယ်စရာတောင်မရှိတော့ ဘူး။ ကားတွေ လည်း…

Read More

ချင်းပြည်နယ် ဖလမ်းမြို့နယ်တွင် စစ်ဘေးရှောင်များလိုက်ပါသည့် မော်တော်ယာဉ်တစ်စီး ယနေ့ညနေပိုင်းက တိမ်းမှောက်ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ယနေ့ ဇူလိုင် ၃၀ ရက်နေ့မှာ ဖလမ်းမြို့မှ ကလေးနယ်စပ် Pahmunchaung ကျေးရွာဘက်သို့ စစ်ဘေးတိမ်းရှောင်ရန် သွားနေစဉ်မှာ ဖလမ်း-ဝေဘူလ ကားလမ်းမပေါ်က Hmunli ကျေးရွာမရောက်ခင် ညနေပိုင်း ၄ နာရီခန့်တွင် မတော်တဆ တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဖလမ်းမြို့ဒေသခံတစ်ဦးက ပြောသည်။ “သူတို့က စစ်ဘေးရှောင်ဖို့သွားကြတာ လမ်းအတက်မှာ ကားက စက်ရပ်သွားလို့ နောက်ပြန်လိမ့်လာပြီး ကျောက်ကမ်းပါးထဲကို ပြုတ်ချသွားတာ” ဟု ဖလမ်းမြို့ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါကားထဲမှာ စစ်ဘေးတိမ်းရှောင်ကြမည့်ကလေးငယ် ၃ ယောက်အပါအဝင် ပြည်သူ ၈ ဦး လိုက်ပါသွားပြီး မတော်တဆမှုကြောင့် သေဆုံးသွားသူမှာ ဖလမ်းမြို့ Cinmaul ရပ်ကွက်နေ အသက် ၆၀ အရွယ် Nu Khen Rem ဖြစ်သည်ဟု သိရသည်။ ကားသမားအပါအဝင် ကျန် ၇ ဦးမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြသည်ဟုသိရသော်လည်း အသေးစိတ်မသိရပေ။ ဖလမ်းမြို့တွင် မြို့သိမ်းတိုက်ပွဲဖော်ဆောင်တော့မည်ဟုသတင်းထွက်ပေါ်ခဲ့ပြီးနောက် ဇူလိုင်တတိယပတ်လောက်ကစ၍ မြို့ပေါ်နေပြည်သူထက်ဝက်ကျော် ခန့်မှာ ကျေးရွာများ၊ နီးစပ်ရာမြို့များ၊ ပြည်မဘက်နှင့် အိန္ဒိယနယ်စပ်ဘက်သို့ ကားငှါး၍ဖြစ်စေ၊ ဆိုင်ကယ်ဖြင့်ဖြစ်စေ စစ်ဘေးတိမ်းရှောင်နေကြဆဲဖြစ်သည်။

Read More

(004SS) ချင်းပြည်နယ် မြောက်ပိုင်း၊ ဖလမ်းမြို့တွင် မြို့သိမ်းတိုက်ပွဲဖြစ်ပွားမည်ဟုသတင်းထွက်ပေါ်လာပြီးနောက် မြို့ပေါ်ဒေသခံ ထက်ဝက်ကျော်သည် နေရပ်စွန့်ခွာထွက်ပြေးနေကြကြောင်း ဒေသခံများထံမှ သိရသည်။ ဖလမ်းမြို့တွင် အခြေစိုက်တပ်စွဲထားသော စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ၂၆၈ ကို ချင်းကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်တော့မည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီးနောက် မြို့ခံပြည်သူများအကြား စိုးရိမ်ပူပန်မှုမြင့်တက်လာသောကြောင့် မြို့ကိုစွန်ခွါထွက်ပြေးသူ တရက်ပြီးတရက်ပိုများလာပြီး ယခုအခါ မြို့ပေါ်လူဦးရေ၏ ၆၀ ရာခိုင်နှုန်းခန့်မှာ စစ်ဘေးတိမ်းရှောင်ကြပြီဟု သိရသည်။ “စစ်ဘေးရှောင်တာက အခု တော်တော်များများ ၆၀ ရာခိုင်နုန်းလောက်ကတော့ ပစ္စည်းဥစ္စာ‌တွေ အကုန်လုံး သယ်သွားကြပြီ။ တချို့က ရွာဘက်မှာပဲ တချို့က ကလေးမြို့ဘက်မှာပဲ၊ တချို့ဆိုင်ကြီးတွေဆိုလို့ရှိရင် သူတို့ ပစ္စည်းတွေကို ကလေးမြို့ဘက် ပို့ကြပြီ။ ဒီတပါတ်ဆိုရင်တော့ အားလုံး နီးပါတော့ ပြေးကုန်မှာ သေချာလောက်ပြီ။ ခန့်မှန်းချက်အရပေါ့နော်” ဟု ဖလမ်းမြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ ဖလမ်းမြို့ဒေသခံများသည် နေ့စဉ်နှင့်အမျှ ‌ဘေးကင်းလုံခြုံရာသို့ ကား၊ ဆိုင်ကယ်များဖြင့် ထွက်ပြေးနေကြရာ လက်ရှိ ဖလမ်းမြို့ပေါ်တွင် ဒေသခံ အနည်းစုသာ ကျန်ရှိနေပြီး ဈေးဆိုင်အများစုမှာလည်း ဖွင့်လှစ်ထားခြင်းမရှိတော့ကြောင်း သိရသည်။ “မြို့ပေါ်မှာ အနည်းစုလောက်ပဲ၊ အခုက ဖုန်းဆိုင်တို့၊ အီလက်ထရောနစ်ဆိုင်တို့ ဆိုင်ကြီးတွေ ဆိုလို့ရှိရင်လဲ ဝယ်ဖို့တောင် မရှိတော့ဘူးဖြစ်နေတယ်။ ထမင်းဆိုင်တွေတောင်မှ သူတို့ကလေးမြို့ကို ဆင်းနေကြပြီ။ အရေးကြီးတဲ့ပစ္စည်းတွေဆိုရင်တော့ သူတို့သယ်ကုန်ကြပြီ။ မြို့ပေါ်မှာ တော့ အနည်းစုပဲကျန်နေသေးတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ပြီးခဲ့သည့် သောကြာနေ့က အခြခံကျောင်းများတွင် ကျောင်းတွင်းစစ် စာမေးပွဲဖြေဆိုခြင်း ပြီးဆုံးသွားပြီဖြစ်သောကြောင့် ကျောင်းသူ၊ ကျောင်းသားများသည် ရွာဘက်သို့ ပြန်ကုန်ကြပြီဖြစ်သလို…

Read More

(006SV) ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် မတူပီမြို့တွင် အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ပြန်လည်ဖွဲ့စည်းကြောင်း CDF – မတူပီ၊ တပ်မဟာ -၁၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။ “ပြည်သူလူထုတွက် အဓိက လိုအပ်ချက်ဖြစ်တဲ့ အခြေခံစားသောက်ကုန်များ၊ မြို့တွင်းရေ ရရှိနိုင်ရေးတို့တွက် ဆက်လက်လုပ်ဆောင်နေဆဲပါ။ မကြာခင် စစ်ရှောင်တွေ ဝင်ရောက်နေထိုင်နိုင်အောင် လုပ်ဆောင်နေဆဲပါ။ စစ်ဘေးရှောင်တွေ ပြန်လည်နေထိုင်ဖို့က စာနဲ့ ထုတ်ပြန်သွားမှာပါ။ အမြန်ဆုံး နေထိုင်နိုင်အောင် ကြိုးစားနေပါတယ်” ဟု မတူပီမြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ လူထုအတွက် လိုအပ်သော အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော်ဆောင်ရန် ဇူလိုင်လ ၂၀ ရက်က မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ CDF- မတူပီ၊ တပ်မဟာ – ၁ ထိန်းချုပ်နယ်မြေဖြစ်သည့် မတူပီမြို့အပါအဝင် တိုက်နယ် (၄) ခုတွင် အုပ်ချုပ်ရေးလုပ်ငန်းများကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွင် CDF – မတူပီ၊ တပ်မဟာ- ၁ မှ တာဝန်ရှိသူများ၊ တိုက်နယ် ၄ ခုမှ တာဝန်ရှိသူများနှင့် အရပ်ဖက်အဖွဲ့အစည်းမှ တာဝန်ရှိသူများစုစုပေါင်း ၄၀ ကျော်ဖြင့် ဖွဲ့စည်းထားကြောင်းသိရသည်။ မတူပီမြို့ကို ချင်းညီနောင် စစ်ဆင်ရေးအဖြစ် ချင်းညီနောင်နှင့် မဟာမိတ်ပူးပေါင်းတပ်များက သိမ်းပိုက်ပြီး ရက်ပေါင်း ၂၀ ကျော်တွင် မြို့နယ်ပအဖအဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ CDF- မတူပီ၊ တပ်မဟာ – ၁ ၊ မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သည် ချင်းညီနောင်နှင့်…

Read More

(005MK) မီဇိုရမ်ပြည်နယ် ခရိုင် ၅ ခုထဲတွင် မြန်မာနိုင်ငံက စစ်ဘေးရှောင် ၁၅၀၀ ခန့် ယခုရက်ပိုင်းအတွင်း ထပ်မံဝင်ရောက်လာပြီးနောက် လက်ရှိ မီဇိုရမ်ပြည်နယ်တွင် မြန်မာစစ်ဘေးရှောင် ၃၅၀၀၀ ကျော်ရှိသွားပြီဟု သိရသည်။ ယခုရက်ပိုင်း မီဇိုရမ်ပြည်နယ်ထဲ ဝင်ရောက်လာသည့် မြန်မာစစ်ဘေးရှောင်များသည် ကျန်ဖိုင်းခရိုင်ထဲတွင် အများဆုံးဖြစ်ပြီး လူဦးရေ ၁၂၉၃ ဦးရှိသည်ဟု သိရသည်။ ကျန်ဖိုင်းခရိုင်တောင်ဖက် East Tuipui ကျေးရွာတာဝန်ရှိသူများ၏ ပြောဆိုချက်အရ စစ်ဘေးရှောင်များသည် တခါတည်း အလုံးအရင်းဖြင့်ဝင်ရောက်လာခြင်းမျိုးမဟုတ်ဘဲ နည်းနည်းချင်းစီ ဝင်ရောက်လာနေသည်ဟုသိရကြောင်း All India Radio News က ဖော်ပြသည်။ ကျန်ဖိုင်းခရိုင်အပြင် လောင်တလိုင်ခရိုင်ထဲတွင် လူဦးရေ ၁၀၈ ဦး၊ ရှာဟာခရိုင်ထဲတွင် လူဦးရေ ၇၇ ဦး၊ Serchhip ခရိုင်ထဲတွင် ၁၄ ဦးနှင့် အိုင်ဇောလ်ခရိုင်ထဲတွင် တစ်ဦးဝင်ရောက်လာကြသည်ဟု ဖော်ပြသည်။ ယခုရက်ပိုင်းအတွင်း ချင်းပြည်နယ်ဘက်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲများ ပြန်လည်ပြင်းထန်လာသောကြောင့် စစ်ဘေးရှောင်များ ပြန်လည်တိုးလာခြင်းဖြစ်နိုင်သည်ဟု ဆိုသည်။ လက်ရှိ မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူလူဦးရေ ၃၅၁၂၅ ရှိနေပြီး ၁၇၀၀၄ ဦးတို့မှာ စစ်ဘေးရှောင်စခန်း ၁၃၃ ခုတွင် နေထိုင်ကြပြီး ကျန်လူဦးရေ ၁၈၁၂၁ တို့မှာ ရပ်ကွက်၊ ကျေးရွာထဲ အိမ်ငှါး (သို့မဟုတ်) ဆွေမျိုး၊ အသိမိတ်ဆွေများထံ နေထိုင်ကြရသည်ဟု သိရသည်။ တချိန်းတည်းမှာပဲ ဘဂ်လားဒေရှ့်နိုင်ငံ စစ်တကောင်းတောင်တန်းဒေသမှ ထွက်ပြေးတိမ်းရှောင်လာကြသော ချင်းမျိုးနွယ်စုများမှာ လူဦးရေ ၂၀၀၀ ကျော်ရှိပြီး လောင်တလိုင်ခရိုင်ထဲတွင်…

Read More