(002MG) ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီက (၂) လအတွင်း လေကြောင်းဖြင့် (၄၄) ကြိမ် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ပြည်သူနေအိမ် (၃၆) လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း CDF-Mindat က ပြောသည်။ စစ်ကောင်စီ၏ ၂ လတာအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ (၁) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စာသင်ကျောင်း (၂) ကျောင်း၊ ဘော်ဒါဆောင်(၄) ဆောင်၊ ပြည်သူနေအိမ် (၉) လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု CDF-Mindat က စက်တင်ဘာလ ၂၉ ရက်နေ့က ထုတ်ပြန်သည်။ မင်းတပ်ပေါ်အနီးတဝိုက်အပါအဝင် တိုက်နယ် (၁)၊ တိုက်နယ် (၂)၊ တိုက်နယ် (၃) တိုက်နယ် (၄) နှင့် တိုက်နယ် (၁၃) တို့မှာ ဩဂုတ်လနှင့် စက်တင်ဘာလအတွင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ၄၄ ကြိမ် ပြုလုပ်ခဲ့သည်ဟုဆိုသည်။ Y-12ထောက်ပို့လေယာဉ်ဖြင့် မင်းတပ်မြို့ ခလရ (၂၇၄) ထဲသို့ လက်နက်၊ ခဲယမ်း၊ ရိက္ခာများကို (၅၃) ကြိမ်ချပေးခဲ့သည်ဟု သိရသည်။ ထို့အပြင် မင်းတပ်မြို့ပေါ်က နေအိမ်များကိုလည်း ဩဂုတ်လ ၂၂ ရက်နေ့ကစ၍ စက်တင်ဘာလ ၂၇ ရက်နေ့အထိ ၇ ကြိမ်မီးရှိုခဲ့ပြီး လူနေအိမ် ၃၆ လုံး မီးလောင်ပြာကျခဲ့ရသည်ဟု CDF-Mindat ကပြောသည်။ စစ်ကောင်စီ၏ မီးရှို့မှုကြောင့် မင်းတပ်မြို့အနောက်ရပ်ကွက်တွင် နေအိမ် (၁၄) လုံး၊ စံပြရပ်ကွက်တွင် နေအိမ် (၉) လုံး၊ အရှေ့ပြင်ရပ်ကွက်တွင် (၁၃)…
Author: Editor
ချင်းညီနောင်အဖွဲ့ဝင် CDF-Matupi တပ်မဟာ- ၁ ကို အာရက္ခတပ်တော် AA က လက်နက်ခဲယမ်းအချို့ ကူညီထောက်ပံ့ခဲ့သည်ဟု သိရသည်။ အာရက္ခတပ်တော် AA မှ CDF-Matupi တပ်မဟာ -၁ ထံ လက်နက်ခဲယမ်းအချို့ ထောက်ပံ့မှုအခမ်းအနားကို စက်တင်ဘာလ ၂၇ ရက်နေ့က ကျင်းပခဲ့ကြကြောင်း စက်တင်ဘာလ ၂၉ ရက်နေ့က CDF-Matupi တပ်မဟာ-၁ က ထုတ်ပြန်သည်။ အခမ်းအနားတွင် အာရက္ခတပ်တော် AA တပ်မှူးများ၊ CDF-Matupi တပ်မဟာ – ၁ တပ်မှူးများ၊ တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အဖွဲ့အစည်းနှစ်ခုအကြား အားကောင်းလာသည့် မဟာမိတ်ဆက်ဆံရေးကို ဆက်လက်အားကောင်းစေရေး၊ စစ်ရေးပူးပေါင်းမှုယခုထက်ပိုမိုအားကောင်းစေရေး၊ အိမ်နီးနားချင်း အတူနေထိုင်လာကြသော လူမျိုးအချင်းချင်းအကြား ချစ်ချင်ရင်းနှီးမှုများ ပိုမိုတိုးပွားလာစေရေးကို နှစ်ဖက်တပ်မှူးများက ထည့်သွင်းပြောကြားခဲ့ကြသည်ဟု သိရသည်။ ထို့အပြင် ချင်းပြည်နယ်အတွင်းရှိ စစ်ကောင်စီကင်းစင်ရေးတိုက်ပွဲတွင် အိမ်နီးနားချင်းမဟာမိတ်ပိသစွာဖြင့် ပူးပေါင်းတိုက်ပွဲဝင်ပေးခဲ့ခြင်း၊ လက်နက်ခဲယမ်းများ ထောက်ပံ့ပေးခဲ့ခြင်းတို့အပေါ် အာရက္ခတပ်တော်အပေါ် လေးနက်စွာ အထူးကျေးဇူးတင်ရှိကြောင်း CDF-Matupi တပ်မဟာ-၁ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ချင်းပြည်နယ် မတူပီမြို့ကို အာရက္ခတပ်တော် AA ၏ စစ်ရေးအကူအညီဖြင့် CDF-Matupi တပ်မဟာ-၁ နှင့် ချင်းညီနောင်တပ်ဖွဲ့က ဇွန်လ ၂၉ ရက်နေ့မှာ သိမ်းပိုက်ခဲ့ကြခြင်းဖြစ်သည်။ မတူပီမြို့တွင် စစ်ကောင်စီကင်းစင်သွားပြီဖြစ်သော်လည်း စစ်ဘေးတိမ်းရှောင်ကြသော ဒေသခံပြည်သူအများစုမှာ ယနေ့ချိန်ထိ နေရပ်မပြန်ရဲကြသေးဘူးဟု သိရသည်။ အာရက္ခတပ်တော် AA သည်လည်း ယနေ့ချိန်ထိ မတူပီမြို့ပေါ်တွင် ဆက်လက်တပ်စွဲထားဆဲဖြစ်သည်ဟု သိရသည်။ CDF-Matupi တပ်ဖွဲ့သည်…
ချင်းပြည်နယ်ထဲက ချင်းညီနောင်လှုပ်ရှားနယ်မြေအတွင်း စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမှုမှာ ပူးပေါင်းပါဝင်သည့် မည်သူ့ကိုမဆို ထိရောက်စွာ အရေးယူမည်ဟု ယနေ့စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ကာ ချင်းညီနောင်က သတိပေးပြောဆိုလိုက်သည်။ စစ်ကောင်စီသည် လာမည့်အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ တနိုင်ငံလုံးအတိုင်းအတာဖြင့် သန်းခေါင်စာရင်းကောက်ယူရန်ပြင်ဆင်နေပြီး ယင်းသည် စစ်အာဏာသက်ဆိုးရှည်ရေးအတွက် ရည်ရွယ်ခြင်းသာဖြစ်သည်ဟု ချင်းညီနောင်ကဆိုသည်။ ပြည်တွင်းစစ်မီးများဖြင့် တိုင်းပြည်မတည်မငြိမ်ဖြစ်နေချိန် ပြည်သူများ စစ်ဘေး၊ သဘာဝဘေးအန္တရာယ်များနှင့် ရင်ဆိုင်နေရချိန်မှာ ၎င်းတို့၏ အတုအယောင်ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကိုအသုံးပြုကာ အတင်းအဓမ္မ စစ်သားစုဆောင်းရန်နှင့် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နိုင်မည့်ကိစ္စရပ်များတွင် အသုံးပြုရန်ရည်ရွယ်ပြီး သန်းခေါင်စာရင်းများကောက်ယူရန် ပြင်ဆင်လာမှုသည် မိုက်ရူးရဲဆန်ပြီး အာဏာမက်မောမှုကို ပြသနေခြင်းဖြစ်သည်ဟု ချင်းညီနောင်ကဆိုသည်။ ထို့ကြောင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ အဓမ္မလုပ်ရပ်အပေါ် ကူညီပံ့ပိုးခြင်း၊ ပူးပေါင်းပါဝင်ခြင်းများမပြုကြရန်နှင့် ချင်းပြည်နယ်၊ ချင်းညီနောင်လှုပ်ရှားနယ်မြေအတွင်း စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမှုတွင် ပူးပေါင်းပါဝင်သည့် မည်သူ့ကိုမဆို ထိရောက်စွာအရေးယူသွားမည်ဟု ချင်းညီနောင်က သတိပေးထုတ်ပြန်ထားသည်။ ချင်းညီနောင်အဖွဲ့သည် ချင်းလဲန်းကောင်စီကို လက်မခံသော ချင်းလက်နက်ကိုင်အဖွဲ့များ စုစည်းထားသောအဖွဲ့များဖြစ်ကြပြီး ZFU/PDF-Zoland၊ CNO/CNDF၊ CNC/CDF-Mindat၊ MDF၊ CDF-Matupi Brigade 1 နှင့် CDF-Kanpetlet တပ်ဖွဲ့တို့ပါဝင်သည်။
(004SS) စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမည့် အစီအစဉ်တွင် ပါဝင်သူများကို ပြင်းထန်စွာအရေးယူမည်ဟု ZFU/ PDF-Zoland နှင့် တီးတိန်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့စက်တင်ဘာလ ၂၇ ရက်နေ့မှာ သတိပေးချက် ထုတ်ပြန်ထားသည်။ တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ပြောရေးဆိုခွင့်ရှိသူက “ အခုလက်ရှိတော့ သူတို့ဘက် လှုပ်ရှားမှု မရှိသေးဘူးပေါ့နော်။ ဒါပေမဲ့ AD ကဌာနဆိုင်ရာတွေကို ခေါ်ပြီး သန်းခေါင်စာရင်းကောက်ဖို့ပြောတာ၊ ၂၀၂၅ ရွေးကောက်ပွဲကသူတို့အတွက် တကယ် အရေးကြီးတယ်လို့ ပြောလို့ရတယ်။ ဒီဟာနဲ့ပါတ်သက်ပြီး တော့ ကျွန်တော်တို့ ပြည်သူလူထုရော ဘယ်သူမဆိုက မပါဝင်ကြဖို့ ကျွန်တော်တို့ မြို့နယ်ထဲမှာရွေးကောက်ပွဲ မလုပ်နိုင်ဖို့ လိုအပ်တာပါ။” ဟု ပြောသည်။ စက်တင်ဘာ ၂၁ ရက်နေ့ မနက်ပိုင်းတွင် တီးတိန်မြို့ အထက -၁ ကျောင်းခန်းမတွင်ဌာနဆိုင်ရာများခေါ်ယူကာ တီးတိန်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်း ဦးဆောင်မှုဖြင့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်း ခေါင်စာရင်းမြို့နယ်အဆင့် စာရင်းစစ်၊စာရင်းကောက်သင်တန်းကို ပို့ချခဲ့သည်ဟုသိရသည်။ ဌာနဆိုင်ရာ တာဝန်ခံများနှင့် မိဘ ပြည်သူများအနေဖြင့် သန်းခေါင်စာရင်း ကောက်ခံမှုတွင် ပါဝင်ခြင်းမပြုကြရန် သတိ ပေးမှုများအား လိုက်နာခြင်းမရှိပဲ အားပေးအားမြောက်သည့် လုပ်ဆောင်ချက်များ တွေ့ရှိရပါက ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်သွားမည့်အကြောင်း တီးတိန်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးထားသည်။ ထို့အပြင် သန်းခေါင်စာရင်းကောက်ခံမူတွင် ပါဝင်လုပ်ဆောင်နေသည့် လူပုဂ္ဂိုလ်၊အဖွဲ့အစည်းနှင့် ဌာနဆိုင်ရာ များ၏ လုပ်ဆောင်ချက်များအား သိရှိပါက ZFU/PDF Zoland၏ သက်ဆိုင်ရာ လူမှုကွန်ယက်များမှ တစ်ဆင့် သတင်းပေး အကြောင်းကြားပေးကြပါရန်လည်း တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က နှိုးဆော်ထားသည်။ ချင်းကာကွယ်ရေးတပ်ဖွဲ့…
|| ရာချီသည့် ချင်းစစ်ဘေးရှောင်များ အရေးပေါ်အကူအညီ လိုအပ်နေ (006SV) ချင်းပြည်တောင်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယောနယ် ဆော – ကျောက်ထုလမ်းပိုင်းထဲက ချင်းပြည်သူများ၏ စစ်ရှောင်စခန်းတစ်ခုတွင် ရုတ်တရက် တောင်ကျချောင်းရေကြီးမှုဖြစ်ပြီး မင်းတပ်ဒေသခံ စစ်ဘေးရှောင်သားအမိ ၂ ဦး ရေစီးဖြင့် မျောပါသေဆုံးခဲ့ကြောင်း သိရသည်။ စက်တင်ဘလ ၂၅ ရက် ညနေပိုင်း ၆ နာရီခန့်တွင် ချင်း – မကွေးနယ်စပ်ရှိ ဆော – ကျောက်ထုလမ်းပိုင်းထဲက စစ်ရှောင်စခန်းများ ရေကြီးမှုဖြစ်ပွားခဲ့ပြီး မင်းတပ်မြို့နယ်၊ တိုက်နယ် ၄ ၊ ကြားဒိုရွာမှ အသက် ၃ နှစ်အရွယ် မောင်နိုင်းနိန်နှင့် မိခင်ဖြစ်သူ အသက် ၄၀ ခန့်ရှိ ဒေါ်နိုင်းချေးတို့ သေဆုံးသွားခဲ့ကြောင်း CDF – မင်းတပ်မှ တောခိုကြီးက ပြောသည်။ “စစ်ဘေးရှောင်စခန်း ၂ ခု ရေဘေးသင့်နေချိန် ကျနော်တို့အနေနဲ့ အနီးစပ်ဆုံးမှာရှိနေခဲ့တဲ့ စစ်ဘေးရှောင်စခန်းတစ်ခုကိုသာ ဒေသခံတပ်ရင်းတပ်ဖွဲ့တွေနဲ့အတူ ကယ်ဆယ်ရေးလုပ်နိုင်ခဲ့ပါတယ်။ ချင်းနဲ့ယောအစပ်က စစ်ဘေးရှောင်စခန်းတစ်ခုကို ချက်ချင်းကြီး ကယ်ဆယ်ရေးမလုပ်နိုင်ခဲ့ပါဘူး။ ယောနဲ့ချင်းအစပ်က စစ်ဘေးရှောင်စခန်းက အားလုံးနီးပါးပျက်စီးသွားခဲ့သလို သားအမိနှစ်ဦး ရေထဲမျောပါသွားခဲ့ပါတယ် စစ်ရှောင်ပြည်သူတွေပြောပုံအရ မရမကဆွဲဖမ်းခဲ့ပေမဲ့ တောင်ကျချောင်းရေအရှိန်ကြောင့် ဆွံမရခဲ့ဘူးတဲ့” ဟု ကိုတောခိုကြီးက ပြောသည်။ တောင်ကျချောင်းရေကြောင့် မျောပါသေဆုံးသွားသော သားအမိ ၂ ဦးတွင် ကလေးငယ်၏ ရုပ်အလောင်းကို ပြန်ရရှိခဲ့သော်လည်း မိခင်ဖြစ်သူ၏ ရုပ်အလောင်းကို ပြန်မရသေးကြောင်း သိရသည်။ စစ်ရှောင်စခန်း ၂ ခုမှ စစ်ဘေးရှောင်ပြည်သူများသည် တောင်ကျချောင်းရေကြီးမှုကြောင့်…
(006SV/004SS) အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်က အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Zo Reunification Organization (ZORO) ရဲ့ ဦးဆောင်မှု ဖြင့် ချင်ပြည်အစိုးရ/CNF နဲ့ ICNCC/CB တို့ စက်တင်ဘာလ ၂၁ ရက်နေ့က ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ကနဦး သဘောတူညီချက် ၅ ချက်ကို ရရှိခဲ့ကြပါတယ်။ ခုခံတောလှန်စစ်အားကောင်းတဲ့ ချင်းပြည်မှာ တော်လှန်ရေးကာလ ၃ နှစ်ကျော်လာတဲ့အချိန်မှာ ချင်းတော်လှန်ရေးအင်အားစုတွေကြား နိုင်ငံရေးသဘောထားကွဲလွဲမှုရှိလာပြီး ချင်းလဲန်းကောင်စီကို ထောက်ခံတဲ့အဖွဲ့နဲ့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီကို ထောက်ခံတဲ့အဖွဲ့ဆိုပြီး နှစ်ခြမ်းကွဲသွားခဲ့တာဖြစ်ပါတယ်။ မတူပီမြို့သိမ်းတိုက်ပွဲမှာ ချင်းလဲန်းကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ချင်းညီနောင်တပ်ဖွဲ့ဝင်တွေကြား အပြန်အလှန်ပစ်ခတ်မှုထိဖြစ်ပွားပြီး နှစ်ဖက်ရဲဘော်ကျဆုံးမှုအထိ ရှိခဲ့ပါတယ်။ ခုလို နိုင်ငံရေးသဘောထားကွဲလွဲမှုကြောင့် အချင်းချင်းကြား ပစ်ခတ်မှုရှိလာတဲ့အပေါ် ZORO အဖွဲ့က ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖြစ် ကြားဝင်ဆောင်ရွက်လာခဲ့တာ ဖြစ်ပါတယ်။ ZORO အဖွဲ့ဟာ ဗြိတိသျှ ကိုလိုနီအုပ်ချုပ်ရေးကြောင့် အိန္ဒိယ-မြန်မာ-ဘဂ်လားဒေရှ့်စတဲ့ ၃ နိုင်ငံမှာ ကွဲပြားနေထိုင်ခဲ့ကြရတဲ့ ချင်း-ကူကီး-မီဇိုး (လူရှိုင်း) မျိုးနွယ်စုတွေကို အုပ်ချုပ်မှုတစ်ခုအောက်မှာ ပြန်လည်ပေါင်းစည်းနေထိုင်ရေးအတွက် ဦးဆောင်လှုပ်ရှားနေတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ ခုလို ညီအကိုချင်းလူမျိုးတွေအကြား နိုင်ငံရေးသဘောထားကွဲလွဲမှုဖြစ်နေတဲ့အပေါ် စည်လုံးညီညွတ်ရေးပြန်လည်တည်ဆောက်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်နေတဲ့အဖွဲ့ဖြစ်ပြီး ချင်ပြည်အစိုးရ/CNF နဲ့ ICNCC/CB တို့ ယခင်က သီးခြားစီတွေ့ဆုံခဲ့ပြီးနောက် မျက်နှာစုံညီတွေ့ဆုံဆွေးနွေးပွဲကို ဦးဆောင်စီစဉ်ခဲ့တာလည်းဖြစ်ပါတယ်။ ZORO အဖွဲ့ရဲ့ ဦးဆောင်မှုဖြင့် ချင်းတော်လှန်ရေးအင်အားစုတွေရဲ့ ပြန်လည်ပေါင်းစည်းရေးခြေလှမ်းကဘယ်လိုရှိလာနိုင်ပါလဲ? ချင်းတော်လှန်ရေး အင်အားစုတွေအကြား ပြန်လည်ပေါင်းစည်းနိုင်ရေးအတွက် ဘာတွေဆောင်ရွက်ဖို့ လိုအပ်သလဲ? ဒီကိစ္စနဲ့ ပတ်သက်ပြီး ချင်းနိုင်ငံ ရေး၊ စစ်ရေးကိုလေ့လာစောင့်ကြည့်နေကြတဲ့ ချင်းအရပ်ဖက်အဖွဲ့အစည်း၊ တတ်သိပညာရှင်တွေရဲ့ အမြင်တစ်ချို့ကို စုစည်းတင်ဆက်ထားပါတယ်။ မရိုစလင်း ဇာဟောင် -…
(002MG) ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့တွင် ယနေ့မနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အရှေ့ပြင်ရပ်ကွက်က လူနေအိမ်များ မီးလောင်ကျွမ်းနေပြီး လုံခြုံရေးအခြေအနေကြောင့် မီးငြိမ်းသတ်ရန် အခက်အခဲရှိနေသည့်အတွက် တစ်အိမ်ပြီးတစ်အိမ်ကူးစက်လောင်ကျွမ်းနေသည်ဟု မင်းတပ်ဒေသခံတစ်ဦးကပြောသည်။ ယနေ့မနက်ပိုင်းက အရှေ့ပြင်ရပ်ကွက်ဖက်တွင် ကင်းလှည့်နေသော စစ်ကောင်စီတပ်ဖွဲ့နှင့်် CDF- မင်းတပ်တို့ ထိတွေ့မှုဖြစ်ပွားကာ စစ်ကောင်စီတပ်ဖွဲ့များက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုပြုလုပ်ခဲ့ပြီးနောက် နေအိမ်များ စတင်မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ မင်းတပ်မြို့ခံတဦးက “အရှေ့ပြင်ရပ်ကွက်မှာ ၁၂ နာရီလောက်ကစပြီးတော့မှ မီးလောင်နေတာ။အဲ့ ရပ်ကွက်မှာ နေအိမ်များတယ်၊မသန်စွမ်းနဲ့ သက်ကြီးရွယ်အိုတွေရှိတယ်၊ အိမ်က တောက်လျှောက်ဆက်တယ်ဆိုတော့ မီးမငြိမ်းလို့ရှိရင် အများကြီးလောင်မှာ၊အရေအတွက်တော့ မသိနိုင်သေးဘူး ကျွန်တော်တို့လည်း လုံခြုံရေးကြောင့် သွားကြည့်လို့မရဘူး” ဟု ပြောသည်။ နေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့ဘက်က ပစ်ခတ်သောလက်နက်ကြီးကြောင့် လောင်ကျွမ်းခြင်းဖြစ်နိုင်သလို စစ်ကောင်စီဘက်က တမင်တကာမီးရှို့သွားခြင်းလည်းဖြစ်နိုင်သည်ဟု မင်းတပ်ဒေသခံက ပြောသည်။ ယနေ့မနက်ပိုင်း မင်းတပ်မြို့ထဲပစ်ခတ်မှုတွင် CDF-မင်းတပ်မှ ဒရုန်းဖြင့် ဗုံးသီး (၇) လုံးချခဲ့သောကြောင့် မြို့နယ် ခရိုင် ရဲစခန်း အဆောက်အအုံ အမိုးလန်ပျက်စီးခဲ့သည့်အပြင် စစ်ကောင်စီတပ်ဖွဲ့ထဲက တပ်ကြပ်ကြီးအဆင့်ရှိသူတဦး သေဆုံးခဲ့သည်ဟုလည်း မင်းတပ်မြို့ခံတစ်ဦးက ပြောသည်။ စစ်ကောင်စီသည် မင်းတပ်မြို့ပေါ်ရှိ လူနေထိုင်ခြင်းမရှိသည့် နေအိမ်များကို ယခုရက်ပိုင်းအတွင်း ဆက်တိုက်မီးရှို့နေသည့်အပြင် မင်းတပ်မြို့နယ်အတွင်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုမှာလည်း စက်တင်ဘာလ တလအတွင်း အကြိမ် (၃၀) ထက်မနည်းပြုလုပ်ခဲ့သည်ဟု သိရသည်။
(006SV) မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)ရှေ့တွင် ယနေ့မနက်ပိုင်းက ချင်းလူမျိုး ၃၀၀ ခန့်က ဆန္ဒပြခဲ့ကြပြီး ကျန်းမာရေးစောင့်ရှောက်မှုရရှိရန်အပါအဝင် အချက် ၇ ချက်ကို တောင်းဆိုခဲ့ကြောင်း သိရသည်။ စက်တင်ဘာလ ၂၆ ရက် မနက် ၁၀ နာရီခန့်က မလေးရှားနိုင်ငံ၊ UNHCR ရုံးရှေ့တွင် ချင်းဒုက္ခသည်များ မဟာမိတ်အဖွဲ့ – ACR က ဦးဆောင်၍ မလေးရှားရောက် ချင်းလူမျိုးများ၊ CDM ရဲနှင့် စစ်သားများ၊ ကျန်းမာရေးဆေးကုမှုရရှိရန် လိုအပ်နေသူများအပါအဝင် လူဦးရေ ၃၀၀ ခန့်က ဆန္ဒပြတောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ဒုက္ခသည်အရေးတွေမှာ UN ရုံးရှေ့က လုံခြုံရေးတွေက မောင်းထုတ်တာတို့ အရာရှိနဲ့ ပေးမတွေ့တာတို့ ဖြစ်လာတဲ့အခါမှာ ကျနော်တို့က အကြိမ်ကြိမ် တင်ပြတယ်။ ပြီးတော့ UNHCR က အဓိက လမ်းညွန်ထားတာရှိတယ်။ ငါတို့ ဘယ်ဟာတွေကို ဦးစားပေးလုပ်ပေးမယ်ဆိုတာ ဦးစားပေးကို မလိုက်နာတဲ့အခါမှာ ကျနော်တို့က တင်ပြတယ်။ သူတို့က မလုပ်ပေးကြဘူး။ ဒီကိစ္စတွေကို သွားပြောပြတာ ဖြစ်တယ်။ လုံခြုံရေးက လုံခြုံရေးအလုပ်ကို လုပ်ရမယ်။ ဒုက္ခသည်နဲ့ ပတ်သက်ပိုင် ခွင့်မရှိဘူးပေါ့နော်” ဟု ချင်းဒုက္ခသည်များ မဟာမိတ်အဖွဲ့ – ACR ဥက္ကဌ James Bawi Thang Bik က ပြောသည်။ တောင်းဆိုထားသည့် အချက် ၇ ချက်မှာ ဒုက္ခသည်များကို လုံခြုံရေး အစောင့်များက ရိုင်းစိုင်းစွာဆက်ဆံမှုကို အဆုံးသတ်ပေးပြီး…
(006SV) ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ CDF – မတူပီ တပ်ရင်း – ၃ နယ်မြေတွင် ဒေသခံပြည်သူများသည် အခြေခံစားနပ် ရိက္ခာများနှင့် ကုန်ပစ္စည်းများ သယ်ဆောင်ခွင့်ကို CDF – မတူပီ၊ တပ်မဟာ – ၁ က ပိတ်ပင်ထားကြောင်း ဒေသခံများက ပြောသည်။ CDF – မတူပီ တပ်မဟာ – ၁ က မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး လုပ်ငန်းများအတွက် အစည်းအဝေး ခေါ်ယူရာတွင် တပ်ရင်း – ၃ နယ်မြေမှ တာဝန်ရှိသူများသည် တက်ရောက်ခြင်း မရှိသကဲ့သို့ ပူးပေါင်းဆောင်ရွက်ခြင်း မရှိခြင်းကြောင့် စက်တင်ဘာလအတွင်း အခြေခံစားနပ်ရိက္ခာနှင့် ကုန်ပစ္စည်းများကို တပ်ရင်း – ၃ နယ်မြေသို့ သယ်ဆောင်ရန် အခက်အခဲများ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ဒေသခံတချို့က ပြောသည်။ “တပ်မဟာ – ၁ ကနေပြီးမှ အုပ်ချုပ်ရေးကို အစည်းအဝေးခေါ်ပြီးမှ အမျိုးမျိုးလုပ်ချင်တာ ၊ တပ်မဟာ – ၂ ဘက်က တပ်ရင်း ၃ က မြေပြင်က အုပ်ချုပ်ရေးအဖွဲ့တွေရော လူတွေရော တစ်ယောက်မှ အစည်းအဝေးကို မတက်ဘူး။ မတက်တော့ သူတို့ စိတ်တိုပြီးမှ ကန့်သတ်မှုလုပ်တာပါ” ဟု မတူပီ ဒေသခံတစ်ဦးက ပြောသည်။ တပ်ရင်း ၃ နယ်မြေက ဒေသခံများသည် အခြေခံစားသောက်ကုန်များ ဒေသအတွင်း အလွယ်တကူ ဝယ်၍မရသောကြောင့် ဆီ၊ ဆား၊ ငါးပိကဲ့သို့ အခြေခံကုန်ပစ္စည်းဝယ်ယူရန်ပင် ၁…
(005MK) မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့မှာ ဆိုင်ခန်းတစ်ခုကို ဖောက်ထွင်းပြီး ရူပီးငွေ ၁၀ သိန်းခိုးယူထွက်ပြေးသွားသူမှာ ချင်းစစ်ဘေးရှောင်ထဲကမဟုတ်ဘဲ ရခိုင်ပြည်နယ်ဘက်ကဖြစ်နေကြောင်း လောင်တလိုင်မြို့အခြေစိုက် The Lawngtlai Post က ဖော်ပြသည်။ လောင်တလိုင်မြို့ Chandmary ရပ်ကွက်က Emmanuel ဆိုင်ခန်းကို စက်တင်ဘာလ ၂၂ ရက်ညက ဖောက်ထွင်းကာ ဆိုင်ထဲက ငွေသားရူပီး ၁၀ သိန်းကိုခိုးယူထွက်ပြေးခဲ့ပြီး နောက်တနေ့ စက်တင်ဘာလ ၂၃ ရက် မနက်ပိုင်း ၁ နာရီခွဲခန့်မှာ သူ့ကို မီဇိုရမ်ရဲတပ်ဖွဲ့က ပြန်လည်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့များ၏ စစ်ဆေးချက်အရ ပြစ်မှုကျူးလွန်သူမှာ ရခိုင်တိုင်းရင်းသား အသက် ၂၄ နှစ်အရွယ် မောင်ဦးမြင့်ဆိုသူဖြစ်ကြောင်း သိရှိရသည်ဟု The Lawngtlai Post က ဖော်ပြသည်။ မောင်ဦးမြင့်သည် Emmanuel ဆိုင်ခန်းမှာ အရောင်းဝန်ထမ်းအဖြစ်အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး ဆိုင်ခန်းထဲတွင် သီးသန့်ထားရှိသော ဘဏ်မှာအပ်နှံမည့် ရူပီးငွေ ၁၀ သိန်းကို ခိုးယူကာ ဆိုင်ကယ်နှင့်ထွက်ပြေးခဲ့ပြီးနောက် Diltlang South ကျေးရွာတွင် ပြန်လည်ဖမ်းဆီးရမိခြင်းဖြစ်သည်။ မောင်ဦးမြင့်ကို Diltlang South ကျေးရွာမှ လောင်တလိုင်မြို့ရဲစခန်းသို့ ခေါ်ဆောင်ခဲ့ပြီးနောက် စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်နေဆဲဟုသိရသည်။
