(004SS) မီဇိုရမ်ပြည်နယ်တောင်ပိုင်း လောင်တလိုင်ခရိုင် နယ်စပ်ကျေးရွာတနေရာမှာ ဖွင့်လှစ်သော Paletwa Education Centre ကျောင်းအား ယနေ့ ဇွန်လ ၃ ရက်နေ့တွင် KG မှ ၁၂ တန်းအထိ အတန်းစုံ ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း Paletwa Education Centre ကျောင်း ဒါရိုက်တာ ဆရာမောဆက်ထံမှ သိရသည်။ လွန်ခဲ့သော မေလ ၂၂ ရက်နေ့တွင် အထက်တန်းအဆင့် ၉ တန်းမှ ၁၂ တန်းအထိ စတင်သင်ကြားပေးလျက်ရှိနေပြီဖြစ်ရာ ယနေ့တွင် KG အတန်းမှ အလယ်တန်းအားထပ်မံ ဖွင့်လှစ်လိုက်ခြင်းဟု သိရသည်။ “အရင် မေလ ၂၂ ရက်နေ့တုန်းက အတန်းကြီးတွေ အထက်တန်းအဆင့်ပေါ့၊ အခုကြတော့ KG ကနေ အတန်းအားလုံးပေါ့ ဒီနေ့စဖွင့်ပြီ” ဟု ဆရာမောဆက်က ပြောသည်။ အတန်းအားလုံး စတင်ဖွင့်လှစ်သော ယနေ့အထိတွင် တက်ရောက် ကျောင်းသူ/ကျောင်းသား ဦးေရပေါင်း ၄၅၀ ကျော်တက်ရောက်ပြီး ယနေ့တွင်လည်း ထပ်မံ ကျောင်းအပ်နှံသူများရှိနေသေးကြောင်း ၎င်းက ပြောသည်။ ကျောင်းသားဦးရေ များလာသောကြောင့် စာသင်ဆောင်မလုံလောက်သည့် အခက်အခဲများရင်ဆိုင်နေရကြောင်း သိရသည်။ “အခု ကျောင်းကို အတန်းစုံ ဖွင့်လှစ်ပြီဆိုပေမဲ့ ကျောင်းဆောင် ၃ ဆောင်ပဲရှိတော့ မလောက်ဘူး။ ကလေးတွေ များသွားတာပေါ့ နောက် ၂ ဆောင် လိုအုံးမှာ၊ အခုလောလောဆယ် မဆောက်နိုင်သေးဘူး။ လက်ရှိကတော့ ယောကျာ်းလေးအဆောင်နဲ့ မိန်းကလေးအဆောင်ကို စာသင်ဆောင်အတွက် သုံးရတယ်။ သူတို့ပစ္စည်းတွေ နေ့ခင်းမှာရွှေ့ ကြမ်းပြင်ပေါ် မောက်ခုံနဲ့ သင်ရတာ။…
Author: Editor
နိုင်ငံရေး စစ်ရေးပဋိပက္ခနှင့်ပတ်သက်၍ လက်ရှိ မရာညီအကိုများ၏ စားပွဲဝိုင်းယဥ်ကျေးမှုဖြင့် ဆွေးနွေးအဖြေရှာသည့်ဖြစ်စဉ်ကို ချင်းတော်လှန်ရေးအင်အားစုများအနေဖြင့် စံနမူနာယူသင့်သည်ဟု Chin Civic Movement က တိုက်တွန်းလိုက်သည်။ မရာတော်လှန်ရေး တပ်ဖွဲ့နှစ်ဖွဲ့ဖြစ်သည့် Maraland Territorial Council-MTC/Maraland Defense Force- MDF နှင့် Interim Maraland Council-IMC/CDF-Mara တို့သည် မရာဘာသာရေးခေါင်းဆောင်များ၏ ဦးဆောင်မှုဖြင့် မေလ ၂၄ ရက်နေ့က ပြန်လည်ပေါင်းစည်းရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် လက်မှတ်ရေးထိုးနိုင်ခဲ့ကြပြီး ယင်းအပေါ် Chin Civic Movement – CCM မှ ကြိုဆိုဂုဏ်ပြုကြောင်း ယနေ့ ဇွန်လ ၃ ရက်နေ့တွင် ထုတ်ပြန်သည်။ ချင်းပြည်သူလူထုနှင့် ချင်းလူမျိုးများလိုလားသည့် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံသစ် တည်ဆောက်ရေးအတွက် တော်လှန်တိုက်ပွဲဝင် ကြရာတွင်၊ လက်ရှိမရာညီအကို များ၏ စားပွဲဝိုင်းယဥ်ကျေးမှုဖြင့် ဆွေးနွေးအဖြေရှာသည့်ဖြစ်စဉ်ကို စံနမူနာယူ၍ ချင်းတော်လှန်ရေးအစုအဖွဲ့ အချင်း ချင်းအကြားတွင် မည်သည့်ပဋိပက္ခများကိုမဆို စားပွဲဝိုင်းယဥ်ကျေးမှုဖြင့် ဆွေးနွေးအဖြေရှာသည့် နည်းလမ်းဖြင့်သာ ဖြေရှင်းကြရန် Chin Civic Movement-CCM မှ တိုက်တွန်းထားသည်။ ချင်းအနွယ်ဝင် မရာမျိုးနွယ်စုများမှ ဖွဲ့စည်းတည်ထောင်ထားကြသော MDF နှင့် CDF-Mara တပ်ဖွဲတို့သည် နှစ်ဖက် သဘောထားကွဲလွဲမှုတို့ ကြောင့် စစ်ရေးတင်းမာမှုရှိလာပြီးနောက် ယခုနှစ်ဆန်ပိုင်းကစတင်၍ တိုက်ပွဲပေါင်း ၁၀ ကြမ်ထက်မနည်း ဖြစ်ပွားကာ နှစ်ဘက်ထိခိုက်ကျဆုံးမှုများလည်းရှိခဲ့သည်။ မရာဧဝံဂေလိအသင်းတော်မှ ဘာသာရေးခေါင်းဆောင်များက Peace Commission ကိုဖွဲ့စည်းကာ ငြိမ်းချမ်းရေး ကြားဝင်ညှိနှိုင်းဆောင်ရွက်လာခဲ့ရာမှ…
(004SS) ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့၊ လွယ်ဘွာလ်ရပ်ကွက်က နေအိမ်များ ဇွန်လ ၁ ရက်နေ့ညပိုင်းက ထပ်မံမီးရှို့ခံရကြောင်း သိရသည်။ ယမန်နေ့ ဇွန်လ ၁ ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ် ရေးတပ်ဖွဲ့များအကြား ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ည ၉ နာရီခန့်တွင် လွယ်ဘွာလ်ရပ်ကွက်၊ ပြည်သူ့ဆေးရုံကြီးအနီးရှိ နေအိမ်များ မီးရှို့ခံရခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။ “မနေ့ညက စကစနဲ့ PDF တွေ ပစ်ခတ်မှုရှိတယ်လို့သိရတယ်၊ အဲဒီနောက် ညမှာ လွယ်ဘွာလ်ရပ်ကွက်မှာ မီးထပ်ရှို့တယ် လို့ပြောတယ်။ အဲဒီမီးလောင်တာကလဲ အဝေးကနေပဲ မြင်ရတာ၊ ဘယ်လောက်လောင်ကျွမ်းတယ် ဆိုတာကိုတော့ ဘယ်သူ မှ မဝင်ရဲကြတော့ မသိရဘူး” ဟု ၎င်းအမျိုးသားက ပြောသည်။ မေလ ၂၆ ရက်ညပိုင်းကစ၍ တီးတိန်မြို့ပေါ်က စစ်ကောင်စီတပ်အထိုင်စခန်းများကို ချင်းကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်စွဲထားသော မိုက်ခရိုဝေ့စ်နှင့် နတလတို့ကို သိမ်းပိုက်ထားပြီဖြစ်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးကိုလည်း အရှင်ဖမ်းဆီးရမိထားသည်။ ထို့နောက် မေလ ၂၇ ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့မှ တီးတိန်မြို့ပေါ် နာရီစင် အနီးဝန်းကျင်အား ၂ ကြိမ်တိုင်တိုင် မီးရှို့ခဲ့ရာ နေအိမ် ၃၀ ကျော် မီးလောင်ပြာကျခဲ့ပြီးဖြစ်သည်။ တီးတိန်မြို့ပေါ်က ပြည်သူအားလုံးနီးပါးသည် တိုက်ပွဲကြောင့် ကလေးမြို့နှင့် ကျေးရွာများဘက်သို့ ထွက်ပြေး တိမ်းရှောင် နေကြရသည်။ ထိုကဲ့သို့ စစ်ဘေးရှောင်နေကြသည်အချိန်တွင် မေလ ၃၀ ရက်နေ့က တီးတိန်မြို့ပေါ်က မဏိပူရ်ကုန်စုံဆိုင် ဖောက်ထွင်းခံရပြီး…
(006SV) ချင်းပြည်နယ်အတွင်း စစ်ကောင်စီ ကင်းစင်ရေးအတွက် ဗျူဟာကျသည့် နေရာများကို ဦးစားပေးသိမ်းပိုက်နိုင်ရေးကို ကာကွယ်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် ဆွေးနွေးခဲ့ကြကြောင်း ချင်းလဲန်းကောင်စီ အတွင်းရေးမှူးက ပြောသည်။ မေလ ၃၁ ရက် ချင်းလုံမြို့တွင် ချင်းပြည်အစိုးရ၏ တတိယအကြိမ် ကာကွယ်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ပြီး ချင်းပြည်တွင် စစ်ကောင်စီ ကင်းစင်ရေးနှင့် အမျိုးသား လုံခြုံရေး အပါအဝင် အခြားကာကွယ်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ “အဓိကက ချင်းလဲန်းအတွင်းမှာ စစ်ကောင်စီ ကင်းစင်နိုင်ဖို့အတွက်ပါ။ ချင်းလဲန်းအတွင်းက တပ်စခန်းတွေ အားလုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ရေးက ကျနော်တို့ရဲ့ ဗျူဟာ၊ နည်းဗျူဟာဖြစ်ပါတယ်။ အဲလို သိမ်းပိုက်နိုင်ဖို့အတွက် နည်းဗျူဟာကျတဲ့ နေရာတွေကို ဦးစားပေးသိမ်းပိုက်နိုင်ဖို့ ဆွေးနွေးကြတာ ရှိပါတယ်” ချင်းလဲန်းကောင်စီ၊ အထွေထွေ အတွင်းရေးမှူး ဆလိုင်းပေါလ်က ပြောသည်။ ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်က ချင်းကာကွယ်ရေးအဖွဲ့ (၁၄) ဖွဲ့ခန့်က အားလုံးတက်ရောက်ခဲ့ကြကြောင်း သိရသည်။ ချင်းပြည်တွင်းက စစ်ကောင်စီ စစ်စခန်းများကို အမြန်ဆုံး အလုံးစုံ သိမ်းပိုက်နိုင်ရေးအတွက် နည်းဗျူဟာ၊ မဟာဗျူဟာများ ရေးဆွဲချမှတ်နေကြောင်း သိရသည်။ ချင်းလဲန်းကောင်စီ၏ ရည်မှန်းချက်သည် ချင်းပြည် လွတ်မြောက်ဖို့ဖြစ်သောကြောင့် တီတိန်းမြို့က စစ်ကောင်စီစခန်းကို ချင်းညီနောင်အဖွဲ့နှင့်အတူ ပူးပေါင်းတိုက်ခိုက်နိုင်ရေးအတွက် အမြဲတမ်း ဆန္ဒရှိကြောင်း ဆလိုင်းပေါလ်က ပြောသည်။ “ကျနော်တို့အနေနဲ့က တီးတိန်မြို့မှ မဟုတ်ဘူး။ ချင်းပြည်အတွင်းက စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်ဖို့ အဆင်သင့်ရှိပါတယ်။ ကျနော်တို့ ပူးပေါင်းတိုက်နိုင်ဖို့ မျှော်လင့်ပါတယ်။ ကျနော်တို့ ရည်မှန်းချက်က ချင်းပြည် လွတ်မြောက်ဖို့ ဖြစ်ပါတယ်။ တီးတိန်ဟာ ချင်းလဲန်းဖြစ်တယ်။ ချင်းလူမျိုးတွေ…
(006SV) ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေသည့် People defense Army – Tedim (PDA- တီးတိန်) က ချင်းလဲန်းကောင်စီတွင် ပူးပေါင်းပါဝင်မည်ဟု ပြောဆိုလိုက်သည်။ ချင်းလဲန်းကောင်စီ၏ စစ်ရေး၊ နိုင်ငံရေးလှုပ်ရှားမှုများကို ထောက်ခံပြီး ချင်းလဲန်းကောင်စီ၏ နိုင်ငံရေးလှုပ်ရှားမှုများတွင် ပူးပေါင်းပါဝင်မည်ဖြစ်ကြောင်း ယနေ့ (ဇွန်လ ၁ ရက်) တွင် PDA – တီးတိန်က သတင်းထုတ်ပြန်ခြင်းဖြစ်သည်။ ချင်းလဲန်းကောင်စီ စတင်ဖွဲ့စည်းပြီးနောက် လေ့လာသူအဖြစ်ပါဝင်လာခဲ့ရာ ချင်းလဲန်းကောင်စီတွင် တရားဝင်အဖွဲ့ဝင်အဖြစ် ပူးပေါင်းဆောင်ရွက်ရန် PDA ၏ ဘုံအစည်းအဝေးအရ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ချင်းအမျိုးသားတပ်ဦး CNF/ CNA နှင့် People defense Army (PDA- Tedim) တို့သည် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ရန် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပြီး လက်ရှိအချိန်အထိ အတူတကွရပ်တည်ကာ တော်လှန်ရေးကို အဓိကထား ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တော်လှန်ရေးတိုက်ပွဲတွင် ပါဝင်ဆင်နွှဲခဲ့ရာ ယနေ့အထိ တိုက်ပွဲပေါင်းများစွာကို မဟာမိတ်တပ်အသီးသီးနှင့်အတူ ဖော်ဆောင်ခဲ့ပြီး စခန်းသိမ်းတိုက်ပွဲများကိုပါ ဆင်နွှဲခဲ့ကြောင်း PDA က ထုတ်ပြန်သည်။ ပြီးခဲ့သည့် တွန်းဇံမြို့နှင့် ကျီခါးမြို့သိမ်းတိုက်ပွဲများတွင် ချင်းပြည်အစိုးရအဖွဲ့၏ လက်အောက်ခံ ချင်းကာကွယ်ရေးတပ်ဖွဲ့များနှင့်အတူ PDA တပ်ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ၂၀၂၁ ခုနှစ် မေလ ၁၇ ရက်တွင် PDA ချင်းကာကွယ်ရေးအဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ပြီး စစ်ကောင်စီ၏ စစ်စခန်းများကို တိုက်ခိုက်ခြင်း၊ မူးယစ်ဆေးဝါးပပျောက်ရေးနှင့် ရာဇဝတ်မှု များ ဖမ်းဆီးအရေးယူခြင်းတို့ကို…
(006SV) ချင်းပြည်နယ်တွင် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိ၍ သီးခြားလွတ်လပ်သည့် ပထမဆုံး ချင်းအမျိုးသားတက္ကသိုလ် (CNU) ကို အမြန်ဆုံး ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေပြီဟု ချင်းပြည်အစိုးရအဖွဲ့၊ ပညာရေးဝန်ကြီး Salai Cross Thang က ပြောသည်။ “CNU ကို အမြန်ဆုံး ဖွင့်နိုင်အောင် ကြိုးစားဆောင်ရွက်နေပါတယ်။ ဘာသာရပ်စုံ တက္ကသိုလ်အနေနဲ့ ဖွင့်မှာဖြစ်ပါတယ်။ လုံံခြုံရေး အရ တက္ကသိုလ်ဖွင့်လှစ်မယ့်နေရာကိုတေ့ာ အခု ပြောလို့ မရသေးပါဘူး”ဟု ချင်းပညာရေးဝန်ကြီးက ပြောသည်။ ချင်းအမျိုးသားတက္ကသိုလ်တွင် အာဏာမသိမ်းမှီက တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူများ၊ တက္ကသိုလ်အတန်း မပြီးသေး သူများ၊ အာဏာသိမ်းကာလ အထက်တန်းကျောင်း ပြီးမြောက်သူများ တက္ကသိုလ်ပညာ ဆက်လက်သင်ယူနိုင်မည်ဖြစ်သည်။ ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရကို ဖွဲ့စည်းပြီး ၄ လနီးပါးအကြာတွင် ချင်းအမျိုးသားတက္ကသိုလ် ပဋိညာဉ်ကနဦးမူကြမ်းကို ရေးဆွဲနိုင်ခဲ့ပြီးဖြစ်သော်လည်း CNU ဖွင့်လှစ်မည့် အချိန် အတိအကျကိုမူ အသေးစိတ်ပြောဆိုခဲ့ခြင်း မရှိပေ။ CNU သည် ချင်းပြည် တည်ဆောက်ရေး၊ ချင်းအမျိုးသား တည်ဆောက်ရေးအတွက် လိုအပ်သော လူသားအရင်းအမြစ်များကို မွှေးထုတ်ပေးရန် ရည်ရွယ်၍ ဘာသာရပ်စုံကို ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်သည်။ “ချင်းအမျိုးသားတက္ကသိုလ်မှာ တာဝန်ထမ်းဆောင်ပေးဖို့ CDM တက္ကသိုလ် ဆရာ၊ ဆရာမအားလုံးကို ဖိတ်ခေါ်ပါရစေ၊၊ အထူးသဖြင့် CDM ချင်းလူမျိုး၊ တက္ကသိုလ် ဆရာ/မ အားလုံးကို အနူးအညွတ်မေတ္တာရပ်ခံအပ်ပါတယ်။ ချင်းအမျိုးသားတက္ကသိုလ်မှာ ဝင်ရောက် ကူညီ တာဝန်ထမ်းဆောင်ပေးဖို့ ဖိတ်ခေါ်ပါရစေ” ဟု ချင်းပညာရေးဝန်ကြီးက ပြောသည်။ တော်လှန်ရေးကာလတွင် ချင်းပြည်က ကျောင်းသား/သူများ အဆင့်မြင့်ပညာ သင်ယူခွင့်ရရှိရန် ချင်းပြည်အစိုးရ၊…
(002MG) ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ပေါ်တွင် စခန်းသိမ်းတိုက်ပွဲများ ဖြစ်လာမည်ကို စိုးရိမ်သောကြောင့်ပြည်သူအများစုသည် ယခုမေလကုန်ပိုင်းမှစတင်ကာ ပခုက္ကူမြို့ပေါ်နှင့် အခြားဒေသများသို့ ကြိုတင်ပြောင်းရွေ့ တိမ်းရှောင်နေကြသည်ဟု သိရသည်။ ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့၊ကျီးခါးမြို့ တို့ကို ယခုမေလအတွင်း ချင်းပြည်အစိုးရကာကွယ်ရေးဝန်ကြီးဌာန လက်အောက် ချင်းကာကွယ်ရေးတပ်ဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့တို့က သိမ်းပိုက်ခဲ့ပြီးနောက် တီးတိန်မြို့ ပေါ် တွင်လည်း ချင်းညီနောင်က စစ်ဆင်ရေးဖော်ဆောင်မှုရှိလာသောကြောင့် မင်းတပ်မြို့ ပေါ်တွင် စစ်ရေးပြင်းထန်လာနိုင်သည် ဟုဆိုကာ ပြည်သူများ မြို့တွင်းမှ ထွက်ခွာသူ များလာသည်ဟု မင်းတပ်မြို့က ရပ်မိရပ်ဖတဦးက ပြောသည်။ “သူတို့သားသမီးတွေက စစ်ရေးဆိုးလာမှာစိုးလို့ မနေခိုင်းကြတော့ဘူး ပခုက္ကူဘက်မှာ မင်းတပ်၊ ကန်ပက်လက်က ချင်းတွေ အများကြီး၊ အခုမေလ နောက်ဆုံးအပတ်မှပြေးလာကြတာ နောက်ထပ်လည်းလာကြအုံးမယ်။ နေရေး ထိုင်ရေးကတော့ နီးစပ်ရာနဲ့ ရောက်နှင့်တဲ့သူတွေစီမှာ ပေါင်းပြီးမှ တည်းကြတယ် လောလောဆယ်မှာ၊ အခု အိမ်တွေ ငှါးဖို့ပြောကြတော့ အိမ်းငှါးပေးရတယ်၊ အခုရောက်တဲ့သူ တွေက လူဦးရေ (၃၀၀) လောက်ရှိတယ်။ အရင်ကတည်းက ရောက်ထားတဲ့သူတွေက အိမ်ခြေ (၆၀) လောက်ရှိတယ်” ဟုပြောသည်။ မင်းတပ်မြို့ပေါ်က ပြည်သူအများစုသည် လက်ရှိတွင်နေ့တိုင်းနီးပါး စစ်ဘေးတိမ်းရှောင်သူများလာကာ သက်ကြီး ရွယ်အို၊ မသန်စွမ်းနှင့် စစ်ဘေးတိမ်းရှောင်ရန်ခက်ခဲ့သည့် ပြည်သူများအတွက်မူ ဘာသာရေး ဆရာတော်များနှင့် ရပ်မိရပ်ဖတို့မှ လုံခြုံသော နေရာများကို ကြိုတင်စီစဉ်ပေးရန် ကြိုးစားနေသည်ဟု သိရသည်။ မင်းတပ်မြို့သည် မြန်မာ့နွေဦးတော်လှန်ရေးတွင် တူမီးသေနတ်ကိုစွဲကိုင်ပြီး စစ်အာဏာရှင်စနစ်ကို အစောဆုံးဆန့်ကျင် တိုက်ခိုက်ခဲ့သောဒေသဖြစ်ပြီး စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) တို့အကြားတိုက်ပွဲများကြောင့် ဒေသခံထောင်ချီသော မြို့ပေါ်ကပြည်သူများသည် ကျေးလက်ဒေသဘက်တွင် ယခုချိန်ထိ…
(004SS) အိန္ဒိယ- မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်ထဲက ကုလားတန်မြစ်ရေကြီးမှုကြောင့် ချင်းစစ်ဘေးရှောင်ပြည်သူများ နေထိုင်သော နေအိမ် ၁၀ လုံးထက်မနည်း ရေနစ်မြုပ်ပျက်စီးခဲ့သည်ဟု သိရသည်။ မေလ ၂၈ ရက်နေ့က တိုက်ခတ်သော ဆိုင်ကလုန်း Remal ကြောင့် ကုလားတန်မြစ်ရေမြင့်တက်လာပြီးနောက် မြစ်ကမ်းနဘေးတွင် နေထိုင်ကြသော ကာကီကျေးရွာက စစ်ဘေးရှောင်များ၏ နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးသွားခြင်းဖြစ်သည်ဟု ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီမှ တာဝန်ရှိသူ ဆလိုင်းမျိုးထိုက်က ပြောသည်။ “ရေကြီးရေလျှံဖြစ်တာပေါ့နော် အဲဒီရွာမှာ ရှိတဲ့ စစ်ရှောင်တွေက အခု တော်တော်များများက ရေဘေးသင့်နေတာပေါ့၊ အခု ရွှေ့ပြောင်းနေရတယ်၊ အားလုံးတော့မဟုတ်ဘူး၊ အနည်းဆုံး အိမ်ခြေ ၁၀ ကျော်တော့ဖြစ်မယ်။ အိမ်တွေကတော့ အသစ်ပြန် ဆောက်ရမဲ့အခြေအနေပေါ့လေ။ လူထိခိုက်သေဆုံးတာမရှိပါဘူး။ သူတို့ မိုးရွာတာနဲ့ ကြိုတင်ရွှေ့ကြတဲ့အနေအထားပေါ့နော်” ဟု ၎င်းကပြောသည်။ ရေဘေးသင့် ပြည်သူများမှာ ကာကီရွာအောက်ဘက်၊ မြစ်ကမ်းဘေးတွင်နေထိုင်သော စစ်ရှောင်များဖြစ်ပြီး ၎င်းတို့ နေအိမ်များ ရေမြုပ်ပျက်စီးသွားခြင်းကြောင့် ကာကီရွာအထက်ဘက်သို့ ပြောင်းရွှေ့နေကြရသည်ဟုသိရသည်။ အလားတူ ချင်းစစ်ဘေးရှောင်ပြည်သူများနေထိုင်သည့် ကုလားတန်မြစ်ကမ်းတစ်လျှောက်ရှိ စစ်ဘေးရှောင်စခန်းများ မှာလည်း နေအိမ်ပျက်စီးခြင်း၊ ကျောင်းဆောင်ပျက်စီးခြင်းများရှိကြောင်း သိရသော်လည်း ဖုန်းလိုင်းအဆက်အသွယ် ခက်ခဲမှုကြောင့် အကြောင်းစုံကိုမူ မသိရသေးကြောင်း ဆလိုင်းမျိုးထိုက်က ပြောသည်။ “အဓိကတော့ လုံခြုံရေးအပိုင်းပေါ့နော်၊ သူတို့ရဲ့ နေအိမ်တွေဆို အသစ်ကနေပြန်လည်ဆောက်ဖို့လိုမယ့်အနေအထား ဖြစ်နေပါတယ်။ ပြီးတော့ စားဝတ်နေရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဆေးဝါးတွေလိုတာပေါ့နော်။ သူတို့သားသမီး တွေရဲ့ပညာရေးအတွက် လိုအပ်တဲ့ငွေကြေးတွေပေါ့နော်။ အဲဒါတွေကို ကျွန်တော်တို့အနေနဲ့ အတတ်နိုင်ဆုံးတော့ လုပ်ပေးတာပေါ့ ဒါပေမဲ့ ပြည်သူတွေရဲ့…
(006SV) ချင်းပြည်နယ်၊ မတူပီမြို့ ခရိုင်ရုံးက စစ်ကောင်စီစခန်းကို CDF – မတူပီ၊ တပ်မဟာ – ၂၊ Vakok တပ်ရင်းက ယနေ့ မနက်ပိုင်းမှာ အပြီးသိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။ ယနေ့ မေလ ၃၀ ရက် မနက်အစောပိုင်းတွင် CDF – မတူပီ၊ တပ်မဟာ – ၂၊ တပ်ရင်း – ၂ (Vakok တပ်ရင်း) က စတင်တိုက်ခိုက်ခဲ့ပြီး မနက် ၁၀ နာရီခန့်တွင် အပြီးသတ်သိမ်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း Vakok တပ်ရင်းမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ “တိုက်ပွဲကတော့ ပထမအစီအစဉ်အနေနဲ့ ကျနော်တို့ ထိန်းချုပ်ဧရိယာအတွင်းက စစ်ကောင်စီရဲ့ စခန်းတွေကို အကုန်သိမ်းပိုက်ဖို့ အရင်ကတည်းက ဆွဲထားတာ ရှိပါတယ်။ အဲဒီအစီအစဉ်ကို ကျနော်တို့ အကောင်အထည်ဖော်ရခြင်းဖြစ်ပါတယ်။ တိုက်ပွဲကတော့ ဆက်လက်ဖြစ်ပွားနေဆဲ အခြေအနေဖြစ်ပါတယ်။ ပြီးရင် ဆက်လက်ပြီးတော့ စခန်းတွေကိုလည်း ဆက်လက်သိမ်းပိုက်ဖို့ ရှိတယ်” ဟု ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ခရိုင်ရုံးသိမ်းတိုက်ပွဲတွင် တပ်ရင်း – ၂ မှ ရဲဘော်တစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှု အခြေအနေများကို မသိရသေးကြောင်း သိရသည်။ မတူပီ-ဟားခါးလမ်းမပေါ်ရှိ မတူပီခရိုင်ရုံးတွင် အမာခံတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အိုးအိမ်အဆောက်အဦးရုံးသို့ ဆုတ်ခွာ၍ ခုခံတိုက်ခိုက်ခဲ့ပြီးနောက် လက်ရှိတွင် ဖနိုင်ကျေးရွာဘက်သို့ ထွက်ပြေးနေသောကြောင့် CDF – မတူပီ၊ တပ်ရင်း ၂ က လိုက်လံရှင်းလင်းလျက်ရှိကြောင်း သိရသည်။ “တိုက်ပွဲကတော့ ဆက်လက်ဖြစ်ပွားမှာ…
(005MK) ဆိုင်ကလုန်းမုန်တိုင်း Remal အဖျားရိုက်ခတ်မှုကြောင့် မိုးများပြီး မြေပြိုမှုအကြီးအကျယ်ရင်ဆိုင်နေရသော မီဇိုရမ်ပြည်နယ်က သဘာဝဘေးဒဏ်သင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွင် အသုံးပြုရန် မြန်မာစစ်ဘေးရှောင်များကိုယ်စား Network for Unity Association Mizoram-NUA က ရူပီးငွေ ၃၅၀၀၀ ယနေ့သွားရောက်လှူဒါန်းခဲ့ကြသည်ဟု သိရသည်။ Network for Unity Association Mizoram-NUA အဖွဲ့ဝင်များသည် ယနေ့မေလ ၃၀ ရက်နေ့တွင် အိုင်ဇောလ်မြို့ အနီးရှိ မြေပြိုမှုဒဏ်အဆိုးရွားဆုံးခံခဲ့ရသော Melthum နှင့် Hlimen ကျေးရွာများသို့သွားရောက်ကာ အလောင်းရှာ ဖွေရေးနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေသော မီဇိုးလူငယ်အသင်း (YMA) ထံသို့ အလှူငွေများပေး အပ်ခဲ့ကြပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများလည်း ပါဝင်ဆောင်ရွက်ခဲ့ကြသည်ဟု သိရသည်။ မီဇိုရမ်ပြည်နယ်တွင် ဆိုင်ကလုန်းမုန်တိုင်း Remal ကြောင့် မေလ ၂၇ မှ ၂၈ ရက်နေ့လည်ပိုင်းအထိ မိုးအဆက်မပြတ်ရွာ သွန်းခဲ့ပြီး အိုင်ဇောလ်မြို့အနီး Melthum နှင့် Hlimen ကျေးရွာအပါအဝင် နေရာအတော်များများတွင် မြေပြိုမှုများဖြစ် ပွားကာ အနည်းဆုံးလူပေါင်း ၃၀ ကျော်သေဆုံးခဲ့သည်။ တောင်ကမ်းပါးယံက မြေသားများပြိုကျလာကြောင့် နေအိမ်အမြောက်အများလည်း ပျက်စီးခဲ့ပြီး မြေပြိုမှုကြောင့် Melthum ကျေးရွာတွင် ၁၉ ဦးသေဆုံးကာ အလောင်း ၁၅ လောင်တွေ့ရှိထားပြီး ၄ လောင်းအားပျောက်ဆုံးနေဆဲဖြစ် သည်။ Hlimen ကျေးရွာတွင် မြေပြိုမှုကြောင့် ဒေသခံ ၆ ဦးသေဆုံးခဲ့ပြီး Salem ရပ်ကွက်တွင် ၃ ဦး၊ Aibawk ကျေးရွာတွင် ၂ ဦး၊ Falkawn…
