Author: Editor

(006SV) ချင်းပြည်နယ်၊ ထန်တလန်မြို့သိမ်းတိုက်ပွဲကို Tilim စစ်ဆင်ရေး – ၄ အဖြစ် ဖော်ဆောင်နေပြီး ချင်းပြည်အစိုးရ ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း ချင်းအမျိုးသားတပ်ဦး CNF/ CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ “စကစ (စစ်ကောင်စီ) က မြို့တွင်း ခံစစ်ကောင်းတဲ့ နေရာတွေကနေ ခုခံနေကြတယ်၊ မြို့တွင်း နေ့စဉ် ပစ်ခတ်မှု ရှိနေသေးတယ်၊ ဂျက်ဖိုက်တာနဲ့ ပစ်ကူသလို ဟားခါးကနေ စစ်ကူ ပို့နိုင်ဖို့ ကြိုးစားနေကြတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။ ဇူလိုင်လ ၂၂ ရက်မှ စတင်၍ ယနေ့အထိ ချင်းပြည်အစိုးရ ပူးပေါင်းတပ်များသည် ဟားခါး- ထန်တလန်ကြားက လုံခါရ်နှင့် အော်တိုတောင်ပေါ်မှ စစ်ကောင်စီစခန်းများနှင့် ထန်တလန်မြို့တို့ကို တပြိုက်နက် ထိုးစစ်ဆင် တိုက်ခိုက်နေခဲ့ရာ ဟားခါး -ထန်တလန်ကြားက စစ်ကောင်စီစခန်းများနှင့် ထန်တလန်မြို့ပေါ်က အဓိက စခန်းကုန်း ခလရ – ၂၆၉ တို့ကို သိမ်းထားပြီး ဖြစ်သည်။ စစ်ကောင်စီသည် ထန်တလန်မြို့ မကျစေရေးအတွက် မြို့ပေါ်နေရာတချို့တွင် ခံစစ်အခိုင်အမာပြင်ဆင်၍ ခုခံတိုက်ခိုက်နေ ခြင်းဖြစ်ပြီး ဟားခါးမြို့မှ စစ်ကူများ ပို့နိုင်ရေးလည်း ကြိုးစားနေကြောင်း ဆလိုင်းထက်နီက ပြောသည်။ Tilim အော်ပရေးရှင်း – ၄ ကို ဆက်လက်ဖော်ဆောင်နေရာ မကြာမှီတွင် ထန်တလန်မြို့ကို ချင်းပြည် အစိုးရတပ်များ သိမ်းနိုင် မည်ဟု ဆလိုင်းထက်နီက Voice of Chinland နှင့် အင်တာဗျူးတွင် ဖြေကြားထားသည်။…

Read More

ချင်းပြည်နယ် ဟားခါးမြို့အနီးရှိ စစ်ကောင်စီ၏ Keivangzuan တပ်စခန်းကို ချင်းကာကွယ်ရေး ပူးပေါင်းတပ်က ယနေ့မနက်ပိုင်းတွင် သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးခဲ့သည်ဟု သိရသည်။ ချင်းအမျိုးသားတပ်မတော် CNA နဲ့ CDF-Hakha ပူးပေါင်းတပ်ဖွဲ့က Rung Operation အမည်ဖြင့် အဆိုပါစစ်ဆင်ရေးကို ဖော်ဆောင်ခဲ့ကြပြီး ယနေ့ ဩဂုတ်လ ၁၂ ရက်မနက် ၅ နာရီ ၅၅ မိနစ်တွင် စတင်တိုက်ခိုက်ကာ ၆ နာရီ ၄၀ မိနစ်တွင် စခန်းတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့သည်ဟု CDF-Hakha က ထုတ်ပြန်သည်။ ထိုစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးပြီး အများအပြားလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ထို့အပြင် ၆၀ မမ၊ MA1 နှစ်လက်၊ MA2 လေးလက်၊ MA3 တစ်လက်၊ MA4 နှစ်လက်၊ Machine gun တစ်လက်၊ ကျည်‌ဘောက် ၂၅ခု၊ မိုင်း နှင့် ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ စစ်ကောင်စီတပ်၏ Keivangzuan တပ်စခန်းသည် ဟားခါးမြို့နှင့် ၄ မိုင်ခန့်သာကွာဝေးသည်ဟု သိရသည်။ CDF-Hakha အနေဖြင့် ဟားခါးမြို့သိမ်းပိုက်နိုင်ရေးအတွက် Rung Operation ကို ဖော်ဆောင်နေပြီး အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းကာ ဆက်လက်တိုက်ပွဲဖော်ဆောင်သွားမည်ဖြစ်သည့်အတွက် ပြည်လူထုမှလည်း ပူးပေါင်းပါဝင်ဆောင်ရွက်‌ပေးပါရန် မေတ္တာရပ်ခံထားသည်။

Read More

(006SV) ချင်းပြည်နယ်၊ မတူပီမြို့တွင် စစ်ဘေးရှောင်များ ပြန်လည်နေထိုင်နိုင်ရေးအတွက် လိုအပ်ချက်လုပ်ငန်းများ ဆောင်ရွက်ထားပြီး ပြည်သူများ ပြန်လည်နေထိုင်ခွင့်ပြုတော့မည်ဖြစ်ကြောင်း မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ မတူပီမြို့တွင် လိုအပ်သော အုပ်ချုပ်ရေးပိုင်းဆိုင်ရာလုပ်ငန်းများ၊ သန့်ရှင်းရေးလုပ်ငန်းများနှင့် ရေရှိရေးလုပ်ငန်းများကို ဆောင်ရွက်ပြီးပြီဖြစ်ကြောင်း မတူပီ ပအဖက ဩဂုတ်လ ၈ ရက်က သတင်းထုတ်ပြန်သည်။ မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စစ်ဘေးရှောင်များ ပြန်လည်နေထိုင်နိုင်ရေးကို ထုတ်ပြန်ပြီးနောက် မတူပီမြို့ပေါ် စစ်ဘေးရှောင်တချို့ ပြန်လည်ရောက်ရှိလာကြောင်း၊ စစ်ဘေးရှောင်များကို ပြန်လာခွင့်ပြုထားပြီးဖြစ်ကြောင်း မတူပီ- CDF ၊ တပ်မဟာ – ၁ ပြောရေးဆိုခွင့်ရှိသူ ကိုဘွေအုပ်က ပြောသည်။ “မတူပီပအဖက ထုတ်ပြန်ပြီးမှ စစ်ဘေးရှောင်တွေ စတင်ပြန်လာတာပါ။ တချို့က ဆိုင်ကယ်တွေနဲ့ ပြန်လာကြတယ်။ စစ်ဘေးရှောင်တွေ သိသင့်တာတွေကိုတော့ စာရွက်နဲ့ Print ထုတ်ပြီး ပြောထားပါတယ်။ ဘယ်လောက်ပြန်လာနေပြီးလဲက စာရင်းမကောက်ရသေးပါဘူး” ဟု ကိုဘွေအုပ်က ပြောသည်။ မတူပီမြို့စစ်ဘေးရှောင်များ သိသင့်သိထိုက်သော သတိထားရမည့်အချက်များကိုလည်း လက်ကမ်းစာစောင်များ ဝေငှထားကြောင်း၊ အသုံးများသော လမ်းများတွင် မြေမြှုပ်မိုင်းများ ရှင်းလင်းထားပြီး မရှင်းလင်းရသေးသည့်နေရာများကို ယာယီပိတ်ထားကြောင်း သိရသည်။ မတူပီမြို့ ပြန်လည်တည်ဆောက်ရေး ရှေ့လုပ်ငန်းစဉ်များ ဆက်လက် ဖော်ဆောင်သွားမည်ဖြစ်သောကြောင့် မိဘပြည်သူများမှ ပူးပေါင်းပါဝင်ကြပါရန် မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးနှိုးဆော်ထားသည်။ မတူပီမြို့ရှိ စစ်ကောင်စီ၏ ခမရ ၃၀၄၊ ခလရ ၁၄၀နှင့် စစ်ဗျူဟာစခန်းတို့ကို ချင်းညီနောင်တပ်ဖွဲ့ဝင်များနှင့် အာရက္ခတပ်တော် AA မဟာမိတ်တပ်များက ဇွန်လ ၉ ရက်က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဇွန်လ ၂၉ ရက်တွင်…

Read More

(006SV) ချင်းပြည်တောင်ပိုင်း မင်းတပ်မြို့နယ်ကို ၂ နှစ်တာကာလအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ်များစွာ ပြုလုပ်ခဲ့ရာ ဒေသခံပြည်သူ ၂၀ ကျော်သေဆုံးပြီး ၇၀ ကျော် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ထံမှ သိရသည်။ ၂၀၂၂ ဇူလိုင်လမှ ၂၀၂၄ ဇူလိုင်လအထိ မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပေါင်း ၉၈ ကြိမ် ပြုလုပ်ခဲ့ရာ ဒေသခံပြည်သူ ၂၂ ဦးသေဆုံးပြီး ၇၄ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့က ယမန်နေ့က သတင်းထုတ်ပြန်သည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆေးရုံ ၁ ရုံး၊ စာသင်ကျောင်း ၇ ကျောင်း၊ ဗုဒ္ဓဘာသာ ဘုန်ကြီးကျောင်း ၂ ကျောင်းနှင့် ခရစ်ယာန်ဘုရားကျောင်း ၄ ကျောင်းအပါအဝင် နေအိမ်နှင့် အဆောက်အအုံပေါင်း ၁၃၇ လုံး ထိခိုက်မှု၊ ပျက်စီးဆုံးရှုံးမှုများရှိခဲ့ကြောင်း သိရသည်။ နိုင်ငံတကာနှင့် ပြည်တွင်းဥပဒေများအရ ကာကွယ်စောင့်ရှောက်ရမည့် ယင်းကဲ့သို့ အရပ်သား အဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်မှုများသည် စစ်ရာဇဝတ်မှု ကျူးလွန်သော သက်သေအထောက်အထားများ ဖြစ်ပြီး စစ်ကောင်စီအနေဖြင့် တာဝန်ခံရမည်ဖြစ်ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်သည်။ စစ်ကောင်စီသည် မင်းတပ်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို ပေါင် ၅၀၀ ဗုံး၊ မီးလောင်ဗုံများအပါအဝင် ပြင်းထန် သော ဗုံးအမျိုးအစားများဖြင့် မကြာခဏ တိုက်ခိုက်ပြီး ချင်းပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်ခံရမှု အများဆုံး ကျူးလွန်းခံရသော မြို့နယ်ဖြစ်ကြောင်း ဒေသခံတချို့က ပြောသည်။ ၂၀၂၄ ခုနှစ် ဧပြီလနှင့် မေလ ၂ ရက်အတွင်း မင်းတပ်မြို့နယ်အတွင်း…

Read More

(004SS) ချင်းပြည်နယ်၊ တောင်ပိုင်း မင်းတပ်မြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ၆ လအတွင်း အရပ်သား ၈ ဦးနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး စုစုပေါင်း ၁၁ ဦး သေဆုံးခဲ့ပြီး အရပ်သား ၅၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု CDF-Mindat က ယနေ့ဩဂုတ်လ ၉ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ ၂၀၂၄ ခုနှစ် ၆ လတာအတွင်း မင်းတပ်မြို့နယ်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပေါင်း ၈၆ ကြိမ်ပြုလုပ်ခဲ့ပြီး အပြစ်မဲ့ပြည်သူ ၈ ဦး (မြို့နယ်ပြင်ပသို့ ကယ်ရီသမားအဖြစ် သွားခဲ့ကြသည့် ပြည်သူ ၆ ဦးအပါ) နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးတို့ သေဆုံးခဲ့ပြီး၊ ပြည်သူ ၅၀ ကျော်နှင့် ရဲဘော် ၂ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ထို့အပြင် ပြည်သူနေအိမ် ၅၃ လုံး ပျက်စီးခဲ့ပြီး ခရစ်ယာန်ဘုရားကျောင်း ၁ ကျောင်းနှင့် စာသင်ကျောင်း ၁ ဆောင် ပျက်စီးခဲ့ရသည်ဟု CDF-Mindat က ထုတ်ပြန်သည်။ CDF-Mindat အနေဖြင့် ၆ လတာအတွင် ကျင်ဒွေးမြို့သိမ်းတိုက်ပွဲနှင့် မတူပီမြို့သိမ်းတိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့ပြီး ရဲဘော် ၁၂ ဦး အသက်ပေးခဲ့ရသည်ဟု ဆိုသည်။ အဆိုပါ အသက်ပေးခဲ့သည့် ရဲဘော်များအနက် ၃ ဦးမှာ ငှက်ဖျားရောဂါဖြင့် ဆုံးပါးခဲ့ရပြီး၊ မတူပီမြို့ရှိ ခလရ ၃၀၄ နှင့် ၁၄၀ စစ်စခန်းများသိမ်းပိုက်ပြီးနောက် CNA…

Read More

(005MK) မီဇိုးကျောင်းသားသမဂ္ဂ(MZP) နှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ခေါင်းဆောင်တို့ ချင်းညီညွတ်ရေးကိစ္စနှင့်ပတ်သက်၍ ဩဂုတ်လ ၇ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ MZP ဗဟိုဌာနချုပ်ရုံးတွင် ကျင်းပပြုလုပ်သော အဆိုပါတွေ့ဆုံမှုတွင် ချင်းမျိုးနွယ်စု အချင်းချင်းကြား ပူးပေါင်းဆောင်ရွက်မှုအားကောင်းလာစေရေးနှင့် စည်းလုံးညီညွတ်မှုရှိလာစေရေးအတွက် အတူတကွ ဆောင်ရွက်နိုင်မည့်နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်ဟု MZP က ထုတ်ပြန်သည်။ ချင်းမျိုးနွယ်စုအချင်းချင်းကြား သဘောထားကွဲလွဲမှုနှင့် တဖက်နှင့်တဖက်ရန်ဆောင်နေကြသည့်အခြေအနေမျိုး ဖြစ်ပေါ် နေသည်ကို မလိုလားကြောင်း၊ အချင်းချင်းကြားပူးပေါင်းဆောင်ရွက်မှုအားကောင်းလာစေရေးအတွက် ICNCC အဖွဲ့နှင့် တွေ့ဆုံခြင်းဖြစ်သည်ဟု MZP ကဆိုသည်။ ဆွေးနွေးပွဲတွင် ညီအကိုချင်းချင်းကြား မူဝါဒမတူညီမှုကြောင့် လက်နက်ဖြင့်ဖြေရှင်းသောနည်းလမ်းများအသုံးမပြုကြရန်၊ ပြန်လည်သင့်မြတ်ရေးအတွက် အတူတကွပူးပေါင်းဆောင်ရွက်ရန် နှင့် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် တော်လှန်ရေး အောင်မြင်ပြီး အရပ်သားအစိုးရတစ်ရပ်ပေါ်ပေါက်လာသည့်အထိ တတ်နိုင်သည့်ဖက်မှ ဝိုင်းဝန်းဆောင်ရွက်ကြရန်လည်း ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်ဟု MZP က ထုတ်ပြန်သည်။ နောက်ပိုင်းတွင်လည်း ချင်းလဲန်းကောင်စီ နှင့် ချင်းညီနောင်အပြင် အခြားသော အဖွဲ့အစည်းများကိုလည်း ဆက်လက်တွေ့ဆုံသွားမည်ဟု MZP ကပြောသည်။

Read More

(006SV) ချင်းပြည်နယ်၊ မတူပီမြို့သိမ်းတိုက်ပွဲအတွင်း စစ်ရှုံးပြီး တောတောင်တွေထဲ ထွက်ပြေးသွားကြတဲ့ ဗျူဟာမှူးတွေ၊ အရာရှိတွေ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၂၀၀ ကျော်ကို ချင်းညီနောင်တပ်ဖွဲ့က ပြီးခဲ့တဲ့ဇူလိုင်လကုန်ပိုင်းမှာဖမ်းဆီးခဲ့ပါတယ်။ တောတောင်တွေထဲ တစ်လနီးပါးကြာ ထွက်ပြေးကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် နဲ့ တပ်မိသားစုဝင်တွေဟာ အစာရေစာရေငတ်ပြတ်မှု ဆေးဝါး ပြတ်လပ်မှုတို့ကြောင့်လည်း သေဆုံးသွားသူ အများအပြားရှိတယ်လို့ သိရပါတယ်။ အဲဒီအခြေအနေနဲ့ပတ်သက်ပြီး ချင်းညီနောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ၊ CDF–Matupi တပ်မဟာ (၁) ပြန်ကြားရေးတာဝန်ခံ ကိုဘွေအုပ်ကို ခိုနူမ်းသုန်သတင်းဌာနမှ Salai Vakok က ဆက်သွယ်မေးမြန်းထားပါတယ်။ မေး – စစ်သုံ့ပန်းက ပထမအသုတ်နဲ့ ဒုတိယအသုတ်မှာ စုစုပေါင်း ဘယ်လောက် ဖမ်းမိခဲ့ပါသလဲ။ ဖြေ – စုစုပေါင်းက ၂၀၀ ကျော်ပါတယ်။ ပထမအသုတ်မှာလည်း ၁၀၀ စွန်းစွန်းလေပေါ့နော်။ အခု ဒုတိယအသုတ်မှာလည်း ၁၀၀ ကျော်ပါတယ်။ အားလုံးပေါင်းရင်တော့ ဒါဟာ ၂၀၀ ကျော်ပါတယ်။ မေး – ဒီလို စစ်သုံ့ပန်းထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်ကိုပဲ ပြောတာလား။ အဲဒီထဲမှာ မိသားစုဝင်တွေ၊ အရပ်ဖက်ဝန်ထမ်း Non- CDM တွေ ပါပါသလား။ ဖြေ – ကျနော်တို့ ဒီ ၂၀၀ ကျော် ဆိုတာက အားလုံးကို ခြုံပြီး ပြောတာပါ။ စစ်သားတွေလည်း ပါဝင်သလို၊ သူတို့ မိသားစုဝင်တွေလည်း ပါပါတယ်။ လက်နက်ကိုင်သီးသန့်ကိုပဲ ဖမ်းမိတာက အဲဒီ ၂၀၀ ကျော်ထဲက တစ်ဝက်လောက်ပဲပေါ့နော်။ ကျန်တစ်ဝက်က စစ်သားတွေရဲ့…

Read More

(002MG) ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ် ကျေးလက်ဒေသများတွင် ကိုယ်ဝန်သည်မိခင်များ ကလေးအသေမွေးဖွားမှုနှုန်း မြင့်တက်နေပြီး လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်နေကြသည်ဟု မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီထံမှ သိရသည်။ မင်းတပ်မြို့နယ် တိုက်နယ်အမှတ်( ၃) ကျေးရွာများတွင် ပြီးခဲ့သည့်တစ်လအတွင်း ကလေးအသေမွေးဖွားမှု (၅) ဦးအထိရှိခဲ့သည်ဟု မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီတာဝန်ခံ ကိုလောရင့်ကပြောသည်။ “ဟိုအရင်လတုန်းကဆိုရင် တလထဲမှာတင် (၅) ယောက်လောက်ရှိတယ် ကလေးလေးတွေ မွေးကင်းစလေးတွေသေတာ၊ တယောက်ပြီးတယောက်သေတယ် ရောက်လာတယ်သေတယ်၊ ကျနော့အမေရွာကို ခနသွားတယ် အဲ့ရွာမှာလည်း ကိုယ်ဝန်ဆောင် (၄) ဦးရှိတယ် မွေးခါနီးပေါ့၊ အဲ့ (၄) ဦးထဲက မွေးတော့ ကလေး (၂) ဦးကသေသွားတယ်၊ ၂ ယောက်ပဲရှင် တယ်၊ အဲ့လိုမျိုးများတော့ ကျန်းမာရေးဝန်ဆောင်မှုအခုထက်ပိုပြီးရရှိစေချင်တယ်” ဟု ကိုလောရင့်ကပြောသည်။ ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရှိခြင်း၊ အဟာရချို့တဲ့ ခြင်း၊ ဗဟုသုတအားနည်းခြင်းနှင့် စိုးရိမ်ကြောက်လန့်ခြင်းတို့ကြောင့် ကလေးအသေမွေးဖွားမှုနှုန်းမြင့်တက်လာရခြင်းဖြစ်နိုင်သည်ဟု ၎င်းကဆက်ပြောသည်။ “အဓိကတော့ တအားကြောက်ကြတယ်လေ တိုက်လေယာဉ်က ခနနဝဲတာ ဒီနှစ်ထဲမှာတင်ကို နေ့တိုင်း၊ အပတ်တိုင်း၊ လတိုင်းနီးပါးကို ဝဲတာ အဲ့ဒီကြောက်ရွံ့တာရော၊ အာဟာရမပြည့်ဝတာရော၊ ကျန်းမာရေးအသိပညာမရှိတာ သူတို့ ကိုယ်ဝန်ဆောင်တာဆောင်နေကြတာ ကိုယ်ဝန် ဘယ်နှစ်လရှိပြီလဲဆိုရင်လည်းမသိဘူး ဗိုက်နာလာပြီဆိုမှ ဗိုက်နာ လာပြီပေါ့ ကျန်းမာရေးအသိပညာပေးဖို့လည်း အတော်လေးလိုအပ်တယ်၊ အဓိက ကျန်းမာရေးဝန်ဆောင်မှုတွေကို အခုထက်ပိုပြီးတော့မှ ရရှိစေချင်တယ်” ဟု ကိုလောရင့်ကပြောသည်။ ယခုကဲ့သို့ ကလေးအသေမွေးဖွားမှုနှုန်းမြင့်တက်ခြင်းကြောင့် လောလောဆယ်တွင် ကလေးမယူကြဘဲ သန္ဓေတားဆီးများ ဆောင်ထားစေချင်သည်ဟု ၎င်းကဆက်ပြောသည်။ မင်းတပ်မြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူများကျန်းမာရေးစောင့်ရှောက်မှုအတွက် NGO…

Read More

(004SS) ချင်းပြည်နယ် မတူပီမြို့နယ်မှ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့ စစ်ဘေးတိမ်းရှောင်နေကြသော ပြည်သူများသည် မိုးကာ၊ ဆေးဝါးနှင့် အခြေခံစားနပ်ရိက္ခာများ အရေးပေါ်အကူအညီလိုအပ်နေကြောင်း Matupi Chin Refugee Committee ထံမှ သိရသည်။ “အိမ်တွေက ဝါးအိမ်၊ တဲအိမ်နဲ့ဆောက်တဲ့အခါကျတော့ အမိုးနဲ့အကာတွေကလဲ မိုးကာပဲဆိုတော့ လေမုန်တိုင်းလာတဲ့အချိန်မှာ မခံနိုင်ဘူးပေါ့နော်၊ တခါလာ ပျက်စီး၊ နှစ်ခါလာလဲ ပိုပြီးပျက်စီးတာပေါ့နော်။ မိုးကာတွေဆိုရင် တစ်နှစ်ပဲခံတယ်၊ မိုးရွာတဲ့အခါကျတော့ မိုးယိုတာတွေ၊ တချို့စခန်းမှာဆိုရင် မြောင်းဘေးမှာ အိမ်တွေဆောက်ထားတာဆို‌တော့ မြောင်းရေ တိုက်စားပြီးတော့ အိမ်ပျက်စီးတာတို့၊ ပြိုတာတို့ရှိတယ်၊ အဲဒါတွေ ကျွန်တော်တို့ လက်တွေ့ခံစားနေရပါတယ်” ဟု စစ်ဘေးရှောင်များအရေး ဆောင်ရွက်ပေးနေသော MCRC မှ တာာဝန်ရှိသူက ပြောသည်။ MCRC အနေဖြင့် တတ်နိုင်သလောက် ကူညီထောက်ပံ့မှုများ ပေးအပ်ခဲ့သော်လည်း ဘဏ္ဍာရေးအခြေအနေကြောင့် အပြည့်အဝ ထောက်ပံ့ပေးနိုင်ခြင်းမရှိကြောင်း ၎င်းကဆိုသည်။ လက်ရှိတွင် မတူပီမြို့‌ပေါ်နှင့် အနီးနားပတ်ဝန်းကျေးရွာများမှ မီဇိုရမ်ပြည်နယ်သို့ စစ်ဘေးရှောင်လာကြသူ အယောက် ၁၂,၀၀၀ ကျော်ရှိကြောင်းသိရပြီး ၎င်းတို့အနက် ၉၀၀၀ ကျော်မှာ စစ်အာဏာသိမ်းပြီးနောက် တိမ်းရှောင်ကြသူများဖြစ်ကာ အယောက် ၂၀၀၀ ကျော်မှာ ပြီးခဲ့သည့်ဇွန်လအတွင်း မတူပီမြို့သိမ်းတိုက်ပွဲကြောင့် စစ်ဘေးတိမ်းရှောင်ခိုလှုံလာကြသူများဟု သိရသည်။ စစ်ဘေးရှောင်ကာလကြာမြင့်လာသည်နှင့်အမျှ ကျန်းမာရေးပိုင်းမှာလည်း အကူအညီများ လိုအပ်လျှက်ရှိသည်ဟု သိရသည်။“မနှစ်တုန်းကဆိုရင် NGO တွေက ဆေးခန်းမှာကြည့်ပေးတာပေါ့နော်။ ဒါပေမဲ့ အခုဆို သူတို့ project ကုန်သွားတာပေါ့နော်။ အခု စစ်ရှောင်တွေက သူတို့ဟာသူတို့ပဲဆေးခန်းသွားပြကြတယ်။ ရှိတဲ့သူဆီမှာချေး၊ မတတ်နိုင်ရင်တော့ မတတ်နိုင်သလို နေရတာပေါ့နော်။ ဒီဘက်မှာကျတော့ ပုဂ္ဂလိက…

Read More

(006SV) ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့သိမ်းစစ်ဆင်ရေးကို မကြာမီဖော်ဆောင်တော့မည်ဖြစ်ရာ “နောက်ဆုံးလှိုင်း အိမ်ပြန်လှိုင်း” ရန်ပုံငွေ ကမ်ပိန်း ၇ ညတွင် ဒေါ်လာ ၁ သိန်းကျော်ကို ထောက်ပံ့ကူညီမှု ရရှိထားကြောင်း PDF – Zoland ထံမှ သိရသည်။ “အောက်ချင်းငှက်တွေ သူတို့ အသိုက်၊ သူတို့ ပြန်ဖို့ အချိန်ရောက်ပြီဆိုတဲ့‌ ခေါင်းစဉ်နဲ့ပေါ့နော်။ ရန်ပုံငွေ ရှာရခြင်းဖြစ်တယ်။ အဲဒီအတွက် ကျနော်တို့ မြို့သိမ်းစစ်ဆင်ရေး လုပ်ဖို့လိုတယ်။ အများပြည်သူတွေအနေနဲ့ အခုကာလမှာ မြို့သိမ်းစစ်ဆင်ရေးက အခြေအနေပေးနေပြီဆိုတော့ တော်လှန်ရေးကို ပြည်သူတွေအနေနဲ့ ထောက်ပံ့ကူညီပေးစေလိုပါတယ်။ များများထောက်ပံ့လေ အမြန်ဆုံး ကိုယ့်အိမ်ကို မြန်မြန်ပြန်နိုင်မှာဖြစ်ပါတယ်” ဟု PDF – Zoland ၊ ပြောရေးဆိုခွင့်ရှိသူ ကိုရောဘတ်က ပြောသည်။ နောက်ဆုံးလှိုင်း အိမ်ပြန်လှိုင်း ရန်ပုံငွေကမ်ပိန်းသည် မြို့သိမ်းစစ်ဆင်ရေးအတွက် စားနပ်ရိက္ခာပိုင်းနှင့် လက်နက်ခဲယမ်းများ ဖြည့်တင်းနိုင်ရေး အဓိက ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းကမ်ပိန်းကာလ ၇ ရက်အတွင်း ဒေါ်လာ ၁ သိန်း ၂ သောင်းခန့် ရရှိထားပြီးဖြစ်ကြောင်း၊ ကမ်ပိန်းမှာ နေ့စဉ်ဖော်ဆောင်ခြင်းမျိုးမဟုတ်ပဲ ကမ်ပိန်းရက်များကို ရက်ခြားနား၍ ဖော်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။ မြို့သိမ်းစစ်ဆင်ရေးကို မကြာမီ အကောင်အထည်ဖော်တော့မည်ဟူ၍ ပြောနိုင်သော်လည်း မည်သည့်အချိန်တွင် ဖော်ဆောင်မည်ကို ပြော၍မရသေးကြောင်း PDF – Zoland ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ချင်းညီနောင်အဖွဲ့သည် ၂၀၂၄ ခုနှစ်အတွင်း ချင်းပြည်နယ်ကို စစ်ကောင်စီကင်းစင်ရေး စစ်ရေးရည်မှန်းချက် ချမှတ်ထားကြောင်း ထုတ်ပြန်ထားသည်။ မေလကုန်ပိုင်းက တီးတိန်မြို့ပေါ်ရှိ စစ်ကောင်စီစခန်းများကို…

Read More