(003MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့မြောက်ပိုင်း ဒိုးဝိုင်းချောင်းကျေးရွာဖက်တွင် ယနေ့မနက် (၅) နာရီကစပြီး စစ်ကောင်စီတပ်က လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်နေသောကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။ ဒိုးဝိုင်းချောင်းရွာ ဒေသခံတစ်ဦးက “ရပ်ကွက်မှာနေတဲ့သူတွေက ဒီမနက်ပိုင်းပဲ မွန်းလိုင်ဖက်၊ မြို့ထဲ အမျိုးတွေစီ ထပ်ပြောင်း ရွေ့ရတယ်၊ အသိအိမ်ရှေ့မှာလည်း ဗုံးတလုံးကျတယ်။ မနက်ကတည်းက ဗုံးသံတွေ၊ လက်နက်ကြီးပစ်သံတွေ ကြားရတာ” ဟု ပြောသည်။ ယနေ့မနက်ပိုင်းက ဒိုး၀◌ိုင်းချောင်းကျေးရွာအနီးတွင် စစ်ကောင်စီတပ် နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးများနှင့် ပစ်ကူကာ လူနေရပ်ကွက်ထဲကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။ စစ်ကောင်စီတပ်၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ဒိုးဝိုင်းချောင်းအပြင် ညောင်တော၊ ဟံသာ၊ ဌက်ပျောတော၊ ပျဉ်းခုံကြီး၊ ပြည်တော်သာကျေးရွာနှင့် လက်ပံချောင်းကျေးရွာတို့မှ ပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။ ၎င်းအပြင် စစ်ကောင်စီတပ်ဖွဲ့သည် လတ်တလော ကလေးမြို့တွင်း ရပ်ကွက်အချို့တို့တွင် တအိမ်တက်ဆင်းဖြင့် နေအိမ်ထဲ ဝင်ရောက်စစ်ဆေးခြင်း၊ မင်္သကာသူများဟု ယူဆသည့်ပြည်သူများကိုလည်း ဓာတ်ပုံမှတ်တမ်းများ၊ အိမ်ထောင်စု အချက် အလက်များ ကောက်ယူခြင်းများ ပြုလုပ်နေသည်ဟု ကလေးမြို့ခံများထံမှ သိရသည်။ ကလေးမြို့တွင်း နှစ်ဖက်တိုက်ပွဲများ မရှိသော်လည်း စစ်ကောင်စီတပ်ဖက်မှ မြို့တွင်း ကလေးမြို့ လမ်းစုံ၊ စစ်ကောင်စီ တပ်စွဲထားသည့် တာဟန်းနှင့် ဝယ်စလီဆေးရုံလမ်းထောင့်ဂိတ်တို့တွင် နေ့တိုင်းနီးပါး စစ်ဆေးမှုများရှိနေသည်ဟု သိရသည်။
Author: Editor
(003PT) ချင်းပြည်နယ် ဖလမ်းမြို့နှင့် ကလေးမြို့ ကြားဆက်သွယ်သော ကားလမ်းမကြီးအား ပြည်သူများအနေဖြင့် အသုံးပြုသွားလာခြင်းမပြုလုပ်ရန် ယနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့ တွင် CNO/CNDF က အသိပေး ထုတ်ပြန်လိုက်သည်။ ကလေး-ဖလမ်းကားမပေါ်တွင်တည်ရှိသော ထင်းရှုးစခန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့များသည် ယနေ့မနက် ပိုင်းတွင် စခန်းကိုစွန့်ခွာထွက်ပြေးကြသောကြောင့် ခရီးသွားပြည်သူများကို လူသားဒိုင်းအဖြစ် အသုံးပြုလာနိုင်သည့်အတွက် ယခုကဲ့သို့အသိပေးထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟု CNO/CNDF ကဆိုသည်။ “သူတို့ ပြေးထားတယ်ဆိုတော့ ပြည်သူကို ဒိုင်းကာအဖြစ်သုံးပြီးတော့ သူတို့လွတ်လမ်းကို သူတို့ရှာနိုင်တဲ့အခါကျတော့လေ၊ အဲ့ဒီ တောင်ကြောတစ်လျှောက်မှာလမ်းသွားလမ်းလာတွေ၊ တောင်ယာသွားတဲ့သူတွေ ရှောင်ထားတာ အကောင်းဆုံး ဖြစ်မယ်လို့ ကျွန်တော်ထင်တယ်” ဟု CNO/CNDF ၏ ကာကွယ်ရေး အတွင်းရေးမှူး ကို Moses က ပြောသည်။ CNDF တပ်ဖွဲ့များအနေဖြင့် ယင်း ထင်းရှုးစခန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ရန် စီစဥ်နေ ချိန်တွင် စစ်ကောင်စီတပ်ဖွဲ့များက စခန်းကိုစွန့်ခွာထွက်ပြေးခဲ့ကြခြင်းဖြစ်သည်ဟု CNO/CNDF ကာကွယ်ရေး အတွင်းရေးမှုးက ပြောသည်။ “ကျွန်တော်တို့ ဒီမနက် ချဥ်းကပ်သွားတော့ သူတို့ အကုန်လုံးစွန့်ခွာသွားကြတာ။ သူတို့စခန်းမှာ ဘာကိုဘာမှ မထားခဲ့ဘူး ဒီတိုင်း ရိက္ခာ ဆန်တော့နည်းနည်းထားခဲ့တာတော့ရှိတယ်။ သူတို့ တောကိုရှောင်တာဆိုတော့ ကျွန်တော်တို့က မရရ အောင်လိုက်မှာ။ သူတို့ ဖလမ်းမြို့ကို မဝင်သေးသရွေ့တော့ ကျွန်တော်တို့ တိုက်ပွဲကတော့ ထပ်ပြီးတော့ ပြင်းထန်နိုင် ချေရှိတယ်။” ဟု ကို Moses က ပြောသည်။ လွန်ခဲ့သည့် သုံးရက်နေ့က ယင်းထင်းရှုးစခန်းကို သိမ်းပိုက်ရန်…
(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ဓာတ်ဆီ ၁ လီတာ ကျပ်တစ်သောင်းအထိ စျေးမြင့်တက်သွားပြီး ဝယ်ယူရန်ပင် မရှိတော့သည်အထိ ဓာတ်ဆီပြတ်လပ်မှုများ ကြုံနေရသည်ဟု သိရသည်။ ကလေးမြို့ခံတစ်ဦးက ”နေ့လယ်က ဓာတ်ဆီသွားဖြည့်တာ ဘူတာစျေးနားက ဓာတ်ဆီဆိုင်နှစ်ဆိုင်လုံး ဆီပြတ်ပြီး ဆိုင် ပိတ်ထားတယ်။ မီးပွိုင့်နားမှာ ရေသန့်ဗူးနဲ့ ရောင်းတာ ၁ဗူးကို ကိုးထောင်ငါးရာတဲ့၊ စျေးကြီးရင်လည်း မရှိတော့ ဖြည့်ခဲ့ လိုက်တယ်။တချို့နေရာတွေမှာဆိုရင် တစ်သောင်းထိတက်တယ်” ဟု ပြောသည်။ ကလေးမြို့နှင့် ပြည်မဘက်သို့ဆက်သွယ်ရာတွင် အဓိအားထားနေရသော မဟာမြိုင်ကားလမ်းပိုင်းသွားလာရန် ခက်ခဲနေ ခြင်းကြောင့် ကလေးမြို့သို့ စက်သုံးဆီအပါဝင် လူသုံးကုန်ပစ္စည်းများအဝင်နည်းကာ ပစ္စည်များပြတ်လုနီးပါးအထိ ဖြစ်လာ သည်ဟု ကုန်စုံဆိုင်များထံမှသိရသည်။ ထို့အပြင် စက်သုံးဆီပြတ်လပ်မှုကြောင့် မြတ်မေတ္တာမွန် စက်သုံးဆီဆိုင်အပါအဝင် အခြား စက်သုံးဆီဆိုင်များလည်း ပိတ်ထားရပြီး ဖွင့်သည့်ဆိုင်အချို့တွင်လည်း ဂါလံဖြင့်ဖြည့်ပေးခြင်းများမဟုတ်ပဲ ဆိုင်ကယ်တစီးလျှင် တစ်သောင်းဖိုးစီ အကန့်အသတ်ဖြင့် ရောင်းချပေးနေသည်ဟု သိရသည်။ ကလေးမြို့တွင် စက်သုံးဆီအပါဝင် ကုန်စျေးနှုန်းများအဆမတန်စျေးမြင့်တက်ခြင်းကြောင့် အခြေခံလူတန်း စားများ၊ ကုန်စိမ်းရောင်းသူများ၊ စစ်ဘေးရှောင်နေကြရသည့် ပြည်သူများမှာ သွားလာရေးအခက်အခဲ နှင့် စားဝတ်နေရေး အခက်အခဲများ ပိုမိုကြုံလာကြရသည်ဟု သိရသည်။ လက်ရှိ ကလေးမြို့တွင် ပြေးဆွဲနေသောလေကြောင်းလိုင်းခရီးစဉ်များကိုလည်း နိုဝင်ဘာလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ခေတ္တရပ်နားထားသည်ဟု လေယာဉ်လက်မှတ်အရောင်းဌာနများထံမှသိရသည်။
(006SV) ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ မီးဇာရွာကို စစ်ကောင်စီလေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွင် အရပ်သားပြည်သူ ထိခိုက်ဒဏ်ရာရရှိမှု ပိုတိုးလားပြီး ဒဏ်ရာပြင်ထန်းသူများကို ကုသရန် ဆေးဝါးလုံလောက်မှုမရှိကြောင်း ဒေသခံများက ပြောသည်။ ယမန်နေ့ နိုဝင်ဘာလ ၂၀ ရက် ညနေ ၄ နာရီခန့်က ပလက်ဝမြို့နယ်၊ ကုလားတန်မြစ်ဖျားဒေသဖြစ်သည့် ထရွန်အိုင်ရွာအထက်ပိုင်း ၆ မိုင်က မီးဇာရွာကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားပြည်သူ ၉ ဦးအထိ ထိခိုက်ဒဏ်ရာများ ရရှိ ထားကာ သက်ကြီးပိုင်း ပြည်သူ ၂ ဦးမှာ ဒဏ်ရာများ ပြင်းထန်သည်ဟု မီးဇာရွာနှင့် နီးစပ်သော ဒေသခံတစ်ဦးက ပြောသည်။ “မနေ့က ၇ ယောက်ပြောတာ ဒီမနက်ကတော့ ၉ ယောက်ဖြစ်တယ်။ အသက်ကြီးပိုင်း ၂ ယောက်ကတော့ ဒဏ်ရာ ပြင်းထန်တယ်။ မီးဇာဆေးရုံးမှာ ကုသတာ ရှိတော့ ဆေးဝါးက မလုံလောက်ဘူး။ မနက်ပိုင်း လေယာဉ်ပျံတွေ လာမယ်ဆိုလို့၊ ပြည်သူတွေက ဗုံးကြဲမှာကို စိုးလို့ အိမ်ထဲက အိမ်ပြင် မထွက်ရဲဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။ ဘင်္ဂလားဒေ့ရှ် – အိန္ဒိယ – မြန်မာ သုံးနိုင်ငံနယ်စပ်အနီးမှာ တည်ရှိသည့် ပလက်ဝမြို့နယ်၊ တရွန်အိုင်ရွာအနီးက စစ်ကောင်စီ စခန်းကို ရခိုင်တပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်နေမှု တစ်ပတ်နီးပါး ရှိလာချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် တရွန်အိုင်ရွာအထက် ၆ မိုင်ခန့်က မီးဇာရွာမှ ဒေသခံများနှင့်စစ်ဘေးရှောင်များကို လေကြောင်းမှ ဦးတည်တိုက်ခိုက်ခြင်း…
ချင်းပြည်နယ် တီးတိန်မြို့နယ် ကနေဒီတောင်ပေါ်မှာ တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို PDF-Zoland တပ်ဖွဲ့က ယနေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု သိရသည်။ အင်အား ၃၀ ၀န်းကျင်ခန့်ရှိသော စစ်ကောင်စီတပ်စခန်းကို ယနေ့မနက်ပိုင်း ၄ နာရီခန့်ကစ၍ PDF-Zoland တပ်ဖွဲ့က ၀◌င်ရောက်တိုက်ခိုက်ရာမှာ မနက်ပိုင်း ၇ နာရီခန့်မှာ စခန်းကိုသိမ်းပိုက်နိုင်ခဲ့သည်ဟု PDF-Zoland တာ၀◌န်ရှိသူတစ်ဦး ကပြောသည်။ “မနက် ၄ နာရီမှာ စတိုက်တာ ၇ နာရီလောက်မှာ စခန်းသိမ်းနိုင်ခဲ့တယ်” ဟု PDF-Zoland တာ၀န်ရှိသူက ပြောသည်။ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က အနည်းဆုံး ၂ ဦးသေဆုံးပြီး တစ်ဦးကို အရှင်ဖမ်းမိကာ အများစုကတော့ ထွက်ပြေးသွားကြသည်ဟု သိရသည်။ ကနေဒီတောင် စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ထံမှ ၄၀/၆၀ မမ အပါအ၀င် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိသည်ဟု သိရသည်။ အဆိုပါစစ်ဆင်ရေးသည် ပူးပေါင်းစစ်ဆင်ရေးမဟုတ်ဘဲ PDF-Zoland တပ်ဖွဲ့၏ စစ်ဆင်ရေးတစ်ခုဖြစ်သည်ဟု သိရသည်။ အိန္ဒိယ-မြန်မာအမှတ် ၂ နယ်စပ်ကုန်သွယ်ရေး ကလေး-တီးတိန်ကားလမ်ကြီးနဘေးတွင်တည်ရှိသော ကနေဒီတောင်သည် ချင်းပြည်နယ်တွင် ဒုတိယအမြင့်ဆုံးတောင်ဖြစ်ပြီး ၎င်းတောင်ပေါ်မှ ကလေးမြို့ နှင့် ဖလမ်းမြို့ကို လှမ်းမြင်နိင်သည့် စစ်ရေးအတွက် အချက်အချာနေရာတစ်ခုဖြစ်သည်။
(006SV) ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ မီးဇာရွာကို စစ်ကောင်စီတပ်က ယနေ့ညနေပိုင်းတွင် လေကြောင်းက ဗုံးကြဲတိုက် ခိုက်သောကြောင့် အရပ်သားပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး တချို့မှာ အသက်အန္တရာယ်စိုးရိမ်ရသည်ဟု ဒေသခံ များက ပြောသည်။ “စစ်ကောင်စီကနေ ဗုံးကြဲချတဲ့ အဲဒီနေရာက တိုက်ပွဲဖြစ်တဲ့ နေရာလည်း မဟုတ်ဘူး။ ဗုံးကြဲတော့ ၇ ယောက်ဒဏ်ရာ ရတယ်။ ဒဏ်ရာရတဲ့ အထဲမှာ အသက်ကြီးပိုင်း အမျိုးသမီးတစ်ယောက်တော့ ဒဏ်ရာ ပြင်းထန်တယ်။ အသက်ဆုံးရှုံးနိုင်တဲ့ အခြေ အနေရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ယနေ့ နိုဝင်ဘာ ၂၀ ရက် ညနေပိုင်းတွင် ပလက်ဝမြို့နယ်၊ တရွန်အိုင်ရွာအထက်ပိုင်း ၆ မိုင်ခန့်က မီးဇာရွာကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသော ပြည်သူများကို ဆေးဝါးကုသမှု ပေးနေသော်လည်း ဒဏ်ရာပြင်းထန်သော အရပ်သားတချို့ကို ဆေးဝါးကုသမှုပေးနိုင်ရန် ခက်ခဲနေသည်ဟု သိရသည်။ တရွန်အိုင်ရွာအနီးမှာ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေသည်မှာ ၄ ရက်ဝန်းကျင် ရှိလာ ချိန်တွင် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အရပ်သားပြည်သူများ စစ်ဘေးရှောင်နေသည် ကျေးရွာကို လေကြောင်းမှ ဦးတည်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။ ရက္ခိုင်တပ်တော် (AA) သည် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွေက စစ်ကောင်စီစခန်းတွေကို နိုဝင်ဘာလ ဒုတိယပတ်က စ၍ ထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက် နှစ်ဖက် တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေသည်။
(003PT) ချင်းပြည်နယ်၊ မတူပီမြို့နယ် လိုင်လင်းပီမြို့က စစ်ကောင်စီတပ်စခန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့ က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း တိုက်လေယာဉ်နှင့် လေကြောင်းပစ်ကူမှုများ ပြုလုပ်နေသည်ဟု သိရသည်။ အင်အား ၃၀ ကျော်ခန့်ရှိသော လိုင်လင်းပီမြို့က စစ်ကောင်စီအထိုင်စခန်းကို နိုဝင်ဘာလ ၁၉ ရက် နေ့လယ်ခန့်ကစ၍ ချင်း ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ဒရုန်း (Drone) ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ရေးတင်းမာလျှက်ရှိပြီး စစ်ကောင်စီဖက်က လေကြောင်းပစ်ကူဖြင့် ပြန်လည်တိုက်ခိုက်လာသည်ဟု CDF-Mara အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “မနေ့ညကတည်းက ကျွန်တော်တို့က Drone နဲ့ အဲ့လိုမျိုးကြဲတယ်ဆိုတော့လည်း သူတို့ဖက်ကနေလည်း တန်ပြန်လာ မပစ်နိုင်ဘူးပေါ့နော်။ ဒီမနက် ၉ နာရီလောက်မှာ Jetfighter နှင့် ဗုံး သုံးလုံးလာချသွားတာရှိတယ်။ ဒီမနက် ဗုံးလာကြဲ တဲ့အချိန်မှာ သူတို့က လက်နက်ကြီးနှင့် တစ်ချက် နှစ်ချက်လာပစ်တာရှိတယ်။ ကျွန်တော်တို့ဖက်ကတော့ တကယ်ပစ်တဲ့ ဟာမျိုးမရှိသေးဘူးပေါ့နော်” ဟု CDF-Mara အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။ စစ်ကောင်စီ၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လိုင်လင်းပီမြို့ရှိ ခရစ်ယာန်ဘုရားကျောင်း အဆောက်အအုံတစ်ခု ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု ဆိုသည်။ လိုင်လင်းပီမြို့ခံပြည်သူများမှာ တိုက်ပွဲအဖြစ်ခင်ကတည်းက ကြိုတင်တိမ်းရှောင်နိုင်ခဲ့ကြသည်ဟု သိရသည်။ လိုင်လင်းပီတိုက်ပွဲတွင် ချင်းအမျိုးသားတပ်မတော် CNA၊ CDF-Matupi၊ CDF-Mara၊ CDF-Zophei စသည့် ချင်းကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့များ ပါဝင်ကြောင်းသိရပြီး တိုက်ပွဲ ဆက်လက်ပြင်းထန်လာနိုင်သည်ဟု သိရသည်။
(006SV) ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဝေလူးကျေးရွာကို စစ်ကောင်စီ ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းသားကလေးသူငယ် ၈ ဦးအပါအဝင် အရပ်သား ၁၁ ဦး အစုအပြုံလိုက် သတ်ဖြတ်ခံရမှုအတွက် စစ်ရေးအချိန် ပိုမြင့်သွားမည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီက အောက်တိုဘာလ ၁၉ ရက်က သတင်းထုတ်ပြန်သည်။ နိုဝင်ဘာလ ၁၅ ရက် ညနေ ၆ နာရီခွဲခန့်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာ ၂ စီးဖြင့် ဝေလူးကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကျောင်းသား ကလေးငယ် ၈ ဦး၊ CDF ကျောင်းဆရာ ၁ ဦး၊ ပြည်သူ ၁ ဦး စုစုပေါင်း ၁၁ ဦး သေဆုံးခဲ့ရသည်ဟု CDF မတူပီက ထုတ်ပြန်သည်။ သေဆုံးသူ ကျောင်းသား/သူ (၈) ဦးမှာ မောင် ဆာမွေလ (၁၂ နှစ်)၊ မောင်ကွီးနွန်း (၉ နှစ်)၊ မောင်ဥာဏ်ဝင်းအောင် (၇) နှစ်၊ မလီလီမိုး (၅ နှစ်)၊ မောင်ထန်းဟုမ်း (၉ နှစ်)၊ မခိုင်သဇင် (၁၁ နှစ်)၊ မစန်းစန်း၊ မောင်ဘွေကုန်းထန်တို့ဖြစ်ပြီး CDM ကျောင်းဆရာမှာ ဦးဟာလောင်း (၃၄ နှစ်) ဖြစ်သည်၊ ပြည်သူ (၂) ဦးမှာ ဦးအုပ်စော (၆၅ နှစ်)၊ ဦးတဲနိုင် (၃၈ နှစ်) တို့ဖြစ်သည်။ စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား…
(006SV) ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်ကို ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်က (၅) လကျော်ကြာ ရေမီးဖြတ်တောက်ထား မှုကို အမြန်ဆုံးပြန်လည်ရရှိရေးအတွက် မင်းတပ်မြို့ပေါ်ပြည်သူများက တောင်းဆိုနေကြသည်ဟု သိရသည်။ နိုဝင်ဘာလ ၅ ရက်က မြို့မစည်ပင်ခန်းမတွင် မင်းတပ်မြို့ပေါ် ရေမီး အမြန်ဆုံးပြန်လည် ရရှိရေးအတွက် ဆောင်ရွက်ပေးရန် အိမ်ခြေ ၄၀၀ ကျော်၊ လူဦးရေး ၂၀၀၀ ကျော် မြို့ခံလူထုက နိုဝင်ဘာလ ၁၅ ရက်က သဘောထား ထုတ်ပြန်သည်ဟု မင်းတပ်မြို့ခံတစ်ဦးက ပြောသည်။ “ရေမီးရရှိရေးက အကြိမ်ကြိမ် မင်းတပ်မြို့နယ် ပြည်သူ့ကာကွယ်ရေး၊ အုပ်ချုပ်ရေးဆီမှာလည်း မြို့မိမြို့ဖနဲ့ ဘာသာရေးခေါင်းဆောင်းတွေက သွားရောက်ညှိနှိုင်းပါတယ်။ သူတို့က တစ်ပတ်ဆို အစည်းအဝေးလုပ်မယ်၊ တစ်လဆိုရင် အစည်းအဝေးလုပ်မယ်။ တစ်လကြာပေးမယ်နဲ့ မျှော်နေရတာ ကြာပြီ။ မင်းတပ်က မိဘများပဲ နေကြပါတယ်။ သားတို့သမီးတို့ သနားကြပါဆိုပြီး ဘုန်းဘုန်းက အစ တောင်းဆိုကြပေမယ့် ဘာမှ မရဘူး။ မရတဲ့အတွက်ကြောင့် ပြည်သူလူထုက ဆန္ဒတောင် ပြချင်တာ။ ဆန္ဒပြတာတော့ မလုပ်ပါနဲ့ဆိုပြီး လူထုအစည်းအဝေးကို စည်ပင်ခန်းမမှာ စည်းဝေးကြပြီးတော့ ရေမီးရရှိဖို့ ဖော်ထုတ်ချင်ဖြစ်ပါတယ်” ဟု မင်းတပ်မြို့ခံတစ်ဦးက ပြောသည်။ မြို့ရွာအနှံတွင် စစ်ဘေးရှောင်နေကြရသော ပြည်သူများသည် ငွေကြေးခက်ခဲ၍ မိမိနေအိမ်သို့ ပြန်လည်ရောက်ရှိပြီး နေထိုင်ရာတွင် မြို့ပေါ်ရှိ စာသင်ကျောင်းများ၊ ဆေးရုံရှိ လူနာများ၊ သာရေး နာရေး အချိန်များတွင် ထင်း၊ မီးသွေး၊ ရေများကို ဈေးနှုန်းကြီးမြင့်စွာ ဝယ်ယူသုံးစွဲနေရသည်ဟု မင်းတပ်မြို့ခံလူထုက သဘောထားထုတ်ပြန်သည်။ ပွင့်လင်းနွေရာသီ ရောက်ရှိလာပြီးဖြစ်သောကြောင့်လည်း…
(006SV) ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဝေလူးကျေးရွာမှ ကျောင်းစာသင်ဝိုင်းကို စစ်ကောင်စီက ဂျက်ဖိုက်တာ ၂ စီးဖြင့် လေကြောင်းတိုက်ခိုက်ရာ ကျောင်းသားကလေးသူငယ် ၈ ဦးနှင့် ကျောင်းဆရာ ၁ ဦးအပါအဝင် အရပ်သားပြည်သူ ၁၁ ဦးတို့ အစုအပြုံလိုက် သေဆုံးခဲ့ရသည်ဟု မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲမှ တာဝန်ရှိသူက ပြောသည်။ “နိုဝင်ဘာလ ၁၅ ရက်မှာ ဝေလူးရွာဘက်ကို ဂျက်ဖိုက်တာ ၂ စီးနဲ့ တက်လာပြီးတော့ ရွာထဲကိုကြဲချတာ။ တစ်စီးက ဗုံးကြဲပြီးတော့ တစ်စီးက စစ်သေနတ်နဲ့ ရမ်းပစ်တာပါ။ ကလေးတွေ စာသင်ဝိုင်းထဲကို ဗုံးက ကျသွားတယ်” ဟု သူက ပြောသည်။ နိုဝင်ဘာလ ၁၅ ရက် ည ၇ နာရီက ပလက်ဝမြို့နယ်အစပ်၊ မတူပီမြို့နယ်ထဲက ဝေလူးကျေးရွာကို စစ်ရေးတင်မာမှု တစုံတရာမရှိဘဲ ကျောင်းသား/ကျောင်းသူများ စာကျက်ဝိုင်းရှိရာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ စစ်သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။ ယင်းတိုက်ခိုက်မှုကြောင့် လသားအရွယ်ကလေးငယ်အပါအဝင် အသက် ၁၅ နှစ်အောက် ကျောင်းသားကလေးငယ် ၈ ဦး၊ CDM ကျောင်းဆရာ ၁ ဦးနှင့် အရပ်သား ၂ ဦး စုစုပေါင်း ၁၁ ဦး သေဆုံးခဲ့သည်။ အမျိုုးသမီး ၄ ဦး အပြင်းအထန်ဒဏ်ရာများရရှိပြီး တခြားထိခိုက်ဒဏ်ရာရသူများကို ဆက်လက်စိစစ်နေဆဲဖြစ်သည်ဟု မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။ စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားများအပေါ် ယခု ဗုံးကြဲသတ်ဖြတ်မှုသည်…