Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ပညာရေးကို စီးပွားရေးဈေးကွက်အဖြစ်အသုံးချသည့် အဖွဲ့အစည်းများကို လက်ခံမည်မဟုတ်ကြောင်း ပလက်ဝမြို့နယ် ပညာရေးဘုတ်အဖွဲ့ ပြော

ပညာရေးကို စီးပွားရေးဈေးကွက်အဖြစ်အသုံးချသည့် အဖွဲ့အစည်းများကို လက်ခံမည်မဟုတ်ကြောင်း ပလက်ဝမြို့နယ် ပညာရေးဘုတ်အဖွဲ့ ပြော

0
By Editor on June 27, 2024 Khonumthung

(004SS)

ပလက်ဝကောင်စီအုပ်ချုပ်သည့် ကျေးရွာနှင့် စစ်ရှောင်စခန်းများတွင် ပညာရေးကို စီးပွားရေးဈေးကွက်အဖြစ် အသုံးချကာ ကိုယ်ကျိုးစီပွားအဖြစ် လုပ်ဆောင်နေသော အဖွဲ့အစည်းများကို လက်ခံအတည်ပြုမည်မဟုတ်ကြောင်း ပလက်ဝမြို့နယ် ပညာရေးဘုတ်အဖွဲ့က ပြောဆိုသည်။

ပလက်ဝကောင်စီအုပ်ချုပ်ရေးနယ်မြေအတွင်း ပညာရေးမြှင့်တင်ရေးကို ဦးတည်ပြီး ပညာရေးလုပ်ငန်းများ ဆောင်ရွက်လိုသည့် ပုဂ္ဂိုလ်များအား ပညာရေးဘုတ်အဖွဲ့မှ လှိုက်လဲစွာ ကြိုဆိုသော်လည်း ပညာရေးကို ရောင်းကုန်သဖွယ် သဘောထားကာ ကိုယ်ကျိုးစီးပွားအတွက် ပုဂ္ဂလိက ကျောင်း၊ ကိုယ်ပိုင်ကျောင်းများ ဖွင့်လှစ်ရန် လုပ်ဆောင်စည်းရုံးခြင်းများ တွေ့မြင်ရသောကြောင့် မြို့နယ်ပညာရေးဘုတ်အဖွဲ့မှ ၎င်းကဲ့သို့‌သော အဖွဲ့အစည်းများအား လက်ခံအတည်ပြုမည်မဟုတ်ကြောင်း မေလ ၃၀ ရက်နေ့ကထုတ်ပြန်ထားသည်။

ပလက်ဝမြို့နယ် ပညာ‌ရေးဘုတ်အဖွဲ့မှ တာဝန်ခံဆရာမက “ကျောင်းသားတွေကို ဘယ်လောက်၊ ဘယ်လောက်ဆိုပြီး ကောက်ခံပြီးတော့ မြို့နယ်ဘုတ်တွေနဲ့လဲ အချိတ်အဆက်မလုပ်ဘဲ တိုင်ပင်ညှိနှိုင်းမှုမရှိဘဲနဲ့ အဲလို လုပ်တဲ့ တစ်ချို့လူတွေ ရှိတယ်လေ၊ မြို့နယ်တိုင်းမှာလဲ ရှိနေတယ်ပေါ့နော်၊ တဦးတယောက်ကို ရည်ညွှန်းပြောဆိုချင်တာမဟုတ်ဘဲ ကျွန်မတို့ အားလုံးကို ခြုံပြီး‌တော့ ခုလို လုပ်ဆောင်တာဖြစ်တယ်၊ နောက်နောင်အဲလိုမျိုး ကိုယ်ကျိုးအတွက်လုပ်တဲ့သူတွေ ပပျောက်အောင်၊ ကိုယ်ပိုင်ကျောင်းတွေ၊ ကျူရှင်တွေမရှိအောင် ကလေးတွေအတွက် စဉ်းစားပြီးတော့ ထုတ်ပြန်ရခြင်းဖြစ်ပါတယ်” ဟု ပြောသည်။

ပလက်ဝမြိုနယ် ပညာရေး ဘုတ်အဖွဲ့သည် နိုင်ငံရေးပဋိပက္ခကြောင့် ပလက်ဝကောင်စီအုပ်ချုပ်ရေးနယ်မြေအတွင်းရှိ ကျောင်းသား ကလေးသူငယ်များ ပညာသင်ကြားခွင့် နစ်နာဆုံးရှုံးမှု မရှိစေရေးအတွက် အမျိုးသားညီညွှတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ကြားကာလပညာရေးကို အကောင်အထည် ဖော်ဆောင်ရွက်နေ‌သော အဖွဲ့ဖြစ်သည်။

ယခု ထုတ်ပြန်ချက်နှင့် ပါတ်သက်၍ ပညာရေးဘုတ်အဖွဲ့နှင့်ပူးပေါင်းကာ စစ်ဘေးရှောင်စခန်းတစ်နေရာတွင်ဖွင့်လှစ်သော ‌အခြေခံအထက်တန်ကျောင်းတာဝန်ရှိသူတစ်ဦးက “ကျွန်တော်သိသလောက်ကတော့ အဲ့လို ကိုယ်ကျိုးအတွက် လုပ်တဲ့သူမတွေ့သေးဘူး၊ ဆရာဆရာမတွေတောင်မှ လစာပေးဖို့မရှိတာ။ တစ်ချို့ကတော့ အထက်တန်းကလေးတွေ ရူပီး ၅၀၀ ၊ မူလ တန်းဆို ၃၀၀ လောက် ကောက်ပြီးတော့ စာသင်ပေးတဲ့ ဆရာ၊ ဆရာမတွေကို တစ်လမှာ ရူပီ ၄၀၀၀ လောက် ပေးတာတော့ ကြားတယ်၊ ဒါပေမဲ့ ဒါက သူတို့ကိုယ်ကျိုးအတွက်တော့မဟုတ်ဘူး။ ထောက်ပံ့ကြေးအနေနဲ့ပေးတာ အဲလောက်ပဲသိတာ၊ ကျွန်တော်တို့ဆို ကလေးတွေဆီက မကောက်သေးဘူး၊ ဘာအလှူငွေမှလဲ မရသေးဘူး။ ဒါပေမဲ့ အမှန်ဆို ဆရာ/ဆရာမတွေ သူတို့သားသမီးရှိတယ်၊ မိသားစုတွေနဲ့ဖြစ်လာတဲ့အခါမှာ တစ်လကို အနည်းဆုံး ရူပီး ၁ သောင်းလောက်တော့ ရသင့်တာပေါ့နော်။ ဒါပေမဲ့ ဆန် ၂ တောင်းပဲရတာ။ အခုပညာရေးဘုတ်အဖွဲ့ ထုတ်ပြန်တာက‌တော့ သူတို့အနေနဲ့ အရင်ဆုံး ကျောင်းတွေကိုမေး၊ ဒီလိုရှိတယ်ဆို သက်သေပြနိုင်မှ ထုတ်ပြန်တာ ပိုကောင်းလိမ့်မယ်ထင်တယ်။ အဲလိုမဟုတ်ဘူး ဆိုရင်တော့ ကျွန်တော်တို့ ပလက်ဝ ပညာရေးကတော့ အလားအလာမကောင်းဘူး။ ခုနပြောသလိုပဲ စေတနာ့ဝန်ထမ်း ဆိုပြီးအမည်တပ်ပြီးမှ ပိုက်ဆံတစ်ပြားမှလည်း မပေး၊ စားစရာလဲမပေးဆိုရင် အဲဒီလူက စာသင်နိုင်ပါ့မလားပေါ့နော်၊ အဲဒါမျိုးကိုလဲ သုံးသပ်စေချင်တယ်” ဟု ပြောသည်။

ပြည်သူ့အခြေပြုကျောင်းများ အခြေခံပညာမူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်ဟူ၍ အိန္ဒိယ-မြန်မာ နယ်စပ် မီဇိုရမ်ပြည်နယ်တွင် ကျောင်းပေါင်း ၉ ကျောင်းနှင့် ပလက်ဝမြို့နယ် အတွင်း၌ ကျောင်းပေါင်း ၁၀၀ ကျော်ကို ပြည်သူများနှင့်ပူးပေါင်းကာ ဖွင့်လှစ်ပေးလျက်ရှိနေကြောင်း ပလက်ဝမြို့နယ် ပညာ‌ရေးဘုတ်အဖွဲ့ထံမှ သိရသည်။

အဆိုပါကျောင်းများတွင် CDM ဆရာ/ဆရာမများ၊ စေတနာ့ဝန်ထမ်းများ၊ တော်လှန်ရေးရဲဘော်များမှ အခမဲ့သင်ကြားပေးကာ မည်သည့် အခကြေးငွေမျှ ကောက်ခံခြင်းမရှိကြောင်း ပလက်ဝမြို့နယ် ပညာ‌ရေးဘုတ်အဖွဲ့ထံမှ သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

သင်္ချိုင်းအုတ်ဂူမှာ မီဇိုးဘာသာစကား မသုံးလိုသူများအတွက် သင်္ဂြိုဟ်ခွင့်မရှိကြောင်း Zokhawthar YMA က အသိပေး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.