Author: Editor

(002MG) ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့ပေါ်တွင် ကုန်စည်ပြတ်လပ်မှုကြောင့် မြို့တွင်းနေပြည်သူများ စားနပ်ရိက္ခာနှင့် မီးဖိုဆောင်သုံးပစ္စည်းများမှအစ ပြတ်လပ်နေကြသည်ဟု ကန်ပက်လက်မြို့ဒေသခံများထံမှ သိရသည်။ “ကန်ပက်လက်မြို့ပေါ်မှာ စျေးလည်းမရောင်းကြတော့ဘူး၊ အခုရှိတဲ့ဟာလည်း လက်ကျန် ပစ္စည်းလေးတွေပဲ ရောင်းကြ‌ တော့တာ။ ဆောဖက်ကို ဆင်းပြီးမှပဲစျေးဝယ်ရတယ်။ ကန်ပက်လက်မှာက စျေးလဲမရှိတော့ဘူးဆိုတော့ ဟင်းသီး ဟင်း ရွက်နဲ့ အသားငါးသယ်လို့မရဘူး ကုန်းစိမ်းတွေရောင်း လို့ဝယ် လို့မရတော့ဘူး ဒုက္ခရောက်ကုန်တာ” ကန်ပက်လက် ဒေသခံတစ်ဦးကပြောသည်။ ယခုလက်ရှိ ကန်ပက်လက်မြို့ပေါ်တွင်နေထိုင်သူ လူဦးရေ ၂၀၀ ကျော်ခန့်ရှိသည်ဟုသိရပြီး ကုန်ပစ္စည်းများ အဓိက သယ်ယူရာလမ်းကြောင်းဖြစ်သည့် ကန်ပက်လက်-ဆော လမ်းကြောင်း အသုံးပြု၍မရသောကြောင့် စားနပ်ရိက္ခာများ ပြတ်လပ်မှုကြုံနေကြရခြင်းဖြစ်သည်။ ကန်ပက်လက်မြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့များ အထိုင်ချတပ်စွဲထားဆဲဖြစ်သောကြောင့် ၎င်းတို့အား ရိက္ခာ ဖြတ် တောက်နိုင်ရန်အတွက် CDF-Kanpetlet က မြို့တွင်းရှိ ပြည်သူများ ဆန်အပါအဝင် ရိက္ခာများကို မိသားစုအရေအတွက် ပေါ်မူတည်ကာ အကန့်အသတ်ဖြင့် ဝယ်ယူခွင့်ပြုထားသည်ဟုသိရသည်။ ထို့ကြောင့် လက်ရှိ ကန်ပက်လက်မြို့ခံပြည်သူများသည် (၁၂) မိုင်ခန့်ကွာဝေး မကွေးတိုင်း ဆောမြို့တွင် ရိက္ခာ ဆန်များ ကို တလတကြိမ်နှင့် ဆိုင်ကယ်ဖြင့်သော်လည်းကောင်း၊ ခြေလျှင်ဖြင့်သော်လည်းကောင်း ဝယ်ယူ ားသုံးနေကြရသည်ဟု ၎င်းဒေသခံက ဆက်ပြောသည်။ “ဆောဖက်ကိုဆင်းရင်းနဲ့ လူငယ်ဖက်ကို မိသားစုအတွက် ဆန် (၁) အိတ်လောက် မိသားစု အတွက် ဝယ်ချင်တယ်လို့ အကြောင်းကြားပြီးမှပဲ ဝယ်ရတယ်။ (၂) အိတ်လောက်ပဲအများကြီးလဲ သယ်လို့ မရဘူး။ဆေးဝါးတွေလည်းပဲ မရှိ သလောက်ဖြစ်တယ်။ သက်ကြီးရွယ်အိုတွေအတွက်ဆိုရင် မြို့ထဲကနေတဲ့ ပြည်သူတွေက နီးစပ်ရာဆွေမျိုးတွေကပဲ ဝယ်ခြမ်းပေးတာ၊ကူညီပေးရတာ။မြို့ထဲမှာ…

Read More

(006SV) ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ဖျန်ချောင်းကျေးရွာတွင် စစ်ကောင်စီက ဒေသခံ သက်ကြီးရွယ်အိုတစ်ဦးကို ပစ်သတ်လိုက်ပြီး နောက်ထပ် သက်ကြီးရွယ်အို ၂ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ကန်ပက်လက်မြို့၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ သတင်းရရှိသည်။ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေရာ ရဟတ်ယာဉ်များဖြင့် လွန်ခဲ့သော တစ်ပတ်ခန့်က တောတွင်းတစ်နေရာမှာ ချခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဧပြီ ၄ ရက်တွင် ဖျန်ချောင်းကျေးရွာကို ရောက်ရှိလာခဲ့ကြောင်း သိရသည်။ ထို့နောက် ဖျန်ချောင်းကျေးရွာတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ကျေးရွာအတွင်းကျန်ရစ်ခဲ့သော ၆၅ နှစ်အရွယ် သက်ကြီးအမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်သားများက သေနတ်ဖြင့် ပစ်သတ်ထားကြောင်း သိရသည်။ သက်ကြီးရွယ်အိုပြည်သူ ၂ ဦးမှာလည်း ဧပြီ ၄ ရက်မှ ယနေ့ ဧပြီ ၅ ရက်အထိ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။ စစ်ကောင်စီမှ လေကြောင်း ပစ်ခတ်မှုများ၊ နေအိမ်များကို မီးရှို့မှုများကြောင့် ကျေးရွာအတွင်းမှ နေအိမ်တချို့ မီးလောင်ပျက်စီးနေပြီး ကျေးရွာနေပြည်သူ ၁၅၀ ကျော်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကြောင်း သိရဿည်။ ယနေ့အထိလည်း ဖျန်ချောင်းကျေးရွာတွင် စစ်ကောင်စီတပ်သားများ တပ်စွဲထားဆဲဖြစ်ပြီး ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များဖြင့် ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။ ယင်းစစ်ဘေးရှောင်ပြည်သူများကို ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနေပြီး ပြည်တွင်း/ပြည်ပ ပြည်သူများအနေဖြင့်လည်း တတ်စွမ်းသမျှ ပံ့ပိုးကူညီပေးကြရန် ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။

Read More

(004SS) အမေရိကန်အခြေစိုက် Angel Group မှ CNF/ CNA ရဲမေများအတွက် မော်တော်ဆိုင်ကယ် ၉ စီးနှင့် အခြားလိုအပ်သော အမျိုးသမီး အသုံးအဆောင်များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ဧပြီလ ၂ ရက်နေ့တွင် Angel Group မှ Scooter အမျိုးအစား မော်တော်ဆိုင်ကယ် ၃ စီးအား လှူဒါန်းခဲ့ခြင်းဖြစ်ရာ လွန်ခဲ့သော မတ်လ ၈ ရက်နေ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင်လည်း Kenbo ဆိုင်ကယ်များ လှူဒါန်းခဲ့ပြီးဖြစ်ကာ စုစုပေါင်း ဆိုင်ကယ် ၉ စီး လှူဒါန်းခဲ့ကြောင်း ၎င်းအဖွဲ့အစည်း၏ ဖော်ပြချက်အရ သိရသည်။ ထို့အပြင် အကျီများ၊ ဖိနပ်များ၊ အဝတ်အထည်များ၊ အမျိုးသမီးများ၏ တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းများ၊ အစားအစာများ၊ အတွင်းခံများနှင့် လိမ်းဆေးများလည်း လှူဒါန်းခဲ့ကြောင်း သိရသည်။ “ဤရဲရင့်သော၊ ကိုယ်ကျိုးမဖက်သော အမျိုးသမီးများသည် အရာရာကို စတေးခဲ့ပြီး၊ သူတို့၏ စွန့်လွှတ်အနစ်နာခံမှုများကို ဂုဏ်ပြုလေးစားပါတယ်” ဟု Angel Group က ၎င်းတို့စာမျက်နာတွင် ဖော်ပြသည်။ ထိုသို့ တိုင်းပြည်နှင့် လူမျိုးများအတွက် တဖက်တလှမ်းမှ ပါဝင်ချင်သူများအနေဖြင့် Angel Group သို့ လစဉ် အမေရိကန် \ဒေါ်လာ 20$ လှူဒါန်းခြင်းအားဖြင့် ၎င်းတို့၏လှုပ်ရှားမှုများတွင် ပါဝင်နိုင်ကြောင်းကိုလည်း ဖော်ပြထားသည်။ Angel Group သည် ၂၀၂၂ ခုနှစ်တွင် တည်ထောင်ခဲ့သော ချင်းအမျိုးသမီးအဖွဲ့ငယ်တစ်ဖွဲ့ဖြစ်ပြီး ချင်းအမျိုးသားတပ်ဦး ရဲမေများကို ထောက်ပံ့ရန်အတွက် ဖွဲ့စည်းသည့် ကူညီ‌ေရးအဖွဲ့ဖြစ်သည်။

Read More

(005MK) မီဇိုရမ်ပြည်နယ်တောင်ပိုင်း ရှာဟာခရိုင် Lungpuk ကျေးရွာက မြန်မာစစ်ဘေးရှောင်များနေထိုင်သော စစ်ရှောင်စခန်းတွင် မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၃ လုံး ပြာကျခဲ့ရသည်ဟု သိရသည်။ ယမန်နေ့ ဧပြီလ ၃ ရက်မနက် ၁၀ ၀န်းကျင်ခန့်က Lungpuk စစ်ဘေးရှောင်စခန်းမှာ မီးစတင်လောင်ကျွမ်းကာ အနီးနားရှိ အာသံရိုင်ဖယ်တပ်ဖွဲ့နှင့် ဒေသခံများက ၀◌ိုင်း၀န်းငြိမ်းသတ်ခဲ့ကြသည်ဟု ဒေသခံတစ်ဦးထံမှသိရသည်။ မီးလောင်မှုကြောင့် Lungpuk စစ်ရှောင်စခန်းက နေအိမ် ၃ လုံးမှာ မီးလောင်ပြာကျခဲ့ရပြီး လူထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။ Lungpuk ကျေးရွာသည် ရှာဟာမြို့မှ ၄ နာရီခန့်သွားရသော အိန္ဒိယ-မြန်မာ နယ်စပ်ဘက်တွင်တည်ရှိသော ကျေးရွာဖြစ်ပြီး ချင်းပြည်နယ် ပလက်၀မြို့နယ်က မရာနှင့် ခူမီးချင်းမျိုးနွယ်စုများနေထိုင်သည့် စစ်ရှောင်စခန်းဟု သိရသည်။ ပြီးခဲ့သည့် ဖေဖော်၀◌ါရီလ ၂၁ ရက်ကလည်း မီဇိုရမ်ပြည်နယ် အိုင်ဇောလ်ခရိုင် Sihhmui ကျေးရွာက မြန်မာ စစ်ဘေးရှောင်စခန်းတွင် မီးလောင်ဖြစ်ပွားကာ နေအိမ် ၈ လုံး လောင်ကျွမ်းပြာကျခဲ့ရသည်။

Read More

(006SV) ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် ယခုနှစ် ၂၀၂၄ အတွင်း စစ်ရေးစီမံချက်များ အခိုင်အမာချမှတ်ပြီး စစ်ကောင်စီ ချေမှုန်းရေးကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်မည်ဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်ကပြောဆိုသည်။ မတ်လ ၃၀ ရက်မှ ဧပြီလ ၁ ရက်အထိ ဒုတိယအကြိမ်မြောက် အထွေထွေညီလာခံကို စစ်ကောင်စီ၏ ကင်းထောက်လေယာဉ်နှင့် လေကြောင်းတိုက်ခိုက်မှုများကြားမှ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ဆုံးဖြတ်ချက် (၁၀) ချက်ကို ချမှတ်နိုင်ခဲ့ကြောင်း CDF မင်းတပ်က ဧပြီလ ၂ ရက်မှာ ထုတ်ပြန်သည်။ CDF – မင်းတပ် ထိန်းချုပ်နယ်မြေအတွင်း ပြည်သူလူထု စည်းလုံးညီညွတ်ရေး ပျက်ပြားစေရေးအတွက် နိုင်ငံရေးနှင့် စစ်ရေး အရဖြစ်စေ၊ စည်းရုံးလှုံ့ဆော်မည့် မည်သည့်လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းကိုမဆို အရေးယူ ဆောင်ရွက်မည်ဖြစ်ပြီး CNC – မင်းတပ်ကို ပိုမိုကျစ်လစ်ခိုင်မာလာရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ညီလာခံ၏ ဆုံးဖြတ်ချက် (၁၀) ချက်နှင့် ပတ်သက်၍ အသေးစိတ်မေးမြန်းရင် CDF – မင်းတပ် တာဝန်ရှိသူများထံ ဆက်သွယ် သော်လည်း မရေသေးပေ။ ချင်းပြည်နှင့် ချင်းအမျိုးသားရေးကိစ္စရပ်များတွင် ချင်းပြည်သူ အားလုံး သဘောတူလက်ခံနိုင်မည့် ဖက်ဒရယ်အစိုးရ ပေါ်ပေါက်ရေး ချင်းညီနောင်နှင့်အတူ စစ်ရေး၊ နိုင်ငံရေးမှာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ဒုတိယအကြိမ် အထွေထွေညီလာခံတွင် သဘာပတိ၊ စစ်ဦးစီးချုပ်၊ ဒုတိယစစ်ဦးစီးချုပ်၊ စစ်ဒေသမှူး၊ စီမံညွှန်ကြားရေးမှူး၊ ဌာနမှူးများ၊ ဗျူဟာမှူးများ၊ တပ်ရင်း ၆ ရင်းရှိ တပ်ရင်းမှူးများ၊ ဒုတပ်ရင်းမှူးများနှင့် ဗဟိုကာကွယ်ရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း…

Read More

(006SV) ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ် ၁၃ ထဲက အောက်ချိုင်ရွာကို စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးအပါအဝင် ဗုံကြဲတိုက်ခိုက်မှု ၁၀ ကြိမ်ခန့် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ ဧပြီလ ၂ ရက် မွန်းလွဲ ၃ နာရီခန့်တွင် စစ်ကောင်စီသည် တိုက်လေယာဉ် ၃ စီးဖြင့် အောက်ချိုင်ကျေးရွာကို ဗုံးကြဲ တိုက်ခိုက်မှု ၁၀ ကြိမ်ခန့်ပြုလုပ်ခဲ့ပြီး စက်သေနတ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်သွားကြောင်း မင်းတပ်မြို့ခံ ကိုဟာကလေးက ပြောသည်။ “တစ်ရွာလုံးကို ဗုံး ၁၀ ဝန်းကျင်နဲ့ ကြဲသွားတယ်။ ပြီးတော့ စက်သေနတ်တွေနဲ့ပါ ပစ်ခတ်ပြီး လေကြောင်းတိုက်ခိုက် သွားတယ်။ တစ်စီးပြီး တစ်စီး လာကြဲသွားတာပါ” ဟု ၎င်းက ပြောသည်။ စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် အောက်ချိုင်ရွာတွင် အထိအခိုက်အပျက်အစီးများ ရှိနေကြောင်း၊ အောက်ချိုင်ရွာအနီးက တောများလည်း မီးလောင်နေကြောင်း၊ ကနဦး သိရသော်လည်း ဖုန်းလိုင်းဆက်သွယ်ရေး ခက်ခဲသောကြောင့် အသေးစိတ်အချက်အလက်များကို ထပ်မံစုံစမ်းနေပါသည်။ တိုက်နယ် ၁၃ ထဲက အောက်ချိုင်ရွာသည် မင်းတပ်မြို့နယ်၊ မတူပီမြို့နယ်နှင့် ပလက်ဝမြို့နယ်တို့ နှင့် ဆက်စပ်နေသော ဒေသထဲတွင် တည်ရှိနေကြောင်း သိရသည်။ မင်းတပ်မြို့နယ်၊ မင်းတပ်မြို့နှင့် မိုင် ၄၀ အကွာရှိ တိုက်နယ် (၂) မှ ချပ်ကေးရွာကို ယမန်နေ့ ဧပြီလ ၁ ရက် နံနက်ပိုင်းက စစ်ကောင်စီသည ဖျက်အားပြင်းပေါင်း ၅၀၀ ဗုံးဖြင့်…

Read More

(002MG) ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်၊ ဆမီးမြို့ပေါ် အမှတ် (၂) ရပ်ကွက်တွင် ယမန်နေ့က ချင်းအမျိုးသားတစ်ဦး မြို့တွင် စီမံကိန်းဧရိယာနယ်မြေအတွင်းသွားရာတွင် မိုင်းနှင်းမိကာ သေဆုံးသွားသည်ဟု ဆမီးမြို့ ဒေသခံကပြောသည်။ “၁၆ ကုတင်ဆေးရုံအသစ်ဆောက်တဲ့နားမှာဖြစ်တာ အဲ့နားတွေမှာတော့ အိမ်ခြေမရှိဘူး။ သူ့ညာဖက်ခြေထောက်က ပြတ်သွားတယ်၊ AA ဆေးရုံမှာတင်တာ ဒေါက်တာကမနိုင်တော့ ရခိုင် ကျောက်တော်မှာသွားတာ ဟိုမှာဆုံးသွားတယ်။ ဒီနေ့တော့ ကျောက်တော်ကနေ လိပ်ကောင်းတံတားအထိ ပို့လာမယ် ဆမီးအောက်ပိုင်းကနေ လှေနဲ့ ကြိုခိုင်းတယ် ညတော့ ဘယ်ချိန်ရောက်မလဲမသိသေးဘူး” ဟု ဆမီးမြို့ခံက ပြောသည်။ အဆိုပါ သေဆုံးသွားသည့်အမျိုးသားသည် အသက် (၆၈) အရွယ် ဦးလိုက်ထန်ဖြစ်ပြီး မိသားစုနှင့်အတူ ကျေးရွာဖက်သို့ စစ်ဘေးရှောင်ရာမှ ဆမီးမြို့သို့ပြန်လာသည်မှာ (၃) ရက်သာရှိသေးသည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲကြောင့် ဆမီးမြို့တွင်းနေထိုင်သူ ပြည်သူများသည် နီးစပ်ရာကျေးရွာတို့တွင် စစ်ဘေးတိမ်းရှောင်နေရပြီး လက်ရှိတွင် မြို့တွင်း ပြန်လည်နေထိုင်လာသူအနည်းငယ်လာပြီဟု သိရသည်။

Read More

(006SV) စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရဥပဒေအရ အဓမ္မစစ်သားစုဆောင်းခေါ်ယူမှု ပထမသုတ်မှာ ချင်းပြည်နယ် မပါဝင်သေးကြောင်း စစ်ကောင်စီ၏ စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။ လက်နက်ကိုင်ခုခုံတော်လှန်မှု အားကောင်းပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့များက နယ်မြေအများစုကို ထိန်းချုပ်စိုးမိုးထားသော ချင်းပြည်နယ်တွင် စစ်မှုမထမ်းမနေရအတွက် စာရင်းကောက်ယူပြုစုမှုအဆင့်မှာသာရှိနေပြီး စစ်မှုထမ်းရန် ဆင့်ခေါ်မှုများ မလုပ်သေးကြောင်း စစ်ကောင်စီ၏ စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ထံမှ တာ၀န်ရှိသူကပြောသည်။ “စာရင်းကောက်ယူရေးအဖွဲ့က စာရင်းကောက်ထားတာပဲ ရှိသေးတယ်။ ချင်းပြည်နယ်ကိုတော့ အခု အသုတ်မှာ ခေါ်မထားသေး ဘူး။ နောက်အသုတ်တွေမှာတော့ အကျုံးဝင်နိုင်ပါတယ်။ ပထမအသုတ်မှာက စုစည်းရခက်နေတဲ့အတွက်ကြောင့် မခေါ်သေး တာပါ။ ချင်းပြည်နယ်ဘက်မှာက အခုလောလောဆယ် လမ်းပန်းဆက်သွယ်ရေးလည်း ခက်ခဲနေသေးတယ်။ လူတွေကို စုပြီး ခေါ်ဖို့ကလည်း အဆင်မပြေသေးတဲ့အတွက် မခေါ်သေးပဲ ထားတာပါ” ဟု စစ်ကောင်စီစစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။ ချင်းပြည်တွင် စာရင်းကောက်ယူခံရပြီး ယခုပထမအသုတ်မှာ စစ်သားစုဆောင်းခံရပါက ပြန်လည်စိစစ်ပေးနိုင်ကြောင်း ၎င်းက ပြောသည်။ စစ်မှုမထမ်းမနေရဥပဒေအရ စစ်မှုထမ်းရန် ဆင့်ခေါ်မှု ပထမအသုတ်တွင် ချင်းပြည်နယ်သည် မပါ၀င်သေးသော်လည်း နောက်အသုတ်များ ဆင့်ခေါ်သည့်အချိန်တွင် ပါ၀င်လာနိုင်ဖွယ်ရှိပြီး ယခုပထမအသုတ်တွင် မည်သည့်ပြည်နယ်နှင့် တိုင်းဒေသကြီးများ ပါ၀င်သည်ကိုမူ အထက်ပါတာ၀◌န်ရှိသူကပြောဆိုခဲ့ခြင်းမရှိပေ။ သို့သော် စစ်ကောင်စီ အာဘော် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည့် စစ်မှုထမ်းဆင့်ခေါ်ရေး ဆိုင်ရာ ကိစ္စရပ်များအပေါ် စုံစမ်းမေးမြန်းခြင်းနှင့် သတင်းပို့ခြင်း ပြုလုပ်နိုင်သော ထုတ်ပြန်ချက်တွင် နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ တနသ်ာရီတိုင်း၊ ဧရာ၀တီတိုင်း၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်တို့သာ…

Read More

(004SS) ချင်းပြည်နယ် တီးတိန်မြို့တွင် တော်လှန်ရေးတပ်ဖွဲ့အမည်ကို အလွဲသုံးစားလုပ်၍ ပြည်သူများထံ ငွေကြေးအပါအဝင် ပစ္စည်းအမျိုးမျိုး လိမ်လည်တောင်းခံလေ့ရှိသူ အမျိုးသားတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။ အသက် ၂၀ အရွယ်ခန့်ရှိသော မာန်ရှင်းတုန်သည် တီးတိန်မြို့ပေါ်တွင် ZFU/ PDF-Zoland တပ်ဖွဲ့ကဟုဆိုကာ ငွေကြေးများ တောင်းခံလေ့ရှိသည့်အတွက် PDF-Zoland နှင့် PPF ပြည်သူ့ရဲတပ်ဖွဲ့တို့က ဧပြီလ ၁ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ မာန်ရှင်းတုန်သည် တီးတိန်မြို့ပေါ်နှင့် အနီးနားရှိ ပြည်သူများထံ ငွေကြေးများ မကြာခဏ တောင်းခံလေ့ရှိသည့်အပြင် ၎င်းလိုချင်သော ပစ္စည်းများကိုလည်း တော်လှန်ရေးတပ်ဖွဲ့အမည်ဖြင့် လိမ်လည်ပြောဆိုကာ တောင်းခံလေ့ရှိသူဟု သိရသည်။ အလားတူ အသက် ၁၉ နှစ်ရှိ မောင်ဂင့်ဇဗန်ကိုလည်း တီးတိန်မြို့ပေါ်နှင့်အနီးတစ်ဝိုက်ရှိ ပြည်သူများထံ ငွေကြေးနှင့်ပစ္စည်းများ တောင်းခံနေသောကြောင့် မတ်လ ၁၅ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးခံခဲ့ပြီးဖြစ်သည်။ ၎င်းတို့သည် ေတာ်လှန်‌ေရးတပ်ဖွဲ့အမည်အား အလွဲသုံးစားပြုလုပ်ပြီး တောင်းခံသည့်အပြင် ယခင်ကလည်း ပြည်သူပိုင်ပစ္စည်းများ ခိုးယူလေ့ရှိသူများဟု ဒေသခံများ‌၏ေပြာပြချက်အရ သိရသည်။ တီးတိန်မြို့ဒေသခံတစ်ဦးက “အခုလိုမျိုး လူလိမ်တွေများလာတယ်ဆိုတော့ ကျွန်တော်တို့ ပြည်သူတွေကလဲ အလိမ်မခံရအောင် ကောင်းကောင်း သတိထာဖို့လိုလာပြီ” ဟု ပြောသည်။ လက်ရှိ ဖမ်းဆီးခံရသူများအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့မှ ခေတ္တထိန်းသိမ်းထားကြောင်း သိရသည်။ “အခုလိုမျိုးဖမ်းတယ်ဆိုတာ ဖမ်းချင်တိုင်ဖမ်းတာမဟုတ်ပါဘူး၊ ‌ေစာင့်ကြည့်ပြီးမှ မဖမ်းလို့မဖြစ်တော့မှပဲ ဖမ်းဆီးခြင်း သာဖြစ်ပါတယ်။ သူတို့ကို ပစ်မှုနဲ့အညီ အရေးယူမှာဖြစ်ပါတယ်။ ခုလို နာမည်အလွဲသုံးစားလုပ်ပြီး မလိမ်ပါနဲ့၊ ကျွန်တော်တို့ တိုင်းပြည်‌ေကာင်းဖို့ရာ တစ်ဖက်တစ်လမ်းကနေ ပါဝင်ပေးကြပါ”…

Read More

(004SS) နိုင်ငံတစ်ဝန်းရှိ တိုင်းနှင့် ပြည်နယ်အချို့တွင် အထူးအစီအစဉ်တစ်ရပ်ဟုဆိုကာ စစ်ကောင်စီက ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား ပြန်လည်ကျင်းပရန် စီစဉ်လျှက်ရှိပြီး ချင်းပြည်နယ်တွင်လည်း မတူပီစာစစ်ဌာနတွင် ပြန်လည်ကျင်းပမည်ဟု သိရသည်။ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၁၁ မှ ၁၉ ရက်နေ့အတွင်း ကျင်းပပြီးစီးခဲ့ပြီးဖြစ်သော်လည်း အချို့‌ေဒသများတွင် လုံခြုံရေးအရ စာမေးပွဲဖြေဆိုခွင့်မရရှိခဲ့သည့် ကျောင်းသူ/ကျောင်းသားများအတွက် အထူးအစီအစဉ်ဖြင့် ပြန်လည် ကျင်းပပေးမည်ဟု စစ်‌‌ေကာင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ကြေညာခဲ့ခြင်းဖြစ်သည်။ အဆိုပါ အထူးအစီအစဉ်တစ်ရပ်အဖြစ် ကျင်းပဆောင်ရွက်မည့် စာမေးပွဲအား လာမည့် ဧပြီလ ၂၉ ရက်နေ့မှ စတင်ကာ မေလ ၆ ရက်နေ့အထိကျင်းပမည်ဖြစ်ပြီး ကျောင်းသူကျောင်းသားများအနေဖြင့် ဧပြီလ ၁၂ ရက်နေ့နောက်ဆုံးထား၍ မိမိဖြေဆိုလို သော စာစစ်ဌာနများသို့စာရင်းပေးသွင်းရမည်ဟု သိရသည်။ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ချင်းပြည်နယ်အတွင်း စာမေးပွဲဖြေဆိုရန် လျှောက်ထားသူဦးရေ ၁၇၂၃ ရှိသည့်အနက် အမှန်တကယ် လာရောက်ဖြေဆိုသူမှာ ၄၀၁ ယောက်သာရှိပြီး ပျက်ကွက်သူ အယောက် ၁၃၂၂ ဦးရှိခဲ့သည်။ ထိုသို့ပျက်ကွက်သူများရခြင်းမှာ လုံခြုံ‌ေရးအရ စာမေးပွဲဖြေဆိုရန် ‌ေနရာသို့ ကျောင်းသူကျောင်းသားများ မသွားရောက် နိုင်ခြင်းကြောင့်ဖြစ်သည်ဟု ပြည်နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူက ခိုနူမ်းသုန်ကိုပြောသည်။ စာစစ်ဌာန ၁၀ ခုရှိသည့် ချင်းပြည်နယ်တွင် ယခုနှစ်တက္ကသိုလ်၀◌င်တန်းစာမေးပွဲကို အထက(၁) ဟားခါး၊ အထက(၂) ဖလမ်း၊ အထက(၁) တီးတိန်၊ အထက- တွန်းဇံ၊ အထက- ကျီခါး၊ အထက (၁) မင်းတပ်၊ အထက (၂)…

Read More