(002MG) စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အထက်ပိုင်း ကျွန်းပင်သာ (Teijang) ကျေးရွာတွင် ကူကီးအမျိုးသားတပ်မတော် KNA-B တပ်ဖွဲ့ဝင် (၄) ဦးကို စစ်ကောင်စီတပ်ဖွဲ့က ယနေ့ မေလ ၂၁ ရက်မနက်ပိုင်းတွင် သတ်ဖြတ်ခဲ့သည်ဟု သိရသည်။ ကူကီးအမျိုးသားတပ်မတော် KNA-B နှင့် နီးစပ်သူတဦးက “သူတို့က ကျွန်းပင်သာရွာမှာ ကင်းထောက်ခနပြန်သွားကြည့်တာ၊ သတင်းပေးရှိလို့ လမ်းမှာစောင့်ဖမ်းပြီးမှ အဲ့လိုဖြစ်သွားတာ၊ ကြယ်ပွင့် (၄) ယောက်ကျသွား တယ်သူတို့က ကူကီးလက်နက်ကိုင်တွေအတွက် တကယ့်မရှိမဖြစ်လိုအပ်တဲ့ သူတွေပါ” ဟုပြောသည်။ အဆိုပါ ကျဆုံးသွားသည့် ကူကီးအမျိုးသားတပ်မတော်တပ်ဖွဲ့ဝင်များမှာ ကို Man Kyaw၊ ကို Daniel၊ ကို Hao Chin Pao နှင့် ကို Lun Min Thang တို့ဟုသိရသည်။ တမူးမြိုနယ်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ မြို့သစ်မြို့က စစ်ကောင်စီတပ်စခန်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့ ပြီးနောက် စခန်းစွန့်ခွာထွက်ပြေးကြသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ၎င်းတို့၏ လက်အောက်ခံ SNA(ရှမ်းနီတပ်) ၊ပျူစော ထီးနှင့် ကသည်းလက်နက်ကိုင်များသည် ကျွန်းပင်သာကျေးရွာတွင် စခန်းချတပ်စွဲထားကြသည်ဟု သိရသည်။ ကျေးရွာအဝင်တွင် စစ်ဆေးရေးဂိတ်ထားရှိကာ ကျွန်းပင်သာရွာသားများမှအပ အခြားပြည်သူများအား ဝင်ထွက်သွား လာခွင့်မပြုကြောင်း သိရသည်။ ပြီးခဲ့သည့် မေလ ၁၆ ရက်နေ့ကလည်း အသက် (၂၄) နှစ်အရွယ် ကူကီးအမျိုးသားတပ်မတော် KNA-B ရဲဘော်တစ်ဦး သည်တမူးမြို့နယ်အထက်ပိုင်းတစ်နေရာတွင် ကသည်းလက်နက်ကိုင်တပ်ဖွဲ့မှ ချောင်းမြောင်းပစ်ခတ်မူကြောင့် ကျဆုံးခဲ့ရသည်ဟု သိရသည်။ ကူကီးအမျိုးသားအစည်းအရုံး/ကူကီးအမျိုးသားတပ်မတော် (KNO/KNA-Burma) သည် ကူကီးဘိုးဘွားပိုင်နယ်မြေ များ ပြန်လည်ရယူရန်နှင့် ကူကီးအမျိုးသားပြည်နယ်ထူထောင်ရန်…
Author: Editor
(006SV) ချင်းပြည်နယ်မြောက်ပိုင်းအစွန်ဆုံး၊ တွန်းဇံမြို့သိမ်းတိုက်ပွဲတွင် အရပ်သားနေအိမ် ၄၀ ထက်မနည်း ထိခိုက်ပျက်စီးခဲ့ပြီး မြို့ပေါ်နှင့် ရွာများမှ ဒေသခံပြည်သူ တစ်သောင်းကျော် နေရပ်စွန့်ခွာ စစ်ဘေးရှောင် နေရကြောင်း တွန်းဇံ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးဘုတ်အဖွဲ့က သတင်းထုတ်ပြန်သည်။ တွန်းဇံမြို့နှင့် ကျီခါးမြို့သိမ်းတိုက်ပွဲများတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၄၀ ထက်မနည်း ပြုလုပ်ခဲ့ပြီး တွန်းဇံမြို့ပေါ် ခေါဝုန်းလေးဆန် ရပ်ကွက်တွင် လူနေအိမ် ၃၀ ထက်မနည်း ပျက်စီးခဲ့ကြောင်း တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးဘုတ်အဖွဲ့က ယနေ့ မေလ ၂၁ ရက်တွင် သတင်းထုတ်ပြန်သည်။ လုံတပ်ကျေးရွာ၊ ဖိုင်တူကျေးရွာများဘက်တွင်လည်း ဘုရားကျောင်းအပါအဝင် လူနေအိမ် ၁၀ လုံးခန့် ပျက်စီးသွားခဲ့ကြောင်း သိရသည်။ တိုက်ပွဲကြောင့် တွန်းဇံမြို့ပေါ် ရပ်ကွက် ၂ ခုမှ မြို့လုံးကျွတ်စစ်ဘေးရှောင်ရကြောင်း၊ မြို့နယ်အတွင်း ကျေးရွာပေါင်း ၁၅ ရွာ စစ်ဘေးရှောင်ရပြီး စစ်ဘေးရှောင်ဦးရေ နေ့စဉ် ပိုမိုများပြားလာနေကြောင်း တွန်းဇံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးဘုတ်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ “တိုက်ပွဲက တော်တော်ပြင်းထန်တော့ တွန်းဇံမြို့ မြို့လုံးကျွတ်နီးပါးပေါ့၊ ၉၀ ရာခိုင်နှုန်းလောက်ကတော့ ထွက်ပြေးကုန်ကြတယ်။ ကျန်တဲ့လူတွေက သက်ကြီးရွယ်အို၊ နာတာရှည် ရောဂါသယ်တွေပဲ ကျန်တော့တာ၊၊ သူတို့ကိုကြ သွားသယ်လို့လည်း မရဘူး။ ဘာမှ သွားစုံစမ်းလို့လည်း မရဘူး။ ဒီအတိုင်းပဲ လောလောဆယ် အခုက အဝင်အထွက်က ပိတ်သွားတော့ သူတို့ စုထားတဲ့ ထမင်း၊ ဟင်းပဲ စားပြီးတော့ သူ့အိမ်၊ သူ့ယာမှာပဲ နေကြတော့တာပေါ့” ဟု ၎င်းက ပြောသည်။ မြို့ပေါ်တွင် ထွက်မပြေးနိုင်ဘဲ…
(002MG) စစ်ရေးအခြေအနေတင်းမာနေသော ကလေးမြို့တွင် စစ်ကောင်စီက စစ်မှုထမ်းအပတ်စဉ် ခေါ်ယူရာမှာ လူငယ်များကို ဖမ်းဆီးကာ အတင်းအဓမ္မ တပ်သားစုဆောင်းမှုရှိနေသောကြောင့် မိဘပြည်သူများ၏ စိုးရိမ်ပူပန်မှု မြင့်တက်နေသည်ဟု သိရသည်။ ဒေသကွပ်ကဲမူစစ်ဌာနချုပ်ရှိရာ ကလေးမြို့တွင် မေလဆန်းပိုင်းကစ၍ စစ်ကောင်စီက စစ်မှုထမ်းအပတ်စဉ် (၁) နှင့် (၂) အထိ ဖွင့်လှစ်ခဲ့ပြီဟုသိရသည်။ ယင်းစစ်မှုထမ်းသင်တန်းတွင် တက်ရောက်နေသူအများစုမှာ စစ်တပ်ထောက်ခံသူများနှင့် မြို့တွင်း ပေါ်တာဆွဲဖမ်းဆီးခံရသူအများဆုံးပါဝင်ကြသောကြောင့် သားသမီးများအတွက် စိုးရိမ်ပူပန်နေရသည်ဟု ကလေးမြို့ အောင်သစ္စာရပ်ကွက်သူနေထိုင်သူ အမျိုးသမီးတဦးက ပြောသည်။ ”ကိုယ့်ဆန္ဒ သဘောနဲ့မရှိကြပါဘူး သူတို့ဆွဲပြီးမှ တက်ခိုင်းတဲ့ဟာမျိုးပဲရှိတာ။ အဲ့လိုမျိုးဆွဲဆွဲ ပြီးမှ မိဘတွေနဲ့ ဆက် သွယ်မရဘူး၊ ကျမတို့ရပ်ကွက်ထဲက အမျိုးသားရော၊အမျိုးသမီးရော စာရင်းကောက်သွား တဲ့အိမ်က လူငယ်တွေ ကိုဆိုရင် သူတို့မိဘတွေက အိမ်မှာ မထားတော့ဘူး၊ လွတ်ရာ လွတ်ကြောင်း ပို့လိုက်တယ်၊ တကယ်လို့ လာလို့စစ်လို့ မတွေ့လို့ မိဘတွေကို ပြဿနာရှာရင်လည်း ကိစ္စမရှိဘူးဆို ပြီး အဲ့လိုနေတဲ့မိဘတွေများတယ်” ဟုပြောသည်။ စစ်ကောင်စီသည် ကလေးမြို့ပေါ် ရပ်ကွက်တချို့တွင်လည်း စစ်မူထမ်းရန်အသက်ပြည့်မီသည့် အမျိုးသား၊အမျိုး သမီး စာရင်းများကို ရပ်ကွက်အုပ်ချုပ်ရေးမူများထံမှတဆင့် ကောက်ခံနေသည့်အပြင် ညနေ (၆) နာရီ နောက်ပိုင်း သွားလာ သောလူငယ်များအား အဓိကပစ်မှတ်ထား တပ်သားစုဆောင်း ဖမ်းဆီးခြင်းများ ပြုလုပ်နေသည်ဟုသိရသည်။ ဧည့်စာရင်းစစ်မည်ဟု အကြောင်း ပြုကာ လူငယ်များအား အိမ်တိုင်ရာဝင်ရောက်ဖမ်း ဆီးခြင်း၊ မြို့တွင်း စစ်ဆေးရေး ဂိတ်တို့တွင် ဖမ်းဆီးမှုများလာခြင်းကြောင့် မိဘပြည်သူများအနေဖြင့် သားသမီးများကို လွတ်မြောက်ရာဒေသကို စေလွှတ်သူများလာကြောင်း မိခင်တစ်ဦးက ပြောသည်။…
(006SV) ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့ကို ယနေ့ မနက်ပိုင်းတွင် CNA ၊ CDFs ချင်းကာကွယ်ရေးပူးပေါင်းတပ်များက အပြီးသတ် သိမ်းလိုက်ပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး CNF/ CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ “ကျနော်တို့ မေလ ၁၅ ရက်နေ တွန်းဇံတပ်ထိုင်စခန်းကို အပြီးသိမ်းဖို့ဆိုပြီး စစ်ဆင်ရေးလုပ်တယ်။ ဒီမနက်မှာပဲ အပြီးသိမ်းလိုက်တယ်လို့ ပြောလို့ရပါတယ်။ အခုက မြို့ထဲမှာ ထွက်ပြေးကြတော့ အခုလိုက်ပြီး နယ်မြေရှင်းလင်းရေး တော့ လုပ်နေသေးတယ်။ တွန်းဇံတစ်မြို့နယ်လုံးစစ်ကောင်စီ ကင်းစင်ပြီးလို့ အတပ်ပြောလို့ မရပေမယ့် မကြာမှီ ကျနော်တို့ပဲ စိုးမိုးမှုလုပ်နိုင်တော့မယ်လို့ ကျနော်တို့ အဲသလိုပဲ ပြောချင်တယ်” ဟု CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ ယနေ့ မေလ ၂၁ ရက် မနက်ပိုင်းတွင် တွန်းဇံမြို့ကို အပြီးသိမ်းလိုက်ပြီးနောက် ထွက်ပြေးနေကြသော စစ်ကောင်စီ တပ်ဖွဲ့များကို နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသည်ဟုဆိုသည်။ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့၏ ရုပ်အလောင်း ၁၁ လောင်းကို တွေ့ရှိခဲ့ပြီး အထိအခိုက်အကျအဆုံး အတိအကျကို အတည်ပြုနေဆဲဖြစ်ကြောင်း၊ ချေးမှုန်ရေးရိုင်ဖယ် အလက် ၅၀ ခန့်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ယနေ့မနက်ပိုင်းတွင်လည်း စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ တွန်းဇံမြို့ သိမ်းပိုက်ရေး စစ်ဆင်ရေးသည် ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဖော်ဆောင်သည့် ပထမဆုံး စစ်ဆင် ရေးဖြစ်ပြီး မေလ ၁၅ ရက်က စစ်ကောင်စီ တပ်စခန်းများကို စတင်တိုက်ခိုက်ခဲ့ပြီး မေလ ၂၀ ရက်နေ့တွင် ကျီခါးမြို့ကိုသိမ်းပိုက်ခဲ့ပြီးနောက်…
(005MK) အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ရှာဟာခရိုင် Tuipang ကျေးရွာအနီးတွင် မေလ ၁၈ ရက်နေ့က အမျိုးသားတစ်ဦးထံမှ စစ်အသုံးဆောင်ပစ္စည်းတချို့ဖမ်းဆီးရမိသည်ဟု သိရသည်။ ရှာဟာမြို့မှ အိန္ဒိယ-မြန်မာနယ်စပ်ဘက်သွားသည့် Tuipang ကျေးရွာလမ်းကြောင်းတွင် တရုတ်နိုင်ငံထုတ် 125 Kenbo ဆိုင်ကယ်ဖြင့် အထုတ်အပိုးအပြည့်နှင့် မောင်းနှင်လာသူတစ်ဦးကို အာသံရိုင်ဖယ်တပ်ဖွဲ့က ရပ်တန့်စစ်ဆေး ရာမှာ ယင်းပစ္စည်းများကို ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု သိရသည်။ ဖမ်းဆီးရမိသည့် ပစ္စည်းများမှာ 12 Gauge shrotgun ကျည်ဆံ ၁၇၀၊ Radio set ၁၄ လုံး၊ Radio အားသွင်းကြိုး၊ Tactical gare ကျည်ကာ နှင့် စစ်ဖိနပ်တို့ဖြစ်သည်။ ဖမ်းဆီးရမိသော စစ်ပစ္စည်းနှင့် သယ်ဆောင်လာသူအမျိုးသားကို Tuipang ရဲစခန်းသို့ လွဲပြောင်းခဲ့ကြောင်း မီဇိုရမ်ဒေသတွင်း Bengvarna သတင်းဌာနကဖော်ပြသည်။ စစ်ဆေးမေးမြန်းချက်အရ အဖမ်းခံရသူအမျိုးသားသည် ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF အဖွဲ့ဝင်ဖြစ်ကြောင်း ထွက်ဆိုထားကြောင်း ယင်းသတင်းဌာနက ဖော်ပြထားသည်။
(004SS) ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်၀မြို့နယ်က ကျောင်းဆရာ ၂ ဦးအပါအဝင် ဒေသခံအမျိုးသား ၉ ဦးကို အာရက္ခတပ်တော် AA က ဖမ်းဆီးသွားသည်ဟု သိရသည်။ ပလက်၀မြို့နယ် ဘောင်ဝီကျေးရွာက ကျောင်းဆရာ ၂ ဦး၊ ကျေးရွာဥက္ကဌအပါအဝင် ဒေသခံ ၆ ဦးနှင့် ဘောင်ကူးကျေးရွာက ဒေသခံ ၃ ဦး စုစုပေါင်း ၉ ဦးကို AA က မေလ ၁၇ ရက်နေ့ကဖမ်းဆီးသွားပြီး ယနေ့ချိန်ထိ ပြန်လည်လွတ်မြောက်ခြင်းမရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ “သူတို့က AA ကို အနှောင့်အယှက်ပေးတာမျိုးလဲမရှိဘူး၊ သူတို့ကိုဒီတိုင်းပဲ ခေါ်သွားကြတာလို့ ပြောတယ်၊ အဖမ်းခံ ရတဲ့သူတွေက လူကြီးပိုင်း အမျိုးသားတွေပဲ စုစုပေါင်း ၉ ယောက်ပေါ့နော် အခုထိ မလွတ်လာသေးဘူး” ဟု ခူမီးလူငယ် တစ်ဦးက ပြောသည်။ အဖမ်းခံရသူများမှာ ဘောင်ဝီကျေးရွာက ကျောင်းဆရာ ဦးအောင်မင်းနှင့် ဦးအောင်စိုး၊ ဦးကျော်ထွန်း၊ ဦးအောင်နင်း၊ ဦးကျော်ဝင်း၊ ဦးအောင်လင်းတို့ဖြစ်ကြပြီး ဘောင်ကူးကျေးရွာက ဦးကျော်လှ၊ ဦးပျိုလဲနှင့် ဦးအောင်ဒိုင် တို့ဖြစ်ကြကာ ၎င်းတို့အားလုံးမှာ အသက် ၄၀ ကျော်အရွယ်ရှိသူများဖြစ်ကြကြောင်း သိရသည်။ အာရက္ခတပ်တော်က မည်သည့်အကြောင်းပြချက်ဖြင့် ဖမ်းဆီးသွားသည်ကို မသိရပဲ AA တပ်ဖွဲ့ဝင်များ ကျေးရွာထဲသို့ ဝင်ရောက်လာပြီး နေအိမ်အသီးသီးကနေ ဖမ်းဆီးခေါ်ဆောင်သွားကြကြောင်း ဒေသများပြောပြချက်အရ သိရသည်။ ယခင်ကလည်း AA က ပလက်ဝဒေသခံများအား အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးခြင်းများပြုလုပ်လေ့ရှိပြီး လွန်ခဲ့သော ဧပြီလကလည်း ရန်ကုန်မြို့သို့…
(006SV) ချင်းပြည်နယ်၊ မရာဒေသ၊ MDF ထိန်းချုပ်နယ်မြေတွင် အာရက္ခတပ်တော် AA/ULA က စစ်ရေးသင်တန်းပေးသည့် အထူးအခြေ ခံစစ်သင်တန်းတွင် အမျိုးသမီးရဲဘော် ၂၀ ရာခိုင်နှုန်းပါဝင်ကြောင်း သတင်းရရှိသည်။ မေလ ၁၇ ရက်က မရာနယ်မြေ တစ်နေရာတွင် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ၊ မရာလဲန်းကာကွယ်ရေး တပ်ဖွဲ့ (MDF) က အထူးအခြေခံ စစ်သင်တန်း အမှတ်စဉ် (၂) သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။ “မဟာမိတ်နယ်မြေမှာ MDF အနေနဲ့ သင်တန်းတွေ ယူတာက ဒုတိယအကြိမ် ရှိသွားပြီ။ အခုဟာက ကျနော်တို့ နယ်မြေမှာ လုပ်တဲ့ သင်တန်းဖြစ်တယ်။ အဲဒီမှာ မဟာမိတ်တွေက သင်တန်းမှူး တာဝန်ယူပေးရတယ်။ သင်တန်းဆရာတွေက ကျနော်တို့ သင်တန်းဆရာတွေ ပါတယ်။ မဟာမိတ်သင်တန်းဆရာတွေ ပါတယ်။ စုပေါင်းပြီးမှ ကျနော်တို့ နယ်မြေမှာ ကျနော်တို့ အစီအစဉ်နဲ့ လုပ်တာဖြစ်ပါတယ်” ဟု မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီမှ ပြန်ကြာရေးတာဝန်ခံက ပြောသည်။ အထူးအခြေခံ စစ်သင်တန်းအမှတ်စဉ် (၂) တွင် အာရက္ခတပ်တော် ULA/AA မှ သင်တန်းဆရာများက အဓိက တာဝန်ယူ၍ သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။ သင်တန်းသူ/သား တစ်ရာကျော် တက်ရောက်သည်ကို သင်တန်းဆင်းပွဲ ဓါတ်ပုံများအရ တွေ့မြင်ရပြီး သင်တန်းသူ ၂၀ ရာခိုင်နှုန်း ပါဝင်ကြောင်း သိရသည်။ “အမျိုးသမီးတွေကလည်း အမျိုးသားရေးနဲ့ ပတ်သက်လာရင် စိတ်ဓါတ်ပြင်းပျတယ်။ ကျနော်တို့မှာ အရင် ၂လက ကြုံတွေ့နေရ တာတွေကို သိပြီးသာဖြစ်မှာပါ။ ကျနော်တို့နယ်မြေမှာ ကျူးကျော်ခံရတယ်။ အဲလိုပုံစံတွေ…
(006SV) ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံနှင့် ကျီခါးမြို့တို့ကို ချင်းကာကွယ်ရေးပူးပေါင်းတပ်က သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဟု ချင်းအမျိုးသားတပ်ဦး CNF/ CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ ယနေ့ မေလ ၁၉ ရက် မနက်ပိုင်းတွင် ကျီခါးမြို့ စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာမှာ စစ်ကောင်စီက ကြိုတင် ဆုတ်ခွာသွားသောကြောင့် ပစ်ခတ်မှု မဖြစ်ပွားပဲ အပြီးသတ်ထိန်းချုပ်ထားလိုက်ပြီဖြစ်ကြောင်း ဆလိုင်းထက်နီက ပြောသည်။ “ကျီခါးမြို့က စစ်ကောင်စီတပ်စခန်းကို ဒရုန်းနဲ့ ကြဲချတယ်။ အဲဒါမှာ စစ်ခန်းကို ဝင်စီးတော့ သူတို့က တစ်ယောက်မှ မရှိဘူး။ အဲဒီမတိုင်ခင်က ကျီခါးက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တွန်းဇံကို ပို့သွားတယ်လို့ သတင်းတွေ ကြားတာ၊ အမှန်ဖြစ်သွားတယ်။ ကျနော်တို့ ဒရုန်းနဲ့ ကြဲချပြီး လုပ်တော့ သူတို့က ကြိုပြီးတော့ ဆုတ်ခွာသွားပုံရတယ်။ အပစ်အခတ်တွေ မရှိပဲနဲ့ပဲ သိမ်းလိုက်တာဖြစ်တယ်” ဟု ဆလိုင်းထက်နီကပြောသည်။ တွန်းဇံမြို့ပေါ်က ခလရ – ၂၆၉ တပ်စခန်းအပါအဝင် စစ်ကောင်စီအခြေစိုက်ရာစခန်းအားလုံးကိုလည်း ချင်းပူးပေါင်းတပ်က သိမ်းပိုက်ထားလိုက်ပြီဟု ဆလိုင်းထက်နီကပြောသည်။ “တွန်းဇံမြို့ထဲမှာက ခလရ – ၂၆၉ တပ်ကုန်းပဲရှိတယ်။ ပြီးတော့ ရဲစခန်းရယ်၊ မြို့ထဲ ၂ နေရာမှာ နေရာယူထားတာရယ်ကို ကျနော်တို့ တပ်ကုန်းကိုရော၊ ရဲစခန်းကိုရော သိမ်းနိုင်ခဲ့ပြီ။ အခု မြို့ထဲမှာ နယ်မြေ ရှင်းလင်းရေး လုပ်တဲ့အခါမှာ သူတို့က မြို့ထဲကနေ အပြန်အလှန်ပစ်ခတ်တာတွေ ရှိသေးတယ်ဆိုတော့ တွန်းဇံမြို့မှာ စစ်ကောင်စီ ကင်းစင်ပြီးလို့ ပြောမရသေးဘူး။ သူတို့ အခြေချထားတဲ့ စခန်းတွေအားလုံးကတော့ သိမ်းဆည်းပြီးဖြစ်တယ်” ဟု…
မြန်မာနိုင်ငံက စစ်ဘေးရှောင် ၃ သောင်းကျော်နေထိုင်ကြသော အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် ကုလသမဂ္ဂအေဂျင်စီများနှင့် နိုင်ငံတကာ NGOs များ ဝင်ရောက်ခွင့်ပြုပြီး ဒေသခံများနှင့် မြန်မာစစ်ဘေးရှောင်များအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရန် အမေရိကန်အခြေစိုက် Chin Association of Maryland (CAM) က တောင်းဆိုလိုက်သည်။ Chin Association of Maryland (CAM) အမှုဆောင်ဒါရိုက်တာ Pu Zo Tum Hmung သည် ပြီးခဲ့သည့် ဧပြီလ ၆ ရက်နေမှ ၂၃ ရက်နေ့အထိ မီဇိုရမ်ပြည်နယ်သို့ မြေပြင်အခြေအနေများ သွားရောက်ကွင်းဆင်းလေ့လာခဲ့ပြီးနောက် ၎င်းတို့၏ တွေ့ရှိချက်များကို မေလ ၁၆ ရက်နေ့က အမေရိကန်အစိုးရထံ တင်ပြခဲ့သည်ဟု သိရသည်။ မီဇိုရမ်ပြည်နယ်တွင် ကုလသမဂ္ဂအေဂျင်စီများနှင့် နိုင်ငံတကာ NGOs အဖွဲ့အစည်းများ တရားဝင်ရောက်ရှိခွင့်ပြုရန် နှင့် အိန္ဒိယ-မြန်မာနယ်စပ်ကတဆင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း နှင့် မကွေးတိုင်းက စစ်ဘေးရှောင်ပြည်သူများအား တိုက် ရိုက်အကူအညီများပေးအပ်ရန်လိုအပ်သည်ဟု CAM ကဆိုသည်။ အိန္ဒိယဗဟိုအစိုးရအနေဖြင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး( UNHCR) ရုံးများကိုလည်း မီဇိုရမ်ပြည် နယ်တွင် ပွင့်လင်းလွတ်လပ်စွာ လှုပ်ရှားဆောင်ရွက်ခွင့်ပြုသင့်သည်ဟု ဆိုသည်။ ထို့အပြင် မြန်မာစစ်ဘေးရှောင်များအား ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးနေသော မီဇိုရမ်ပြည်နယ်က မီဇိုးလူငယ်အသင်း (CYMA) ကဲ့သို့သော ဒေသဆိုင်ရာ NGOs အတွက် နည်းပညာပိုင်းဆိုင်ရာများကိုလည်း အမေရိကန်အစိုးရအနေဖြင့် ကူညီပံ့ပိုးပေးသင့်သည်ဟု CAM ကအကြံပြုထားသည်။ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တွင် ရုံးစိုက်သော Chin Association of Maryland…
(005MK) မီဇိုရမ်ပြည်နယ် ရှာဟာခရိုင်တွင် စစ်ဘေးတိမ်းရှောင်လာသည့် ချင်းအမျိုး သမီးတစ်ဦးသည် ယမန်နေ့ မေလ ၁၇ ရ က်နေ့က ကလေး ၃ မွှာပူးအောင်မြင်စွာမွေးဖွားနိုင်ခဲ့သည်ဟု သိရသည်။ ချင်းပြည်နယ် မတူပီမြို့နယ် စပေါ်ကျေးရွာကနေ မီဇိုရမ်ပြည်နယ်တောင်ပိုင်း ရှာဟာမြို့တွင် စစ်ဘေးရှောင်လာသော အသက် ၂၉ နှစ်အရွယ် ဒေါ်နိုက်ဖါသည် လောင်တလိုင်မြို့ Lairam Christian Medical Centre တွင် မေလ ၁၇ ရက်ညနေပိုင်း ၆ နာရီမှာ ဆရာဝန် ၂ ဦးက ခွဲစိတ်ခဲ့ကြသည်ဟုသိရသည်။ တစ်နာရီခွဲကျော်ကြာ ခွဲစိတ်ပြီးနောက် ဗိုက်ထဲက ကလေး ၃ မွှာပူးကို အောင်မြင်စွာခွဲစိတ်နိုင်ခဲ့ကြပြီး ကလေး ၃ ယောက်စလုံးမှာ မိန်းကလေးများဖြစ်ကြကြောင်း သိရသည်။ ပထမဆုံး ထွက်လာသည့်ကလေးမှာ အလေးချိန် ၂.၅၀၀ ကီလိုဂရမ်ရှိပြီး၊ ဒုတိယမှာ ၁.၈၀၀ ကီလိုဂရမ်နှင့် တတိယ ကလေး မှာ ၂.၄၅၀ ကီလိုဂရမ်ရှိကာ ကလေးအားလုံးမှာ ကျန်းမာရေးလည်းကောင်းမွန်ကြောင်း သိရသည်။ Lairam Christian Medical Centre ဆရာဝန်များက ဒေါ်နိုက်ဖါ၏ အခြေအနေကို Doctor Without Borders အဖွဲ့အစည်းထံအကြောင်းကြားခဲ့ပြီးနောက် ၎င်းတို့အနေဖြင့် ဒေါ်နိုက်ဖါ၏ ဆေးကုသမှုကုန်ကျစရိတ်အားလုံးကို ကူညီ ထောက်ပံ့ပေးအပ်သွားမည်ဟု ပြောဆိုကြောင်း ဒေသတွင်း ရုပ်သံ Zonet သတင်းကဆိုသည်။
