Author: Editor

(005MK) မီဇိုရမ်ပြည်နယ်က အင်အားကြီးအရပ်ဖက်အဖွဲ့အစည်းများစုပေါင်းထားသော NGO Coordination Committee (NGOCC) က အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက်ခြံစည်းရိုးခတ်မည့်အစီစဉ်နှင့် လွတ်လပ်စွာဖြတ်သန်းသွားလာခွင့် (FMR) အား ဖျက်သိမ်းမည့် အိန္ဒိယဗဟိုအစိုးရ၏ အစီစဉ်ကို ပြန်လည်သုံးသပ်ရန် တောင်းဆိုသွားမည်ဟု သိရသည်။ မီဇိုးလူငယ်များအသင်း (CYMA)၊ မီဇိုးကျောင်းသားများသမဂ္ဂ (MZP), (MSU)၊ မီဇိုးသက်ကြီးပုဂ္ဂိုလ်များအသင်း (MUP) နှင့် မီဇိုးအမျိုးသမီးများအသင်း (MHIP) စသည့် ၅ ဖွဲ့ဖြင့် စုဖွဲ့ထားသော NGOCC က နယ်စပ်အရေးနှင့်ပတ်သက်၍ ဖေဖော်၀ါရီလ ၆ ရ က်နေ့က MZP ရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ထိုတွေ့ဆုံပွဲတွင် အိန္ဒိယဗဟိုအစိုးရ၏ အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက်ခြံစည်းရိုးခတ်မည့်အစီစဉ်နှင့် နယ်စပ်တဖက် တချက်စီလွတ်လပ်စွာဖြတ်သန်းသွားလာခွင့် FMR ဖျက်သိမ်းမည့်အစီစဉ်တို့ကို ဆွေးနွေးခဲ့ကြပြီး အိန္ဒိယအစိုးရအနေဖြင့် ထိုအစီစဉ်များကို အကောင်ထည်ဖော်ဆောင်ရွက်ပါက မြန်မာဘက်ခြမ်းတွင်နေထိုင်ကြသော မျိုးနွယ်စုတူ ချင်း (ဇိုး) မျိုးနွယ်စုများနှင့် ရင်းနှီးစွာဆက်ဆံမှု၊ စည်းလုံးမှုပိုင်းကို ထိခိုက်စေနိုင်သည့်အတွက် ၎င်းတို့အနေဖြင့် မလိုလားကြောင်း NGOCC ဆိုသည်။ အဆိုပါအစီစဉ်သည် အိန္ဒိယနှင့် မြန်မာဘက်ခြမ်းတွင်နေထိုင်ကြသော ချင်း (ဇိုး) မျိုးနွယ်စုများအား ပိုင်းခြားစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟုယူဆရကြောင်း၊ မိမိတို့ မျိုးနွယ်စုများအကြား စည်းလုံးညီညွတ်မှုပြိုကွဲစေလာနိုင်သောကြောင့် ယင်းအစီစဉ်များကို ပြန်လည်ရုပ်သိမ်းနိုင်သည့်အထိ တိုက်တွန်းဆောင်ရွက်သွားမည်ဟု NGOCC က ဆိုသည်။ မကြာခင်ရက်ပိုင်းမှာလည်း အိန္ဒိယပြည်ထဲရေးဌာနထံ စာချွန်လွှာ (Memorandum) ပေးပို့ သွားမည်ဖြစ်ကြောင်း၊ မီဇိုရမ်ပြည်နယ်အစိုးရအပါအ၀င် အဆိုပါအစီစဉ်ကြောင့် သက်ရောက်မှုရှိနိုင်မည့် အိမ်နီးချင်း ပြည်နယ်များနှင့်လည်း လက်တွဲဆောင်ရွက်သွားကြရန် ဆုံးဖြတ်ခဲ့ကြသည်ဟု NGOCC က ပြောသည်။ အိန္ဒိယဗဟိုအစိုးရသည် အိန္ဒိယ-မြန်မာနှစ်နိုင်ငံကြား…

Read More

ချင်းပြည်နယ်မြို့တော်၊ ဟားခါးမြို့အခြေစိုက် စစ်ကောင်စီ ဗျူဟာမှူး ဗိုလ်မှူးကြီး ဟိန်းထက်အောင် သေဆုံးကြောင်း ဟားခါးမြို့ ဒေသခံများထံမှ သိရသည်။၎င်းသည် ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက်ပိုင်း ၂ နာရီဝန်းကျင်တွင် ရုတ်တရက် နှလုံးဖောက်ကာ သေဆုံးခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။“သူက သွေးတိုးရှိတယ်လို့ကြားတယ်၊ ပြောရရင်တော့ သူ့ကို လာသတ်မှာ ကြောက်လို့လဲပါမှာပေါ့၊  နှလုံးဖောက်ပြီး သေသွားတာလို့သိရတယ်။ သူ့ကို ဟားခါးမှာပဲ မီးသဂြိုလ်ေပးတယ်” ဟု ဟားခါးမြို့ ဒေသခံတစ်ဦးက ပြောသည်။ယမန်နေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ချင်းလူ့အခွင်းအရေးအဖွဲ့ CHRO မှ ၎င်းဗျူဟာမှူးသေဆုံးကြောင်း အတည်ပြုချက်ဖော်ပြသည်။ဗိုလ်မှူးကြီး ဟိဏ်းထက်အောင် ရုတ်တရက်သေဆုံးရခြင်းမှာ နှလုံးရောဂါကြောင့်ဖြစ်ပြီး စစ်ရှုံးသည့်ကိစ္စနဲ့ပက်သက်၍ အထက်နေပြည်တော်မှ ဖိအားပေးမှုများ ခံနေရခြင်းကြောင့် ဖြစ်နိုင်သည်ဟု CHRO ၏ ဖော်ပြချက်အရ သိရသည်။ဟားခါးမြို့ ဗျူဟာမှူး သေဆုံးသည့် ဖေဖော်ဝါရီလ ၄ ရက်နေ့ မနက်ပိုင်း ၉ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့ အများအပြားသည်  ဂန်ဂေါလမ်းတစ်လျှောက်တွင်  နေရာယူ ကင်းစောင့်နေကြကြောင်း ဒေသခံများက ပြောသည်။ပြီးခဲ့သည့်နှစ် ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ဟားခါးမြို့အခြေစိုက် စစ်ကောင်စီရဲ့ ဗျူဟာမှူး ဗိုလ်မှူးကြီး စောထွန်း ပြောင်းရွှေ့သွားပြီးနောက် ၎င်းနေရာတွင် ဗိုလ်မှူးကြီး ဟိန်းထက်အောင် ရောက်လာခြင်းဖြစ်သည်ဟု သိရသည်။

Read More

(006SV) အိန္ဒိယ- မြန်မာနယ်စပ်၊ ချင်းပြည်မြောက်ပိုင်းက ရိခေါဒါရ်မြို့နှင့် ကျေးရွာပေါင်း ၃၀ ကျော်မှာ ပြည်သူ့အုပ်ချုပ်ရေးယန္တရားကို ချင်းပူးပေါင်းတပ်ဖွဲ့က ဖော်ဆောင်ထားပြီဖြစ်ကြောင်း သတင်းရရှိသည်။ “ရိခေါဒါရ်မြို့ပေါ်မှာက စည်းကမ်းထိန်းသိမ်းရေးတွေ၊ ရပ်ရွာအေးချမ်းသာယာရေးအတွက် ခိုးဆိုးလုနှိုင်တွေ မရှိရလေအောင် အုပ်ချုပ်ရေးအဖွဲ့တွေက တာဝန်ယူနေတာဖြစ်ပါတယ်။ စည်ပင်သာယာရေးကိုလည်း စည်ပင်ဌာနနဲ့ ပေါင်းပြီးမှ လုပ်နေတာရှိတယ်။ မြို့မှာ ကောင်းကောင်းမွန်မွန် အုပ်ချုပ်ရေးကို လည်ပတ်နိုင်တယ်” ဟု CDF- ဟွာငိုရမ်မှ အထွေထွေအတွင်းရေးမှူးက ပြောသည်။ အမှတ် – ၂ အိန္ဒိယ – မြန်မာနယ်စပ်ကုန်သွယ်မှု အဆင်ပြေစေရေး၊ လူထုလုံခြုံရေးနှင့် ဒေသတည်ငြိမ်းရေးတို့ကို ရှေ့ရှု့ပြီး ရိခေါဒါရ်မြို့ ပြည်သူ့အုပ်ချုပ်ရေးကို CNF/CN A နှင့် CDF – Hualngoram က ပူးတွဲ၍ အကောင်အထည်ဖော်ဆောင်နေကြောင်း သိရသည်။ ရိခေါဒါရ်မြို့ ပြည်သူ့အုပ်ချုပ်ရေးတွင် အုပ်ချုပ်ရေး၊ စည်ပင်သာယာရေး၊ တရားစီရင်ရေး၊ ရဲဌာန၊ အခွန်ဌာနတို့ကို ဖွဲ့စည်းထားပြီး အခွန်ဌာနက ဈေးခွန်၊ သားသတ်ခွန်၊ ယစ်မူခွန် စသဖြင့် အခွန်ကောက်ခံမူများကိုလည်း ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ ထို့အပြင် ဟွာငိုရမ်းဒေသလုံးဆိုင်ရာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း ကျေးရွာပေါင်း ၅၆ ရွာကို လွှမ်းခြုံအောင် ကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များကို ဖွဲ့စည်းလျက်ရှိတွင် လက်ရှိတွင် ကျေးရွာပေါင်း ၃၀ ကျော်တွင် ဖွဲ့စည်းလည်ပတ်နေပြီဖြစ်ကြောင်း သိရသည်။ ဟွာငိုရမ်းတရားစီရင်ရေးဘုတ်အဖွဲ့သည် ရဲဌာနက အမှုဖွင့်ထားသော မူယစ်ဆေးဝါးမူ ၆ မူ၊ မုဒိန်းမူ ၂ မူ၊ လူသတ်မူ ၂ မူနှင့် ခိုးဆိုးလုယက်မှု အများအပြားကို စီရင်ချက်ချထားပြီး…

Read More

(006SV) ချင်းပြည်တွင် ကိုယ်ပိုင်ပြဌာန်းအုပ်ချုပ်မှုဖြင့် လည်ပတ်သော ချင်းလန်းကောင်စီ၏ ချင်းပြည်အစိုးရအဖွဲ့နှင့် လွှတ်တော်သည် ရက် (၁၀၀) စီမံကိန်းကို ချမှတ်ပြီး စတင်အကောင်အထည်ဖော်နေပြီးဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။  ချင်းပြည်အစိုးရအဖွဲ့၏ ပထမအကြိမ်အစည်းအဝေးကို ဖေဖော်ဝါရီလ ၂ – ၃ ရက်တွင် ကျင်းပပြုလုပ်ခဲ့ရာ ဝန်ကြီးချုပ်၊ ဝန်ကြီးများနှင့် ရှေ့နေချုပ်အပါအဝင် ၁၄ ဦး တက်ရောက်ခဲ့ပြီး ချင်းပြည်အစိုးရအဖွဲ့၏ ရက် ၁၀၀ စီမံကိန်းကို ချမှတ်နိုင်ခဲ့ကြောင်း ချင်းပြည်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာရွှေခါးက ပြောသည်။ “ပထမအနေနဲ့က ချင်းလဲန်းအစိုးရက အခုမှ တည်ဆောက်တာဖြစ်တယ်။ ရုံးယန္တရားလည်ပတ်နိုင်ရေး အတွက်ပေါ့၊ ကျန်တဲ့ အစိုးရတွေဆိုရင် ရေအသင့် ကြာအသင့်ပေါ့၊ ရုံးကိစ္စ၊ ဝန်ထမ်းကိစ္စယန္တရားက တည်ထောင်ပြီးသားဆိုတော့ ချက်ချင်းပဲ လုပ်ငန်းကို အကောင်အထည်ဖော်နိုင်တယ်။ ချင်းလဲန်းအစိုးရကတော့ အခုမှ တည်ဆောက်ကြမယ်ဆိုတော့ အဲဒီလိုအပ်တဲ့ ယန္တရားတွေကို လုပ်ဖို့ဖြစ်ပါတယ်” ဟု ဒေါက်တာ ရွှေခါးက ပြောသည်။ ချင်းပြည်အစိုးရအဖွဲ့၏ ရက် ၁၀၀ စီမံကိန်းတွင် ပထမဦးစားပေးအဖြစ် ချင်းအစိုးရယန္တရားများအတွက် ရုံးနှင့် ဝန်ထမ်းကိစ္စများကို ဆောင်ရွက်မည်ဖြစ်သည်။ ဒုတိယအချက်မှာ အုပ်ချုပ်ရေး ယန္တရားများ စတင်လည်ပတ်နိုင်ရန်နှင့် ချင်းပြည်တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော်မည်ဖြစ်ပြီး တတိယဦးစားပေးမှာ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍကို စနစ်တကျဖြစ်အောင် လုပ်သွားမည်ဖြစ်သည်ဟု ဒေါက်တာ ရွှေခါးက ပြောသည်။ ရက် ၁၀၀ အတွင်း အစိုးရယန္တရာဖွဲ့စည်းမှုအတွက် လိုအပ်သော သုတေသနစာရင်းကောက် ယူချက်များ လုပ်ဆောင်မည်ဖြစ်ပြီး ချင်းပြည် ပညာရေးမူဝါဒများ ချမှတ်နိုင်ရေးလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း…

Read More

MGချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ် ချန်းပြန်း (ခ) ကျေးရွာအတွင်း အင်အား (၁၀၀) ခန့်ဖြင့် ကျန်ရွိနေသည့် စစ်ကောင်စီတပ်ဖွဲ့တို့သည် မတူပီမြို့တွင်းသို့ ပြန်လည်တပ်ဆုတ်သွားသော်လည်း ရွာလုံးကျွတ်နီးပါး မီးရိူ့ခံ ရသောကြာင့် ပြည်သူများကို ဆက်လက်စစ်ဘေးတိမ်းရွောင်ခိုင်းထားသည်ဟု ချင်းလဲန် ကာကွယ်ရေးတပ်ဖွဲ့-မတူပီက တာဝန်ရှိသူက ပြောသည်။ဆလိုင်းနိုင်ဂျွန်ကိမ်းက “ရန်သူတွေအကုန်လုံးကတော့ မြို့ထဲကိုဆုတ်သွားကြပြီ၊ ဒါပေမယ့် ပြည်သူတွေကိုတော့ စစ်ရှောင်ခိုင်းသေးတယ်၊အခြေအနေကတော့ သိပ်မူမွန်သေးလို့ပါ နေအိမ်တွေလည်း ၉ အိမ်လောက်ပဲ ကျန်တော့တာဆိုတော့ အများအားဖြင့်က အကုန်လုံး မီးရိူ့ခံရတာ” ဟု ပြောသည်။ဖေဖော်ဝါရီလ (၁) ရက်နေ့က မတူပီ-မင်းတပ် လမ်းပိုင်းသို့ အင်အား (၂၀၀) ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့တို့ကို ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီက ပဒေသာမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ (၆) ဦး ဒဏ်ရာရရှိခဲ့ပြီးနောက် အင်းအားတဝက် တပ်ဆုတ်ခဲ့ပြီးဖြစ်သည်။စစ်ကောင်စီတပ်ဖွဲ့များ မီးရိူ့မူကြောင့် ပြည်သူများသည်  နေအိမ်ပျက်စီးမူကြုံရကာ လက်ရှိတွင် (၄) မိုင်ခန့်ကွာဝေးသည့် ဟားလ်တူးကျေးရွာနင့် တောထဲ၊ တောင်ထဲတို့တွင် စစ်ဘေးရွောင်နေဆဲ့ဖြစ်သည်ဟု မတူပီမြို့က ချန်းပြန်းဒေသခံနှင့် နီးစပ်သည့် ပြည်သူတစ်ဦးက ပြောသည်။ပြည်သူတဦးက “ပြည်သူတွေကတော့ အကုန်လုံး ထွက်ပြေးကြတယ်။ တောအုပ်ထဲရှောင်တယ် မလွယ်ပေမယ့် အခြေအနေအရ တိမ်းရှောင်ရ တာပါပဲ။ ချန်းပြန်းရွာကတော့ ဘာမှမလွယ်တော့ဘူး အိုးမဲ့အိမ်မဲ့တွေဖြစ်ကုန်ပြီ” ဟု ပြောသည်။စစ်ကောင်စီတပ်ဖွဲ့များ ရွာလုံးကျွတ်နီးပါး မီးရိူ့ခဲ့သည့် ချန်းပြန်း (ခ) ရွာတွင် အိမ်ခြေ (၆၃) အိမ်ရှိပြီး ခန့်မှန်းခြေ လူဦးရေ (၁၀၀) နီးပါးရှိကာ မတူပီမြို့နှင့် (၇) မိုင်ခန့်ကွာဝေးသည်။

Read More

(006SV) ချင်းလဲန်းကောင်စီမှာ ထပ်မံပါဝင်ဖို့ လျှောက်ထားတဲ့အဖွဲ့က ၅ ဖွဲ့ ရှိတယ်။ ၂၀၂၄ ဖေဖော်ဝါရီလ ၁ ရက်ကနေစတင်လို့ ချင်းပြည်မှာ ချင်းပြည်အစိုးရအဖွဲ့၊ ချင်းလဲန်းတရားလွှတ်တော်ချုပ်နဲ့ ချင်းလန်းလွှတ်တော်တို့ကို ချင်းလဲန်းဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ချင်းလဲန်းကောင်စီက ဖွဲ့စည်းထူထောင်လိုက်ပြီးဖြစ်ပါတယ်။ ချင်းပြည်ရဲ့ မဏ္ဍိုင် (၃) ရပ်ကို ဦးဆောင်မယ့် လူပုဂ္ဂိုလ်တွေကို ရွေးချယ်မှုတွေ၊ ချင်းလဲန်းကောင်စီက ရှေ့ဆက်လုပ်ဆောင်သွားမယ့် ကိစ္စတွေ၊ ချင်းပြည်အစိုးရ ဖွဲ့စည်းပြီးနောက် မြင်တွေ့ရမယ့် အခင်းအကျင်းတွေ အကြောင်းမေးမြန်းထားပါတယ်။ ဒါ့အပြင် ချင်းလဲန်းအစိုးရအဖွဲ့ဟာ ချင်းပြည်တစ်ခုလုံးကို ဘယ်လောက် လွှမ်းခြုံမှု ရှိလဲ၊ ချင်းလဲန်းကောင်စီမှာ ထပ်မံပါဝင်လာမယ့် ချင်းအင်အားစုတွေ ရှိသေးလား၊ ICNCC ရဲ့ ချင်းပြည်အစိုးရဖွဲ့စည်းမှု ကန့်ကွက်ချက်အပေါ် ချင်းလဲန်းကောင်စီက ဘယ်လိုသဘောထားသလဲဆိုတာ ချင်းလဲန်းကောင်စီ အတွင်းရေးမှူး ဆလိုင်းပေါလ်ကို ခေါ်နုသုမ်းသတင်းဌာနမှ Salai Vakok က ဆက်သွယ်မေးမြန်းထားမှုကို ဖော်ပြလိုက်ပါတယ်။ မေး – ချင်းပြည်ကောင်စီ ညီလာခံ ကျင်းပတာတွေ၊ ချင်းလဲန်းအစိုးရဖွဲ့စည်းမှုတွေကို ချင်းလုံမြို့မှာ ကျင်းပ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ချင်းလုံမြို့ ဆိုတာကို အရင် ရှင်းပြပေးပါ။ ဆလိုင်းပေါလ် – ချင်းပြည်ကောင်စီ ညီလာခံ ပထမသက်တမ်းရဲ့ ဒုတိယအကြိမ်အစည်းအဝေးကို ၂၀၂၄ ဇန်နဝါရီလ ၃၀နဲ့ ၃၁ မှာ ပြုလုပ်ခဲ့တယ်။ ပြုလုပ်တဲ့နေရာက ချင်းလုံးမြို့လို့ သုံးတာက ချင်းပြည်၊ ချင်းလဲန်းကောင်စီရဲ့ ရုံးစိုက်တဲ့ နေရာကို ချင်းလုံးမြို့လို့ အမည်သတ်မှတ်တာပါ။ ကောင်စီကနေ ချင်းလဲန်းအစိုးရဖွဲ့တယ်။ ချင်းလဲန်း လွှတ်တော်ဖွဲ့တယ်၊ ချင်းလဲန်းတရားလွှတ်တော်ချုပ်တွေကို ရုံးစိုက်ရမှာဖြစ်တယ်။ ရုံးစိုက်တဲ့…

Read More

(002MG) ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ပေါ် အရှေ့ပြင်ဂိတ်ဖက်တွင် စစ်ကောင်စီတပ်ဖွဲ့များထောင်ထားသည့် မိုင်းနင်းမိကာ အသက် (၁၂) နှစ်အရွယ် ယောကျ်ားလေးတစ်ဦးနှင့် အသက် (၁၄) နစ်အရွယ် မိန်းကလေး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ယမန်နေ့က မိုင်းနင်းမိကာ ထိခိုက်ဒဏ်ရာရရွိသည့် ကလေး (၂) ဦးကို မင်းတပ်မြို့ပေါ် ခလရ (၂၇၄) တပ်ရင်း ဆရာဝန်က ဆေးကုပေးနေသည်ဟု မင်းတပ်မြို့ခံက ပြောသည်။ မင်းတပ်မြို့ခံက “မြို့ဝင်ဂိတ်ဖက်မွာ ကလေးတွေဆိုတော့ လမ်းဘေးဖက်မှာ ဆော့ကစားသွားရင်းနဲ့ မိုင်းနင်းမိတာ။ ဒီနေ့တော့ နာရေးကားနဲ့ ပခုက္ကူဖက်ကို ပို့ဖို့ သွားတော့ မိဘတွေက ဆရာဝန်ကို ပြန်တိုင်ပင်ပြီးတော့ ဒီမှာလည်း ကုလို့ရတယ်ပြောတယ် ဒဏ်ရာက စိုးရိမ်အဆင့်မရောက်ဘူးထင်တယ်” ဟု ပြောသည်။ အဆိုပါ မိုင်းနင်းပြီး ထိခိုက်ဒဏ်ရာရရှိသည့် မိန်းကလေးမှာ ခြေထောက်တဖက်ပြတ်သွားသည့်အပြင် နောက်တယောက်မှာ နောက်ကျောပြင်တခုလုံး ထိခိုက်ဒဏ်ရာရရှိထားသည်ဟု သိရသော်လည်း ခိုနူမ်းသုန်သတင်းဌာနအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။ မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားသည့် နေရာအနီးအနားတွင် မိုင်းနင်းများ ထောင်ထားလေ့ရှိပြီး မြို့တွင်းမိုင်းနင်းမိမူကြောင့် အသက်(၆၀) ကျော် အမျိုးသား (၁) တစ်ဦး၊ အမျိုးသမီး (၁) ဦးလည်း သေဆုံးမူများရှိခဲ့သည်ဟု မင်းတပ်မြို့ခံများထံမှ သိရသည်။

Read More

(006SV) ချင်းပြည်နယ်တွင် ချင်းပြည်ကောင်စီ – CC မှ ချင်းပြည်အစိုးရအဖွဲ့ကို ဖွဲ့စည်းလိုက်ခြင်းကို ဝမ်းမြောက်စွာကြိုဆိုပြီး လက်တွဲကာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း KNU နှင့် KNPP တို့က ထုတ်ပြန်သည်။ တိုင်းရင်းသားလူမျိုးများ အစဉ်တစိုက် တောင်းဆိုတိုက်ပွဲဝင်နေသော တိုင်းရင်းသားလူမျိုးများ တန်းတူအခွင့်အရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် သမိုင်းမှတ်တိုင်းတစ်ခု ထိုးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး (KNU) က ဖေဖော်ဝါရီလ ၂ ရက်က ထုတ်ပြန်သည်။ ချင်းပြည်အစိုးရ ဖွဲ့စည်းလိုက်နိုင်ခြင်းသည် လက်ရှိတော်လှန်ရေး၏ ပြောင်းလဲလာသော အရွေ့တစ်ခုအဖြစ် ထင်ဟပ်စေသည့် ဦးဆောင်စံပြ လုပ်ဆောင်မူအဖြစ် မီးမောင်းထိုးပြသလိုက်ခြင်းဖြစ်ကြောင်း KNU က ထုတ်ပြန်သည်။ လက်ရှိကြုံတွေ့နေရသော အခက်အခဲ အကြပ်အတည်းများကို ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေး ကြိုးစားနေကြသော တော်လှန်ရေးအင်အားစုများ၊ တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့များ၊ အခြားဖက်ဒရယ်ယူနစ်များ၊ ထပ်မံပေါ်ပေါက်လာနိုင်သော ဖက်ဒရယ်ယူနစ်အသစ်များနှင့် အတူတကွ လက်တွဲ၍ ချင်းပြည်အစိုးရအနေဖြင့် ပိုမိုလုပ်ဆောင်နိုင်ပါစေကြောင်း KNU က သဝဏ်လွှာပေးပို့ခဲ့သည်။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ကလည်း ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့တို့နှင့်အတူ စစ်အာဏာရှင်တော်လှန်ရေး အင်အားစုများနှင့်လည်း လက်တွဲကာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၂ ရက်က ထုတ်ပြန်သည််။ ချင်းပြည်အစိုးရအဖွဲ့အနေဖြင့် ချင်းပြည်လူထု၏ ရေးရာကိစ္စအဝဝကို အကောင်းဆုံး စီမံဆောင်ရွက်နိုင်ပြီး မျှော်မှန်းထားသော စစ်ရေး၊ နိုင်ငံရေး၊ ရည်မှန်းချက်များ အမြန်ဆုံး အကောင်အထည်ဖော်နိုင်ပါစေကြောင်း KNPP မှ ကြိုဆိုဂုဏ်ပြုလွှာ ပေးပို့ခဲ့သည်ဟု သိရသည်။

Read More

SV ချင်းပြည်နယ်၊ မရာဒေသက MDF နှင့် CDF- Mara မရာချင်းလူမျိုးကြားပြသနာတွင် CNA ဦးဆောင်သည့် ချင်းကာကွယ်ရေးတပ်ဖွဲ့များ ဆက်လက်ပူးပေါင်း တိုက်ခိုက်နေပါက မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MDF/ MTC ဘက်မှ စတင် ပူးပေါင်းတိုက်ခိုက်တော့မည်ဟု ချင်းညီနောင်အဖွဲ့ ထုတ်ပြန်လာသည်။ ဖေဖော်ဝါရီလ ၂ ရက်မှစတင်၍ မရာဒေသအတွင်းမှာ CNA နှင့် ချင်းပူးပေါင်းတပ်ဖွဲ့များသည် MDF ၏ စခန်းတစ်ခုကို ဒရုန်းများအသုံးပြုပြီး အကြိမ်ကြိမ် ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်နေခြင်း၊ ၎င်းထိုးစစ်ဆင်မှုတွင် ဒါရ်လင်းကျေးရွာသားများကို လူသားဒိုင်းအဖြစ်အသုံးပြုနေခြင်းကို ချင်းညီနောင်မှ ကန်ကွန့်ကြောင်း ယမန်နေ့ ဖေဖော်ဝါရီလ ၃ ရက်မှာ ထုတ်ပြန်လာခြင်းဖြစ်သည်။ ထုတ်ပြန်ချက်တွင် သဘောထား ငါးချက်ပါရှိမှာ မရာညီအစ်ကို အချင်းချင်းကြား ဖြစ်ပွားသော ကိစ္စတွင် တခြားအဖွဲ့များမှ လက်နက်အင်အားဖြင့် ဝင်ရောက်ပါဝင်စွက်ဖက်ခြင်းထက် စားပွဲဝိုင်းပေါ်တွင် ကူညီ ညှိနှိုင်းဖြေရှင်းပေးရန် လိုလားသည်ဟု ဆိုသည်။ စစ်အာဏာရှင်ကို တော်လှန်နေသည့် ချင်းညီအစ်ကို အချင်းချင်းကြား ပြသနာကို လက်နက်ဖြင့် ဖြေရှင်းမှုကို မလိုလာကြောင်း၊ မိမိတို့ လက်နက်ကိုင်ရသည့် မူလရပ်တည်ချက်နှင့် တော်လှန်ရေး လုပ်သည့် ရည်ရွယ်ချက်ကို ပြန်လည်သုံးသပ်ကြရန်လိုအပ်သည်ဟု ချင်းညီနောင်အဖွဲ့က ထုတ်ပြန်သည်။ ချင်းပြည်သူများအကြား ပြသနာမီး ဆက်လက်မကူးစက်စေရန် မိမိတို့ ဒေသအသီးသီးကို ချက်ချင်း ပြန်လည်ဆုတ်ခွာရန် လိုအပ်ကြောင်း၊ တခြားမျိုးနွယ်စုလက်နက်ကိုင်အဖွဲ့များအနေဖြင့်လည်း မရာအချင်းချင်းကြား ပြသနာကို ငြိမ်းချမ်သည့် နည်းလမ်းဖြင့်သာ ပါဝင်ကြစေလိုကြောင်း ထုတ်ပြန်သည်။ မရာမျိုးနွယ်စု ပြသနာတွင် CNA နှင့် တခြား CDF များ…

Read More

(006SV) ချင်းလဲန်းကောင်စီ – CC က ချင်းပြည်အစိုးရဖွဲ့စည်းခြင်းကို အသိအမှတ်မပြုဘဲ လုံးဝ ကန့်ကွက်ကြောင်း ကြားကာလ ချင်းအမျိုုးသား အတိုင်ပင်ခံကောင်စီ – ICNCC က ယနေ့ ဇန်နဝါရီလ ၃ ရက်မှာ ထုတ်ပြန်ကြေညာသည်။ ICNCC သည် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အစိတ်အပိုင်း (၂) ကြားကာလ ဖွဲ့စည်းပုံအခြခံဥပဒေဆိုင်ရာအရ တစ်ခုတည်းသော တရားဝင် ချင်းပြည်နယ်ကိုယ်စားပြု ဖက်ဒရယ်ယူနစ်အဖြစ် ရပ်တည်သော ကောင်စီဖြစ်ပြီး ICNCC ကသာ ချင်းပြည်အစိုးရကို ဖွဲ့စည်းပိုင်ခွင့်ရှိကြောင်း ထုတ်ပြန်လာခြင်းဖြစ်သည်။ ချင်းပြည်တွင် ချင်းအမျိုးသားတပ်ဦး (CNF) ဦးဆောင်သည့် ချင်းလဲန်းကောင်စီ ပေါ်ပေါက်လာပြီးနောက် ချင်းလူထုနှင့် တော်လှန်ရေးအဖွဲ့များအကြား မညီမညွတ်မှုများ၊ စိတ်ဝမ်းကွဲပြားမှုများ၊ ချင်းလက်နက်ကိုင်အချင်းချင်းအကြား ပဋိပက္ခများ ဆိုးဆိုးဝါးဝါး ဖြစ်ပွားလာသည်ဟု ICNCC က ဆိုသည်။ ချင်းပြည်အတွင်း ချင်းအမျိုးသားညီညွတ်ရေးကို တည်ဆောက်နေသောကာလတွင် အစိုးရဖွဲ့ခြင်းမျိုး မလုပ်ရန် ပြည်တွင်း/ပြည်ပ ချင်းပြည်သူများနှင့် ချင်းတော်လှန်ရေးအဖွဲ့များက အကြိမ်ကြိမ် သတိပေး၊ အကြံပြုခဲ့သော်လည်း ချင်းလန်းကောင်စီက ချင်းပြည်အစိုးရ ဖွဲ့စည်းလိုက်ကြောင်း ICNCC ထုတ်ပြန်သည်။ ချင်းလဲန်းကောင်စီ၏ ချင်းပြည်အစိုးရ ဖွဲ့စည်းကြောင်း ကြေညာလာခြင်းသည် ချင်းအမျိုးသား စည်းလုံးညီညွတ်ရေးကို လွန်စွာမှ အဟန့်အတာဖြစ်စေသည်ဟု ICNCC က ဆိုသည်။ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အခြားတော်လှန်ရေးအင်အားစုများနှင့်လည်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ယနေ့အချိန်ထိ ပူးပေါင်း၍ အတူတကွ ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်သည်။ NUCC ထံသို့ ကိုယ်စားလှယ်များ စေလွှတ်ထားပြီး…

Read More