Author: Editor

ချင်းပြည်နယ် မင်းတပ်မြို့ပေါ် အရှေ့ပြင်ရပ်ကွက်က လူနေအိမ် ၂၀ ကျော် ယနေ့ နေ့လည် ၂ နာရီခန့်က မီးလောင်ပြာကျခဲ့ရသည်ဟု သိရသည်။ မင်းတပ်မြို့အဝင် စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားသော မီးတပ်ကုန်းအောက်ဖက်ရှိ နေအိမ် ၂၁ လုံး မီးလောင်ခဲ့ခြင်းဖြစ်သည်ဟု မင်းတပ်ဒေသခံ Hkl Mindat က သူ၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။ မီးလောင်မှုဖြစ်ပွားသည့် နေရာဝန်းကျင်သည် စစ်ကောင်စီတပ်က နင်းမိုင်းများထောင်ထားသည့်အတွက် မီးငြိမ်းသတ်မည့်ပြည်သူများ မသွားလာရဲကြသောကြောင့် အချိန်မှီ မီးမငြိမ်းသတ်နိုင်ကြဘဲ အလျှင်အမြန် မီးကူးသွားခြင်းဖြစ်သည်ဟု သိရသည်။ ယခုမီးလောင်သည့် နေအိမ်များသည် လူမနေသည့် အိမ်များဖြစ်ကြပြီး အိမ်ရှင်များမှာ စစ်ဘေးရှောင်ကာ အခြားနေရာများသို့ နေထိုင်ကြသူများဟု သိရသည်။ ယနေ့ညနေပိုင်း ၆ နာရီခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြပြီး မီးလောင်သည့်အကြောင်းရင်းကို မသိရသေးပေ။ မင်းတပ်မြို့ပေါ် ဘ၀သစ်ရပ်ကွက်တွင် ယခုလ ၂ ရက်နေ့တုန်းကလည်း လူနေအိမ် ၈ လုံး မီးလောင်ပြာကျခဲ့ရပြီးဖြစ်သည်။

Read More

(005MK) အိမ်နီးချင်း မြန်မာနိုင်ငံတွင် နိုင်ငံရေး စစ်ရေးမတည်မငြိမ်ဖြစ်ပွားနေမှုကြောင့် မိမိကိုယ်ကိုကြိုတင်ကာကွယ်သည့်အနေ ဖြင့် နယ်စပ်ခြံစည်းရိုးခတ်ရန်စီစဉ်ခြင်းဖြစ်သည်ဟု အိန္ဒိယပြည်ပရေးရာဝန်ကြီး ဒေါက်တာ S. Jaishankar ကပြောဆို လိုက်သည်။ မကြာခင်ကျင်းပတော့မည့် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ (Lok Sabha) မဲဆွယ်စည်းရုံးရေးအတွက် မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့သို့ ယနေ့ ရောက်ရှိလာသော ဒေါက်တာ S. Jaishankar သည် Hotel Regency တွင် ၎င်းတို့ပါတီ၏ ရွေးကောက်ပွဲကြေညာစာတမ်း ‘BJP Mizoram Vision Document’ ကို ထုတ်ပြန်ကြေညာခဲ့ပြီးနောက် နယ်စပ်အရေးနှင့်ပတ်သက်၍ ထိုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။ အိမ်နီးချင်းမြန်မာနိုင်ငံ၏ အခြေအနေကို ကြည့်ပါက အိန္ဒိယနိုင်ငံလုံခြုံရေးအတွက် ကြိုတင်ကာကွယ်ရန်လိုအပ်ပြီး ယင်းကိစ္စကို ဦးစားပေးအနေဖြင့်ဆောင်ရွက်လျှက်ရှိကြောင်း ထို့ကြောင့် အိန္ဒိယ-မြန်မာနယ်စပ်ကို ခြံစည်းရိုးခတ်ရန် စီစဉ်ခြင်းဖြစ်ကာ ကြိုတင်ကာကွယ်ခြင်းသည် အရေးကြီးသည်ဟု ဝန်ကြီးက ပြောဆိုကြောင်း All India Radio က ဖော်ပြသည်။ “အိမ်နီးချင်းနိုင်ငံကနေ မကောင်းမှုဒုစရိုက်တွေ၊ မူးယစ်ဆေးဝါးတွေအမြောက်အများဝင်လာတယ် ဒါဟာ အိမ်နီးချင်း နိုင်ငံက တာဝန်ရှိသူတွေအနေနဲ့ တရားဉပဒေစိုးမိုးရေးထိထိရောက်ရောက်မလုပ်နိုင်တော့တာကြောင့်ဖြစ်တယ်၊ ဒါကြောင့် ဒီလိုအခြေအနေမျိုးမှာ မိမိကိုယ်ကိုကြိုတင်ကာကွယ်ဖို့ကအရမ်းအရေးကြီးပါတယ်” ဟု အိန္ဒိယပြည်ပ ရေးရာဝန်ကြီး ဒေါက်တာ S. Jaishankar ကပြောဆိုသည်။ အကယ်၍ မြန်မာ့နိုင်ငံရေးအခြေအနေ ပြန်လည်ကောင်းမွန်လာပါက အိန္ဒိယအနေဖြင့် နယ်စပ်ခြံစည်းရိုးခတ်ရန် လိုအပ် မည်မဟုတ်ကြောင်း သို့သော်လည်း လက်ရှိပကတိအခြေအနေအရ အဆိုးဘက်ကိုသာဦးတည်နေခြင်းကြောင့် နယ်စပ်တလျှောက်ကိုခြံစည်းရိုးခတ်ကာ ကြိုတင်ကာကွယ်ရေးက ပိုမိုအရေးကြီးသည်ဟု အိန္ဒိယပြည်ပရေးရာဝန်ကြီးက ပြောသည်။ အိန္ဒိယဗဟိုအစိုးရသည် အိန္ဒိယ-မြန်မာ နယ်စပ် လွတ်လပ်စွာ လှုပ်ရှားသွားခွင့် FMR…

Read More

(006SV) အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ၏ ဒုတိယအကြိမ် ပြည်သူ့ညီလာခံသည် အထမမြောက်၊ မအောင်မြင်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က သဘောထားမှတ်ယူပြီး အခြားအင်အားစု (၄) စုအပါအဝင် ပြည်သူ့ညီလာခံ ကျင်းပရေးကော်မတီက အထမြောက်အောင်မြင်ကြောင်း ပြောဆိုသည်။ ယနေ့ ဧပြီလ ၁၁ ရက်တွင် ဒုတိယအကြိမ်မြောက်၊ ပြည်သူ့ညီလာခံ ကျင်းပပြီးစီးခဲ့မှုနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ဒုတိယအကြိမ် ပြည်သူ့ညီလာခံသည် အထမမြောက်၊ အောင်မြင်မှု မရှိကြောင်း၊ ညီလာခံ၏ နောက်ဆုံးနေ့တွင် CRPH မတက် ရောက်ခဲ့ခြင်းသည် မြင်သာသော အချက်တစ်ချက်လည်း ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) မှ ကိုယ်စားလှယ် ကိုစည်သူမောင်က ပြောသည်။ “ကျနော်တို့ဟာ ပြည်သူတွေကို ရိုးရိုးသားသား ဝန်ခံဖို့လိုပါတယ်။ ဘာအချက်အလဲဆိုရင် ပြည်သူ့ညီလာခံကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်း မရှိဘူးဆိုတာကို ရိုးသားစွာ ဝန်ခံဖို့ လိုပါတယ်။ ဒါကို ကျင်းပရေးကော်မတီမှာ ပါဝင် ဆရာ/မတွေလည်း ငါးရက်တာအတွင်းမှာ သုံးသပ်တင်ပြချက်မှာ ပေါ်လွင်နေပါတယ်။ CRPH က ကျင်းပရေးကော်မတီကို အချက် ငါးချက်ပါတဲ့ စာတစ်စောင်လည်း ပေးပို့ခဲ့ပါတယ်” ဟု CRPH မှ ကိုစည်သူမောင်က ပြောသည်။ ဒုတိယအကြိမ် ပြည်သူ့ညီလာခံကို ဧပြီလ ၄ ရက်မှ ၉ ရက်နေ့အထိ (၅) ရက်ကြာ ကျင်းပခဲ့ခြင်းဖြစ်ပြီး ပဥ္စမရက် နောက်ဆုံးရက် တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် CRPH တို့က တက်ရောက်ခဲ့ခြင်း…

Read More

(006SV) ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဖလမ်းခရိုင်ရဲတပ်ဖွဲ့ရုံးမှ ဒု-တပ်ကြပ် ရဲမေ တစ်ဦးသည် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) သို့ အလင်းဝင်လာခဲ့ကြောင်း သတင်းရရှိသည်။ စစ်ကောင်စီလက်အောက်ခံ ဖလမ်းခရိုင်ရဲတပ်ဖွဲ့ ရုံးတွင် တာဝန်ထမ်းဆောင်နေသော ဒု-တပ်ကြပ် ရဲမေတစ်ဦးသည် ပြည်သူ့ရင်ခွင့်ကို ခိုလှုံလိုကြောင်း ဆက်သွယ်ခဲ့ကြောင်း YPDF မှ ဧပြီလ ၁၁ ရက်က သတင်းထုတ်ပြန်သည်။ အဆိုပါ ရဲမေကို ချင်းအမျိုးသားတပ်မတော် (CNA)၊ ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) တို့၏ အကူအညီဖြင့် ကယ်ထုတ်ခဲ့ပြီး YPDF မှ သွားရောက်ခေါ်ဆောင်ပေးခဲ့ကြောင်း သိရသည်။ အလင်းဝင်လာသူ ရဲမေမှာ ဆက်လက်၍ လက်နက်ကိုင်လိုခြင်း မရှိသောကြောင့် သက်ဆိုင်ရာ ရပ်ကျေး/ မြို့နယ် ပအဖသို့ ထပ်မံဆက်သွယ်ကာ လွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း သိရသည်။ YPDF ကို အလင်းဝင်ပြီး ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာသူ ရဲတပ်ဖွဲ့ဝင် ၃ ဦး၊ အခြားဝန်ထမ်း ၁ ဦး၊ ပျူစောထီးရွာများမှ ထွက်ပြေးတိမ်းရှောင်လာသူ ၁၀၀ ဦးခန့်ရှိကြောင်း သိရသည်။ ယင်းတို့ကို YPDF ၏ လုပ်ထုံလုပ်နည်း၊ စည်းကမ်းဥပဒေများနှင့်အညီ စုံစမ်းမေးမြန်းပြီး ၎င်းတို့၏ ဆန္ဒနှင့်အညီ စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း ယောဒေသပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ထုတ်ပြန်ထားသည်။

Read More

(002MG) စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီး သတ်ဖြတ်မှုနှင့် လက်နက်ကြီးကြောင့် ၂ လကျော်ကျော်အတွင်းမှာ အရပ်သား ၈၀ ဦးသေဆုံးခဲ့ပြီး ယင်းအနက် အမျိုးသမီး ၆၀ ကျော် ပါဝင်သည်ဟု ကလေးမြို့ လူထုတိုက်ပွဲ ဦးဆောင်ကော်မတီက ထုတ်ပြန်သည်။ စစ်ရေးအခြေအနေပြင်းထန်နေသော ချင်းတောင်ခြေ ကလေးမြို့တွင် ယခုနှစ် ဖေဖော်ဝါရီလ မှ ဧပြီလ ၁၀ ရက်နေ့အထိ ၂ လ ကျော်ကျော်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးသတ်ဖြတ်မှုနှင့် လက်နက်ကြီးကျည်ထိမှန်မှုကြောင့် အရပ်သားသေဆုံးမှုမှာ ကလေးမြို့ပေါ်တွင် ၁၅ ဦး၊ ကလေးမြို့မြောက်ပိုင်းတွင် ၃၀ ဦး နှင့် ကလေးမြို့တောင်ပိုင်းတွင် ၃၅ ဦး စုစုပေါင်း အယောက် ၈၀ ထိရှိခဲ့သည်ဟု ကလေးမြို့လူထုတိုက်ပွဲဦးဆောင် ကော်မတီကထုတ်ပြန်သည်။ “ဒီရက်ပိုင်းကြတော့စစ်ကောင်စီက ဒရုန်းနဲ့ပစ်ချတဲ့အတွက်ကြောင့် ပြည်သူတွေပွဲချင်းပြီးဆုံးရတာများတယ်။ ဒါ့အပြင် အစောပိုင်းကာလမှာကျတော့ စစ်ကောင်စီက ပစ်ခတ်တဲ့လက်နက်ကြီးကြောင့် ပြည်သူအများအပြားထိခိုက်သေဆုံးရတယ်” ဟု ကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ သေဆုံးသူအများစုမှာ စစ်ကောင်စီတပ်ဖွဲ့၏ ဒရုန်းဖြင့်တိုက်ခိုက်မှုနှင့် လက်နက် ကြီးကျည်ထိမှန်မှုကြောင့်ဖြစ်ပြီး သေဆုံး သူအယောက် ၈၀ ထဲတွင် အမျိုး သမီး ၆၅ ဦးပါဝင်သည်ဟု သိရသည်။ ယခုစာရင်းသည် လက်လှမ်းမှီသမျှ အနီးစပ်ဆုံးကောက်ယူထားသောစာရင်းသာဖြစ်ပြီး အရပ်သားသေဆုံးမှုမှာ ယခုထက်လည်းပိုများနိုင်သည်ဟု ကလေးမြို့ လူထုတိုက်ပွဲဦး ဆောင်ကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ကလေးမြို့တွင် စစ်ရေးအရှိန်အဟုန် တိုးမြှင့်တိုက်ခိုက်တော့မည်ဟု ယခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်းက ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည့်နောက်ပိုင်းကစ၍ ကလေးမြို့နယ်တွင် စစ်ကောင်စီ တပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား…

Read More

(006SV) ရခိုင်နှင့် ချင်းပြည်သူလူထုတို့၏ အကျိုးစီးပွားကို အပြန်အလှန် စောင့်ရှောက်ကူညီရေးတို့အတွက် ရက္ခိုင့်တပ်တော် (AA) နှင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းညီနောင်အဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။ ယနေ့ ဧပြီလ ၁၀ ရက်တွင် ကျရောက်သော ရက္ခိုင့်တပ်တော် (AA) ၏ ၁၅ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားသို့ ချင်းညီနောင်အဖွဲ့မှ သဝဏ်လွှာ ပေးပို့ရာတွင် ထိုသို့ပြောဆိုလိုက်ခြင်းဖြစ်သည်။ အာဏာရှင်စနစ် အလုံးစုံချုပ်ငြိမ်းပြီး အမျိုးသားတန်းတူရေး၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေးတို့အပြင် ရခိုင်ပြည်သူလူထုနှင့် ချင်းပြည်သူလူထုတို့၏ အကျိုးစီးပွားတို့ကို အပြန်အလှန် စောင့်ရှောက်ကူညီရေးတို့အတွက် AA နှင့် လက်တွဲပြီး မိမိတို့ ပန်းတိုင်ရောက်ရှိသည်အထိ အတူချီတက်သွားမည်ဖြစ်ကြောင်း ချင်းညီနောင်က ဆိုသည်။ AA ၏ ၁၅ နှစ်တိုင်တိုင် အခက်အခဲ၊ အကျပ်အတည်းများနှင့် စိန်ခေါ်မှုများကို ရက္ခိတလမ်းစဉ်အတိုင်း ရင်ဆိုင်ဖြတ်သန်းနိုင်ခဲ့ သည့်အတွက် ချင်းညီနောင်အနေဖြင့် အထူးဂုဏ်ယူဝမ်းမြောက်မိသည်ဟု ထုတ်ပြန်သည်။ ရက္ခိုင့်တပ်တော်၏ ၁၅ နှစ်ပြည့်သော နှစ်သည် နိုင်ငံရေး၊ စစ်ရေး ရည်မှန်းချက်များကို သိသာထင်းရှာစွာ အကောင်အထည် ဖော်နိုင်ခဲ့သော နှစ်ဖြစ်၍ ရခိုင်ပြည်သူတရပ်လုံး၏ မဆုတ်မနစ် ကြိုးပမ်းမှုများနှင့် AA ၏ ဦးဆောင်မှုများကို မှတ်ကျောက်တင်နိုင်ခဲ့သော နှစ်လည်းဖြစ်ကြောင်း ချင်းညီနောင်က ဂုဏ်ပြုထားသည်။ ရခိုင်ပြည်သူနှင့် ရက္ခိုင့်တပ်တော်တို့၏ အိမ်ပြန်ခရီး စစ်ဆင်ရေးကြီးများသည် ချင်းညီနောင်အပါအဝင် မြန်မာလူထုတရပ်လုံး လိုလားသော စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ကြီးစွာသော အထောက်အပံ့နှင့် မျှော်လင့်ချက်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ရက္ခိုင့်တပ်တော်နှင့် ရခိုင်ပြည်သူတို့ လိုလားသော နိုင်ငံရေး၊ စစ်ရေး ရည်မှန်းချက်များ အမြန်ဆုံး…

Read More

(006SV) မတူပီအခြေစိုက် CDF- မတူပီ၊ တပ်မဟာ (၁) အဖွဲ့က ချင်းပြည် စစ်ရေးကိစ္စရပ်များအတွက် ယနေ့မှစ၍ ချင်းညီနောင်အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ကြေညာလိုက်သည်။ CDF – မတူပီ၏ တော်လှန်ရေး (၃) နှစ်ပြည့် နှစ်ပတ်လည်နေ့ဖြစ်သည့် ယနေ့ ဧပြီလ ၁၀ ရက်မှစတင်၍ ချင်းပြည် စစ်ရေး ကိစ္စရပ်များနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ အမျိုးသားတန်းတူရေး ကိစ္စရပ်များကို ချင်းညီနောင် နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း CDF- မတူပီ၊ တပ်မဟာ (၁) အဖွဲ့က ယနေ့တွင် ထုတ်ပြန်သည်။ “ကျနော်တို့ ရပ်တည်ချက်တွေ၊ စစ်ရေး၊ နိုင်ငံရေးလမ်းစဉ်တွေအရ ချင်းညီနောင်နဲ့ တူညီမှုရှိတယ်၊၊ လက်တွဲလုပ်ဆောင်ဖို့ ရှိတယ်။ အဲဒါကြောင့် ပါဝင်ရခြင်းဖြစ်တယ်။ ဒီနေ့ဟာ CDF – မတူပီရဲ့ ၃ နှစ်ပြည့် နေ့လည်း ဖြစ်တယ်ဆိုတော့ တစ်ဆက်ထဲ Join (ပူးပေါင်း)လိုက်တာပါ” ဟု CDF – မတူပီ၊ တပ်မဟာ – ၁ ၏ ပြန်ကြားရေးမှူးက ပြောသည်။ CDF – မတူပီ တပ်မဟာ (၁) ညီလာခံကို ဧပြီလ ၃ ရက်က အောင်မြင်စွာကျင်းပပြီးနောက် ချင်းပြည်နယ် အတွင်းရှိ တော်လှန်ရေး လမ်းစဉ်တူညီသည့် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြပြီးနောက် ချင်းညီနောင်အဖွဲ့နှင့် ယခုကဲ့သို့ စတင်ပူးပေါင်းလိုက်ခြင်းဖြစ်သည်။ မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွင်လည်း ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မည့် အုပ်ချုပ်ရေး အဖွဲ့နှင့် ချင်းလဲန်းကောင်စီပြင်ပလမ်းကြောင်းဖြင့်သွားချင်သည့်…

Read More

(006SV) ချင်းပြည်နယ်၊ မတူပီမြို့အခြေစိုက် CDF- မတူပီ၊ တပ်မဟာ (၁) အဖွဲ့က တော်လှန်ရေးလမ်းစဉ် တူညီသည့် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် လက်တွဲလုပ်ဆောင်ရန် ပြင်ဆင်နေကြောင်း သတင်းရရှိသည်။ CDF – မတူပီ တပ်မဟာ (၁) ညီလာခံကို ဧပြီလ ၃ ရက်က အောင်မြင်စွာကျင်းပပြီးနောက် ချင်းပြည်နယ်အတွင်းရှိ တော်လှန်ရေး လမ်းစဉ်တူညီသည့် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “မဟာမိတ်ရေးရာနဲ့ ပတ်သက်ပြီးတော့ အခုက တပ်ပေါင်းစုတွေ ရှိတယ်၊၊ ကျနော်တို့က တဖွဲ့ထဲ လုပ်တာထက် တပ်ပေါင်းစုတွေနဲ့ ပြန်လည်ဆက်သွယ်ပြီး လုပ်ဆောင်ဖို့ ဖြစ်တယ်။ တပ်မဟာ ၁ က ချင်းလန်းကောင်စီ၊ မူဝါဒပိုင်းဆိုင်ရာနဲ့ လမ်းစဉ်နဲ့ မတူညီမှုတွေ ရှိတဲ့အတွက် ချင်းလဲန်းကောင်စီပြင်ပ လမ်းကြောင်းနဲ့ သွားဖို့ ရှိပါတယ်” ဟု CDF – မတူပီ ၊ တပ်မဟာ (၁) ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ထို့အပြင် မတူပီမြို့နယ်အတွင်းက လမ်းစဉ်တူညီသည့် အရပ်ဖက် တော်လှန်ရေးအင်အားစုများနှင့်လည်း ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း တပ်မဟာ (၁) ထံမှ သိရသည်။ မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွင်လည်း ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မည့် အုပ်ချုပ်ရေး အဖွဲ့နှင့် ချင်းလဲန်းကောင်စီပြင်ပလမ်းကြောင်းဖြင့် သွားချင်သည့် အုပ်ချုပ်ရေးအဖွဲ့ဖြစ်မည့် အရပ်ဖက် တော်လှန်ရေးအင်အားစု များလည်း ရှိနေကြောင်း သိရသည်။ “အုပ်ချုပ်‌ရေးအပိုင်းမှာ ချင်းလဲန်းကောင်စီကို ဝင်သွားမယ့် အုပ်ချုပ်ရေးအဖွဲ့လည်း ရှိသလို လမ်းစဉ်တူညီတဲ့ ပူးပေါင်းချင်တဲ့ အုပ်ချုပ်ရေးအဖွဲ့တွေလည်း ရှိတယ်။…

Read More

(004SS) ကလေးမြို့မြောက်ပိုင်း မော်စီကျေးရွာအနီးရှိ မူးယစ်ဆေးတိုက်ဖျက်ရေးစင်တာ Chhan Chhuahna Rûn (CCR) မှ နယ်စပ် တီအိုချောင်းသို့ စစ်ဘေးရှောင်လာကြသူများအတွက် အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း သိရသည်။ ဧပြီလ ၅ ရက်နေ့က CCR ဝန်းအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ၎င်းစင်တာတွင် ဆက်လက်မနေရဲကြတော့ဘဲ ပြည်သူအယောက် ၆၀ ကျော်တို့သည် ယမန်နေ့ နေ့လည် ၁ နာရီဝန်းကျင်တွင် အိန္ဒိယ-မြန်မာနယ်စပ်၊ ရိခေါဒါရ်မြို့အမှတ် ၂ ရပ်ကွက် တီအိုချောင်းသို့ ရောက်ရှိလာကြသည်ဟု ကူညီပေးနေသူတစ်ဦးကပြောသည်။ “လက်နက်ကြီးကျရောက်ပြီးနောက် အိမ်ပြန်လို့ရတဲ့သူတွေကို အိမ်ပြန်ခေါ်သွားကြပြီး။ အခု ကျန်ခဲ့တဲ့သူက အယောက် ၁၀၀ နီးပါးပဲရှိတယ်။ မနေ့က တီအိုချောင်းကို‌ေရာက်လာတာ ၆၁ ဦးရှိတယ် အဲထဲမှာ အများစုက စိတ်မကျန်းမာတဲ့သူတွေ‌ ေပါ့‌ေနာ်။ ပြီးတော့သူတို့တွေက ပြန်ဖို့အိမ်မရှိတဲ့သူတွေရယ် အိမ်ပြန်ရင်လဲ မိသားစုက ဆက်မထိန်းနိုင်တဲ့လူတွေ ဖြစ်တယ်။ သူတို့က ဒီတိုင်းပဲလာတာဆို‌ေတာ့ ဆန်၊ ဆီ၊ ဆားတွေ အဝတ်အထည်တွေ၊ စော‌င်တွေလိုအပ်တာပေါ့၊ တောင်ပေါ်ဆိုတော့ရာသီဉတုအေးတယ်၊ မနေ့ညကဆိုရင်သူတို့ မိုးကာခင်းပြီး‌အိပ်ကြရတယ်” ဟု ၎င်းက ပြောသည်။ ၎င်း စစ်ဘေး‌ေရှာင် ၆၁ ဦးအနက် အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၂ ဦး စုစုပေါင်း ၁၈ ဦးသာ ကျန်းမာသူများဖြစ်ကြကာ ကျန်အားလုံးမှာ စိတ်ရောဂါဝေဒနာ ခံစားနေရသူများဖြစ်ကြောင်း အထက်ပါ ကူညီပေးနေသူက ဆက်လက်ပြောဆိုသည်။ လက်ရှိတွင် တီအိုချောင်းလူငယ်အဖွဲ့အစည်း၏ အကူအညီဖြင့် တီအိုချောင်းရှိ ခန်းမဆောင်တွင် ခေတ္တတည်းခိုနေကြသော်လည်း…

Read More

(006SV) အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က ဦးဆောင်ကျင်းပနေသည့် ဒုတိယအကြိမ် ပြည်သူ့ညီလာခံတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က နောက်ဆုံး နေ့အစည်းအဝေးကို ဆက်လက်တက်ရောက်နိုင်ခြင်းမရှိဟု အကြောင်းကြားမှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ ပြည်သူ့ညီလာခံကို CRPH အပါအဝင် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့အနေဖြင့် မူလ သတ်မှတ်ရက် ၃ ရက်နှင့် ထပ်တိုး ၁ ရက်တို့တွင် အပြည့်အဝပူးပေါင်းပါ၀င်ခဲ့ပြီး ယနေ့ ထပ်ခေါ်ယူမည့် ပဥ္စမနေ့တွင် ဆက်လက်တက်ရောက် နိုင်ခြင်းမရှိကြောင်း CRPH ၏ အကြောင်းကြားစာတွင် ဖော်ပြထားသည်။ ဒုတိယအကြိမ် ပြည်သူ့ညီလာခံကို ဧပြီလ ၄ ရက်မှ ၆ ရက်အထိ ကျင်းပရန် စီစဉ်ထားသော်လည်း ထပ်မံ၍ ၂ ရက် တိုးချဲ့ကာ ကျင်းပခဲ့ပြီး ဧပြီလ ၇ ရက်တွင် ထပ်တိုး (၁) ရက်နှင့် ယနေ့ ဧပြီလ ၉ ရက်မှာ နောက်ဆုံးနေ့ ဖြစ်ကြောင်း သိရသည်။ လက်ရှိ ကျင်းပနေသည့် ဒုတိယအကြိမ် ပြည်သူ့ညီလာခံတွင် CRPH အစုအဖွဲ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ NUG လည်း ဆက်လက်မတက်ရောက်တော့ကြောင်း ခိုနူမ်းသုန်က ဆက်သွယ်မေးမြန်းသော သတင်းရင်းမြစ်များက ပြောကြသော်လည်း အသေးစိတ်ကို မသိရသေးပါ။ ဧပြီလ ၈ ရက်က NUCC သို့ ပေးပို့သည့် ဆက်လက်တက်ရောက်နိုင်ခြင်း မရှိကြောင်း CRPH ၏ အကြောင်းကြားစာတွင် အချက် (၅) ချက် ပါဝင်သည်။ (က) ညီလာခံတွင် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း…

Read More