Author: Editor

FactCheck ဒီသတင်းအမှားကို ယိမ်းနွဲ့ပါး ဆိုတဲ့အကောင့်ကနေပြီး “စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ စော်ဘွား (၇) ရပ်ကွက်တွင် ဇန်နဝါရီလ ၅ ရက်နေ့ ည ၉ နာရီ ၄၀ မိနစ်အချိန်၌ ပီဒီအက်(ဖ်) အကြမ်းဖက်သမားများက အဆိုပါရပ်ကွက်နေ သားအမိ ၃ ဦးကို သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားကြောင်းသိရသည်။” လို့ရေးသားထားပါတယ်။ ဆက်လက်ပြီး “အဆိုပါရပ်ကွက်နေ ဒေါ်စန်းစန်းဝင်း (၄၅) နှစ် နှင့် ၎င်း၏သားများဖြစ်ကြသည့် ကိုမင်းခန့်ကျော် (၂၀) နှစ်၊ ကိုမင်းဇော် (၁၈) နှစ်တို့သည် နေအိမ်ခြံဝန်းအတွင်းရှိနေစဉ် ပီဒီအက်(ဖ်) အကြမ်းဖက်သမားများရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ် ထွက်ပြေးသွားခဲ့သဖြင့် ဒေါ်စန်းစန်းဝင်းပါ ၃ ဦးတို့တွင် သေနတ်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသမှုခံယူနေရကြောင်းသိရသည်။” လို့ဖော်ပြထားတာဖြစ်ပါတယ်။ ဒီသတင်းအမှားနဲ့ပတ်သက်ပြီး ဖြစ်စဉ်ကိုရှာဖွေကြည့်တဲ့အခါ “စစ်ကိုင်းတိုင်း၊ တမူးမြို့စောဘွားအင်းရပ်ကွက်မှာ ဇန်နဝါရီ ၅ ရက် ည ၉ နာရီကျော်အချိန်က ကင်းလှည့်နေတဲ့ ပျူစောထီးတွေက လူနေရပ်ကွက်ထဲ ပစ်ခတ်ရာကဒေသခံ ပြည်သူသုံးဦးကျည်ထိပြီး ဒဏ်ရာတွေရခဲ့တယ်လို့ တမူးမြို့ခံတွေဆီကသိရပါတယ်။” လို့ DeltaNewsAgency သတင်းဌာနမှာဖော်ပြထားပါတယ်။ Link>>>https://bit.ly/3kUuEy9 တမူးမြို့ ဒေသခံတစ်ဦးက “အဲ့ဘက်က ပျူစောထီးပိုများတဲ့နေရာပေါ့ဗျာ၊ မြို့အနေနဲ့ဆို၊ညနေမိုးချုပ်တာနဲ့အပြင်မထွက်ကြတော့ဘူး၊ ညအ ပေါ့သွားချင်လို့ အိမ်ထဲကနေထွက်တာမှာ ပျူစောထီးတွေက လှန့်ပြီးပစ်တဲ့သဘောပဲ” လို့ပြောပါတယ်။ အိမ်ထဲကနေအိမ်ပြင်ထွက်လာတဲ့ ဒေသခံတဦးကို ပျူစောထီးတွေက ပစ်ခတ်လို့ထိမှန်ခဲ့တဲ့အပြင် သေနတ်သံ ကြားလို့ အိမ်အပြင်ဘက် ပြေးထွက်လာတဲ့ အမျိုးသားနှစ်ဦးလည်း ထပ်ပြီး အပစ်ခံရကာ ကျည်ထိဒဏ်ရာ တွေရခဲ့ကြတာလို့ ဆိုပါတယ်။ “သားအဖတွေလို့ပြောကြတယ်၊ဘယ်သူကအရင်ထွက်ပြီးဘယ်သူကအရင်မှန်တယ်တော့မသိဘူး” လို့ မြို့ခံတဦးကဆိုပါတယ်။…

Read More

FactCheck ဒီသတင်းအမှားကို လမင်းတမာန်ဘကောင်း ဆိုတဲ့အကောင့်ကနေပြီး “စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ မလူကျေးရွာအတွင်းသို့ ဇန်နဝါရီလ ၁၄ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်အချိန်၌ ပီဒီအက်(ဖ်) အကြမ်းဖက်သမား ၅၀ ဦးခန့် ဝင်ရောက်လာပြီး ကျေးရွာအတွင်း လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သဖြင့် ကျေးရွာနေပြည်သူများမှ ကျေးရွာအတွင်းမှ ထွက်ပြေးတိမ်းရှောင်သွားစဉ် အကြမ်းဖက်သမားများသည် ပြည်သူများ၏နေအိမ်များအတွင်း ဝင်ရောက်ရှာဖွေကာ ငွေကြေးနှင့် တန်ဖိုးရှိပစ္စည်း များအားလုယက်ယူဆောင်ကာ နေအိမ်များအား မီးရှို့ဖျက်ဆီး၍ ပြန်လည်ထွက်ခွာသွားခဲ့သဖြင့် အဆိုပါကျေးရွာနေ ပြည်သူများ ပိုင်ဆိုင်သည့် နေအိမ် ၁၀ လုံး၊ လယ်ထွန်စက် ၃ စီး၊ စပါးကြိတ်စက် ၃ လုံး၊ ထော်လာဂျီယာဉ် ၁ စီးနှင့် ရေစုပ်စက် ၁ လုံးတို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရသည်။” လို့ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး တမူးမြို့နယ်၊ မလူကျေးရွာခံတစ်ဦးက “ပျူစောထီးအုပ်စုနဲ့ တမူး PDF တပ်ရင်း (၃) တို့ တိုက်ပွဲဖြစ်ပြီး ပျူစောထီးခေါင်းဆောင်နှစ်ဦး သေဆုံးတာ အဲ့ဒီလို ပျူခေါင်းဆောင်တွေသေဆုံးပြီးနောက် ပျူစောထီးအဖွဲ့ဝင်တွေက မလူကျေးရွာက NLD ပါတီတာဝန်ခံဟောင်း ကိုတင့်ကိုနေအိမ်ကနေ ခေါ်ဆောင်သတ်ဖြတ်ခဲ့ပြီး ရွာခံ NLD ပါတီ ဝင်တွေလည်း ထွက်ပြေးတိမ်းရှောင်နေကြရတာပါ” လို့ပြောပါတယ်။ ဆက်လက်ပြီး “ရွာထဲမှာတော့ ကမ္ဘာပျက်သလိုပဲ၊ သူတို့ဘက်က ပျူတွေသေတယ်ဆိုတော့ ပြန်လက်စားချေမယ်ဆိုပီး မင်းသမီးရွာကပျူတွေကိုပါခေါ်လာတာ၊ အကုန်ထွက်ပြေးရတာ၊ ကိုတင့်ကိုလည်း သူတို့ပဲသတ်ပစ်လိုက်ကြတာ၊ တခြားNLDကလူတွေ မိသားစုလိုက်ကိုထွက်ပြေးကြရတာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ တမူးမြို့ဟာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေလှုပ် ရှားမှုအားကောင်းသလို စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေလည်း…

Read More

အာဏာသိမ်းစစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲအပေါ် သူတို့ဘာပြောကြသလဲ စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပပြုလုပ်ဖို့ တနိုင်ငံလုံးမှာ လူဦးရေသန်းခေါင်စာရင်းတွေ လိုက်လံကောက်ခံနေပြီး ဇန်နဝါရီလ ၂၆ ရက်နေ့ကလည်း တင်းကြပ်တဲ့ နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေတွေ ထုတ်ပြန်လိုက်ပါတယ်။ စစ်ကောင်စီက ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲအပေါ် ဘယ်လိုသဘောထား အမြင်ရှိကြပါသလဲ။ ချင်းပြည်နယ်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်မယ့်အလားအလာ၊ ဘယ်လောက်အတိုင်းအတာထိကျင်းပနိုင်မလဲ။ ဖြစ်နိုင်ခြေ ဘယ်လောက်ရှိလဲ။ ဒီအပေါ်မှာ သက်ဆိုင်ရာ ချင်းလက်နက်ကိုင်အဖွဲ့အစည်းနှင့် အရပ်ဖက်အဖွဲ့အစည်းတချိူ့ရဲ့ သဘောထားအမြင်ကို စုစည်းတင်ပြလိုက်ပါတယ်။ ဆလိုင်းထက်နီ (ပြောရေးဆိုခွင့်ရှိသူ၊ ချင်းအမျိုးသားတပ်ဦး-CNF) “စကစ ရဲ့ နိုင်ငံရေးပါတီ ထူထောင်ခွင့်ဆိုင်ရာ စည်းမျဉ်းကို ကြည့်လိုက်ရင် လူမျိုးပေါင်းစုံနေထိုင်တဲ့ မြန်မာနိုင်ငံလူဦးရေ အနေအထားနဲ့လုံးဝ မဟပ်စပ်ဘူး။ အထူးသဖြင့် ဗမာမဟုတ်တဲ့ လူနည်းစုတိုင်းရင်းသားတွေအတွက် နိုင်ငံရေးလုပ် ဆော င်ခွင့်ပိတ်လိုက်တာပါပဲ။ အဓိက စစ်ယူနီဖောင်းချွတ် (ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ) USDP ကဲ့သိုသော လူများစုဖြစ်တဲ့ လူမျိုးတမျိုး သို့တည်းမဟုတ် မဟာ ဗမာလူမျိုးကြီးစစ်ဝါဒီတွေရဲ့ နိုင်ငံရေးကစားကွက်ပါပဲ၊ တနည်းအားဖြင့် နာဂစ်ကာ လမှာ ၂၀၀၈ ဖွဲ့စည်းပုံကို အကွက်ဆင် အတည်ပြုသလို ခုလည်း တိုင်းပြည် မငြိမ်သက်ချိန်ကို အခွင့်ကောင်းယူပြီး ကစားတာပါပဲ။ ချင်းပြည်နယ်က မြို့နယ် ၉ မြို့နယ် ရှိတယ်၊ အဲဒီ ၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်’’ Peter Thang (စစ်ဦးစီးချုပ် ၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့-CNDF) “ရှိပြီးသားရွေးကောက်ပွဲကို သူ့အနေနဲ့(စစ်ကောင်စီ)လက်မခံဘဲ အာဏာသိမ်းခဲ့တာပေါ့နော်၊…

Read More

FactCheck ဒီသတင်းအမှားကို အမွှေစိန် မျိုးချစ်မြန်မာဆိုတဲ့ အကောင့်ကနေပြီး “စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ မင်းကွန်းဘုရား ထီးတင်ပွဲအတွက် လာရောက်တာဝန်ယူပေးကြသော စကစ နှင့် Pdf တို့ ထုံးဘိုလေးရွာတွင် ထိတွေ့ဖြစ်ပွားကြရာ ပဒက်များမှ ဆုတ်ပြေးပြေးရင် ဘုန်းကြီးကျောင်းနှင့် အိမ်များအား မီးရှို့သွားခဲ့ရာ အိမ်ခြေ ၅၀ နီးပါး မီးလောင် ပျက်စီးသွားပြီး ရွာသားတစ်ဦး မီးလောင်ဒဏ်ရာဖြင့်သေဆုံးနေကြောင်း ဒေသခံ ရွားသားမှ ပြောပြ၍ သတင်းရရှိပါတယ်။” လို့ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီတော့ စစ်ကိုင်းမြို့နယ် ဒေသခံတစ်ဦးက “ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက် ၁၀နာရီလောက်မှာ စစ်ကိုင်းမြို့နယ် ဧရာဝတီမြစ်ဘေးမှာရှိတဲ့ ထုံးဘိုရွာကို စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့တာ နေအိမ် ၁၅လုံးခန့် မီးလောင်ပျက်စီးခဲ့တယ်။ ပြီးတော့ ဒေသခံပြည်သူတစ်ဦးကိုလည်း ခြေလက်များဖြတ်ကာ မီးရှို့သတ်ဖြတ်ခံခဲ့တာ” လို့ပြောပါတယ်။ ဒါ့အပြင် “စစ်ကောင်စီတပ်သားတွေက မင်းကွန်းဘုရား ထီးတင်ဖို့ ကင်းစောင့်လာပြီး ဘုန်းကြီး ကျောင်းဆောင် ပြည်သူပိုင်၊ အိုးအိမ်များကိုပါ မီးရှို့ ဖျက်ဆီးသွားတာပါ။” လို့ Wetlet Information Network အဖွဲ့က ပြောပါတယ်။ ဒေသခံနောက်တစ်ဦးကလည်း “ထုံးဘိုတင်မကဘူး။ စစ်ကောင်စီမီးရှို့လို့ အဲဒီဘက်မြစ်ကမ်းတလျှောက် ရွာတွေပြေးနေရပြီ။” လို့ပြောပါတယ်။ ဒါကြောင့် သတင်းအမှားမှာဖော်ပြထားသလို PDF များမှ ဘုန်ကြီကျောင်းနဲ့ အိမ်များကိုမီးရှို့ဆိုတာ သတင်းအမှားတစ်ပုဒ်သာဖြစ်ပါတယ်။

Read More

FactCheck ဒီသတင်းအမှားကို ယိမ်းနွဲ့ပါးဆိုတဲ့ အကောင့်ကနေပြီး “မောင်းတောမြို့နယ်၊ တမန်းသားရွာတွင် AA စစ်ဒေသမှူးဦးဆောင်ပြီး ရခိုင်-ဘင်္ဂါလီ ချစ်ကြည်ရေးဘောလုံးပွဲကျင်းပရန် တစ်ရွာကို တစ်သိန်းဆီတောင်းသဖြင့် ရွာသားများ အခက်တွေ့နေ” လို့ ပုံနဲ့တကွရေးတင်ထားတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် မွတ်ဆလင်နှင့် ရခိုင် မျိုးနွယ်စုများ ချစ်ကြည်ရေးဘောလုံးပွဲကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ဦးဆောင်မှုဖြင့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်နေ့မှ ဇန်နဝါရီ ၁ ရက်နေ့ထိ ကျင်းပခဲ့ပါတယ်။ ဒါပေမယ့် ယိမ်းနွဲ့ပါးအကောင့်မှာဖော်ပြသလို AA က တရွာကိုတစ်သိန်း ဆီတောင်းခံတယ်ဆိုတာကတော့ မဟုတ်မှန်ကြောင်း ဒေသခံတစ်ဦးကပြောပါတယ်။ ဒီအကြောင်းအရာကို နီးစပ်ရာမှာရှိတဲ့ ဒေသခံတစ်ဦးကို ဆက်သွယ်မေးမြန်ကြည့်ရာ “ULA/ AA က ဦးဆောင်ပြီး မွတ်ဆလင်နဲ့ ရခိုင်တွေကြား ဆက်ဆံရေးပိုမိုကောင်းလာအောင် လုပ်နေတာတော့အမှန်ပါ…. ဒါပေမဲ့ ငွေကြေးကောင်ခံတယ်ဆိုတာကတော့ မဟုတ်ဘူးထင်တယ်… တခါတလေကျတော့ လူ့အခွင့်အရေးအမည်ခံ အပြင်ကမွတ်ဆလင်ပွဲစားတွေက ပွဲဆူအောင်တမင်တကာဖန်တီးပြီးလုပ်နေတာတွေလည်းရှိပါတယ်….” လို့ပြောပါတယ်။ ဒါကြောင့် မောင်းတောမြို့နယ်၊ တမန်းသားရွာတွင် AA စစ်ဒေသမှူးဦးဆောင်ပြီး ရခိုင်-ဘင်္ဂါလီ ချစ်ကြည်ရေးဘောလုံးပွဲကျင်းပတာကတော့ မှန်ပေမယ့် တစ်ရွာကို တစ်သိန်းဆီတောင်းတဲ့အတွေက် ရွာသားများ အခက်တွေ့နေတယ်ဆိုတာ သတင်းအမှားသာဖြစ်ပါတယ်။

Read More

ရေး – ဆလိုင်းထွန်းလှကျော် ရခိုင်ဒေသကို “ယဉ်ကျေးမှု (Culture) တစ်ခုတည်းနဲ့ ဖွဲ့စည်းတည်ဆောက်ထား‌သော လူမျိုးအုပ်စုတစ်ခုတည်း မှီတင်းနေထိုင်၊ ပိုင်ဆိုင်တဲ့ဒေသတစ်ခု” လို့ မြန်မာ့နိုင်ငံရေးသမား (စစ်အစိုးရ၊ NLD အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်တွေ၊ နိုင်ငံရေး လေ့လာသုံးသပ်သူတွေနဲ့ အခု NUG ခေါင်းဆောင်တွေ) အများစုက သာမန်ပဲ ရှုမြင်နားလည်ထားကြပါတယ်။ သူတို့ ရှုမြင်နားလည် ထားတဲ့အပေါ်မှာ မူတည်ပြီးတော့မှပဲ ရခိုင်ပြည်ရဲ့ နိုင်ငံရေးပြဿနာတွေကို ရခိုင်လူမျိုးတစ်ခုတည်းနဲ့ပဲ ဆွေးနွေး၊ အဖြေရှာ ကိုင်တွယ်တတ်ကြပါတယ်။ မြန်မာ့နိုင်ငံရေးသမားတွေရော၊ ရခိုင့်နိုင်ငံရေးသမားတွေပါ ရခိုင်ပြည်ရဲ့ နိုင်ငံရေးကို ကိုင်တွယ်၊ ဆွေးနွေး၊ အဖြေရှာကြတဲ့အခါမှာ ရခိုင်ပြည်ရဲ့ ပကဓိမြေပြင်အခြေအနေမှာ ကွဲပြားခြားနားစွာ တည်ရှိနေကြတဲ့ ရခိုင်နဲ့မတူတဲ့ လူမျိုးအုပ်စုတွေကို နိုင်ငံရေးအရ ဆွေးနွေးဖော်/ဖက် (Political Dialogue Partner) အဖြစ် အသိအမှတ်မပြုကြတာဟာ ပြီးပြည့်စုံတဲ့ နိုင်ငံရေး အဖြေရှာ‌ဖွေရေးနဲ့ တည်ငြိမ်တဲ့ အခင်းအကျင်း တည်ဆောက်ရေးတွေမှာ အားနည်းချက်တွေ ဖြစ်‌စေနိုင်ပါတယ်။ ရခိုင်ဒေသထဲက မတူကွဲပြား ခြားနားတဲ့ လူမျိုးအုပ်စုတွေရဲ့ အသံတွေ၊ သဘောထားတွေ မပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေး၊ အဖြေရှာမှုတွေဟာလည်း ရခိုင်ရဲ့ နိုင်ငံတည်ဆောက်ရေး (State Building) နဲ့ တိုင်းပြည်တည်ဆောက်ရေး (Nation Building) ဖြစ်စဉ်‌တွေမှာ အတားအဆီးတွေ ဖြစ်လာနိုင်တဲ့အပြင် တစ်ဖက်မှာလည်း ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုသံသရာကို ရေရှည် လည်ပတ်နိုင်စေဖို့ အတွက် လမ်းခင်းပေးနေသလို ဖြစ်နေပါတယ်။ ဤအတွက် အကောင်းဆုံး နမူနာတစ်ခုမှာ Ideology (မြန်မာ၌ ဝါဒရေးရာအရ ကွန်မြူနစ်တောခိုမှု)…

Read More

FactCheck ဒီသတင်းအမှားကို အမွှေစိန် မျိုးချစ်မြန်မာဆိုတဲ့ အကောင့်ကနေပြီး “NUG ကတော့ နစက ကို တိတ်တဆိတ် ရွေးကောက်ပွဲ ပါဝင်ဖို့အတွက် ကမ်းလှမ်းလာပါသည်..ဘာတွေ ဆက်ဖြစ်မလဲ စောင့်ကြည့်ကြတာပေါ့နော် ကိုယ်တွေကတော့ နစကကြီး ဘယ်ဘဝရောက်ရောက် ထူးအယ်လ်လင်းဘဲဟေ့ မျိုးချစ်တွေကရော” လို့ရေသားဖော်ပြထားတာဖြစ်ပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး အရပ်ဘက်ဆိုင်ရာတာဝန်ရှိသူတစ်ဦးက “ ဒါကတော့ လုံးဝမဖြစ်နိုင်ဘူး တစ်လောကလုံး စစ်ကောင်စီကလုပ်တဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်နေကြတာ။ NUG အနေနဲ့ စစ်ကောင်စီက လုပ်မယ့်ရွေးကောက်ပွဲကို ပါဝင်မယ်ဆိုရင် ဟာသဖြစ်သွားလိမ်မယ်။ လုံဝမဖြစ်နိုင်ဘူးလို့ပြောချင်ပါတယ်။” လို့ပြောပါတယ်။ စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြည်သူလူထုအနေနဲ့ မပူးပေါင်းကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ NUG က ဇန်နဝါရီလ ၉ ရက်နေ့ကလည်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ရွေးကောက်ပွဲအတွက် စစ်ကောင်စီက တအိမ်တက်ဆင်း လူဦးရေစာရင်းကောက်ယူနေမှုကိုလည်း ပြည်သူလူထုအနေနဲ့ ငြင်းဆန်ပြီး မပူးပေါင်းကြဖို့ NUG ကမေတ္တာရပ်ထားပါသည်။ ဒါကြောင့် “NUG ကတော့ နစက ကို တိတ်တဆိတ် ရွေးကောက်ပွဲ ပါဝင်ဖို့အတွက် ကမ်းလှမ်းလာပါသည်”ဆိုတာ သတင်းအမှားတစ်ပုဒ်သာဖြစ်ပါတယ်။

Read More

ချင်းပြည်နယ် ဟားခါးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့က ဇန်နဝါရီလ ၂၅ ရက် ညနေပိုင်းက ခရီးသွားသူများနှင့် ဒေသခံ အရပ်သားပြည်သူ ၁၃ ဦးကို ဖမ်းဆီးခဲ့ပြီး ယနေ့တွင် အသက် ၁၆ နှစ်အောက်လူငယ် ၇ ဦးကို ပြန်လွှတ်ပေးခဲ့သည်ဟု ချင်းလူ့အခွင့်အရေးဖွဲ့ CHRO ထံမှသိရသည်။ ဟားခါးမြို့ ကျောဘုတ်ရပ်ကွက်တွင် ဇန်နဝါရီလ ၂၅ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Hakha တပ်ဖွဲ့တို့ပစ်ခတ်မှုဖြစ်ပွားကာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ပြီးနောက် အခင်းဖြစ်ပွားရာအနီးတဝိုက်ရှိ နေအိမ် ၃ လုံးကို စက်ကြီးဖြင့် ဖျက်ဆီးခံရသည့်အပြင် ခရီးသွားနှင့်အရပ်သားပြည်သူ ၁၃ ဦး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ “အဲဒီပစ်ခတ်မှုဖြစ်ပွားတဲ့နောက်ပိုင်းမှာ စစ်တပ်ဘက်ရောက်လာပြီးတော့ လူနေအိမ်တွေဖျက်ဆီးလိုက်တယ်ပြီးတော့ အနီးနားကအိမ်တစ်လုံးကလူတွေကိုဖမ်းဆီးသွားတယ် နောက်ပြီးတော့ ပစ်ခတ်မှုဖြစ်ပွားတဲ့နောက်မှာ အဲဒီဂိတ်ကို လာဖြတ်တဲ့လူတွေကိုပါ ဖမ်းဆီးထိန်းသိမ်းလိုက်တယ် မနေ့ည ၇ နာရီအထိရရှိတဲ့သတင်းအရတော့ အားလုံးဖမ်းခံရသူက ၁၃ ဦးရှိတယ်လို့ သိရပါတယ်” ဟု ချင်းလူ့အခွင့်အရေးအဖွဲ့မှ ဒါရိုက်တာဆလိုင်းဇအုပ်လိန်က ပြောသည်။ အဆိုပါဖမ်းဆီးခံရသူများအနက် အသက် ၁၆ နှစ်အောက်လူငယ် ၇ ကို ယမန်နေ့ ဇန်နဝါရီလ ၂၆ ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့က ပြန်လွတ်ပေးခဲ့ပြီး ကျန် ၆ ယောက်၏ အခြေအနေကိုတော့ မသိရသေးကြောင်း သူကဆက်ပြောပါတယ်။ “အခုလိုမျိုး အိမ်တွေဖျက်ဆီးတာ၊ လူတွေလိုက်ဖမ်းတာက သူတို့ကျင်းပမယ့် ဒီမိုကရေစီ Election ကြေညာထားတဲ့ဟာနဲ့ ကိုက်ညီမှုမရှိဘူးပေါ့နော် ပြီးတော့ ပြည်သူလူတွေကို ဒီလိုမျိုး မတရားသဖြင့် လိုက်လံဖမ်းဆီးပြီးတော့ အိုးအိမ်တွေကို ဖျက်ဆီးတာမျိုးက တကယ်ကို ဆိုးရွားတဲ့…

Read More

Hornbill International Model Organization မှ ဖိလစ်ပိုင်နိုင်ငံ ဘတ်တဂန်မြို့ ယဉ်ကျေးမှုခန်းမ Rosario တွင် ဇန်နဝါရီလ ၂၂ ရက်နေ့က ကျင်းပပြုလုပ်သော တတိယကြိမ်မြောက် Mr. World Noble King ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် သွားရောက်ယှဉ်ပြိုင်သော အလှမောင်ချင်းတိုင်းရင်းသား Mang Sui Dun သည် Mr. Teen Tourism International နဲ့ Mr. Friendship Award ဆု ၂ ဆုကို ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။ အလှမောင် Mang Sui Dun သည် Mr. World Noble King ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု အလှမောင်များထဲမှ ပထမဦးဆုံး အလှမောင်ဆု ဆွတ်ခူးရရှိသူဖြစ်သည်။ “ဟုတ်ကဲ့ခင်ဗျာ၊ အခုလို Mr World Noble King 2023 မှာပေါ့နော် တိုင်းပြည်နဲ့ လူမျိုးအတွက် ကျွန်တော် ဆုရယူနိုင်ခဲ့တဲ့အတွက်လည်း ကိုယ့်ကိုကိုယ်ဂုဏ်ယူပြီးတော့ အရမ်းဝမ်းသာတယ် ပီတီဖြစ်မိပါတယ်ခင်ဗျာ” ဟု Mang Sui Dun ပြောသည်။ Mr. World Nobel King ပြိုင်ပွဲကို နှစ်တိုင်းကျင်းပလေ့ရှိကာ မြန်မာနိုင်ငံကိုယ်စားပြု အလှမောင်များ သွားရောက်ယှဉ်ပြိုင်လေ့ရှိရာ ယခု ၂၀၂၃ ခုနှစ် တတိယအကြိမ်မြောက်မှာ ချင်းတိုင်ရင်းသား Mang Sui Dun က မြန်မာနိုင်ငံကိုယ်စား ဆုရရှိခဲ့ခြင်းဖြစ်သည်။ ချင်းပြည်နယ် ဟားခါးမြို့ဖွား အသက် ၁၉ နှစ်အရွယ်ရှိ…

Read More

ရေး – ဆလိုင်းထွန်းလှကျော် မျိုးနွယ်စု ကိစ္စ မျိုးနွယ်စုကိစ္စမှာ ရခိုင်နှင့် ချင်းလူမျိုးများအကြား သမိုင်းကြောင်းဆိုင်ရာ ရှုပ်ထွေးမှုတစ်ခုပင် ဖြစ်နေသည်။ အထူးသဖြင့် ရခိုင်ပြည်နယ်ရှိ ခမီးမျိုးနွယ်စုနှင့် ချင်းပြည်နယ်၊ ပလက်ဝမြိုနယ်ထဲရှိ ခူမီး မျိုးနွယ်စုတို့ကို အခြေခံကာ ရှုပ်ထွေးမှုများ ဖြစ်ပေါ်လေ့ရှိသည်။ ရခိုင်ပြည်နယ်ရှိ ခမီးများမှာ ရခိုင်မျိုးနွယ်စုဝင်အဖြစ် ပါဝင်နေပြီး ပလက်ဝရှိ ခူမီးများမှာ မိမိတို့ကိုယ်ကို ချင်းမျိုးနွယ်စုတစ်ခုအဖြစ် ခံယူကြသည်။ ရခိုင်ပြည်နယ်ရှိ ခမီး၊ မြိုများနှင့် ပလက်ဝရှိ ခူမီးများမှာ ဘာသာစကားနှင့် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများအရ အခြေခံအားဖြင့် တူညီမှုများရှိနေကြကာ တစ်ခုနှင့်တစ်ခု ဆက်စပ်မှုများပင် ရှိနေကြသည်။ ဘာသာစကားနှင့် ယဉ်ကျေးမှုများမှာ ရခိုင်လူမျိုးနှင့် ကွဲပြားခြားနားစွာ ဖြစ်တည်နေပြီး ခူမီးချင်းမျိုးနွယ် စုများနှင့် ပိုမိုနီးစပ်မှုများ ရှိနေကြသည်။ (သို့သော် ဤကိစ္စမှာ သမိုင်းကြောင်းဆိုင်ရာ ကိစ္စတစ်ခု ဖြစ်နေ သောကြောင့် နောက်ထပ် သုတေသနပြု လေ့လာရအုံးမည့် ကိစ္စတစ်ခုဟု မှတ်ယူပါသည်။ ထို့အတွက် ကြောင့် ယခုစာပိုဒ်တွင် သမိုင်းကြောင်းဆိုင်ရာ ကိစ္စရပ်များကို လေ့လာထည့်သွင်းခြင်း မပြုတော့ဘဲ AA နှင့် ခူမီးချင်းမျိုးနွယ်စုတို့၏ သဘောထားတို့ကိုသာ အလေးပေး ဖော်ပြသွားမည် ဖြစ်သည်။) AA နှင့် ရခိုင်လူမျိုးအများစုမှာ အဆိုပါအုပ်စုကို တစ်ခုတည်းဟူ၍ မှတ်ယူကြပြီး ရခိုင်မျိုးနွယ်စုဝင်များဟူ၍ နားလည်ထားကြသည်။ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ULA/AA မှ ဦးဝှေ့တင်းအား ပြန်လွှက်‌ပေးလိုက်ကြောင်း ထုတ်ပြန်ချက်ထဲ၌ ခူမီးချင်းမျိုးနွယ်စုကို ရခိုင်မျိုးနွယ်စုတစ်ခု ဖြစ်သယောင် ရေးသားဖော်ပြခဲ့သည်။ အဆိုပါထုတ်ပြန်ချက်ထဲတွင်…

Read More