Author: Editor

(02HH) စစ်ကိုင်းတိုင်း၊ ကလေးမြို့မြောက်ပိုင်း၊ ဒိုးဝိုင်းချောင်းရွာထဲ ပြည်သူနေအိမ်တို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ  တပ်ဆွဲထားသောကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ကြရသည်ဟု သိရသည်။ ဒိုးဝိုင်းချောင်းဒေသခံတစ်ဦးက ”စစ်သားတွေနဲ့ ကား ၃ စီး ရွာအပြင်နားမှာရှိနေကြတယ်။ တချို့ဆိုရင် အိမ်ထဲတွေမှာလည်း ဝင်ထိုင်ကြတယ် ဒီနေ့မှာရောပဲ။ ရွာအပြင်ဖက်နားတွေမှာလည်း မိုင်းတွေမြုပ်ထားတော့ ကြောက်လို့ ညလည်း မအိပ်ရဲတာနဲ့ အမျိုးတွေစီသွားအိပ်ရတယ်။ ပစ္စည်းတွေလည်း အဆင့်သင့်ပြင်ထားရတယ်” ဟု ပြောသည်။ ဒိုးဝိုင်းချောင်းကျေးရွာတွင် အောက်တိုဘာလ ၃၁ ရက် ယမန်နေ့ညက အင်အား ၅၀ ဝန်းကျင်ရှိသော စစ်ကောင်စီတပ်ဖွဲ့သည် ညအိပ်ဖို့ အခြေချခဲ့တာဖြစ်ပြီး ယနေ့တွင်လည်း ၎င်းကျေးရွာတွင် တပ်စွဲနေကြဆဲဖြစ်သည်ဟု သိရသည်။ ယနေ့ မနက်ပိုင်းကလည်း စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးရမ်းသမ်းမှုကြောင့် ကလေးမြို့မြောက်ပိုင်း၊ မောက်လင်းကျေးရွာက ပြည်သူတစ်ဦး လက်နက်ကြီးထိမှန်ပြီး ခြေသလုံးကြွက်သားကြေမွကာ လက်မောင်းရိုးကျိုုး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ လက်ရှိ ကလေးမြို့တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီတပ်ဖွဲ့သည် မြို့တွင်းစစ်ဆေးမှုများ ပိုမိုပြုလုပ်လာသည့်အပြင် ညပိုင်းအချိန်တွင်လည်း ကလေးမြို့မြောက်ပိုင်းဘက်သို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်လျက်ရှိနေသည်ဟု PDF-KKG ပြန်ကြားရေးတာဝန်ခံက ပြောသည်။ Photo – စစ်ကောင်စီလက်နက်ကြီးကြောင့် မောင်လင်းရွာသား၏ ပုံ

Read More

(03PT) အိန္ဒိယ-မြန်မာနယ်စပ် မဏိပူပြည်နယ် မိုရေးမြို့ Phaicham Veng ရပ်ကွပ်တွင် နေထိုင်သည့် ဒေသခံပြည်သူအချို့အပါဝင် မြန်မာနိုင်ငံသား အယောက် ၃၀ ကျော်ခန့် ယနေ့ မနက်ပိုင်းတွင် လုံခြုံရေးအကြောင်းပြုကာ ဒေသတွင်းအာဏာပိုင်များက ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။ “ကွန်မန်ဒိုရော၊ ရဲ‌ရော၊ Army ‌ရော စုပေါင်းပြီးတော့ မှ စစ်ဆေးပြီးတော့ မှ ရဲစခန်းကို ခေါ်သွားတယ်။ အခုထိတော့ စစ်ဆေးမေးမြန်းတုန်းဖြစ်တယ်ပေါ့နော်။ ကျန်တဲ့ရပ်ကွက်တွေလည်း ရပ်ကွက်အလိုက် စစ်ဆေးရေး ဝင်နေတယ်” ဟု မိုးရေးမြို့တွင်နေထိုင်သူဒေသခံတစ်ဦးက ပြောသည်။ ယမန်နေ့ အောက်တိုဘာလ ၃၀ ရက်နေ့ ညနေက မြန်မာနယ်စပ်မြို့ ဖြစ်သော မို‌ရေးမြို့အတွင်း ရဟပ်ယာဥ်ကွင်းဆောက်လုပ်မှု ကွင်းဆင်းစစ်ဆေးနေသူ မဏိပူရ်ရဲအရာရှိတစ်ဦး စနိုက်ပါသေနတ်ဖြင့် ပစ်သတ်လုပ်ကြံခံရမှုဖြစ်ပြီးတဲ့နောက်မှာ လုံခြံရေးတင်းကျပ်ကာ နယ်စပ်လုံခြုံရေးတပ်ဖွဲ့အပါဝင် မဏိပူရ် ရဲကွန်မန်ဒိုတပ်ဖွဲ့နှင့် အသံရိုင်ဖယ်တပ်ဖွဲ့တို့ ပူးပေါင်းကာ မိုရေးမြို့တွင်း စစ်ဆေးမှု လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ စစ်ဆေးမှုပြုလုပ်ရာတွင် မဏိပူရ်ဒေသခံ ကူကီးလူမျိုး ၁၁ ယောက်အပါဝင် အထောက်ထားမဲ့ မြန်မာစစ်ဘေးရှောင် ၃၂ ယောက် အားလုံးစုစုပေါင်း အယောက် ၄၄ ဦး ကို ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။ “သူတို့အရင် ရပ်ကွက်အလိုက် ယာယီကဒ်လုပ်ဖို့ရန်အတွက် Biometric ရိုက်ဖို့လုပ်တာတွေရှိတယ် အဲ့တာတွေထဲပါ မပါ အဲ့တာတွေလည်းစစ်တယ်၊ အထောက်ထားတွေဘာတွေစစ်တယ်။ ပြီးတော့ ကျွန်တော်တို့ကြားတာက အဲ့ဒီလိုလုပ် ထားပြီးတော့ Biometric တွေ ရိုက်ပြီးတော့မှ ပြန်လွတ်မယ်ကြားတယ် ဒါပေမဲ့…

Read More

(006SV) ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ထိုးစစ်ဆင်နေသည့် မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” နှင့်အတူ စစ်ရေး၊ နိုင်ငံရေးတွင် မိမိတို့ တော်လှန်ရေးအင်အားစုများအနေဖြင့် ဟန်ချက်ညီညီ တိုက်ပွဲဆင်နွှဲကြရန် ချင်းအမျိုးသားတပ်ဦးက သတင်းထုတ်ပြန်သည်။ ချင်းအမျိုးသားတပ်ဦးအနေဖြင့် မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့ (MNTJP/MNDAA)၊ PSLF/TNLA၊ ULA/AA) တို့၏ စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့များကို တိုက်ခိုက်ချေးမှုန်းရန် ရည်ရွယ်ချက်ဖြင့် မဟာဗျူဟာမြောက် ၁၀၂၇ စစ်ဆင်ရေး ဖော်ဆောင်မှုအပေါ် ထောက်ခံကြိုဆိုသည်ဟု အောက်တိုဘာလ ၃၀ ရက် ထုတ်ပြန်သည်။ “၁၀၂၇ စစ်ဆင်ရေး” တွင် စစ်ကောင်စီတပ်စခန်းနှင့် လက်နက်ခဲယမ်းများစွာ သိမ်းဆည်း ရရှိမှုများအပေါ် ဂုဏ်ယူ ဝမ်းမြောက်ကြောင်းနှင့် တိုက်ပွဲတိုင်း အောင်လံလွှင့်ထူနိုင်စေကြောင်း CNF/ CN A က ဆန္ဒပြုသည်ဟု ဆိုသည်။ စစ်တပ်က နိုင်ငံတော်အာဏာသိမ်းယူခြင်းသည် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ပြီး ပြည်သူများလိုလာတောင်းတသော နိုင်ငံရေးစနစ်ဖြင့် တိုင်းပြည်တည်ဆောင်ရန် မြန်မာ့သမိုင်းတွင် မကြုံဖူးသော နိုင်ငံရေးအခွင့်အခါကောင်းကို ရရှိခြင်းဖြစ်ပြီး၊ ဤအခွင့်ကောင်းကို အမိအရ ဆုပ်ကိုင်း၍ မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့နှင့် ဟန်ချက်ညီညီ တိုက်ပွဲ ဆင်နွှဲကြရန် လိုအပ်သည်ဟု CNF/CN A က ထုတ်ပြန်သည်။ မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” သည် ယနေ့တွင် ငါးရက်မြောက်နေ့အဖြစ် ရောက်ရှိလာပြီး စစ်ကောင်စီတပ်၏ ယာယီစခန်းများအပါအဝင် တပ်စခန်းပေါင်း ၈၀ ခန့်ကို သိမ်းပိုက်ထားသည်ဟု မြောက်ပိုင်းမဟာမိတ်အဖွဲ့များက ထုတ်ပြန်သည်။ “၁၀၂၇ စစ်ဆင်ရေး”သည်…

Read More

(006SV) ချင်းပြည်နယ်၊ ထန်တလန်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီဟု စစ်ကောင်စီ၏ ထုတ်ပြန်လာမှုသည် ဝါဒဖြန့်သတင်းလိမ်လည်မှုသာဖြစ်ပြီး ထန်တလန်တွင် တိုက်ပွဲ ကြီးကြီးမားမား မဖြစ်သည်မှာ နှစ်ပတ်ကျော် ရှိနေပြီဖြစ်သည်ဟု ချင်းအမျိုးသားတပ်ဦး CNF/CNA မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ “စခ (စစ်ကောင်စီ) ရဲ့ ဝါဒဖြန့် သတင်းလိမ်တွေပါ။ ထန်တလန်မှာ လောလောဆယ် ဘာတိုက်ပွဲမှ မရှိသလို ယခုထိ စခ ရော ကျနော်တို့ရော တပ်စွဲထားပါတယ်။ ထန်တလန်မှာ တိုက်ပွဲ မရှိတာ ၂ပတ်၊ ၃ ပတ်လောက်တော့ ရှိပြီ။ (သူတို့) နေရာက ၃/၄ နေရာမှာ ယူထားသလို၊ ကျနော်တို့ကလည်း ၃/၄ နေရာမှာ ယူထားပါတယ်။ နဂိုအတိုင်းပါပဲ” ဟု ဆလိုင်းထက်နီက ပြောသည်။အာဏာသိမ်းစစ်ကောင်စီသည် ထန်တလန်မြို့တွင်အကြမ်းဖက်ချေမှုန်းရေး စစ်ဆေးရေး (Counter-Terrorism Operation) ကို ရက်ပေါင်း ၉၀ ကြာ ဆောင်ရွက်ခဲ့ရာတွင် ယမန်နေ့ အောက်တိုဘာ ၂၉ ရက် သတင်းကျွတ်လပြည့်နေ့တွင် အောင်မြင်စွာ ထိန်း ချုပ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီလော်ဘီချန်နယ်များမှ တစ်ဆင့် ယနေ့ အောက်တိုဘာ ၃၀ရက်က ထုတ်ပြန်လာခြင်း ဖြစ်သည်။ စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဩဂုတ်လမှ စ၍ ပထမအဆင့် ဟားခါးမြို့မှ ၄ မိုင်ကွာဝေးသော သီမြစ်ချောင်းကူးတံတားထိ ကနဦး ခြေကုတ်ယူခြင်း၊ ဒုတိယအဆင့် သီမြစ်ချောင်းကူးတံတားမှ ထန်တလန်မြို့အဝင်ထိ ခြေကုတ်ယူခြင်း၊ တတိယမှာ ထန်တလန်မြို့ ပြည်သူ့ဆောက်လုပ်ရေးရုံးနှင့် CB ဘဏ် နေရာများနှင့် နောက်ဆုံးအဖြစ် ဆေးရုံးကုန်းနှင့်…

Read More

(006SV) ချင်းပြည်နှင့် မကွေးတိုင်းကို ဆက်သွယ်ထားသည့် မင်းတပ် – ကျောက်ထုကားလမ်းမပေါ်တွင် ကာကွယ်ရေးနှင့် လုံခြုံရေး အစီအမံများကို ဆောင်ရွက်နေပြီး ပြည်သူများ သတ်မှတ်အချိန်ကာလအတွင်းမှာသာ သွားလာကြရန် ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်က သတိပေးထုတ်ပြန်သည်။ “ညကြီးအချိန်မတော် သွားလာတဲ့ လူတွေက ရန်သူလား၊ မိတ်ဆွေလား၊ မသမာတဲ့ သူလား မသေချာတဲ့အတွက်ကြောင့် ကိုယ့်ပြည်သူတွေကို ပြန်ပြီးမှ သတိပေးတဲ့ သဘောမျိုးပါ။ အခုနောက်ပိုင်းက လွတ်လွတ်လပ်လပ်သွားလို့ ရတယ်ဆိုပြီးမှ ဒီ့အတိုင်း သွားကြတာ ဖြစ်လာတော့ CDF ဂိတ်ပြီးရင် မြို့အဝင်မှာ စကစ ဂိတ်ရှိတာကို၊ စကစဂိတ်ကိုရော ဒီလိုမျိုး အချိန်မရွေးသွားလာတဲ့ လူဆိုရင် စကစ လူတွေလည်း ဖြစ်နိုင်တယ်။ ကိုယ့်ပြည်သူတွေကိုလည်း အထင်မမှားရအောင် ထုတ်ပြန်လိုက်တာပါ” ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ ကိုယောမာန်က ပြောသည်။ အရပ်သားပြည်သူ ဘေးကင်းလုံခြုံရေးအတွက် ကျောက်ထု- မင်းတပ်လမ်းပိုင်းတွင် ကာကွယ်ရေးနှင့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး မနက် ၆ နာရီမှ ညနေ ၆ နာရီအထိ လူ၊ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် စသည့်တို့၏ အဝင်/ အထွက်များကို စစ်ဆေးနေသည်ဟု CDF မင်းတပ်က အောက်တို့ဘာ ၂၈ ရက်က ထုတ်ပြန်သည်။ တချို့ပြည်သူများသည် သတ်မှတ်သောအချိန်ထက် ကျော်လွန်၍ ဖြတ်သန်းသွားလာနေကြသောကြောင့် သတ်မှတ်အချိန်နာရီ များကို လိုက်နာကြရန်နှင့် သတ်မှတ်ချိန်ထက် ကျော်လွန်၍ ဖြတ်သန်းသွားလာသူများကို လုံးဝ တာဝန်ယူမည် မဟုတ်ကြောင်း CDF မင်းတပ်က သတိပေးထားသည်။ စစ်ကောင်စီတပ်က ညဘက်တွင်…

Read More

(006SV) ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရေးဆွဲနိုင်ရေးအတွက် ယခုလအတွင်း ကျင်းပသည့် ဒုတိယအကြိမ် အလုပ်အဖွဲ့အစည်းအဝေး (WCCCC) တွင် ဥပဒေမူကြမ်း၏ ၆၀ ရာခိုင်နှုန်းခန့်ကို ဆွေးနွေးသဘာတူညီချက်ရခဲ့ပြီး လာမည့် နိုဝင်ဘာလမှာ ထပ်မံ ဆွေးနွေးမည်ဟု ချင်းလဲန်းကောင်စီဖွဲ့စည်းနိုင်ရေး အလုပ်အဖွဲ့  (WCCCC) မှ ခေါင်းဆောင် Dr. Ngai Tam Mawng က ပြောသည်။ ချင်းလဲန်းကောင်စီဖွဲ့စည်းနိုင်ရေး အလုပ်အဖွဲ့ (WCCCC) ၏ ဒုတိယအကြိမ် အစည်းအဝေးကို အောက်တိုဘာလ ၂၄ ရက်မှ ၂၈ ရက်အထိ လွတ်မြောက်နယ်မြေတစ်နေရာတွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်ဟု WCCCC မှ ခေါင်းဆောင် Dr. Ngai Tam Mawng က ပြောသည်။ “အရေးကြီးတာက အကုန်လုံးတော့ အရေးကြီးတယ်။ ဒါပေမယ့် အရေးကြီးတာတွေကို ကျနော်တို့ စတင်ဆွေးနွေး ကြတာပေါ့ နော်။ အဲဒီဆွေးနွေးတဲ့အထဲမှာ တချို့က ဆွေးနွေးတာ မပြီးသတ်သေးတာ ရှိတယ်။ တချို့က အားလုံးသဘောတူညီချက် ရသွား တာရှိတယ်။ ခြုံပြီးတော့ ပြောရမယ်ဆိုရင်တော့ ခုကျန်ခဲ့တဲ့ ဟာတွေလည်း အရေးကြီးပါတယ်။ ကျနော်တို့မှာက မြို့နယ်နဲ့ ဒေသဆိုပြီး မြေပြင်မှာလည်း နှစ်မျိုးရှိတာကို ။ မြို့နယ်နဲ့ ဒေသတွေ ဒီညီလာခံ အစည်းအဝေးမှာရော၊ ချင်းပြည်ကောင်စီမှာ ပါဝင်နိုင်တဲ့ အချိုးအစားနဲ့ ပတ်သက်ပြီး မြေပြင်မှာ ရှိတဲ့ မိခင်အဖွဲ့အစည်းကို ပြန်ယူဆောင်ပြီးတော့ မိခင်ဖွဲ့စည်းရဲ့ သဘောတူညီချက် ရယူဖို့ ရှိပါမယ်” ဟု သူက ပြောသည်။ တော်လှန်ရေးကာလ ချင်းပြည်…

Read More

ချင်းပြည်နယ် ထန်တလန်မြို့ကို အောက်တိုဘာလ ၂၉ ရက်မှာ ပြန်လည်ထိန်းချုပ်နိုင်ပြီဟု စစ်ကောင်စီက ထုတ်ပြန်လာသည်။  စစ်ကောင်စီတပ်ဖွဲ့အနေဖြင့် ထန်တလန်မြို့တွင် အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter-Terrorism Operation) ကို စနစ်တကျဆောင်ရွက်ခဲ့ရာမှာ ရက်ပေါင်း ၉၀ ခန့်အကြာ အောက်တိုဘာလ ၂၉ ရက် သတင်းကျွတ်လပြည့်နေ့ ညနေပိုင်းမှာ အောင်မြင်စွာထိန်းချုပ်နိုင်ခဲ့ပြီဟု ယနေ့အောက်တိုဘာလ ၃၀ ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ကြေညာခဲ့သည်။ စစ်ကောင်စီတပ်ဖွဲ့အနေဖြင့် ဩဂုတ်လကစ၍ ပထမဆင့်အနေဖြင့် ဟားခါးမြို့မှ ၄ မိုင်ခန့်ကွာ‌ေ၀◌းသော သီမြစ်ချောင်း ကူးတံတားအထိ ကနဦးခြေကုတ်ရယူကာ၊ ဒုတိယဆင့်အနေဖြင့် သီမြစ်ချောင်းကူးတံတားမှတဆင့် ထန်တလန်မြို့အ၀◌င် နေရာထိလည်းကောင်း၊ တတိယဆင့်အနေဖြင့် ထန်တလန်မြို့ ပြည်သူ့ဆောက်လုပ်ရေးရုံးနှင့် CB ဘဏ်အထိလည်းကောင်း၊ စတုတ္ထနှင့် နောက်ဆုံးဆင့်အဖြစ် ဆေးရုံကုန်း၊ အခြေခံပညာအထက်ကျောင်းတို့ကို အဆင့်ဆင့်သိမ်းပိုက်ကာ တမြို့လုံးကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီကဆိုသည်။ တိုက်ပွဲအတွင်း ချင်းအမျိုးသားတပ်မတော် CNF/CNA ဘက်က တပ်ဖွဲ့၀◌င်တချို့ကျဆုံး ဒဏ်ရာရရှိကြသည့်အပြင် လက် နက်ကြီး လက်နက်ငယ်မျိုးစုံ ၁၈ လက်ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု စစ်ကောင်စီကဖော်ပြထားသည်။ ထန်တလန်မြို့တွင် ၂၀၂၁ ခုနှစ် စက်တင်ဘာလကစ၍ စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲ ဖြစ်ပွားလာခဲ့ပြီးနေက် စစ်ကောင်စီတပ်ဖွဲ့က အကြိမ်ကြိမ်မီးရှို့ခဲ့မှုကြောင့် တမြို့လုံးနီးပါး မီးလောင်ပြာကျခဲ့ရသည့်အပြင် ဒေသခံပြည်သူများအားလုံးလည်း ထန်တလန်မြို့ကိုစွန်ခွါကာ အိန္ဒိယနှင့် နယ်စပ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ စစ်ကောင်စီတပ်ဖွဲ့၏ မီးရှို့မှုကြောင့် ထန်တလန်မြို့ထဲက ဘုရားကျောင်းများအပါအ၀◌င် လူနေအိမ်ခြေ နှစ်ထောင်နီးပါးခန့် ပြာကျခဲ့ရပြီး မြို့ထဲတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များသာ အခြေချတပ်စွဲကာ တိုက်ပွဲပြင်းထန်သော ရှေ့တန်းစစ်မြေပြင်တခုဖြစ်လာခဲ့သည်။…

Read More

(006SV) ချင်းပြည်နယ်၊ မတူပီ- ဟားခါး လမ်းမပေါ်တွင် တပ်စွဲသည့် ခရိုင်ရုံးသို့ အင်အားလာဖြည့်သော စစ်ကောင်စီစစ်ကြောင်းကို လက်ဦးမှုယူ၍ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီမှ ၂ ဦးသေဆုံးပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိသည်ဟု ချင်းကာကွယ်ရေး တပ်ဖွဲ့ -မတူပီက သတင်းထုတ်ပြန်သည်။ အောက်တိုဘာလ ၂၇ ရက် ညနေ ၄ နာရီခန့်က မတူပီ- ဟားခါးလမ်မပေါ်တွင် စစ်ကောင်စီတပ်စွဲသည့် ခရိုင်ရုံးသို့ ခလရ – ၁၄၀ တပ်မှ အင်အားလာဖြည့်သော စစ်ကောင်စီ စစ်ကြောင်းနှင့် ၁၅ မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု CDF – မတူပီက ယနေ့ သတင်းထုတ်ပြန်သည်။ တိုက်ပွဲတွင် ထိခိုက်ကျဆုံးမှု ရှိသော စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်သော်လည်း CDF မတူပီက အထိအခိုက်မရှိ ကောင်းမွန်စွာ ပြန်ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။ ထို့နောက် တိုက်ပွဲအပြီး ၂နာရီကြာအထိ စစ်ကောင်စီတပ်က မတူပီ- ဟားခါးလမ်းနှင့် မတူပီ- ပလက်ဝလမ်းပိုင်းတို့ကို လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သည်ဟု သိရသည်။ နှစ်ဖက် ပစ်ခတ်မှုများ အချိန်မရွေး ဖြစ်နိုင်သောကြောင့် ပြည်သူများအနေဖြင့် မတူပီမြို့တွင်း အဝင်အထွက် မပြုလုပ်ကြရန် ချင်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီက ထပ်မံအသိပေးထားသည်။ ချင်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ သည် စစ်အာဏာရှင်ကို တော်လှန်ရန်အတွက် လက်နက်ခဲယမ်းများ လိုအပ်နေပြီး ပြည်တွင်း ပြည်ပ ပြည်သူများအနေဖြင့် ပံ့ပိုးကူညီကြရန်လည်း အသိပေးနှိုးဆော်ထားသည်။

Read More

(006SV) မင်းတပ်မြိုနယ်နှင့် မတူပီမြို့နယ်ကြားက ကျေးရွာများတွင် နွားနောက်နှင့် ကျွဲနွားများတွင် ကူးဆက်မြန်ရောဂါ ၂မျိုးဖြစ်ပွားနေပြီး ယင်းရောဂါကာကွယ်ဆေးများကို မြို့နယ်ပအဖနှင့် ချိတ်ဆက်၍ ထိုးကြရန် မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။ “သူက မတူပီဘက်က ရွာတွေမှာ စဖြစ်တာပေါ့။ မင်းတပ်နဲ့ မတူပီ အစပ်နားက ကျေးရွာတွေက အခု ဖြစ်နေတာပေါ့။ တော်တော်လေ ဖြစ်နေတယ်။ ပျံ့နှံ့မှုနှုန်းကလည်း မြန်တာကိုး။ မကြာမှီမှာ အချိန်မှီကာကွယ်ဆေး မထိုးနိုင်ရင် မကြမီမှာ တစ်မြို့နယ်လုံးအပြင် နီးစပ်ရာ မြို့နယ်တွေကိုလည်း ကူးဆက်သွားနိုင်တယ်” ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး၊ မွေးမြူးရေးနှင့် ကုသရေးဌာနမှ တာဝန်ရှိသူ ဒေါက်တာဟုန်းမနားက ပြောသည်။ မင်းတပ်မြို့နယ်ထဲက တိုက်နယ် ၁၀၊ ၁၃ နှင့် ၁၄ တို့တွင် အဓိကအဖြစ်များနေပြီး တိုက်နယ် ၁၄ တွင် နွားနောက်ကောင်ရေ ရာနှင့်ချီ ကူးဆက်ခံနေရကာ နွားနောက် ၅ ကောင် သေဆုံးသွားသည်၊ လတ်တလောတွင် နွားနောက် အများစု မွေးမြူးကြသော တိုက်နယ်များတွင် Foot Mouth Disease (ခွာနာလျှာနာ) နှင့် Anthrax (ဒေါင့်သန်း) ရောဂါလက္ခဏာများ ဖြစ်နေသည်ကို တွေ့ရှိရသည်ဟု ဒေါက်တာ ဟုန်းမနားက ပြောသည်။ ထို့ကြောင့် နယ်ခြားမှ နွားနောက်များ၊ ကျွဲနွားများနှင့် ၎င်းတို့က ထွက်ရှိသော အသားနှင့် အခြားကိုယ်အင်္ဂါများကို မင်းတပ် မြို့နယ်အတွင်း သယ်ဆောင်လာခြင်းကို ခေတ္တရပ်နားထားရန် သတိပေးချက် ထုတ်ပြန်သည်။ နွားနောက်နှင့် ကျွဲနွားများတွင် ယင်းရောဂါများ ဖြစ်ပွားနေသည်ကို တွေ့ရှိပါက မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး၊…

Read More

(002HH) “ပီပီး” ဆိုတဲ့ ဝှီစီမှုတ်သံဟာ မနက်အာရုံတက်စအချိန်မှာ ကြက်တွန်သံနဲ့အတူ အပြိုင်ထွက်ပေါ်လို့လာပါတယ်။ ဒီအသံနဲ့ အတူ မနက် ၅ နာရီအမီ လေ့ကျင့်ရေးဆင်းဖို့အတွက် တပ်သားတွေကို တပ်မမှူးဖြစ်တဲ့ ကိုလျန်နို တစ်ယောက် နှိုး ဆော်နေတာပါ။  ဒါကတော့ သူနေ့စဉ်လုပ်နေကျ လုပ်ငန်းစဉ်တစ်ခုလို ဖြစ်နေပါပြီ…. တပ်သားတွေကို လေ့ကျင့်ဖို့ တာဝန်က သူ့အတွက် အရေးကြီးဆုံးဖြစ်တယ်လို့ ခံယူထားတာကြောင့် အားမာန်ပါစွာ အော်ရင်းနဲ့ပဲ လေ့ကျင့်ပေးနေပါတယ်။ သူဟာ စစ်တပ်မှာ ၁၃ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်သားတစ်ဦးဖြစ်ပေမယ့် လက်ရှိမှာတော့ CNDF က တပ်သား တွေကို လေ့ကျင့်ပေးနေတာပါ။ ၂၀၂၁ ခုနှစ်အာဏာသိမ်းစမှာပဲ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ဝင်ခဲ့ တာဖြစ်ပါတယ်။ ကနဦးမှာ လက်နက်ကိုင်တပ်ဖွဲ့ထဲ ဝင်ဖို့စိတ်ကူးမရှိခဲ့ဘဲ တတိယနိုင်ငံဖြစ်တဲ့ သြစတေးလျသွားဖို့ လုပ်ခဲ့တာပါ၊ ဒါပေမယ့် မအောင်မြင်ခဲ့ပါဘူး။ “CNDF ခါင်းဆောင်တွေက ကျွန်တော်ဆီကိုလည်း လာကြတယ်။ ဖလမ်းလူမျိုး၊ မျိုးနွယ်စု လက်နက်အဖွဲ့အစည်း နည်းတယ် အဲ့မှာတာဝန်ထမ်းဆောင်ဖို့ လိုတယ် အဲ့လိုမျိုးကျွန်တော့်ကို စည်းရုံးတယ်။ စစ်ပညာသင်တန်းပို့ချဖို့ စစ်ဗျုဟာပို့ချဖို့ ပထမဆုံးသင်တန်း ပို့ချတယ်၊ သင်တန်းက ၃ ကြိမ်အထိပြီးသွားပြီ၊ သင်ကြားပို့ချရင်းနဲ့ ဒီပညာရပ်နဲ့ လုပ်ရပ်တွေက သင်တန်းပို့ချရုံံနဲ့ လူကြီးတွေက မပြီးဘူး နေရာတခါတည်း ယူမှရမယ်ဆိုပြီး ကျွန်တော်ကို ပထမဦး ဆုံး CNDF ဗျူဟာမှုးနဲ့ ရာထူးပေး ကြတယ်” လက်ရှိမှာတော့ သူဟာ CNDF တပ်မ (၃) ရဲ့ တပ်မမှူး…

Read More