Author: Editor

(003PT) ချင်းပြည်နယ်မြောက်ဖျားပိုင်းမှာအခြေစိုက်တဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့-တွန်းဇံ (CDF-Tonzang) ကို ဩဂုတ်လ ၃၁ ရက်နှင့် စက်တင်ဘာလ ၁၀ ရက်နေ့မှာ Zomi Revolutionary Army (Eastern Command) တပ်ဖွဲ့က တိုက်ခိုက် ခဲ့ရာမှာ CDF-Tonzang ဘက်က ရဲဘော် ၂ ဦးကျဆုံးပြီး လက်နက်ခဲယမ်းတွေလည်း အမြောက်အများဆုံးရှုံးမှု ဖြစ်ပွားခဲ့ပါတယ်။ Zomi Revolutionary Army (Eastern Command) တပ်ဖွဲ့ဟာ ယခင်ကလည်း တီးတိန်၊ တွန်းဇံမြို့နယ်တွေမှာ အခြေစိုက်တပ်စွဲထားတဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စခန်းကို ဖျက်ဆီးသိမ်းပိုက်တာတွေ လုပ်ခဲ့သလို ချင်းအမျိုးသားတပ်မတော် CNA၊ CDF တပ်ဖွဲ့တွေနဲ့လည်း ထိတွေတိုက်ပွဲတွေ ဖြစ်ပွားလေ့ရှိပါတယ်။ ဒီလိုအခြေအနေတွေကြောင့် Zomi Revolutionary Army (Eastern Command) ဟာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး နယ်ခြားစောင့်တပ်သဖွယ် ဆောင်ရွက်နေပြီဆိုတဲ့ စွပ်စွဲပြောဆိုချက်တွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ ZRA EC အနေနဲ့ ဘာကြောင့် ချင်းတော်လှန်ရေးတပ်ဖွဲ့ကို တိုက်ခိုက်နေရတာဘာလဲ၊ စစ်ကောင်စီနဲ့တကယ်ပဲ ပူးပေါင်းနေပြီလား၊ သူတို့တပ်ဖွဲ့ရဲ့ ရပ်တည်ချက်ဘာပါလဲ၊ Zomi Revolutionary Army (Eastern Command) ယာယီပြောရေးဆိုခွင့်ရှိသူ Sr. JK ကို ခိုနူမ်းသုန်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။ မေး။ ။ ဆရာတို့ ZRA (Eastern Command) ကိုဘယ်ခုနှစ်တုန်းက ဘယ်လို ဖွဲ့စည်းတည်ထောင်ထားပါသလဲခင်ဗျာ။ သမိုင်းကြောင်းကို အတိုချုပ် ရှင်းပြပေးနိုင်မလားခင်ဗျာ။ ဖြေ။ ။ သမိုင်းကြောင်းကတော့ ဆရာတို့လည်း သိထားတဲ့အတိုင်းပဲ Pu Zo…

Read More

(005MK) မီဇိုရမ်ပြည်နယ်သို့ စစ်ဘေးတိမ်းရှောင်လာသော အသက် ၁၄ နှစ်အရွယ် ချင်းလူငယ်တစ်ဦးသည် ဦးနှောက်အကျိတ် (Brain Tumors) ရောဂါကြောင့် သေဆုံးခဲ့ပြီး အလောင်းသယ်ယူရေးကိစ္စတွင် မီဇိုးလူငယ်များအသင်း (Young Mizo Asso ciation) က ကူညီဆောင်ရွက်ပေးခဲ့သည်ဟု သိရသည်။ ချင်းပြည်နယ် ထန်တလန်မြို့နယ် Hripi ကျေးရွာနေ Pu Thang Hung ၏သား အသက် ၁၄ နှစ်အရွယ် Van Dawt Lian Sang သည် ဦးနှောက်အကျိတ်ရောဂါကြောင့် အာသံပြည်နယ် Shillong မြို့တွင် ဆေးကုသမှုခံယူကာ မျှော်လင့်ချက်မရှိတော့သည့်အတွက် မီဇိုရမ်ပြည်နယ်ဘက်သို့ ပြန်လာသည့်အချိန် စက်တင်ဘာလ ၂၀ ရက် Silchar မြို့ပြင်အရောက်တွင် ကွယ်လွန်ခဲ့သည်ဟု မီဇိုရမ်သတင်းစာတွင် ဖော်ပြသည်။ Van Dawt Lian Sang ၏ ရုပ်အလောင်းသည် ယနေ့ညနေပိုင်း ၅ နာရီခွဲခန့်တွင် အိုင်ဇောလ်မြိုသို့ရောက်ရှိလာပြီး Central Young Mizo Association (CYMA) ရုံးချုပ်က ရုပ်အလောင်းကိုလက်ခံခဲ့သည်။ CYMA အနေဖြင့် Van Dawt Lian Sang ၏ ရုပ်အလောင်းကို Siaha ခရိုင် Sangau ကျေးရွာဘက်သို့ ဆက်လက်ပို့ဆောင်မည့် ယာဉ်တစ်စီး စီစဉ်ပေးကာ အလှူငွေ ရူပီး တစ်သောင်းလည်း ပေးအပ်ခဲ့သည်ဟု သတင်းစာကဆိုသည်။ ထို့နောက် ယနေ့ည ၆ နာရီခန့်တွင် CYMA ရုံးချုပ်ခန်းမမှတဆင့် Sangau ဘက်သို့ ထွက်ခွါခဲ့ကြသည်ဟု သိရသည်။

Read More

(006SV) ချင်းပြည်နယ်တွင် စစ်အာဏာသိမ်းမှုကို ခုခံတွန်းလှန်နေကြသည့် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် ကျန်းမာရေး စောင့်ရှောက်မှု ကောင်းမွန်စွာ မရရှိခြင်းကြောင့် သေဆုံးမှုများ ဖြစ်ပွားနေသည်ဟု ချင်းတော်လှန်ရေးအင်အားစုများက ပြောသည်။ ချင်းကာကွယ်ရေးတပ်ဖွဲ့ – ပလက်ဝမှ ရဲဘော်နှစ်ဦးသည် ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မရှိသဖြင့် နောက်တန်းတွင် တပ်ဖွဲ့မှ ပြုလုပ်နေသော ကွန်မန်ဒိုသင်တန်း တက်ရောက်နေစဉ် ကျဆုံးခဲ့ရသည်ဟု ယင်းတပ်ဖွဲ့မှ တာဝန်ရှိသူ ဆလိုင်းပေါလ်က ပြောသည်။ “လွန်ခဲ့တဲ့ လမှာ ကွန်မန်ဒိုအထူးသင်တန်း ပြုလုပ်ရင်နဲ့ နောက်တန်းမှာ ရဲဘော် ၂ ဦး အသက်ပေးခဲ့ရပါတယ်။ နောက်တန်းမှာ အော်ပရေးရှင်း မလုပ်နိုင်တဲ့ အခန်းကဏ္ဏတွေ ရှိတယ်ပေါ့။ ဆေးဝါးအနေနဲ့ မလုံလောက်ဘူးဆိုတာက ဆေးဝါးအနေနဲ့ အတော်အသင့်ရှိတဲ့ ဆေးဝါးနဲ့ ခံယူခိုင်းခဲ့တယ်။ အတတ်နိုင်ဆုံးကြိုးစားခဲ့တယ်။ သူတို့မှာ ရှိတဲ့ ရောဂါအခံတွေလည်းပါတယ်။ ချက်ချင်း အော်ပရေးရှင်း မလုပ်နိုင်တဲ့ အပိုင်းတွေလည်း အခက်အခဲ ဖြစ်နေတော့ ခုလို့ နောက်တန်းမှာ ရဲဘော်တွေ မြင့်မြတ်စွာ အသက်ပေးခဲ့ရတာဖြစ်ပါတယ်” ဟု သူက ပြောသည်။ ရဲဘော် ဆလိုင်းဧနောင် (၁၉) နှစ်က ဩဂုတ် ၈ ရက်နှင့် ဆလိုင်းမောင်မောင် (၂၅) နှစ်က ဩဂုတ် ၃ ရက်မှာ ကျဆုံးခဲ့ရခြင်းဖြစ်ပြီး အစာအိမ်နှင့် ကျောက်ကပ်ရောဂါလက္ခဏာတွေ တွေ့ရှိခဲ့ရသည်ဟု သိရသည်။ CDF – ပလက်ဝဆေးဌာနတွင် ဆေးအတန်အသင့်ရှိသော်လည်း အော်ပရေးရှင်း လုပ်နိုင်သော ဆေးရုံ ဆေးခန်းနှင့် ဆရာဝန် မရှိခြင်းကြောင့် ရဲဘော်များ အရေးပေါ်ဖြစ်လာချိန်တွင် တပ်စခန်းရှိသော နေရာနှင့်…

Read More

(006SV) ချင်းပြည်သူများ ဘယ်နိုင်ငံပဲ ရောက်ရောက်၊ ဘယ်ဒေသတွင် နေထိုင်ပါစေ တော်လှန်ရေးနှင့် ချင်းစိတ်ဓါတ်ကို မမေ့ကြရန် CDF ကန်ပက်လက်က ပြုလုပ်သည့် ရန်ပုံငွေကမ်ပိန်းတွင် NUG အစိုးရ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဝန်ကြီး ဒေါက်တာ ဆာဆာက ပြောသည်။  CDF ကန်ပက်လက်၏ “ဝိတိုရိယသူရဲကောင်း စုပေါင်းအားသစ်လောင်း” ဟူ၍ အမည်ပေးထားသော ရန်ပုံငွေ သိန်း ငါးထောင် ကမ်ပိန်းကို စက်တင်ဘာလ ၁၇ ရက်က အွန်လိုင်းမှ ပြုလုပ်ရာတွင် NUG အစိုးရ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးဝန်ကြီးက ပြောဆိုခြင်းဖြစ်သည်။ “ပြည်သူလူထုတွေက ဘယ်နိုင်ငံမှာပဲ ရောက်ရောက်၊ ဘယ်ဒေသမှာပဲ နေနေ၊ ပါဝင်ခြင်းအားဖြင့် စောစောက ပြောတဲ့ စစ်မျက်နှာ လေး မျက်နှာမှာ တစ်မျက်နှာမှာ ပါဝင်ပြီးဖြစ်တယ်။ ဒါဟာ သမိုင်းဝင် ပါဝင်မှုဖြစ်တယ်။ ဒါကြောင့် ဘယ်နေရာမှာပဲ ရောက် ရောက် သူရဲကောင်းတွေ အတွက်ကို အားလုံးဝိုင်းဝန်းကူညီပေးကြပါဖို့ ပြောလိုပါတယ်။ အထူးသဖြင့် ချင်းပြည်သူတွေထဲမှာ တော်လှန်ရေး စိတ်ဓါတ်၊ တော်လှန်ရေးက နိုင်ငံရေးရဲ့ အပေါ်ကို ရောက်သွားပြီလို့ ယုံကြည်မိပါတယ်။ ဘာကြောင့်ဆိုတော့ တရားခြင်းနဲ့ မတရားခြင်းကြား တော်လှန်ရေးဖြစ်သွားပြီး။ ဥပမာ စစ်ကျွန်ဘဝမှာ တစ်သက်လုံး ရောက်မယ့်ဟာကို ဖက်ဒရယ်ဒီမိုကရေစီ စနစ်အောက်မှာ နေဖို့ တော်လှန်ရေးဖြစ်သွားပြီ” ဟု ဒေါက်တာ ဆာဆာက ပြောသည်။ လက်ရှိတွင် တော်လှန်ရေးသည် အရှိန်အဟုန် မြင့်တင်ဖို့ လိုအပ်နေပြီး စစ်ကောင်စီကို စစ်ရေးစစ်မျက်နှာ၊ အပြည်ပြည်ဆိုင်ရာ စစ်မျက်နှာ၊…

Read More

(004SS) ချင်းပြည်နယ် ဟားခါးမြို့တွင် တစ်ပါတ်နီးပါး မိုးဆက်တိုက်ရွာသွန်းမှုကြောင့် မြို့သစ်ရပ်ကွက်ရှိ ပျဉ်‌ေထာင်အိမ်တစ်လုံး ပြိုကျပျက်စီးသွားကြောင်း ဒေသခံများကပြောသည်။ လွန်ခဲ့သည့်အပါတ်ကစ၍ ယနေ့အထိ မိုးဆက်တိုက်ရွာသွန်းကာ ယမန်နေ့ စက်တင်ဘာ ၁၈ ရက်နေ့က Amazon ကိုယ်ပိုင်ကျောင်းအနီး RC ဘုရားကျောင်းအောက်ရှိ ဦး ခွါအိရ် နေအိမ်ပြိုကျခြင်းဟု သိရသည်။ “အိမ်တစ်လုံးပြိုတယ်၊ အိမ်ကတော့ ဟိုလိုမျိုးယူစရာမရှိအောင်ပျက်ဆီးတာမျိုးေတာ့ မဟုတ်ဘူး သူတို့ ပစ္စည်းတွေကိုတော့ ပြောင်းရွှေ့ထားကြတယ်၊ လူထိခိုက်တာ မရှိပါဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါပြိုကျသည့် နေအိမ်အထက် လမ်းမပေါ်ရပ်ထားသည့် မြေတူးစက်ကြီးတစ်စီးလည်း မြေပြိုမှုထဲပါသွားကြောင်း သိရသည်။ ထိုသို့ နေအိမ်ပြိုပျက်ရခြင်းမှာ လမ်းများပြုပြင်ရာ၌ လမ်းဘေးရေမြောင်းများ သေချာတူးဖော်ထားခြင်းမရှိဘဲ ရေမြာင်းများလျှံထွက်ကာ မြေပြိုမှုများဖြစ်ပွားလာခြင်းကြောင့်ဟု ဒေသခံတစ်ဦးက ပြောသည်။ ချင်းပြည်နယ်သည် တောင်တန်းဒေသဖြစ်သည်နည်းတူ နှစ်စဉ် မိုးရာသီအချိန်တွင် မြေပြိုမှုများ လမ်းပြိုမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိပါသည်။

Read More

ရေး – (00RB) ငှက်ဖျားဆိုတာ သူ့အတွက် သိပ်မစိမ်းလှပေမယ့် စစ်ဘေးရှောင်ဘ၀မရောက်ခင်မှာ ဒီရောဂါနာမည်ကို သူတို့ မိသားစု ထဲပြန်မကြားရတာအတော်လေးကြာနေပြီလို့ ဒေါ်ပါရ်းသဲ (နာမည်လွဲ) က ပြောပါတယ်။ ကလေး ၂ ယောက်ရဲ့ မိခင် ဒေါ်ပါရ်သဲတို့ မိသားစုဟာ ချင်းပြည်နယ် ဟားခါးမြို့ပေါ်ကဖြစ်ကြပြီး စစ်ကောင်စီတပ်ဖွဲ့နဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ မြို့ပေါ်မှာ ခပ်စိတ်စိတ်တိုက်ပွဲဖြစ်လာတဲ့နောက်ပိုင်းမှာ အမျိုးသားဖြစ်သူရဲ့ ဇာတိရွာ ထန်တလန်မြို့နယ် Bungtlang ကျေးရွာဘက်ကို လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက စစ်ဘေးတိမ်းရှောင်ခဲ့ကြ တာဖြစ် ပါတယ်။ Bungtlang ကျေးရွာဟာ ထန်တလန်မြို့ကနေ မိုင် ၆၀ လောက်ကွာ‌‌ေ၀းပြီး အိန္ဒိယ-မြန်မာနယ်စပ်မှာတည်ရှိတဲ့ရွာငယ် လေးတစ်ရွာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လက စပြီး Bungtlang ကျေးရွာမှာ ရာသီတုပ်ကွေးပုံစံဖြင့် တစ်ယောက်ပြီး တစ်ယောက်ဖျားနှာလာကြပြီး ဒေါ်ပါရ်သဲတို့မိသားစုလည်း ကူးစက်လာခဲ့ပါတယ်။ နေပူမိုးရွာမရှောင် မိသားစု၀◌မ်းရေးအတွက် တောင်ယာသွားနေရတဲ့ ဒေါ်ပါရ်သဲရဲ့အမျိုးသားဖြစ်သူဟာ အရင်ဆုံးဖျား နှာရာကနေ ကလေးငယ် ၂ ယောက်ကူးစက်လာခဲ့ပြီး သူတို့မိသားစုတစ်ခုလုံးဖျားနာခဲ့ရတာလို့ သူမက ဆိုပါတယ်။ “ပြီးခဲ့တဲ့အပတ်တုန်းက ကျွန်မယောကျားဖျားတယ်။ ပြီးမှ သားနဲ့ သမီးဖျားတယ်။ ပြီးမှ ကျမဖျားတယ်။ အများကြီးပဲ။ တစ်ရွာလုံးဖြစ်နေတယ်။ တစ်မိသားစုမှာ လူ ၅ ယောက် ၆ ယောက်ရှိတဲ့လူက အကုန်လုံးဖျား တဲ့သူတွေလည်းရှိတယ်။ အနည်းဆုံး ၃ ယောက် ၄ ယောက်ဖျားတယ်။ တစ်ရွာလုံးပဲဖျားနေတယ်’’ Bungtlang ကျေးရွာဟာ အိမ်ခြေ ၁၂၀ လူဦးရေ ၇၀၀ လောက်နေထိုင်ကြပြီး ဆေးရုံ ဆေးခန်းမရှိပေမယ့်…

Read More

(004SS) နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်သည် ချင်းပြည်နယ် မြို့တော်ဟားခါးနှင့် အခြားမြို့များသို့ လာရောက်ပြီး စစ်ကောင်စီမှ ကြိုးပမ်းနေသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး လူထုစည်းရုံးရေးဆင်းနေကြောင်း  သိရသည်။ ဒေါက်တာမှုထန်သည် စက်တင်ဘာလ ဒုတိယပတ်ကစ၍ ချင်းပြည်နယ် ဟားခါး၊ ပလက်၀၊ ဖလမ်း၊ တီးတိန်မြို့သို့ သွား ရောက်ကာ လူထုတွေ့ဆုံပွဲများကျင်းပပြုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ “အဓိက စည်းရုံးရေးပေါ့ ကျွန်တော်တို့ ဖယ်ဒရယ် ဒီမိုကရေစီအတွက် ရွေးကောက်ပွဲလုပ်နိုင်ဖို့ လိုအပ်တယ်။ ၂၀၂၄ ခုနှစ်မှာ သန်းခေါင်စာရင်းပြုစုမှာ ဖြစ်တယ်။ဒါ‌ေကြာင့် ရွေးကောက်ပွဲအောင်မြင်ဖို့ ကျွန်တော်တို့ ငြိမ်းချမ်းရေးလိုအပ်တယ် ငြိမ်းချမ်းရေးမရှိရင် ရွေးကောက်ပွဲ လုပ်နိုင်မှာ မဟုတ်ပါဘူး။ သန်ခေါင်စာရင်းကောက်နိုင်ရင် လာမဲ့ ၂၀၂၅ မှာ ရွေးကောက်ပွဲ လုပ်နိုင်မယ်။ ဒါကြောင့် ကျွန်တော် တို့ ငြိမ်းငြိမ်းချမ်းချမ်းရှိဖို့ လိုအပ်တယ် ဆိုတဲ့ကြောင်းပြောသွားတာပါ “ ဟု ဟားခါးမြို့လူထု တွေ့ဆုံပွဲတွင် တက်ရောက်သူ ဒေသခံတစ်ဦးက ပြောသည်။ ဒေါက်တာမှုထန်သည် စစ်ကောင်စီခန့် ချင်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ နယ်/လုံ ဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ ညွှန်မှူး၊ ဌာနဆိုင်ရာအကြီးအကဲများအပါအ၀င် စက်တင်ဘာလ ၁၂ ရက်နေ့က ချင်းပြည်နယ်တောင် ပိုင်း ပလက်၀မြို့ ကီမိုခန်းမတွင် လူထုတွေ့ဆုံပွဲကျင်းပခဲ့ကြသည်။ ထို့နောက် စက်တင်ဘာလ ၁၅ ရက်နေ့တွင် ဟားခါးမြို့ အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ လူထုတွေ့ဆုံပွဲ ထပ်မံကျင်းပပြုလုပ်ခဲ့သည်။ အလားတူ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဖလမ်းမြို့ နှင့် တီးတိန်မြို့ရှိ နယ်မြေခံတပ်ရင်း ခန်းမတို့တွင် လူထုတွေ့ဆုံပွဲများပြုလုပ်ကာ စစ်ကောင်စီ၏…

Read More

(005MK) မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် အိန္ဒိယ-မြန်မာနယ်စပ် ဇိုခေါထာရ်ကျေးရွာတွင် မြန်မာနိုင်ငံသားတစ်ဦးထံမှ စိတ်ကြွဆေးပြား (Methamphetamine) အလုံး တစ်သိန်းကို အာသံရိုင်ဖယ်တပ်ဖွဲ့က ယနေ့ ဖမ်းဆီးရမိကြောင်း သိရသည်။ ဖမ်းဆီးခံရသူမှာ ချင်းပြည်နယ် အိန္ဒိယ-မြန်မာနယ်စပ် Khawmawi ကျေးရွာက အသက် ၂၃ နှစ်အရွယ် Manghup ဖြစ်ပြီး အာသံရိုင်ဖယ်တပ်ဖွဲ့က သတင်းရရှိထားချက်အရ စစ်ဆေးရာတွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု မီဇိုရမ်ဘက်က သတင်းစာက ဆိုသည်။ ၎င်းကို ဇိုခေါထာရ်ကျေးရွာရဲစခန်းသို့ အရေးယူဆောင်ရွက်ရန် အပ်နှံခဲ့ကြသည်ဟုဆိုသည်။ ယခုဖမ်းဆီးရမိသည့် မူးယစ်ဆေး၀◌ါး၏ ကာလပေါက်စေ◌ျးမှာ ရူပီးသိန်း ၃၀၀ ခန့်ရှိသည်ဟု သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ ရက်နေ့ကလည်း မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်တွင် ချင်းပြည်နယ် Khawmawi ကျေးရွာ သား Lalthangvunga ထံမှာ ဆပ်ပြာခွက်ဖြင့်ထည့်ထားသော ဘိန်းဖြူ ၃၁ ခွက် (၄၁၀ ဂရမ်) ကို မီဇိုရမ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ယခုရက်ပိုင်းအတွင်း မီဇိုရမ်ပြည်နယတွင် အိန္ဒိယ-မြန်မာနယ်စပ်ကတဆင့် ၀င်ရောက်လာသော ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားဖမ်းဆီးမှုမြင့်တက်လာနေကြောင်းသိရသည်။

Read More

(006SV) စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ၏ အရပ်သားများအပေါ် ညှင်းပန်းနှိပ်စက်မှုများသည် ချင်းပြည်နယ်အပါအဝင် တနိုင်ငံလုံးတွင် တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာသည်ဟု ညီမျှခြင်းမြန်မာ၏ အစီရင်ခံစာက ဆိုသည်။ ညီမျှခြင်းမြန်မာ၏ “ညှင်းပန်းနှိပ်စက်ခွင့်လိုင်စင်?” ဟူသော အစီရင်ခံစာကို ယနေ့ စက်တင်ဘာလ ၁၈ ရက်က အွန်လိုင်းမှ ထုတ်ပြန်ခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက် လပေါင်း (၃၀) အတွင်း နေ့စဉ်နှင့်အမျှ နည်းလမ်းမျိုးစုံဖြင့် အရပ်သားပြည်သူများကို ညှင်းပန်းနှိပ်စက်မှုများ ပိုမိုလုပ်ဆောင်လာသည်ဟု တာဝန်ရှိသူများက ပြောသည်။ ဒေသအလိုက် ဖြစ်ပွားမှုဖြစ်စဉ်တွင် စစ်ကိုင်းက အများဆုံးဖြင့် အမှုပေါင်း ၈၀၊ မကွေးက ၃၉၊ မန္တလေးက ၃၈၊ တနင်္သာရီက ၂၄၊ ရန်ကုန်က ၁၉၊ ပဲခူးက ၁၆၊ ကချင်က ၁၄၊ ဧရာဝတီက ၉၊ ရခိုင်က ၈၊ ကရင်က ၇၊ ချင်းက ၆၊ ကရင်နီက ၃၊ ရှမ်းမှာ ၂ မှုတို့ ရှိခဲ့သည်ဟု အစီရင်ခံက ဆိုသည်။ ချင်းပြည်နယ်တွင် အချက်အလက်စုဆောင်းမှု အခက်အခဲရှိခဲ့သောကြောင့် ဖြစ်စဉ် ၆ ခုသာ ကောက်ယူနိုင်ခဲ့သော်လည်း မြေပြင်တွင် ပိုမိုများပြားနိုင်သည်ဟု ညီမျှခြင်းမြန်မာက တာ၀န်ရှိသူ မခင်ငြိမ်းသက်က ပြောသည်။ “ချင်းပြည်နယ်မှာ ရွာတွေထဲကို စစ်ကြောင်းတွေဝင်တယ်။ ဝင်ပြီးသွားရင် လူတွေကို ဖမ်းတယ်။ ဖမ်းပြီးသွားရင် PDF လို့ အမည်တပ်တယ်။ များသောအားဖြင့်တော့ အသတ်ခံရသူတွေ များတယ်။ ချင်းပြည်နယ်က ၆ ကေစ့်ကလည်း ဖမ်းသွားတယ်။ အဲထဲမှာ အသတ်ခံရတဲ့ကေစ့်ပါတယ်။ ဖမ်းသွားတယ်။…

Read More

(004SS) စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ဩဂုတ်လလယ်ပိုင်းမှစတင်ကာ မျက်စိတစ်ဖက် သို့မဟုတ် နှစ်ဘက်စလုံးနီမြန်းခြင်း ရောဂါတမျိုး အဖြစ်များနေကြောင်း ဒေသခံများထံမှ သိရသည်။ ထိုသို့ မျက်စိနီးမြန်းခြင်းခံစားနေရသူများသည် နာကျင်ခြင်းမရှိဘူးဟု သိရပြီး တစ်ယောက် နှင့်တစ်ယောက် အနီးကပ်နေခြင်းမှ လည်း ကူစက်နေကြသည်ဟု ဒေသခံများက ပြောသည်။ “ကျွန်မသမီးက ကျောင်းတက်ရာကနေ မျက်စိနီရဲလာတယ်၊ တစ်ရက်လောက်ပြီးတော့ ပြန်ကောင်းသွားတယ်၊ နောက် အမျိုးသားကလဲ အပြင်သွားရာကနေ မျက်စိညောင်းပြီး နီရဲလာပြန်တယ်၊ မိသားစုတွေထဲမှာ အကြီးကောင်ကို ထပ်ကူးတယ်၊ နောက်တော့ အဖေရော ကူးလာတယ်။ အပြင်မထွက်တဲ့ ကျွန်မတော် အခု နီရဲတာမကလို့ မျက်စိတစ်ဖက်ရောင်လာတယ် အခုဆို ၂ ရက်ရှိပြီ” ဟု အိမ်ရှင်မတစ်ဦးက ပြောသည်။ ထိုသို့ မျက်စိနီမြန်းခြင်းခံစားနေသူအများစုသည် မျက်စိနာခြင်းမရှိသော်လည်း နေထိုင်ရမသက်မသာဖြစ်ခြင်း၊ မျက်ရည်ထွက်ခြင်းများ ခံစားကြရပြီး တစ်ရက်၊ နှစ်ရက်နေ ပြန်လည်သက်သာသွားကြသော်လည်း အချို့မှာ ၃ ရက်နှင့်အထက် မျက်စိနီရဲပြီး ဆေးခန်းတွင် သွားရောက်ပြသသူများလည်း ရှိကြောင်း သိရသည်။ ယခုတွင် မျက်စိနီမြန်းသူ ပိုမိုများပြားလာကာ ကျောင်းများတွင် အချို့ ကလေးများ ကူးစက်ကာ နေ့တိုင်း ကျောင်းမှ ပြန်လွှတ်ပေးရသည်များလည်း ရှိကြပြီး ဘုရားကျောင်းတက်‌ေရာက်သူများတွင်လည်း ၄ ပုံ ၁ ပုံခန့်မှာ မျက်စိနီမြန်းခြင်းများခံစားကြရကာ မျက်စိအကာအကွယ် (နေကာမျက်မှန်) များဖြင့် တက်ရောက်ကြသည်ဟု ဒေသခံတစ်ဦးက ဆိုသည်။ ကျန်းမာရေးပညာရှင်များ၏ အဆိုအရ မျက်စိနီမြန်းခြင်းသည် မျက်သားဖြူနှင့် မျက်ကြည်လွှာကြားရှိ သေးငယ်သည့်သွေးကြောလေးများ ဖောင်းလာရာမှ သွေးအရောက်များပြီး မျက်လုံးနီလာခြင်းဟု သိရသည်။ ထိုသို့…

Read More