Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ချင်းလဲန်းကောင်စီ ဖွဲ့စည်းနိုင်ရေး ယခုလထဲ တွေ့ဆုံဆွေးနွေးမှုများ ထပ်မံပြုလုပ်မည်

ချင်းလဲန်းကောင်စီ ဖွဲ့စည်းနိုင်ရေး ယခုလထဲ တွေ့ဆုံဆွေးနွေးမှုများ ထပ်မံပြုလုပ်မည်

0
By Editor on October 20, 2023 Khonumthung

(006SV)

ချင်းလဲန်းကောင်စီဖွဲ့စည်းနိုင်ရေးအတွက် ချင်းလဲန်းဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုနိုင်ရန် ယခု အောက်တိုဘာလထဲတွင် တွေ့ ဆုံဆွေးနွေးမှုများ ထပ်မံပြုလုပ်မည်ဟု ချင်းလဲန်ကောင်စီဖွဲ့စည်းနိုင်ရေးအလုပ်အဖွဲ့ (WCCCC) ခေါင်းဆောင် Pu Ram Kulh Cung က ပြောသည်။

“ချင်းဖွဲ့စည်းပုံ အခြေခံဥပဒေကို မူကြမ်းရေးဆွဲထားတယ်။ အဲဒီမူကြမ်းကိုသက်ဆိုင်ရာ မိခင်အဖွဲ့အစည်းတွေ အားလုံးက လေ့ လာစရာတွေ၊ ပြင်ဆင်စရာ၊ ဖြည့်စွက်စရာတွေ လုပ်နေတယ်။ ဒီလထဲမှာ အလုပ်အဖွဲ့အစည်းအဝေး ထပ်ထိုင်ဖို့ ရှိတယ်။ အားလုံး အဆင်ပြေတယ်ဆိုရင် နားလည်မှု ရတယ်ဆိုရင် နောက်ဆက်တွဲ အနေနဲ့ ချင်းလဲန်းကောင်စီကို ဖွဲ့စည်းဖို့ ဖြစ်ပါတယ်။ ချင်းလဲန်း ကောင်စီကနေပဲ ချင်းလဲန်း လွှတ်တော်၊ ချင်းလဲန်းအစိုးရနဲ့ ချင်းလဲန်တရားလွှတ်တော် ချုပ်တွေကို ဖွဲ့စည်းဆောင် ရွက်သွားမှာ ဖြစ်ပါတယ်” ဟု WCCCC အဖွဲ့ခေါင်းဆောင် Pu Ram Kulh Cung က ပြောသည်။

ချင်းလဲန်ကောင်စီဖွဲ့စည်းနိုင်ရေးအလုပ်အဖွဲ့ ကော်မတီ၏ ခေါင်းဆောင်အဖြစ် တာဝန်ယူထားသည့် CNF/ CN A ၏ အထွေထွေ အတွင်းရေးမှူး (၁) Pu Ram Kulh Cung က Chinland Information Center နှင့် အင်တာဗျူးမှာ ဖြေကြားခဲ့ခြင်းဖြစ်သည်။

WCCCC အဖွဲ့တွင် လွှတ်တော်ကိုယ်စားလှယ်များဘက်မှ တစ်မြို့နယ်ကို တစ်ဦး၊ CNF/ CN A ဘက်မှ ငါးဦး၊ မြို့နယ်နှင့် ဒေသ အခြေပြုဖွဲ့စည်းထားသည့် အုပ်ချုပ်ရေးနှင့် ကာကွယ်ရေးဘက်မှ ကိုယ်စားလှယ်တစ်ဦးစီဖြင့် ဖွဲ့စည်းထားသည်ဟု သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလက နယ်စပ်တစ်နေရာတွင် ချင်းအမျိုးသားတပ်ဦး CNF၊ ချင်းလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်နှင့် ဒေသအခြေပြု အဖွဲ့အစည်းများမှ ကိုယ်စားလှယ်စုစုပေါင်း ၁၀၈ ဦးဖြင့် Pre-Plenary Meeting for Chinland Council ကို အောင်မြင်စွာကျင်းပခဲ့ပြီး လက်ရှိ တော်လှန်ရေးကာလအတွင်း ချင်းလဲန်းဖွဲ့ စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်လာရေး၊ ချင်းလဲန်းကောင်စီ ဖွဲ့စည်းရေး၊ ချင်းလဲန်း၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင် ရေးမဏ္ဍိုင် (၃) ခု ထူထောင်နိုင်ရေး သဘောတူခဲ့ကြသည်။

“ချင်းလူမျိုးတွေက ကိုယ့်ကြမ္မာကို ဖန်တီးခွင့်ဆိုတဲ့အတိုင်း ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကိုယ့်ဟာကို ဥပဒေပြဌာန်းတာ၊ ကိုယ့်ဟာကို အစိုးရဖွဲ့တာ၊ ကိုယ့်ဟာကို တရားစီရင်တာက တခါမှ မရှိခဲ့သေးဘူး။ ဒီလိုတော်လှန်ရေးအချိန်ကာလမှာ ကျနောတို့အနေနဲ့ စစ်အာဏာရှင် ပြုတ်ကျရေးက အရေးကြီးသလို၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးက အရေးကြီးသလို ချင်းလူမျိုး ဖြစ်တဲ့အတွက်ကြောင့် ချင်းအမျိုးသား တည်ဆောက်ရေး၊ ချင်းလဲန် တည်ဆောက်ရေးက အရေးကြီးတယ်။ ဒီလို လုပ်ငန်းကြီးကို ဖော်ဆောင်နိုင်ဖို့က ချင်းလဲန်းကောင်စီမှာ အဓိက တာဝန်ရှိပါတယ်” ဟု WCCCC အဖွဲ့ခေါင်းဆောင် Pu Ram Kulh Cung က ပြောသည်။

ချင်းလဲန်းကောင်စီဖွဲ့စည်းရာတွင် ချင်းအင်အားစုများ အားလုံးပါဝင်ရေးအတွက် မပါဝင်လာသေးသည့် အဖွဲ့များအပြင် ချင်းအင် အားစုများ တွေ့ဆုံညှိနှိုင်းရန် “ညှိနှိုင်းရေးအဖွဲ့” တစ်ခုကိုလည်း ဖွဲ့စည်းထားသည်ဟု သိရသည်။

စက်တင်ဘာလက ကျင်းပသည့် Pre-Plenary Meeting တွင် ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/ CNDF) နှင့် ဇိုမီးဖက်ဒရယ်ယူနီယံ (ZFU) အဖွဲ့တို့က မတက်ရောက်ခဲ့ပါ။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းတော်လှန်ရေးအစုအဖွဲ့ (၄)ခုဖြင့် ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) ကို ဖွဲ့စည်း ခဲ့ပြီး ယင်းမှတစ်ဆင့် ချင်းပြည်အစိုးရ ဖွဲ့စည်းနိုင်ရန် ဆောင်ရွက်ခဲ့သော်လည်း အဆုံးမသတ်နိုင်ခဲ့ပါ။ 

ထို့နောက် ချင်းကာကွယ်ရေးတပ်ဖွဲ့ (၁၈) ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် CJDC အနေဖြင့်လည်းကောင်း၊ CJDC နှင့် ICNCC တို့ ပူးပေါင်း ထားသည့် အဖွဲ့အနေဖြင့်လည်းကောင်း ချင်းလဲန်းကောင်စီနှင့် ချင်းပြည်အစိုးရ ပေါ်ပေါက်ရေး ဆောင်ရွက်ခဲ့သော်လည်း မအောင်မြင်ပဲ ဖြစ်နေခဲ့သည်။

ချင်းတော်လှန်ရေးအင်အားစုများသည် ချင်းလဲန်းကောင်စီ ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်နေသည်မှာ ၂ နှစ်ကျော် ကြာမြင့်လာပြီး ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

မြန်မာလိဂ်မှာ ကစားနေသော Chinland FC မှ ချင်းကစားသမား တစ်ပတ်နီးပါးကြာ ပျောက်ဆုံးနေ

ကလေး- တီးတိန်- ဖလမ်း ကားလမ်းပိုင်း ဂိတ်ကြေးပေးဆောင်မှုများသောကြောင့် ကားခမြင့်တက်နေဆဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.