Author: Editor

ကလေးမြို့နယ် ကလေး-ရာဇဂြိုလ်ကားလမ်းမပေါ်  အောင်ရွာကျေးရွာ သင်္ချိုင်းကုန်းအနီး ပြည်သူများသွားလာသော လမ်း ဘေးတွင် ထောင်ထားကြသော မိုင်း ၃ လုံးကို CNO UCR နှင့် CNDF မိုင်းဆရာများက ယမန်နေ့ ဩဂုတ် ၁၄ ရက် မနက် ၁၁ နာရီတွင် သွားရောက်ကာ အထိအခိုက်မရှိ မိုင်းဖြုတ်နိုင်ခဲ့ကြသည်ဟု CNO UCR က ထုတ်ပြန်သည်။ ဩဂုတ်လ ၁၃ ရက်နေ့ကလည်း ညောင်တောကျေးရွာအနီး တာဟန်း-လက်ပံချောင်း ကားလမ်းမဘေးတွင် ထောင်ထားသော မိုင်းတစ်လုံးကို ဖြုတ်နိုင်ခဲ့သည်ဟု ဆိုသည်။ အဆိုပါမိုင်းများသည် မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းများမှ ထောင်ထားကြသည်ကိုမူ မသိရပေ။ ယမန်နေ့ ဩဂုတ်လ ၁၄ ရက်နေ့ မနက်ပိုင်းတုန်းကလည်း ကလေးမြို့ ဘူတာလမ်းခွဲအနီးတွင် အမှိုက်ရှင်းလင်းနေသူတစ်ဦး မိုင်းနင်းမိ၍ ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သည်။ ပြီးခဲ့သည့် ဩဂုတ်လ ၈ ရက်နေ့ကလည်း ညောင်တောသင်္ချိုင်းကုန်းအနီးမှာ နွားတစ်ကောင်က မိုင်းနင်းမိ၍ နွားနှင့် ပြည်သူတစ်ဦး သေဆုံးခဲ့ရပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Read More

(06SV) ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် အဆက်မပြတ်မိုးရွာသွန်းမှုကြောင့် မတူပီ-ဟားခါးလမ်းမကြီးမှာ မြေပြိုမှုများ ဆိုးဝါးစွာ ဖြစ်ပွားနေ၍ ပြည်သူများ ခရီးသွားလာခြင်း မပြုလုပ်ကြရန် CDF- မတူပီက သတင်းထုတ်ပြန်သည်။ ဩဂုတ်လအတွင်း မတူပီမြို့နယ်တွင် အဆက်မပြတ် မိုးရွာသွန်းမှုများကြောင့် မတူပီ-ဟားခါး လမ်မကြီးပေါ်ရှိ လုံလှော်- ဇကမ်းကားလမ်းပိုင်းမှာ မြေပြို၍ အများအပြား ပျက်စီးနေပြီး ကား၊ ဆိုင်ကယ်စသည့် ယာဉ်အမျိုးမျိုး ဖြတ်သန်းသွားလာမှု မရနိုင်တော့ကြောင်း CDF -မတူပီ၊ သတင်းနှင့်ပြန်ကြားရေးဌာနမှ တာဝန်ရှိသူက ပြောသည်။ “မိုးတွင်း ဒီလအတွင်းမှာ တောက်လျှောက်မိုးရွာတော့ အဲဒီလမ်းပိုင်းက တချို့နေရာတွေက အကုန်လုံးနီးပါး ပျက်စီးသွားတယ်။ ပြုပြင်လို့ ရတဲ့ လမ်းတွေကိုတော့ ပြုပြင်ပေးလို့ ရတယ်။ ဒါပေမဲ့ အခုလိုမျိုး လမ်းတွေ အကုန်လုံး ပျက်နေတဲ့အရာတွေကို ကျနော်တို့ အင်အားနဲ့က မမျှတဘူး။ အချိန်မီပြုပြင်ပေးဖို့က နောက်ကျလိမ့်မယ်။ ဒါပေမဲ့ ဘယ်လိုပြန်လုပ်မလဲဆိုတာ ပြည်သူတွေကို အသိပေးမယ်။ အကူအညီတောင်းတာတွေလည်း ရှိဦးမှာပါ” ဟု သူက ပြောသည်။ ထို့ကြောင့် အလွန်ဆိုးရွားသော မြေပြိုမှုနေရာများကို ခရီးသွားလာခြင်း မပြုလုပ်ကြရန်၊ ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြရန် ပြည်သူများကို CDF မတူပီက အသိပေး ထုတ်ပြန်ထားခြင်းဖြစ်သည်။ မတူပီမြို့နယ်က ခရီးသွားပြည်သူများသည် ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် လမ်းပန်းဆက်သွယ်မှု အခက်အခဲတွေ ကြုံတွေ့နေရပြီး မြို့ပေါ်ကို အခြေခံစားနပ်ရိက္ခာကုန်စည်များ သယ်ယူပို့ဆောင်ရန် ပိုမိုခက်ခဲသွားစေသည်ဟု သိရသည်။ မတူပီမြို့သို့ လမ်းပန်းဆက်သွယ်မှုအတွက် မတူပီ – ဟားခါးလမ်းနှင့် မတူပီ – မင်းတပ်လမ်းကိုသာ အသုံးပြုရသည်ဖြစ်ရာ မင်းတပ်-မတူပီ…

Read More

(05MK) Hualngoram Peoples Organization (HPO) ကျန်းမာရေးဌာနက CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် အခမဲ့ ကျန်းမာရေးကုသမှုများကို ဩဂုတ်လ ၃ ရက်မှ ၅ ရက်နေ့အထိ ဆောင်ရွက်ခဲ့ကြသည်ဟု သိရသည်။ CDF-Hualngoram ထိန်းချုပ်နယ်မြေအတွင်းရှိ Zimte, Zimpui, Tuidil ကျေးရွာက ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေး ငယ်များ၊ သက်ကြီးရွယ်အို လူနာ စုစုပေါင်း အယောက် (၁၇၀) ကျော်ကို အခမဲ့ ဆေးဝါးကုသမှုများနှင့် အခြေခံဆေးဝါး ထောက်ပံ့မှုများ ဆောင်ရွက်ခဲ့သည်ဟု HPO က ထုတ်ပြန်သည်။ HPO/CDF-Hualngoram သည် ၎င်းတို့စိုးမိုးဒေသအတွင်းရှိ လူမျိုးနွယ်စုအားလုံးအတွက် ပြည်သူ့အုပ်ချုပ်ရေး၊ တရား ဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ကျန်းမာရေး၊ ပညာရေး၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ အဆက်မပြတ်ဆောင်ရွက်နေသော တော်လှန်ရေးအဖွဲ့အစည်းဖြစ်ပါသည်။ ထို့ကြောင့် Hualngoram အတွင်း နေထိုင်ကြသော ပြည်သူများအနေဖြင့် တော်လှန်ရေးအသိရှိစွာ စစ်အာဏာရှင် အမြစ်ပြတ်ကျဆုံးရေးအတွက် အဘက်ဘက်မှ အတူတကွ ဆက်လက်တိုက်ပွဲဝင်ကြရန် CDF-Hualngoram က ဖိတ်ခေါ်တိုက်တွန်းထားသည်။

Read More

(06SV) စစ်အာဏာသိမ်းမှုဖြစ်ပွားသည့်နောက်ပိုင်း ချင်းပြည်နယ်တွင် ငှက်ဖျားရောဂါ ဖြစ်ပွားမှုနှုန်းမှာ သိသိသာသာ မြင့်တက်လာနေပြီး ယမန်နှစ်ကထက် နှစ်ဆနီးပါး မြင့်တက်လာနေပြီဟု ချင်းပြည်နယ်မှ အရပ်ဖက်ကျန်းမာရေးအဖွဲ့အစည်းများက ပြောဆိုသည်။  ငှက်ဖျားရောဂါများ အဓိက အများဆုံးဖြစ်ပွားနေသော မြို့နယ်များသည် ပလက်ဝ၊ ထန်တလန်၊ ဟားခါး၊ ကန်ပက်လက်၊ မတူပီ နှင့် မင်းတပ်မြို့နယ်တို့ ဖြစ်ပြီး ယမန်နှစ်က ငှက်ဖျားမဖြစ်ပွားခဲ့သော ဖလမ်းမြို့နယ်တွင် ယခုနှစ်မှာ ငှက်ဖျားရောဂါများ ဖြစ်ပွား နေကာ တီးတိန်နှင့် တွန်းဇံမြို့နယ်တို့မှာလည်း ငှက်ဖျားဖြစ်နေသော လူနာများကို တွေ့နေရသည်ဟု ၂၀၂၁ ခုနှစ်မှစ၍ ချင်း ပြည်နယ်အတွင်း ကျန်းမာ‌ရေးစောင့်ရှောက်မှုပေးနေသည့် အဖွဲ့အစည်းကြီးတခုမှ အတွင်းရေးမှူးတစ်ဦးက ပြောသည်။ “ချင်းပြည်နယ်မှာ ငှက်ဖျားက တော်တော်လေးကို စိုးရိမ်ရတဲ့အဆင့်အထိကို မြင့်တက်လာနေတယ်။ ဒီတစ်နှစ်၊ ၂ နှစ်အတွင်းမှာ အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ အစကတော့ ပလက်ဝတို့၊ ကန်ပက်လက်တို့၊ မင်းတပ်တို့၊ ထန်တလန်တို့ ဒီနေရာတွေကနေ ငှက်ဖျားရောဂါဖြစ်တဲ့ အစီရင်ခံစာတွေ ခပ်စိတ်စိတ်ရတယ်။ အဲဒါရပြီးတော့ ဒီနှစ်ထဲမှာဆိုရင် မနှစ်ကထက်ကို နှစ်ဆလောက် ပိုများလာတယ်။ ငှက်ဖျားကြောင့် ဦးနှောက်ကို ငှက်ဖျားပိုးရောက်ပြီးတော့ ဆေးရုံတင်ရတဲ့ သူတွေထဲမှာ အသက် ၃ နှစ်အရွယ် ကလေးတွေပါ ပါလာတယ်။ ကိုယ်ဝန်ဆောင်တွေပါ ပါလာတယ်” ဟု သူက ပြောသည်။ ချင်းပြည်နယ်တွင် ငှက်ဖျားဆေးဝါးနှင့် ငှက်ဖျားကာကွယ်ရေးလုပ်ငန်းများကို ထိရောက်လျင်မြန်စွာ စတင်ဆောင်ရွက်သင့်နေပြီဖြစ်သော်လည်း စစ်ကောင်စီသည် လက်နက်တစ်ခုကဲ့သို့ အသုံးချ၍ ငှက်ဖျားဆေးဝါးနှင့် ဆေးစိမ်ခြင်ထောင်များ ပြည်သူလူထုထံ မရောက်ရှိနိုင်ရေးအတွက် ဒေသတွင်းရှိ အဖွဲ့အစည်းများအား နည်းမျိုးစုံဖြင့် ကန့်သတ်ဖိအားပေး၍…

Read More

(06SV) ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်က ခလရ ၂၆၉ တပ်ရင်းဌာနချုပ်စခန်းတစ်ခုကို CNA ဦးဆောင်သည့် ချင်းပူးပေါင်းတပ်က ဝင်ရောက်စီးနင်း တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သား ၂ ဦးကို အရှင်ဖမ်းမိသည့်အပြင် သေဆုံးမှုလည်းများနိုင်ပြီး ချင်းပူးပေါင်းတပ်ဖွဲ့ဖက်မှ ၃ ဦး ကျဆုံးခဲ့သည်ဟု ချင်းအမျိုးသားတပ်ဦး CNF/CNA ထံမှ သိရသည်။ ယနေ့ ဩဂုတ်လ ၁၄ ရက် နံနက် ငါးနာရီခန့်တွင် ထန်တလန်မြို့အခြေစိုက် စစ်ကောင်စီ ခလရ ၂၆၉ တပ်ရင်းဌာနချုပ်ကို ချင်းအမျိုးသားတပ်ဦး CNF/ CNA ၊ CDF-Thantlang၊ CDF – Zophei ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပြီး လုံခြုံရေးစခန်းကုန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့သည်ဟု ချင်းအမျိုးသားတပ်ဦး CNF/CNA မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ “၂၆၉ တပ်ရင်းဌာနချုပ်ကို ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့ကနေ ဝင်စီးတယ်။ အဲဒီနေရာမှာ သူတို့ရဲ့ တပ်ရင်းဌာနချုပ် လုံခြုံရေး စခန်းကုန်းတစ်ခုကို ဝင်သိမ်းတယ်။ ဝင်သိမ်းတဲ့ နေရာမှာ ကျနော်တို့ ဘက်က သေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရရှိမှု တချို့ ရှိတယ်။ သူတို့ တပ်ရင်းဌာနချုပ်ကို ဂျက်ဖိုက်တာက လာတော့ကျနော်တို့က ယာယီပြန်ဆုတ်ထားတာပေါ့နော်” ဟု ဆလိုင်းထက်နီက ပြောသည်။ တိုက်ပွဲတွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်က ၃ ဦးကျဆုံးမှုအပြင် ထိခိုက်ဒဏ်ရာရရှိမှု တချို့ ရှိခဲ့ပြီး စစ်ကောင်စီဘက်က တပ်သား ၂ ဦးကို အရှင်းဖမ်းဆီးရမိခဲ့ကာ နံနက်ခင်းအချိန်ဖြစ်သောကြောင့် သေဆုံးမှုကို အတည်ပြု၍ မရသေးကြောင်း သူကပြောသည်။ အထိနာသော စစ်ကောင်စီသည် ထန်တလန်မြို့နှင့်…

Read More

(04SS) ကလေးမြို့သို့ ဆေးခန်းပြသရန် ကျွန်းချောင်းကျေးရွာမှ လာရောက်သော သားအမိနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ က မြို့လှနှင့် စက္ကန့်ကျေးရွာကြားတွင် ဩဂုတ်လ ၁၂ ရက်နေ့က သတ်ဖြတ်ကာ အလောင်းကို မီးရှို့ခဲ့ကြသည်ဟု သိရသည်။ သတ်ဖြတ်မီးရှို့ခံရသူ ၂ ဦးမှာ အသက် (၅၀)အရွယ် မိခင်ဖြစ်သူ ဒေါ်ဟွေးအီယာန်နှင့် သားဖြစ်သူ အသက် (၃၀) အရွယ် ကိုစမူအဲလ်တို့ဖြစ်ကြပြီး ၎င်းတို့သည် ဩဂုတ်လ ၁၂ ရက်နေ့ ညနေပိုင်းမှာ စက္ကန့်ကျေးရွာ အဝင် ကျောက်ခွဲစက် အနီးတွင် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးကာသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦး ကပြောသည်။ “သူတို့က အခြေအနေကို မသိလိုက်ဘဲ ကလေးမြို့ဘက်ကို ဆေးခန်းပြဖို့ သွားတာပေါ့နော် အဲမှာ စစ်သား‌ တွေနဲ့တွေ့ပြီး အကြောင်းမရှိ သတ်ဖြတ်ကြပြီး မီးရှို့ကြတာ၊ သူတို့သားအမိဆိုတာ သေချာ ပြောနိုင်တာက စစ်သားတွေက မီးရှုဖို့ ပြင်ဆင်နေတုန်း တွေ့တဲ့သူရှိတယ်” ဟု ၎င်း ကပြောသည်။ ၎င်းတို့သားအမိထံမှ ဆေးခန်းပြရန် ပါလာသည့် မြန်မာကျပ်ငွေ ၆ သိန်းကိုလည်း စစ်ကောင်စီတပ်ဖွဲ့များမှ လုယူခဲ့ပြီး ၎င်းတို့ ဆိုင်ကယ်ကိုလည်း မီးရှို့ဖျက်ဆီးထားကြောင်း သိရသည်။ ကလေးမြို့ အနောက်တောင်ဖက် မြို့လှနှင့် စက္ကန့်ကျေးရွာကြားတွင် ဩဂုတ်လ ၁၀ ရက်နေ့ကစ၍ ၁၂ ရက်နေ့အထိ စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးခဲ့သည်ဟု CNDF-UCR က ထုတ်ပြန်သည်။ ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့က မြို့လှနှင့် စက္ကန့်ရွာသား ၁၅…

Read More

(04SS) ကလေးမြို့ ဘူတာလမ်းခွဲအနီး Joy စားသောက်ဆိုင်ရှေ့ ဗိုလ်ချုပ်လမ်းမဘေး အမှိုက်ပုံးဘေးတွင် ယနေ့မနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး အရပ်သားတစ်ဦး ထိခိုက်ဒါဏ်ရာရရှိကာ အသက်သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ ဩဂုတ်လ ၁၄ ရက်နေ့ မနက်ပိုင်း ၈ နာရီဝန်းကျင်ခန့်တွင် Joy စားသောက်ဆိုင်ရှေ့ အမှိုက်များရှင်းလင်းနေစဉ် အသက် ၃၉ နှစ်အရွယ် ချင်းအမျိုးသား လွန်းလမ်းထန်သည် ဗုံးပေါက်ကွဲမှုကြောင့် ခြေထောက်နှစ်ဖက် ပြတ်ထွက်သွားပြီးနောက် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြသော်လည်း သေဆုံးခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။ “သူက ဆိုင်ရှေ့မှာ သန့်ရှင်းရေးလုပ်နေတာ ပြီးတော့ပြီးသွားပြီ သန့်သန့်လေးဖြစ်အောင်ဆိုပြီး အမိုက်ပုံးဘေးကို ထပ်ရှင်းတယ် အဲမှာ ဗုံးရှိမှန်း မသိဘူး ရှင်းရင်းနဲ့ ဗုံးပေါက်ကွဲသွားတာ” ဟု ဒေသခံက ပြောသည်။ အခင်းဖြစ်ပွားပြီးနောက် ဒဏ်ရာရလူနာကို ဆေးရုံသို့ ချက်ချင်း ပို့ဆောင်ပေးကြသော်လည်း ဆေးရုံအရောက်တွင် အသက်သေဆုံးခဲ့ကြောင်း သိရသည်။ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့များ အင်အားအများအပြားဖြင့် ရောက်ရှိလာပြီး ဗုံးပေါက်ကွဲသည့်နေရာအား ရှင်းလင်းကြကြောင်း ဒေသခံများထံမှ သိရသည်။ ယခုကဲ့သို့ အရပ်သားပြည်သူများ သွားလာနေသည့် နေရာအနီးတွင် ဗုံးပေါက်ကွဲမှုကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြရပြီး ထိုသို့ ဗုံးထောင်ထားသူမှာ မည်သူမည်ဝါဖြစ်သည်ကိုမူ မသိရှိကြောင်း ဒေသခံများကပြောသည်။ ကလေးမြို့တွင် ယခုရက်ပိုင်းအတွင် လမ်းသွားလမ်းလာများသည့် လမ်းဘေးတွင် ဗုံးပေါက်ကွဲမှု ခတ်စိတ်စိတ် ဖြစ်ပွားနေပြီး ဩဂုတ်လ ၈ ရက်နေ့ကလည်း တာဟန်း-လက်ပံချောင်း ကားလမ်းနဘေးတွင် ဗုံးပေါက်ကွဲမှုကြောင့် ချင်းအမျိုးသားတစ်ဦးသေဆုံးခဲ့ပြီးဖြစ်သည်။

Read More

ချင်းပြည်နယ် ထန်တလန်မြို့နယ် Khuafo ကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့် ယနေ့မနက်ပိုင်းက ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုရားကျောင်းတစ်ကျောင်းအပါအဝင် အနည်းဆုံး လူနေအိမ် ၄ လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု သိရသည်။ ထန်တလန်မြို့တွင် ယနေ့မနက်ပိုင်း ၅ နာရီခန့်က စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီတပ်ဖွဲ့၏ စခန်းတစ်ခု သိမ်းပိုက်ခံရပြီး စစ်ကောင်စီတပ်သား ၂ ဦးလည်း အရှင်ဖမ်းဆီးရမိကြောင်း ဒေသတွင်း သတင်းရင်းမြစ်ထံမှ သိရသည်။ တိုက်ပွဲဖြစ်ပွားသည့်အပြီးတွင် စစ်ကောင်စီတပ်ဖွဲ့က ချင်းကာကွယ်ရေးတပ်ဖွဲ့များရှိမည်ဟု ယူဆသောနေရာများကို တိုက် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယနေ့ Khuafo ကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ လူထိခိုက်မှုရှိ/မရှိနှင့် အသေးစိတ်ဖြစ်စဉ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့ကလည်း Khuafo ကျေးရွာကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၈ ဦး သေဆုံးခဲ့ပြီးဖြစ်သည်။ အလားတူ ဩဂုတ်လ ၁၃ ရက် ညကလည်း ဟားခါးမြို့နယ် Loklung ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အနည်းဆုံး နေအိမ် ၃ လုံးခန့် ထိခိုက်ပျက်စီးခဲ့သည်ဟု သိရသည်။ Photo – Thawngthar leh Kan Lairam

Read More

ချင်းပြည်နယ် ဖလမ်းမြို့တွင် ယနေ့မနက်ပိုင်း ၁ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းအမျိုးသားတပ်မတော် CNA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီတပ်ဖွဲ့၀င် ၆ ဦးသေဆုံးပြီး လက်နက်ခဲယမ်း အမြောက်အများကိုလည်း ချင်းကာကွယ်ရေးဖက်က သိမ်းဆည်းရမိသည်ဟု သိရသည်။ ယနေ့ ဩဂုတ်လ ၁၂ ရက် မနက်ပိုင်း ၁ နာရီမှ ၂ နာရီခွဲအထိ ဖလမ်းမြို့ပေါ်ရှိ စစ်ကောင်စီ ခလရ (၂၆၈) တပ်ရင်းကို ချင်းအမျိုးသားတပ်မတော် (CNA/ CNF) နှင့် CDF-KKG ပူးပေါင်းတပ်ဖွဲ့တို့က အလစ်ငိုက် ၀င်ရောက်တိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့၀င် ၆ ဦးသေဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ထံမှ MA3 ၄ လက်၊ ၆၀-မမ ၃လက်၊ စက်သေနတ် ၂ လက်၊ RPG လောင်ချာ ၂ ခုနှင့် ပွိုင့်-၅ စက်သေနတ်ကျည်ဆံများကို သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။ ထိုတိုက်ပွဲအတွင်း CDF-KKG တပ်ဖွဲ့မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်ဟု သိရသည်။ ယခုကဲ့သို့ ဖလမ်းမြို့က စစ်ကောင်စီတပ်ရင်း တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့သည် လေကြောင်းအပါအ၀င် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ကာ ဖလမ်းမြို့နယ် ရမ်ထလိုနှင့် ဆွန်တလာကျေးရွာက အရပ်သား ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

Read More

(06SV) ချင်းပြည်နယ်၊ ဖလမ်းမြို့ပေါ်ရှိ စစ်ကောင်စီ ခလရ (၂၆၈) တပ်ရင်းကို ချင်းမဟာမိတ်အဖွဲ့က တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးတို့ဖြင့် ကျေးရွာများကို ရမ်းသမ်းပစ်ခတ်ရာမှာ အမျိုးသမီးနှင့် ကလေးငယ်အပါအဝင် အရပ်သားပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။  ယနေ့ ဩဂုတ်လ ၁၂ ရက် မနက်ပိုင်း ၁ နာရီမှ ၂ နာရီခွဲအထိ ဖလမ်းမြို့ပေါ်ရှိ စစ်ကောင်စီ ခလရ (၂၆၈) တပ်ရင်းကို ချင်းအမျိုးသားတပ်မတော် (CNA/ CNF) ဦးဆောင်သည့် ချင်းမဟာမိတ်အဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ချင်းအမျိုးသား ကာကွယ်ရေးတပ် (CNDF) မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ “ဒီမနက် ၁ နာရီ ကနေ ၂နာရီခွဲ လောက်အထိ ဖြစ်တယ်။ CNA/CNF က သွားပစ်တာပါ၊၊ ကျနော်တို့ကိုလည်း အကြောင်းတစ်စုံတစ်ရာမကြားတော့ ကျနော်တို့ဘက်ကလည်း ဘာမှမသိရသေးဘူး။ KKG တစ်ယောက် ကျသွားတယ်လို့ ကြားပါတယ်” ဟု CNDF မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျုံငိုင်းက ပြောသည်။ ထို့နောက် မနက်ပိုင်းမှ နေ့လယ် ၁၂ နာရီအထိ စစ်ကောင်စီသည် ခလရ (၂၆၈) တပ်ရင်းထဲမှ ၁၂၀ မမ၊ ၈၀ မမ၊ ၄၀ မမ လက်နက်ကြီးများဖြင့် ကျေးရွာများဘက်သို့ အများအပြား ရမ်းသမ်းပစ်ခတ်ခဲ့ရာ ဆွန်တလာကျေးရွာအတွင်း ကျရောက်ပြီး ကလေးငယ်တစ်ဦးအပါအဝင် (၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ဒဏ်ရာရရှိသူ (၃)…

Read More